• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, November 8, 2012

လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်

Souse Photo from http://www.google.com/images

လှပသောအမျိုးသမီးများနှင့် တွေဆုံရခြင်းသည် 

ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်

 By Mg Mandalay

 နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှု ရှိလွန်းသော အမျိုးသမီးများ
နှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီး ဖြစ်သည်။

ယခုအခါ သုတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသောသူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိ
နစ်မျှသာ တွေ့ဆုံရုံနှင့် စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်။

 “ငါ ဒီလိုလူစားမျိုးမဟုတ်ဘူး” ဟု တွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည် ဟု သိပ္ပံပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရသည့်အခါ ဖြစ်ပေါ်သော
နှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။
အဆိုပါအမျိုးသားတို့၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍မြင့်
မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။ ယင်းသို့ ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံး ရောဂါကြောင့် အမောဖောက်လာ
နိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု ဆိုသည်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏သုတေသနတွင် အမျိုးသား ၈၄ဦးကိုပါဝင်စေလျက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသောအမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းကိုတိုင်း
တာကာ တွက်ချက် သုတေသန ပြုခဲ့ကြခြင်း သိရသည်။

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_1640.html