• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 19, 2012

တရုတ် ပတ်ဝန်းကျင် အမှတ်-၁ စီ ဂြိုဟ်တုကို လွှတ်တင်


တရုတ် ပတ်ဝန်းကျင် အမှတ်-၁ စီ ဂြိုဟ်တုကို 

လွှတ်တင် 

2012-11-19

ယနေ့ ၁၉-ရက်နေ့ ၆ နာရီ ၅၃ မိနစ်တွင် တရုတ်နိုင်ငံသည် ထိုက်ယွမ် ဂြိုဟ်တု လွှတ်တင်ရေးစခန်း၌
လောင်းမတ်ခ်ျ အမှတ်-၂(ဂ) သယ်ဆောင်ဒုံးပျံဖြင့် ပတ်ဝန်းကျင် အမှတ်-၁ စီ ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ပြီး လျာထားသည့် ကမ္ဘာပတ် လမ်းကြောင်းသို့လည်း ပို့ဆောင်ခဲ့ကြောင်း စီအာအိုင် သတင်း
အရ သိရပါသည်။ 

ပတ်ဝန်းကျင် အမှတ်-၁ စီ ဂြိုဟ်တုသည် မည်သည့်ရာသီဥတုမျိုးတွင်မဆို ၂၄နာရီမပြတ် အလုပ်လုပ်
ဆောင်နိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဘေးအန္တရာယ် စသည်တို့ကို အချိန်မီတိုင်းတာနိုင်မည်
ဖြစ်ကြောင်း သိရပါသည်။

Copy from http://myanmar.cri.cn/666/2012/11/19/1s22815.htm