အွန်လိုင်းပေါ်မှ အသံဗလံ
By မင်းစိုးစံ
November 03, 2012 Saturday
အခုတလော သိပ်မထိုင်ဖြစ်ဘူး။ ရပ်နေတာတော့မဟုတ်ဘူး။ လဲနေတာ။ လဲနေတာဆိုတော့ မထနိုင်ဘူးပေါ့ဗျာ။ မထနိုင်တဲ့နောက်တော့ မထောင်တော့ဘူးပေါ့။ ခေါင်းပြောတာ။
ခေါင်းမထောင်နိုင်ပေမယ့် နားတော့ ထောင်နိုင်သေးတယ်။
ငြိမ်းချမ်းရေးကို လိုချင်ကြသလား ဆိုတဲ့မေးခွန်းတခု ကြားလိုက်ရတော့ မထောင်နိုင်တဲ့ခေါင်းက မထောင်နိုင်တဲ့
ကြားက ထထောင်ချင်လာတယ်။ ထထောင်ချင်လာတော့ လက်ကလည်းအလိုလို ခေါင်းအတွက် အလုပ်လုပ်ဖြစ်
သွားတယ်။
လက်ကခေါင်းအတွက် အလုပ်လုပ်တဲ့အခါကျတော့ ခေါင်းကလည်း လက်ရဲ့အကူအညီနဲ့ နဂိုလ်ကထက်ပိုပြီးထောင်
လာတယ်။ ခေါင်းကတက်တက်ကြွကြွဖြစ်လာတော့ လက်ကပိုပြီးသွက်သွက်လက်လက်နဲ့ Key board ပေါ်မှာ ထင်
သလိုလျှောက် နှိပ်တော့တာပေါ့ဗျာ။
ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို ဆိုတဲ့သတင်း ကြား လိုက်တော့ Comment တွေဘာတွေရေးဖြစ်တဲ့အထိ ၀မ်းသာသွားတယ်၊ ကရင်အချင်းချင်းကွဲတာမျိုး မလိုလား တဲ့အထဲမှာ ကျုပ်လည်းပါမယ်ထင်တာပဲ။
KNU နဲ့ DKBA ကွဲတုန်းကဆို ကျုပ်အတိုင်းမသိ ၀မ်းနည်းခဲ့ရတာအမှန်ပါ။ ဘာကြောင့်ခွဲထွက်သွားရသလဲဆိုတာကိုတော့ ကျုပ်တို့ကရင်တွေ(KNU နဲ့ DKBA) အသိဆုံးပါ။
အဲဒီ ကာလအတွင်းမှာ ကျုပ်လည်း မမျှော်လင့်ပဲ ပဒိုလိုလို ငတိုလိုလိုဖြစ်ခဲ့သေး။
မကြာခင်မှာပဲ KNU က ကျုပ်ကိုဖမ်းတာ့တာပဲ။ ဘာကြောင့်လဲဆိုတာ သိချင်ကြသလား။
မသိချင်ပါနဲ့လားဗျာ။
အဲဒီလိုကာလမျိုးမှာ KNU က လူထုရှင်းလင်းပွဲလုပ်ကြတော့ မေးခွန်းတစ်ခုကိုတာဝန်ရှိသူတဦးက လူထုကိုမေးခဲ့ ဘူးသဗျ။ သူ့မေးခွန်းက KNU နဲ့ DKBA ကို ခင်ဗျားတို့ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတဲ့မေးခွန်းပေါ့ဗျာ။
အဲဒီမေးခွန်းကို ဖြေတဲ့အသံထွက်မလာပါဘူး။ အားလုံးတိတ်နေပါတယ်။
ကျုပ်လည်း အဲဒီမေးခွန်းကို ဘယ်လို ဖြေရမှန်း မသိဘူး။ စဉ်းစားကြည့်လေ KNU နဲ့ DKBA က အတူတူပဲမဟုတ်
လား။ အတူတူပဲလို့ ရေးလိုက်လို့ တမျိုးအတွေးတွေမ၀င်လိုက်ကြပါနဲ့။ ကရင်ဆိုတဲ့ သွေးကို ပြောတာ။ အဲဒီမေးခွန်းကို အသေအခြာစဉ်းစဉ်းစားစားနဲ့ လေးလေးနက်နက်သုံးသပ်ပြီးဖြေမယ်ဆိုလျင် အချိန်အတော်ယူရ
မယ်ထင်တာပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအမေးက ကွဲကွဲပြားပြားဖြစ်စေတဲ့ အမေး၊ တနည်းအားဖြင့် ခွဲခြားခိုင်း
လိုက်တဲ့အမေးမျိုး ဖြစ်နေလို့ပါပဲ။
ကိုယ်မေးတဲ့မေးခွန်းကို ကိုယ်ကိုယ်တိုင်ပြန်ဖြေရတဲ့အခြေအနေမျိုး ရောက်သွားတယ်။
ခင်ဗျားတို့ KNU ကိုချစ်ရမယ် ဘာကြောင့်လဲဆိုတော့ DKBAဟာ ကျုပ်တို့ကရင်လူမျိုး အပါအ၀င် အခြားတိုင်းရင်း
သားတွေကို သမိုင်းတလျှောက်လုံး နည်းအမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်သတ်ဖြတ်ခဲ့တဲ့ ဗမာစစ်အစိုးရနဲ့ ပူးပေါင်းသွားလို့ဖြစ်တယ်။
ဗမာစစ်အစိုးရလို အာဏာရူးက ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ထင်သလိုဖျက်ဆီးနေသလို DKBA လည်း အလားတူပဲဖြစ်တယ်၊ အဲဒီတော့ မိဘပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ပေးတဲ့ ကျုပ်တို့ KNU ကိုချစ်ရမှာပေါ့ မဟုတ်ဘူးလား။
လို့ ပြောလိုက်တော့မှ လက်ခုပ်သံတွေ တဖျောင်းဖျောင်းနဲ့ ဘောလုံးကွင်း တခုလုံးညံသွားပါတော့တယ်။
အခုအချိန်မှာတော့ KNU က ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးဆိုလား ရပ်ဆိုင်းရေးဆိုလား လုပ်လိုက်တော့ လွန်ခဲ့တဲ့ကာလတွေတုန်းက ကရင်ပြည်သူလူထုကို မေးခွန်းထုတ်ခဲ့တဲ့ တပ်မှူးကြီးကို ကျုပ်ကပြန်မေးလိုက်ချင်တာ
က အခုအချိန်မှာ ဗမာစစ်အစိုးရက ပြည်သူလူထုတွေကို ထင်သလိုအနိုင်ကျင့်သတ်ဖြတ်တာတို့ လုယက်ဖျက်ဆီး
တာတို့ အဓမ္မပြုကျင့်တာတို့ ကင်းရှင်းသွားလို့ အခုလိုအပစ်အခတ်ရပ်စဲလိုက်ကြတာလား။
ကျုပ်တော့ ဗမာစစ်အစိုးရ အဲဒီလိုလုပ်ရပ်တွေ မရပ်သေးဘူးလို့ထင်တာပဲ။
ထားလိုက်ပါတော့ ဗမာစစ်အစိုးရဟာ လူစိတ်ဝင်လာပြီး လူကိုလူလိုဆက်ဆံရကောင်းမှန်းသိလာလို့ ကျုပ်တို့ပြည်
သူလူထု ငြိမ်းချမ်းသာယာရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် အပစ်အခတ်ရပ်ဆိုင်းတာ ရပ်စဲတာလုပ်နေတဲ့အချိန်အ
တွင်းမှာ ကရင်ပြည်သူလူထုရဲ့ အခြေအနေက ဆုတ်ယုတ်သွားသလား တိုးတက်လာသလား နဂိုလ်အတိုင်းပဲလား ဆိုတာ။ ကရင်ပြည်သူတွေရဲ့အသံကို တွေ့ဆုံမေးမြန်းခန်းတွေမှာ နားထောင်ကြည့်လိုက်ပါ။
ကျုပ်တို့ကရင်တွေဟာ ဗမာစစ်အစိုးရရဲ့ နည်းမျိုးစုံနဲ့ဘက်ပေါင်းစုံကနေ မတရားဖိနှိပ်အနိုင်ကျင့်တာကို နှစ်ပေါင်း
များစွာခံခဲ့ကြရတဲ့အတွက် တော်ရုံတန်ရုံကိစ္စ တော်ရုံတန်ရုံပြဿနာလောက်ကို ရေးကြီးခွန်းကျယ်မလုပ်တတ်ကြ
တဲ့သူတွေပါ။
အခုတော့ ဗမာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲနေစဉ်ကာလအတွင်း ကရင်ဒေသတွေမှာပြုမူကျင့်ကြံတဲ့ ဆိုးရွားတဲ့
လုပ်ရပ်အပေါ် သူတို့ ခံစားချက်တွေကို ပြောပြနေကြတာများ အံ့သြစရာကောင်းလှပါတယ်။
အခုတလော အွန်လိုင်းပေါ်မှာ ခေါင်းဆောင်ပိုင်းတွေ ကရင်လူထုအသံကိုနားစွင့်ပါ ဆိုတာတွေရေးသားထားကြ တာတွေ့ရပြန်တော့ ကျုပ်တို့ပြည်သူလူထုတွေဟာ အကြောင်းအချင်းအရာ တခုခုကိုတော်ရုံနဲ့ပြောလေ့ပြောထ မရှိကြတဲ့အတွက် ပြည်သူတွေက တထွာလောက်ပြောလျင် ခေါင်းဆောင်တွေက တလံလောက်ကြိုနားလည် ထားနိုင်ဘို့ လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
သူတို့တတွေကိုပြောရဲဆိုရဲရှိလာအောင်၊ ပြဿနာရပ်တခုခုကို မှန်မှန်ကန်ကန်တွေးခေါ်လာနိုင်အောင်၊ ပြုစုပျိုး
ထောင်ပေးတဲ့အနေနဲ့ သူတို့တတွေရဲ့နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ဘ၀တွေကို အတွင်းကျကျလေ့လာ စနည်း
နာဘို့ အထူးလိုအပ်ပါတယ်။
အဲဒီတော့မျှ လူထုတွေရဲ့သဘောထားအမှန်ကို ရနိုင်မှာဖြစ်ပါတယ်။
အဲဒီလိုလူထုသဘောထား လူထုအသံတွေကို နားလည်ကြားသိလာတာနဲ့အတူ လူထုအတွက်ဘာလုပ်သင့်တယ်
ဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်လာပြီး သင့်တော်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်နိုင်
မှာဖြစ်ပါတယ်။
ဒီလိုချမှတ် ဆောင်ရွက်အကောင်အထည်ဖေါ်လာနိုင်တာနဲ့ တဆက်တည်း ကျုပ်တို့အချင်းချင်းကြား ကွာဟမှုတွေ
လျော့နည်းပပျောက်သွားပြီး တိုးတက်အောင်မြင်မှုတွေ ရှိလာမှာအမှန်ပါ။
ကျုပ်ဘာကြောင့် ခေါင်းမထောင်နိုင်တဲ့ကြားက အခုလို ရေးလိုက်ရသလဲဆိုတော့ အောက်က Comment ကြောင့်
ဖြစ်ပါတယ်။ ပြည်သူထဲကပြည်သူတယောက်ရဲ့ ခံစားချက်ဖြစ်ချင်လည်းဖြစ်မယ်၊ တော်လှန်ရေးရဲဘော် တဦးဦး၊ ဒါမျှမဟုတ် လူလတ်ပိုင်း ကေဒါတယောက်ယောက်ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် အင်မတန် ဂရုတစိုက်ရှိဘို့လို
အပ်ပါတယ်။
သူတို့တတွေ စိတ်ဓါတ်ကျကုန်လို့မဖြစ်ပါဘူး။ တက်ကြွနေဘို့အလိုအပ်ဆုံးအချိန် ဖြစ်နေလို့ဖြစ်ပါတယ်။
စိတ်လေသွားပြီကွာ
ဟာ..ကေအန်ယူရဲ့အခြေခံဥပဒေအားနည်းလို့? စိတ်လေသွားပြီကွာ။
ခင်ဗျားတို့ရဲ့ နံငယ်ပိုင်းမှာပွေး ဘယ်နှစ် ကွက် ပေါက်နေတယ်ဆိုတာကိုကော ပြောပြဦးမှာလား? အရာကြီးမူတူးကလည်း ဒေးဗစ်ထောရဲ့အသုဘမှာ စ ကားပြောတာ ခင်ဗျားတို့ငြိမ်းချမ်းရေးကိုလိုချင်လား လိုချင်ရင်ကျူပ်တို့ဆက်လုပ်မည် ကျူပ်တို့ကတော့ ဘယ်လို ဘဲဖြစ်ဖြစ် ဆက်လုပ်မှာဘဲတဲ့။
အဖြုတ်ခံထားရတဲ့ အချိန်အတောအတွင်းမှာတောင် အဲဒီစကားတွေကို ဘယ်သူ့ အားကိုးနဲ့ ဘယ်သူ့နာမည် ဘယ်သူ့အဖွဲ့အစည်းကိုယ်စားနှင့် သူဆက်လုပ်မလို့ အကြံအစည်ရှိခဲ့လို့ ပြောခဲ့လဲမသိပါ။
ဒါပေမဲ့ ဟေးမင်းတို့ငြိမ်းချမ်းရေးတစ်ကယ်လိုချင်လားလို့ စင်ပေါ်ကနေသူမေးတဲ့အခါ ပါးစပ်ကလေးတွေမပွင့် တစ်
ပွင့်နှင့် လိုချင်ပါတယ်လို့ ပြောတဲ့အနည်းစုသောလူတွေထဲမှာဂျော်နီ၊အောင်မောင်အေးနဲ့ ကွယ်ထူးဝင်းတို့အ သံကို ကြားလိုက်သလားဘဲ။
ကျနော်ခေတ်လူငယ်တစ်ယောက် ကရင်တစ်ယောက် ပြည်သူတစ်ယောက်အနေနဲ့ ပွင့်လင်းစွာအဲဒီအဖြေကိုဖြေပါ
ရစေ။
ငြိမ်းချမ်းရေးကို ကျနော်ပြည်သူလူထုအပြင် တိုင်းရင်းသားတွေအားလုံးက အမှန်တစ်ကယ်လိုချင်ကြပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးဘဲလိုချင်တယ်ဗျာ။
တစ်ချိန်က ဂျပန်တွေ မြန်မာနိုင်ငံကိုပေးခဲ့ဘူးတဲ့ ရွှေရည်စိမ် ငြိမ်းချမ်းရေး လွတ်လပ်ရေးအတုကြီးကိုတော့ ကျုပ်တို့
လုံးဝမလိုလားပါ။
ပြီးတော့အဲဒီငြိမ်းချမ်းရေးအတုကြီးကြောင့် တွေ့ဆုံခံစားရမည့်ကျုပ်တို့ကရင်လူထုကြီးရဲ့ ပြသာနာဟာ ပြသာနာ
သေးသေးလေးမဟုတ်ပါ။ အကြီးကြီး။
စစ်အစိုးရ အခုခင်းထားတဲ့ နိုင်ငံရေးလှည့်ကွက် ဗျူဟာကြီးကလည်း အကြီးကြီးနော်။
ကျုပ်တို့တိုင်းရင်းသားတွေ မနပ်ဘူးဆိုရင် ကျူပ်တို့နိုင်ငံမှာနှစ် ၆၀ကျော်ကြာဖြစ်လာတဲ့ ပြည်တွင်းစစ်ကြီးရဲ့ တရား
ခံမြားဦးဟာ ကျုပ်တို့ဘက်ပြန်လှည့်လာလိမ့်မည်။
- 30 October 2012 at 2:08 am
အဲဒါပြီးတော့ ဒီကနေ့ကျောင်းသားလူငယ်တဦးရဲ့သဘောထားကလည်း အင်မတန်အရေးကြီးပါတယ်။
လေ့လာဖတ်ရှုကြည့်ကြပါ။
C-Box ထဲက ကူးယူထားတာပါ။
19 Aug 12, 02:04 PM
ဆွေကရင် ခင်များပြောတာ ကျနော်လက်ခံတယ်။
တကယ်ဆို ပိုးကရင်ကဏ္ဍ တကယ့်ကိုပါရမယ်။
အခု ကရင်စာပေပြိုင်ပွဲမှာ ကျနော်မဦးဆောင်ဘူး ကျနော်အနေနဲ့လဲ အင်တန်နက် ကနေတဆင့် တွေ့လိုက်တာပါ။ ခင်များနဲ့ကျုပ်အမြင်တူပေမယ့် ကျုပ်တို့နှစ်ယောက်ရဲ့အမြင်ကို တချို့လူက မတူကြဘူး။
ကျနော်သာ ဆိုရင် ပိုးကရင်ကဏ္ဍ ထည့်ချင်တာပေါ့။
ခင်များပြောသလိုပေါ့ နိုင်ငံရေးအတွက် ကျုပ်ပဲ ဦးဆောင်ဆွေးနွေးပေးဘို့ရယ် ဒါပေမယ် ကျုပ်က တော်လှန်ရေး
သက်တမ်း တစ်ရက်တော်မရှိဘူး။
အခုဆို နိုင်ငံရေးပါဝင်ဆွေးနွေးဖို့ အနည်း ဆုံး တော်လှန်းရေးသက်တမ်း ၂၀ မကျော်ဘူးဆိုရင် မဖြစ်နိုင်တဲ့နည်း
လမ်းပါ။
ကျုပ်လို အညတရ လူငယ်ဟာ လူကြီး ခေါင်းထဲမှာ မရှိဘူး။
မျိုးဆက်သစ်လူငယ်လေးတယောက်ရဲ့ အတွေးအမြင်ပါ။
အင်မတန်ကို အလေးထားစရာကောင်းပြီး အမှုမဲ့အမှတ်မဲ့ လုပ်ပစ်လို့ မဖြစ်ဘူးလို့ယူဆပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)