• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 1, 2012

ဗမာတွေမကောင်းဘူး ဆိုတာဟုတ်လား


ဗမာတွေမကောင်းဘူး ဆိုတာဟုတ်လား 

By မင်းစိုးစံ
October 1, 2012

ကျုပ်တယောက်တည်း ဗမာမကောင်းဘူးလို့ ပြောနေတာမှတ်တယ်၊ ကျုပ်ထက်အသက်ကြီးတဲ့ လူတွေအချို့လည်း သူ့မြေးမြစ် တွေကို ဗမာကိုအကောင်းမမြင်နိုင်တာတွေရေးပြထားတာ တွေ့ရလို့ ကူးပြီးတင်ပေးလိုက်ပါတယ်။

တခုတော့ ပြောပါရစေ။
ကျုပ်ဟာ ဗမာမုန်းတီးရေး သမားတယောက်မဟုတ်ပါဘူး။
ဘာကြောင့်လဲ ဆိုတော့ ကျုပ်သူငယ်ချင်းတွေထဲမှာ အင်မတန်ရိုးသားပြီး လူကိုလူလိုမြင်တဲ့ ဗမာသူငယ်ချင်းတွေ
အများကြီး ရှိပါတယ်။

ကျုပ်က ဗမာသူငယ်ချင်းတွေနဲ့ ပေါင်းတာများတော့ ကျုပ်ကို ကရင်သူငယ်ချင်းအများစုက ဗမာတွေရဲ့ခွေး ဆိုပြီး
ပြောကြပါတယ်။ ကျုပ်စိတ်မဆိုးပါဘူး။
ဘာကြောင့်လဲဆိုတော့ ဗမာဆိုတဲ့ဗမာထဲက ဗမာတချို့ဟာဆိုလျင် အင်မတန်အော့ကျောလန်စရာကောင်းလောက်
အောင် စိတ်ပျက်စရာကောင်းလို့ဖြစ်ပါတယ်။

ဗမာတယောက်ကဆိုလျင်
ဗမာတွေဟာ အရင်တုန်းက စစ်မတိုက်ဘူးဗျ။ 
အင်မတန်ရိုးသားကြတာ။ 
အဲဒါ ရှမ်းတွေ က ကျုပ်တို့ကို လာတိုက်လို့ ဒီအတိုင်းနေလို့မဖြစ်တော့တာနဲ့ စစ်ရေးမှာသူမတူအောင်ထူးချွန်ဘို့ကြိုး
စားလာခဲ့ကြတော့တာပေါ့ဗျာ။
ဒီလိုနဲ့ ရှမ်းစော်ဘွားတွေက ကျုပ်တို့ကို အရင်စတိုက်တာဆိုတော့ သူတို့ကို ပြန်ဆော်တာပေါ့။
အဲဒီလိုဆော်တဲ့နေရာမှာ ကျုပ်တို့က ဓါးနဲ့ငယ်ပါ ကိုသုံးပြီးတိုက်တာ။
အဲဒီလိုပြောပြပါတယ်။
ဟုတ်တာမဟုတ်တာ မှန်တာမမှန်တာ ကျုပ်မဆုံးဖြတ်ချင်ပါဘူး။

နောက်ဗမာတယောက်ကတော့
ကျုပ်တို့ ဗမာအဘိုးအဘွားအဆက်ဆက်က ခင်ဗျားတို့ကရင်တွေကို ဖိနှိပ်အနိုင်ကျင့်ခဲ့ထားလေတော့ အဲဒါတွေကို ပြန်ပေးဆပ်တယ်လို့ မှတ်ပေါ့ဗျာ။
ဆိုပြီး ဒုက္ခသည်အဖြစ် အသိအမှတ်မပြုခံရသေးတဲ့ ကျုပ်တူမလေးကို သူ့နဲ့ ပေးစားဘို့ပြောလှာပါတော့တယ်။
ကျုပ်ကတော့ သူ့ကို အဆင်ပြေသလိုကြည့်ပြောပြီး ကိုယ့်တူမလေးကိုလည်း နားလည်အောင်ပြောထားရတာပေါ့
ကျုပ်တူမလေး ဗမာမယားအဖြစ်က လွတ်သွားတယ်။
နောက်ပိုင်း ထမ်းဟင် ဒုက္ခသည်စခန်းကို ပြောင်းသွားတော့ အဲဒီမှာ မလည်မ၀ယ်နဲ့ ကရင်မလေးတွေ ဗမာမယား
ဖြစ်သွားရတာတွေ ရှိတယ်လို့သိရပါတယ်။

အပြင်လောကမှာ ကျုပ်တွေ့ရသလောက် ဗမာနဲ့အိမ်ထောင်ပြုတဲ့ ကရင်အမျိုးသမီးတွေအချို့ဟာ မယားငယ်တွေ
ဖြစ်နေတတ်ပြီး အချို့ဆို ကရင်စကား ပြောခွင့်မရှိရှာပါဘူး။
(ကရင်ဇနီးသည်ကိုယ်တိုင် ကရင်လိုမပြောချင်တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်)
ကျောင်းသားလောက နဲ့ ဒုက္ခသည်စခန်း တွေမှာကျတော့ ဗမာအချို့ဟာဆိုလျင် ကရင်မတွေကို သစ္စာရှိရှိ ချစ်ချစ်
ခင်ခင် ကြင်ကြင်နာနာ နဲ့ပေါင်းသင်းတဲ့အပြင် ကရင်ရိုးရာပွဲတွေဆိုလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ဆောင်
ရွက်ပေးတတ်ကြသလို သူတို့သားသမီးတွေကိုလည်း တားဆီးခြင်းမရှိပါဘူး။

ဒီတော့ ကျုပ်တခုတွေးမိတာက ကရင်အချင်းချင်းယူပြီး ဟိုပွဲဖြင့်မသွားရဘူး၊ ဒီပွဲက စာတန်မာန်နတ်အလုပ် ဆိုပြီး သမီးသားနဲ့ ဇနီးမယား၊ ခင်ပွန်းသည်ယောက်ျားနဲ့ သားသမီးကိုတားဆီးပိတ်ပင်ကြတဲ့ ကရင်မိသားစုနဲ့စာရင် ကပြား မိသားစုက တော်သေးတယ်လို့ ပြောလျင်ကောင်းမလားမသိဘူး။

ကောင်းတဲ့ဗမာတွေကျတော့ ကျုပ်နားမလည်တာတွေ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးတွေမှာ သင်ပြပြောဆိုပေးတာကြောင့် ဘာပညာမှမတတ်တဲ့ ကျုပ်အတွက် ဗဟုဿုတတွေ ရ လာတာအမှန်ပါ။

မှတ်မှတ်ရရ ဗမာတယောက် ကျုပ်ကိုပြောသွားတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က စကားတစ်ခွန်းကို ပြန်ရေးပြ ပါရစေ၊ ကရင့်အမျိုးသားအရေးနဲ့ ပတ်သက်လို့ပါ။

ခင်ဗျားတို့ ကရင်တွေမှာ ထင်ရှားတဲ့အားနည်းချက်တခုက ဘာလဲဆိုတော့ တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အ
ဆင်မပြေဖြစ်ကြပြီဆိုလျင် အခေါ်အပြော မလုပ်ကြတော့ဘူး။
မျက်နှာချင်းမဆိုင်ချင်ကြတော့ဘူး။
ဟိုလူလုပ်တဲ့အလုပ်ဆို ငါမပါဘူး။ 
ငါလုပ်တဲ့အလုပ်ဆိုလျင် ဒီလူကိုမထည့်နဲ့။
လူမျိုးခြားတွေမသိအောင်နေရတယ်။
အထူးသဖြင့် ကျုပ်တို့ရဲ့ဘုံရန်သူဖြစ်တဲ့စစ်အစိုးရကို တိုက်တဲ့အခါ ကိုယ့်အချင်းချင်းဘယ်လောက်ပဲ သဘောထား ကွဲကွဲ သူတို့ရှေ့မှာ ညီအစ်ကိုရင်းချာတွေလို နေပြတတ်ရတယ်။
တယောက်ကိုတယောက် ဖက်နမ်းပြနိုင်ရမယ်။
အဲဒါ လိုတယ်နော်၊ သိပ်လိုနေတယ်။

ဒါပေမယ့် ဒါပေမယ့်ပေါ့လေ ကျုပ်တို့အရှေ့ပိုးကရင် လူကြီးသူမတွေပြောတာကတော့ ဗမာဆိုတာ သူ့ယိုထားတဲ့ မစင်ကို ကိုယ်ကနင်းမိလျင် ကိုယ့်ကို သူ့ငယ်ပါနဲ့တိုင်းပြီးဆဲသလို သူ့မစင်ကို သူကိုယ်တိုင်ပြန်နင်းမိလျင် လည်း ကိုယ့်ကိုသူ့ငယ်ပါနဲ့ ပြန်ဆဲတဲ့ လူမျိုးကွ လို့ဆိုရိုးရှိခဲ့ပါတယ်။

ဒီတော့ဗျာ ဗမာရယ်မှ မဟုတ်ပါဘူး၊ လူတယောက်ကိုပေါင်းတော့မယ်ဆိုလျင် သတိလေးတော့ ထားကြပေါ့နော်။
အောက်က စာကြောင်းလေးတွေ ဆက်ပြီးဖတ်ရှုတော်မူကြည့်ကြပါစို့။

မကြာခင် အဖွားဆုံးတာ ၄ နှစ်တောင် ပြည့်တော့မှာပါလား။
ကျတော်တို့ ညီအစ်ကိုမောင်နှစ်မတွေက တခြားမောင်နှစ်မ၀မ်းကွဲတွေနဲ့ မတူရခြင်းအကြောင်းက ဘာလဲဆိုတော့
ကျတော်တို့က အမေရဲ့ အမေ ကျတော်တို့အဖွားလက်ပေါ်မှာ ကြီးပြင်းလာတာကြောင့်ပါပဲ။

အဖွားက ရှေးလူကြီးဆိုတော့ အကုန်လုံး သွန်သင်ဆုံးမလမ်းညွှန်ခဲ့တာပေါ့ ဘာသာတရားကိုင်းရှိုင်းတာလဲ အဖွား
ရဲ့ ကျေးဇူးတွေပေါ့လေ ကျတော်တို့ အဖွားမှာ သားသမီး ၄ယောက်ရှိတယ် ကျတော်တို့အမေက အငယ်ဆုံး။ အမေရဲ့အထက်မှာ အဒေါ်၁ယောက် ဦးလေး၂ယောက်ရှိတယ် ကျတော့်အမေလဲ သူ့ကိုယ်သူတရုတ်လို့မပြောဘူး အဖွားလဲ တရုတ်လို့ မပြောဘူး။
 ကျတော့် အဒေါ်ကျမှ သူ့ကိုယ်သူ တရုတ်ပါဆိုပြီး ရှန်ဟိုင်းက ၀င်လာတဲ့  တရုတ်မျိုးဆက်ရဲ့ ပန်းသေးမျိုးနွယ်နဲ့
ယူပြီး တရုတ်လုပ်သွားလေရဲ့။

မင်္ဂလာဆောင်တာတောင် သူ့ အမေရင်းကိုမဖိတ်ဘူးတဲ့ အင်း စဉ်းစားလို့မရဘူး။ ကျတော့်အဒေါ်က ရုပ်က ကုလား ရုပ် ပါးစပ်က တရုတ် လို့ပြောပြီး ယူတော့လဲ တရုတ်နဲ့ ယူတဲ့သူ ဟုတ်တော့လဲဟုတ်တယ်။ ဘာဟုတ်တာလဲဆိုတော့ အဲဒီခေတ်က တရုတ်တွေက ကျတော်တို့ မြို့ မှာ သူဌေးတွေလေ အဲဒီတော့မြို့ခံမိန်းမပျို
လေးတွေက တရုတ်ဖြစ်ကုန်တာ ဘာမှ မဆန်းပါဘူးလေ။

အဓိကကတော့ မဟာဗမာဝါဒီတွေကြောင့် ဖြစ်ရတာပေါ့လေ။
ကျတော်တို့အဖွားက ပဒေသရာဇ်ဆိုတော့ ပဒေသရာဇ်ခေတ်မှာ ကြီးလာရတဲ့သူဆိုတော့ ပဒေသရာဇ်ဆန်တာပေါ့ သူများကို အောက်မကျို့ဘူး မခဘူးဆိုတဲ့ စိတ်ဓာတ်ရှိတယ်။
ကျတော်တို့အာဏာစွန့်ရပြီးနောက်ပိုင်းမှာ စီးပွားရေးတော်တော်ကျသွားတာပေါ့။

ဒါပေမဲ့ ဦးနေ၀င်းကို အောက်မကျို့ခဲ့ပါဘူး။
အောက်ကျို့ ခဲ့ရင် ကျတော့်အမေ ဘွဲ့ရပညာတတ်ဖြစ်တယ် ကျတော့်အမေ ဘွဲ့ မရတာက တက္ကသိုလ်တက်ဖို့  ပိုက်ဆံမတတ်နိုင်လို့ပေါ့လေ။

အမေတို့ ခေတ်က တက္ကသိုလ်တက်ဖို့ ပိုက်ဆံတော်တော်ကုန်တယ်။ အဲဒီလို ကျတော်တို့ ဒုက္ခရောက်ခဲ့တာပေါ့လေ ကျတော်တို့  ပဒေသရာဇ်တွေကို မဟာဗမာဝါဒီတွေက နှိပ်ကွပ်ထားခဲ့တာပေါ့လေ။

အဓိက တာဝန်ရှိတဲ့သူတွေက ဦးနု သခင်တင် ဦးဗဆွေ ဦးကျော်ငြိမ်း ဗိုလ်ချုပ်နေ၀င်း ဗိုလ်အောင်ကြီး သူရဦးတင်ဦး သူတို့ဆို၇ှယ်လစ်အုပ်စုတွေကြောင့် ကျတော်တို့ပဒေသရာဇ်တွေ တော်တော်လေး ဒုက္ခရောက်ခဲ့ရတာပေါ့။
 ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပယောဂလဲပါတာပေါ့လေ။
 
သူတို့ မျိုးဆက်တွေကျတော့ ကောင်းစားနေကြတာ အခုထက်ထိပါပဲ။
ကျတော်တို့က ခံခဲ့ရတဲ့သူတွေဆိုတော့ မမေ့ဘူးဗျ။ မေ့လို့လဲ မရဘူး။ မေ့လို့လဲ ဘယ်ဖြစ်မှာလဲလေ။
မမေ့အောင်လဲ အဖွားက ကျတော်တို့ကို အမြဲတမ်း ရွှေထီးဆောင်းခဲ့ရတဲ့ခေတ်အကြောင်းကို ပြန်ပြောပြခဲ့တယ် အဖွားက အင်္ဂလိပ်ခေတ်မှာမွေးတာဆိုတော့ ဗမာတွေအုပ်ချုပ်ပုံနဲ့ အင်္ဂလိပ်ခေတ်အုပ်ချုပ်ပုံမတူတာကို ကောင်း
ကောင်းကြီး သိတယ်လေ။
အဲဒီခေတ်က ဗမာဆိုတာ မွန်တွေ တောင်သူပအို့ ဝ်တွေကိုပါ ခေါ်တဲ့အသုံးအနှုန်းပေါ့လေ။

အခုခေတ်လို မခွဲသေးဘူးပေါ့လေ အင်္ဂလိပ်မင်းတွေက ကောင်းတယ်တဲ့ ဗမာတွေလို မဟုတ်ဘူးတဲ့။
ဗမာတွေက ညစ်ပတ်တယ် ကတိမတည်ဘူးတဲ့။
လျော်ကြေးပေးမယ် ထောက်ပံ့ကြေးပေးပါ့မယ်ဆိုပြီး လိမ်ညာအာဏာစွန့် ခိုင်းခဲ့ပြီးဘိုးဘွားပိုင် ကျောက်စိမ်းတွင်း
ရွှေတွင်းတွေကို သိမ်းယူသွားခဲ့တဲ့သူတွေတဲ့ စသဖြင့် ဗမာဆိုရင် အကောင်းမမြင်ချင်ဘူး။ ဗမာတွေကလဲ ကောင်းမှမကောင်းခဲ့တာကိုး။
ဗမာတိုင်းတော့မဟုတ်ဘူးပေါ့လေ အောက်ဗမာလို့ ခေါ်ရမှာပေါ့။

တချို့ က ပြောကြတယ် ဦးကျော်ငြိမ်းကို သမိုင်းထဲက ဆွဲထုတ်ပစ်တာ မကောင်းပါဘူးတဲ့။
ကျတော် ဦးကျော်ငြိမ်းကို သမိုင်းထဲက မထုတ်ပစ်ပါဘူး။
ဦးကျော်ငြိမ်းကို သမိုင်းထဲမှာ မှတ်တမ်းတင်ထားပါတယ်။ 
ဦးနု ဦးကျော်ငြိမ်း ဦးဗဆွေ သခင်တင် ဗိုလ်ချုပ်နေ၀င်း ဗိုလ်ကျော်ဇော ဗိုလ်အောင်ကြီး အကုန်လုံးကို တစ်ဂိုဏ်း
တည်းထားပြီး သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ်။ 
စိတ်ချပါ မစိုးရိမ်ကြပါနဲ။့ 

 Dec 25, '2010

 Copy from http://kaiserhein.multiply.com/notes