အဝလွန်သူက နံနက်စာမစားခင်မှာ
ကျန်းမာရေး လေ့ကျင့်သင့်
2012-11-02
ဗြိတိန်ပညာရှင်တို့ရဲ့သုတေသနရလဒ်အရ၊ အဝလွန်သူက ဝိတ်လျှော့ချင်တယ်ဆိုရင် နံနက်ပိုင်းမှာ နံနက်
စာစားပြီးချိန်မှာ ကျန်းမာရေးလေ့ကျင့်တာထက် နံနက်စာမစားခင်မှာ ကျန်းမာရေးလေ့ကျင့်တာက ပိုစွမ်း
တယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံ ဂလာ့စ်ဂ်တက္ကသိုလ်မှ ပညာရှင်တွေဟာ အဝလွန်သူများစွာကိုဖိတ်ခေါ်ပြီး စမ်းသပ်မှုတစ်ရပ်
ကို ပြုလုပ်ပါတယ်။
သူတို့ဟာ အဝလွန်သူတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး စမ်းသပ်းမှုသုံးရပ်စီမှာ ပါဝင်ခိုင်းတယ်။
ပထမတစ်ဖွဲ့ကို နံနက်စာမစားခင်မှာဖြစ်ဖြစ် နံနက်စာစားပြီးချိန်မှာဖြစ်ဖြစ် ကျန်းမာရေးမလေ့ကျင့်စေဘူး။ ဒုတိယ အဖွဲ့ကို နံနက်စာမစားခင်မှာ မိနစ် ၆၀ ကြာ မြန်မြန်လမ်းလျှောက်စေပါတယ်။
တတိယအဖွဲ့ကိုတော့ နံနက်စာစားပြီးနောက် မိနစ် ၆၀ ကြာ မြန်မြန် လမ်းလျှောက်စေပါတယ်။
စမ်သပ်မှုရလဒ် အရ၊ နံနက်စာမစားခင်မှာ ကျန်းမာရေးလေ့ကျင့်တာဖြစ်ဖြစ် နံနက်စာစားပြီးချိန်မှာကျန်းမာ
ရေး လေ့ကျင့်တာဖြစ်ဖြစ် ဝိတ်ကျစေနိုင်ပ်ါတယ်။
ဒါပေမယ့် နံနက်စာစားပြီးချိန်မှာ ကျန်းမာရေးလေ့ကျင့်တာထက် နံနက်စာမစားခင်မှာ ကျန်းမာရေး လေ့
ကျင့်တာက ပိုစွမ်းတယ်လို့ သိရပါတယ်။
Copy from http://myanmar.cri.cn/666/2012/11/02/1s22506.htm