• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 13, 2012

လူ့အခွင့်အရေး နှင့် ငါးပါးသီလ,


မယောင်ရာ ဆီလူးနေကြသည့် ဗမာ့အာဏာရ, အကြီးအကဲများ
Source Photo from http://www.bbcburmese.com/newsimages

လူ့အခွင့်အရေး နှင့် ငါးပါးသီလ,

By လှိုင်းဒေါန
December 13, 2012
Thursday

လူ့အခွင့်အရေးဆိုင်ရာအမြင်သဘောထားနှင့်ပါတ်သက်ပြီး မျက်မှောက်ခေတ်မှာပြောဆိုလာကြသည်ကို
တွေ့နေကြားနေရပါသည်။
ယင်းအမြင်သဘောထားကိုရည်ညွန်းသည့်စကားလုံးမှာ ပါဠိသို့မဟုတ်(သက္ကတ) ၌ရှာဖွေကြည့်မိသည်
မတွေ့မိပါ”အခွင့်အရေး”(Rights)စကားလုံးအစား ၀တ္တရား(Duty)ဆိုတဲ့စကားလုံးကို ယာဉ်ကျေးမှုအရာ
တွင်အလေးထားဖေါ်ပြထားသည်ကိုတွေ့ရှိရပါသည်။
ပါဠိစာပေတွင်ဝတ္တရားကို ကိုယ်စားပြုသည့်စကားလုံးမှာ ဓမ္မ ဖြစ်ပြီး သစ္စာ ဟူသောဝေါဟာရ,ကိုလည်း ရည်
ညွန်းပါသည်။
ဤသည်မှာထူးထူးဆန်းဆန်းတိုက်ဆိုင်မှုမဟုတ်ပါ၊ ၀တ္တရား၏ငုတ်လျှိုးနေသော ဒဿန,တစ်ခုမှာဝတ္တရား သည် သစ္စာလမ်းသို့ ဦးတည်ခြင်းဖြစ်ပါသည်။
အင်္ဂလိပ်တွင် ၀တ္တရားဆိုသည့်စကားလုံးကို ဝေါဟာရ,နှစ်မျိုး ဖွင့်ဆိုထားပါသည်။
ယင်းတို့မှာ သစ္စာ (Truth)နှင့် အခွင့်အရေး (Privilege) တို့ဖြစ်ပါသည်။

အရှေ့တိုင်းဒဿန,ဆိုင်ရာလူမှုရေးရှုထောင့်အရ,မိမိဝတ္တရားကိုမိမိလုပ်ဆောင်ခြင်းသည် အခြားသူများ၏
အခွင့်အရေးကို ကာကွယ်ပေးရာရောက်သည်။
ဝတ္တရားကိုဖြည့်ဆည်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသောလူမှုရေးရာအကျိုးသက်ရောက်မှုနှင့် အခွင့်
အရေး၏ အရာထင်မှုများကိုနှိုင်းယှဉ်လိုက်သောအခါ လူမှုအဖွဲ့အစည်းတွင်လိုက်လျောညီထွေမှုနှင့် အပြန်
အလှန်ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်လာသည်ကိုတွေ့မြင်နိုင်ပါသည်။
စင်စစ်အားဖြင့် လူသားများမိမိဝတ္တရားကိုလုပ်ဆောင်နေပါက,ယှဉ်ပြိုင်မှုသည် အကျိုးရလာဒ်ဖြစ်လာပါလိမ့်
မည် လူ့အခွင့်အရေးနှင့်ပါတ်သက်ပြီး သီးခြားဖေါ်ပြမထားခြင်းမှာအရှေ့တိုင်းလူ့ယာဉ်ကျေးမှုက, လူ့အခွင့်
အရေးကို ကာကွယ်ရန်နည်းလမ်းများမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။

ယင်းစကားလုံးအရ,လူသားများနေဖြင့် မိမိကိုယ်တိုင်ခံစားနေရသည့် လူ့ဘ၀ရရှိမှုအဖိုးတန်အခွင့်အရေးကို
ထင်ထင်ပေါ်ပေါ်သတိမထားမိခြင်းဟူသော သိမ်မွေ့သည့်အမူအရာတွင် ပါဝင်ပြီးဖြစ်သည်။
ယင်းကိုလူသားတိုင်းအလိုလိုလိုက်နာကျင့်သုံးလက်ခံပြီးဖြစ်သည်။
လူ့အသိုင်းအ၀ိုင်းမှာလူသားတိုင်းသန္နိဌာန်ချ ကျင့်သုံးသင့်သည်မှာ  သူတပါးအသက်ကို ညှင်းဆဲသတ်ဖြတ်
ခြင်းမှရှောင်ကြဉ်ရန်ဖြစ်သည်။

အသက်သည်လူတိုင်းတန်ဖိုးထားသင့်သည့် အဖိုးတန်တဲ့အရာတစ်ခုဖြစ်သည် အဟိံသ,တရားလက်ကိုင်
ထားမှုပြန့်နှံ့လာသောအခါ လူသားတိုင်းအသက်ရှည်နိုင်သည့် အခွင့်အရေးကို အလိုလိုဖြည့်ကျင့်ပြီးဖြစ်
သည်။

ကျွန်ုပ်တို့နိုင်ငံသည် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်သယံဇာတ,နှင့် နှစ်ပေါင်းများစွာရပ်တည်လာခဲ့သည်ကို တစ်ကမ္ဘာလုံးအသိ ဖြစ်ပါသည်။
မကြာမှီက,ကျွန်ုပ်တို့၏နိုင်ငံ(မြန်မာနိုင်ငံ) ရခိုင်ပြည်မှဖြစ်တည်လာသည့် လူမျိုးရေးအဓိကရုဏ်းသည်လည်း ကျူးကျော်ဝင်ရောက်လာသူများက လူ့အခွင့်အရေးခြံစည်းရိုးကြီးကို မင်းမဲ့တိုင်းပြည်တစ်ခုပမာ ရဲရဲတင်း
တင်းကြီးချိုးဖေါက်ခဲ့သည့်အတွက် ကျွန်ုပ်တို့ညီနောင်သွေးချင်းများသည် ကိုယ့်မြေ ကိုယ့်ရွာ ကိုယ့်ဘိုးဘွား
အမွေအနှစ်များအား ကာကွယ်ရင်းဖြစ်တည်လာသည့်အဓိကရုဏ်းဟု ပြောလျင်လွန်မည်မထင်ချေ။

အထက်တွင်ဆိုခဲ့သည့်အတိုင်း မည်သည့်လူမျိုး မည်သည့်တိုင်းပြည်မဆို မိမိကိုယ်ပိုင်အခွင့်အရေးနှင့် မိ
မိ နေထိုင်ကြသကယ့်သို့ မိမိအခွင့်အရေးကိုထိပါးလာပါက ကာကွယ်တားဆီးရန်အသင့်ရှိရမည်၊ ကာကွယ်
ပိုင်ခွင့် ရှိနိုင်ရမည်ဆိုသည်ကို လူတိုင်းအသိဖြစ်ပါသည်။

ထို့အပြင် အဟိံသ,တရားသည်လူသားတစ်ဦးချင်းစီ၏လုံခြုံမှု ချစ်ကြည်မှု လူ့အဖွဲ့အစည်းအတွင်း အကျိုးပြု မှုနှင့် တဦးအပေါ်တဦးအပြန်လှန်နှီးနှောဖလှယ်မှုများဖြစ်ထွန်းစေသည်။

ရခိုင်ပြည်နယ်၏ပြဿနာသည် မိမိဝတ္တရားကို မိမိချိုးဖေါက်ခဲ့ခြင်းနှင့် မိမိတာဝန်ကို မိမိမကျေပြွန်ခြင်းတို့မှ လူသတ်မှု မုဒိန်းမှုများ တနည်းအားဖြင့် ရာဇ၀တ်မှုကြောင့် ဖြစ်လာသည့်ပြဿနာဟု ဆိုရမည်ဖြစ်သည်။
မိမိဝတ္တရားကို မိမိချိုးဖေါက်ခြင်းဆိုသည်မှာ ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂါလီများနှင့် မိမိတာဝန်ကို မိမိမကျေပြွန်ပဲ လာဒ်ပေး လာဒ်ယူခြင်းနှင့် အာဏာအလွဲသုံးစားမှုများကို နှစ်ခြိုက်မက်မောသော ကျွန်ုပ်တို့
တိုင်းပြည်ကာကွယ်ရေးအမည်ခံ အာဏာရ,လုပ်ပိုင်ခွင့်ရှိသူများဖြစ်ပါသည်။

ယခင့်ယခင်က,တာဝန်ယူခဲ့သော ဌာနဆိုင်ရာအကြီးအကဲများ၏ လူ့အခွင့်အရေးအပေါ် တာဝန်မသိမှု လျစ်
လျူရှုမှုများကြောင့် လက်ရှိကျွန်ုပ်တို့ တိုင်းပြည်ကြီးသည် သီးချိန်ပွင့်ချိန်တန်ပါလျက်နှင့် တပါတီအာဏာ
ရှင်စနစ်၏ လေကြမ်း လှိုင်းကြမ်း မုန်တိုင်းကြမ်းများကြောင့် မသီးနိုင် မပွင့်နိုင် နာလန်မထူနိုင်သည့် ရောဂါ
သည်ပမာ ဖြစ်နေပါတော့သည်။
ဤသို့ဆိုလျင် AlJazeera ရုပ်သံမှတင်ပြလိုက်သည့် ကျွနုပ်တို့နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖေါက်မှုအား ပြန်
လည်သုံးသပ်ရန်လိုအပ်နေပါသည်။

အဟိံသ,တရားများအား လက်ကိုင်မထားပဲ သူတပါးအိမ်ခြံဝင်းကိုကျူးကျော်ဝင်ရောက်ပြီး အိမ်ရှင်ကို မုဒိန်း
ကျင့် သတ်ဖြတ်ပြီးမှ အိမ်ရှင်သည်လူ့အခွင့်အရေးချိုးဖေါက်သည် ကန့်လန့်ကာနောက်ကွယ်မှ အစုလိုက်အ
ပြုံလိုက် သတ်ဖြတ်သည် ဟုဆိုပါလျင် ငါးပါးသီလ,ထဲမှ ပထမဦးဆုံးပါဏာတိတာကံ နှင့် တပါတည်း တတိ
ယ မြောက်သီလဖြစ်သည့် ကာမေသုမိစ္ဆာစာရကံ ဆိုသည့် လူ့အခွင့်အရေး ချိုးဖေါက်ဖျက်ဆီးမှုသီလ,ကို ကျူးကျော်ဝင်ရောက်နေထိုင်သူတို့မှ လွန်ကျူးခဲ့ပြီးဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
ဤကား ကိုယ့်အလုပ်ကိုယ်မလုပ်ခြင်းဖြင့် သူတပါးပိုင်အခွင့်အရေးကို ၀င်ရောက်နှောက်ယှက် ဖျက်ဆီးခြင်း
ပင်ဖြစ်သည်။
ဒုတိယသီလ,အနေဖြင့် ပိုင်ရှင်ခွင့်မပြုသည့် ဥစ္စာကိုမယူခြင်း အလွဲသုံးစားမလုပ်ခြင်း၊ယင်းသို့အလွဲသုံးစား
ပြုမှုကိုမလုပ်ရန် စိတ်ကိုပိုင်းဖြတ်လိုက်ခြင်းသည် လူသားတိုင်း၏ ပုဂ္ဂိုလ်ရေးရာပိုင်ဆိုင်မှု အခွင့်အရေးကို
ကာကွယ်ပေးရာရောက်သည်။
ပစ္စည်းဥစ္စာလုံခြုံမှုအသိသည် လူ့အဖွဲ့အစည်းအတွင်းအပြန်အလှန်ယုံကြည်မှုကိုတည်ဆောက်နိုင်သည်။

ထိုလူ့အဖွဲ့အစည်းမျိုးသည် စိုးရိမ်ပူပန်မှုကင်းပြီးလူတိုင်းသည် မိမိပစ္စည်းဥစ္စာအပေါ်ကြောင့်ကြမှုမရှိပဲ မိမိ
လုပ်ငန်းအပေါ်တစိုက်မတ်မတ် စိတ်ချလက်ချလုပ်နိုင်သည်။
ထိုသို့မဟုတ်မူပဲ ကျွန်ုပ်တို့ မိဘ,ဘိုးဘွား လက်ထက်က,တည်ရှိလာခဲ့သည့် လက်ပံတောင်းတောင်(ကြေးနီ
တောင်)အား အကြံအစည်ကြီးကြီးဖြင့် ၀မ်ပေါင်နှင့်လူတစ်စုတို့ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီး အဆီအနှစ်
များညှစ်ယူမည်ဆိုလျင်မူကား လူ့အခွင့်အရေးချိုးဖေါက်မှုသာမက, ခိုးမှုကြီးကို ကျူးလွန်ပြီးဖြစ်နေတော့၏။
ဤသို့ဆိုပါက, ဒုတိယ သီလ,ကိုလည်း (သို့ ) ဒုတိယလူ့အခွင့်အရေးကိုပါ ချိုးဖေါက်မိပြီးသားဖြစ်နေ၏။

အကြောင်းမှာ တိုင်းသူပြည်သားများအားအသိမပေးပဲ တိတ်တဆိတ် ကြံစည်ခဲ့ခြင်းကြောင့်ဖြစ်သည်၊ သူတို့ သည်လည်းကျွန်ုပ်တို့အိမ်ခြံစည်းရိုးကို ဖျက်ဆီးဝင်ရောက်လာခြင်းပင်မဟုတ်ပါလော။

တတိယလူ့အခွင့်အရေးအနေဖြင့် လမ်းညွန်ထားသည်မှာ လူသည် သူ့အိမ်ရာကိုမမှောက်မှားအောင်စောင့်
ထိန်းခြင်းဖြစ်သည်။
ထိုကျင့်ဝတ်သည် မိမိတို့၏ဘ၀,ကြင်ဖေါ်ကို စောင့်ရှောက်ရာရောက်သကဲ့သို့ ကိုယ့်မိသားစုအား ပြင်ပ,မှ
ကြားဝင်နှောက်ယှက်ခြင်းမှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။
အိမ်ထောင်ရေးဖေါက်ပြန်ခြင်းသည် သေစေနိုင်လောက်သည့်ရောဂါ ဖြစ်ရုံမျှမက,မိသားစုပါပြိုကွဲနိုင်ခြင်း၊ဆိုး
ရွားသည့်လူမှုရေးဂယက်များက,နိုင်ငံအတွက်ရာဇ၀တ်မှုထူပြောစေနိုင်ခြင်း စသည့်ပြဿနာများရိုက်ခတ်
နိုင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ကျန်းမာရေးသည် မိသားစုတိုင်း၏ကျန်းမာရေးအပေါ်တွင် အခြေခံသည်။
ထို့ကြောင့် ကာမေသုမိစ္ဆာစာရ ဖြစ်သည့် တတိယလူ့အခွင့်အရေးကို လျှော့တွက်မထားသင့်ပေ။

စတုတ္ထလူ့အခွင့်အရေးမှာ မုသားစကာရှောင်ကြဉ်ခြင်းဖြစ်သည်။ လူသည်လူမှုရေးသားကောင်ဖြစ်သည့်အ
လျောက် လူ့လောကရပ်တည်ရန်အရေးနှင့် မျက်နှာပန်းလှလှရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ လူ့အသိုင်းအ
ဝိုင်းနှင့် မည်သည့်နည်းနှင့်မျှကင်းကွာ၍မရပေ။
ထို့ကြောင့်လူ့အသိုင်းအ၀ိုင်းအပေါ် ရိုးသားစွာဖြင့်မလိမ်မလည်ပြောဆိုရန် အခွင့်အရေးရှိသည်။ လူတိုင်းရိုးသားကြမည်ဆိုပါလျင် ၎င်းအခွင့်အရေးကိုဖြည့်ဆည်းပေးရာရောက်သည်။  အဖွဲ့အစည်းတိုင်းသည်တစ်ဖွဲ့တည်း ရပ်တည်ရန်မဖြစ်နိုင်တော့ပေ၊ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ တစ်ဦး
နှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမှီပြုနေကြရသည့် ခေတ်ဖြစ်သည်။
ထို့ကြောင့်ရိုးသားမှုနှင့် ဂုဏ်သိက္ခာရှိမှုသည် လူမှုရေးရာတွင်မရှိမဖြစ် အလိုအပ်ဆုံးအရာဖြစ်သည်။

ပဉ္စမလူ့အခွင့်အရေးမှာ မူးယစ်ဆေးဝါးကိုရှောင်ရှားရန်ဖြစ်သည်။
မူးယစ်ဆေးဝါးကိုမသုံးခြင်းသည် လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာကိုသာမက, ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ အလွန်အထောက်အကူပြုသည်။
မူးယစ်ဆေးတိုင်းသည် ကိုယ့်ကျင့်တရားခေါ်လူ့အခွင့်အရေးကို အလေးမထား ပျက်ပြားစေပါသည်။ လူသည်စိတ်ကျန်းမာမှု ကိုယ်ကျန်းမာမှုကို လိုက်လျောညီထွေအောင်ကျင့်ကြံနေထိုင်သင့်သည်။ လူမှုဝန်းကျင်ကိုဖြောင့်ဖြောင့်ဆန့်ကျင်နေသော သို့မဟုတ် လူ့အခွင့်အရေးချိုးဖေါက်သည့် အမူအကျင့်များ
ကို လုံးဝရှောင်ရှားသင့်သည်။
အကောင်းအဆိုးကို ခွဲခြားတတ်သည့်အသိတရားသည် မူးယစ်စေတတ်သော အရက်သေစာတွင် အရည်
ပျော်သွားစေတတ်သည်။

ထိုသို့ပျက်ဆီးလာလျင် သက်ဆိုင်ရာဝတ္တရားများ တစ်စ,ထက်တစ်စ,ဆုတ်ယုတ်ပျက်ဆီးလာခြင်းနှင့် ကိုယ်
ကျင့်တရားပျက်ဆီးခြင်းသို့ ဦးတည်နေတော့သည်။
ထိုကြောင့် ဒီငါးပါးသီလ,ခေါ် လူ့အခွင့်အရေးငါးပါးကို မစောင့်ထိန်းနိုင်လျင် ကျေးရွာများမှမြို့ မြို့မှတဆင့်
နိုင်ငံ နိုင်ငံများမှတဆင့် တစ်ကမ္ဘာလုံးတိုင် ပျက်ဆီးယိုယွင်းကြမည်သာဖြစ်သည်….။

လှိုင်းဒေါန၊