စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး
ခင်မောင်တိုး
အမှန်တကယ်ကွယ်လွန်ပြီ
စတီရီယိုခေတ်ဦးမှသည် ယနေ့တိုင် ကိုယ်ပိုင်သံစဉ် တေးသီချင်းများနှင့် ရှင်သန်နေသော နိုင်ငံကျော်အဆိုတော် ဦးခင်မောင်တိုး ယနေ့ညပိုင်းအချိန်တွင် စင်ကာပူနိုင်ငံတွင် ကင်ဆာရောဂါဆေးကုသရင်း ကွယ်လွန်အနိစ္စရောက်
သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုတော် ခင်မောင်တိုးမှာ ၁၉၅၁ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သေဆုံးချိန်တွင် ၆၃နှစ် ရှိပြီဖြစ်သည်။ အနုပညာလောကကို ၁၉၇၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နှစ် ၄၀လုံးလုံး ဂီတလောကကို ချစ်မြတ်နိုးပြီးနားဆင်
သူပြည်သူတွေအတွက် သီချင်းအေးအေးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး လက်ရှိအချိန်အထိ တေးစီးရီး ၃၀ ခန့်သီ
ဆိုခဲ့ကာ နိုင်ငံအတွက် အနုပညာတာဝန်ကျေပွန်ခဲ့သူတစ်ဦးဖြစ်သည်။
သေဆုံးချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဝေေ၀ခိုင်၊ သားကြီး မင်းမင်းလတ်၊ သားလတ် အောင်ပန်းဦးနှင့် သမီးငယ် ဝေနှင်း
ခိုင်တို့ ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုတော် ဆရာခင်မောင်တိုးကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲ
ရပါကြောင်း။
ဆရာတိုးကြီးရေ အမျှ အမျှ အမျှ။
ထပ်ဆင့်ကူးယူဖေါ်ပြချိန် November 9, 2012 1:25 pm
Copy from
http://www.facebook.com/photo.php?fbid=444854048904171&set=pb.307904635932447.-2207520000.1352488646&type=3&theater