ရန်ကုန်တိုင်းဒေသကြီးရှိ
မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး
အခန်းအတွင်း သေဆုံးမှုဖြစ်ပွား
Tuesday, 02 October 2012
စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီ အချိန်တွင် ရန်ကင်းမြို့နယ်၊ ၇ရပ်ကွက်၊ ကမ္ဘာအေးဘုရား လမ်းရှိ မီကာဆာဟိုတယ်၊ သုံးလွှာ၊ အခန်းအမှတ်---တွင် သေဆုံးသူမှာ Mr. James Allen Hagler(အမေရိကန်နိုင်ငံသား)
၅၉နှစ်၊ (ဘ) Mr. Hagler, Passport No.452056579, Visa No. I.065812, Daewoo International Corp Myanmar E&P, Senior Drilling Engineer (တွင်းတူးအင်ဂျင်နီယာ)၊ ၆မိုင်ခွဲ၊ IBC ရုံး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကုမ္ပဏီ (တောင်ကိုရီးယား)၊
လိပ်စာ
Awattra Sdnbhd Lot. 144- 14th Floor,
WUMA COSWAY JAIAN RRAJA CHULAN KUALALUMPUR 50200
WILLAWAH RERSEUTUAN
MALAYSIA
ဖြစ်ပြီး ကုတင်ပေါ်တွင် အကျီမပါပဲ ဘောင်းဘီ တိုဝတ်ဆင်လျက် သေဆုံးလျက်ရှိကြောင်း သိရှိရသည်။
သေဆုံးသူသည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ ထိ တည်းခိုနေထိုင်သူ
ဖြစ်ကြောင်း သိရှိရသည်။
အလောင်းအား ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ရာ ပီအာရ်-၀၇၉ဖြင့် လက်ခံထားရှိသောကြောင့် ဓမ္မတာအတိုင်း
သေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ရန်ကင်းရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ref:Eleven Media Group
Copy from
http://shwenaingan.blogspot.com/2012/10/blog-post_169.html