• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 4, 2012

သွေးချင်းနှောတဲ့မောင်နှမအရင်းပါ


သွေးချင်းနှောတဲမာင်နှမအရင်းပါ 

By ကိုလေး(ထီလာမြေ)

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ငိုသံတောင်ပါတယ်မှတ်..
အဖြစ်ပျက်က ဆိုးလွန်းလို့
ငါ့ရင်တွေဆို့အောင်
ခံစားရတယ်.....။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ဝေးကွာနေရပေမယ့် အတွေးကမ္ဘာမှာ
မောင်နှမ ညီကို
သီတာထွေးလို အဖြစ်ဆိုးက
ငါ့ခေါင်းကို မိုးကြိုးပစ်သလို
ခံစားရတယ်..။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကိုယ်ချင်းစာ သနားစိတ်နဲ့
နှလုံးသွေးက ပြောတဲ့စကား ငါကိုယ်တိုင်ပြန်ကြားရဲ့
နင်တို့တွေရဲ့ဒုက္ခ ငါလည်းထပ်တူ
ခံစားရတယ်...။

ငါ...ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာဆိုတာရှိနေသ၍ မေ့မထားဘူးဆိုတာမှတ်ထား
အသွေးအသားထဲက သံယောဇဉ်
မြင်ချင်စမ်းပါဘိ ငါခုထိခံစားဆဲ
ရခိုင်လည်း ဗမာ ..ဗမာလည်းရခိုင်မို့
ငါ့သွေးထိ ငါမခံနိုင်..
လက်သဲဆိတ်တော့ လက်ထိပ်နာသလို
ခံစားရတယ်...။

ငါ....ရခိုင်မဟုတ်ဘူးနော်..ဗမာ...
နေသာသလို မနေချင်ပါဘူး
မြင်နေတာတွေက တို့သွေးမို့
တို့အရေးလို့ အခိုင်မာဆို
နင်တို့စိတ်မာလို့ မငိုကြလည်း
ငါ့သားထဲမှာတော့ မျက်ရည်စက်လက်
ငါ့အသက်တစ်မျှ
ခံစားရတယ်...။

ငါ..ရခိုင်မဟုတ်ဘူးနော်..ဗမာ..
ကမ္ဘာတည်သရွေ့ ရခိုင်တည်
မာင်နှမအရင်း မြန်မာပြည်ထဲက
ညီကိုအရင်း သွေးချင်း မရောပေမယ့်
သွေးနှောတဲ့ နှမ ညီနောင်
ဓားသွားထက်က ပျားရည်စက်တောင်
ခါင်းမရှောင် အတူလျှက်မယ် လို့
ငါခံစားရတယ်...။ ။

ကိုလေး(ထီလာမြေ) 

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_9021.html