• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 18, 2012

အိုးဘားမား အဘိုး မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့ဖူး

 Source images from www.bbcburmese.com
အမေရိကန်သမ္မတကို ကြိုဆိုတဲ့ ရန်ကုန်မြို့က နံရံပန်းချီကားတွေကတော့ လူတိုင်းစိတ်ဝင်စားကြပါတယ်

အိုးဘားမား အဘိုးမန်မာနိုင်ငံတွင်

တာဝန် ထမ်းဆောင်ခဲ့ဖူး

လက်ရှိ အမေရိကန် သမ္မတ ဘားရတ်ဟူစိန် အိုဘားမား၏ အဖိုးဖြစ်သူဟူစိန် အွန်ညာဂို အိုဘားမားသည်
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်၏အာဖရိကန်ရိုင်ဖယ် တပ်ခွဲ၁၁ နှင့်အတူ မြန်မာနိုင်ငံတွင်တာဝန် ထမ်း
ဆောင်ခဲ့ဖူးကြောင်း သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးက ၄င်း၏ Facebook စာမျက်နှာ တွင် ရေးသား
ထားသည်။

ယင်းတပ်ခွဲသည်ချင်းတွင်းမြစ်နှင့်မြစ်ကြီးနား၊ မန္တလေးတိုက်ပွဲများ ချီတက် ဆင်နွဲခဲ့ကြောင်း ယင်းကဆက်
လက်ရေးသားထားသည်။
ကင်ညာ နိုင်ငံသားဟူစိန်အွန်ယာဂိုအိုဘားမား သည်ဗြိတိန်တပ်ခွဲမှဗိုလ်ကြီးတစ်ဦး၏ ထမင်းချက် အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ကြောင်း The New York Times သတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင်ရေးသားထား
သည်။

ယင်းအချိန် ဗြိတိသျှ စစ်တပ်တွင် ကင်ညာနိုင်ငံသား ခုနစ်သောင်းခွဲခန့်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ထိုခေတ်
အိုဘားမား၏ အဘိုးဖြစ်သူ အပါအဝင်ကင်ညာ နိုင်ငံသားတို့ယင်းအတွေ့ အကြုံမှတဆင့်ပြင်ပ ကမ္ဘာနှင့် ထိ
တွေ့ပြီးဘဝ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဆောင်းပါးတွင်ထပ်မံဖော်ပြထားသည်။ “အိုဘားမားရဲ့ဇစ်မြစ်ဟာ မြန်မာက ဖြတ်သွားခဲ့ပါတယ်”ဟုစိန့်လူးဝစ်ရှိဝါရှင်တန် တက္ကသိုလ်မှ အာဖရိကန်
သမိုင်းပါမောက္ခ တီမွန်သီပါဆွန်စ်က ပြောဆိုသည်။

သမိုင်းပညာရှင်ဒေါက်တာ သန့်မြင့်ဦးကမူ မြန်မာနှင့်သမ္မတအိုဘားမား သည်အခြား အမေရိကန်ခေါင်း
ဆောင်များတွင်မရှိနိုင်သည့် ဆက်နွယ်မှုမျိုးတစ်နည်းနည်းဖြင့်ရှိကောင်းရှိနေနိုင်ကြောင်း သုံးသပ်ပြောဆို ထားသည်။

ဟူစိန်အွန်ညာဂိုအိုဘားမားကို ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့ကြောင်းခန့်မှန်းထားပြီးသမ္မတ ဘားရက် အိုဘား
မားမှာ အင်ဒိုနီးရှား နိုင်ငံတွင်ငယ်ဘဝ ဖြတ်သန်းခဲ့ဖူးသည်။

Ref: In Visit to Myanmar, Obama Will See a Nation That Shaped His Grandfather, By Peter Baker (The New York Times ) သတင်း-The Voice Weekly,Photo -NewsofMyanmar

Copy from http://kopaelay.blogspot.com/2012/11/blog-post_2481.html#.UKmon4aFPDc