• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, December 11, 2012

နှစ်စဉ် အရှုံးပေါ်နေသောကြောင့် ရခိုင်ဆားလုပ်ငန်း ပျက်စီး



နှစ်စဉ် အရှုံးပေါ်နေသောကြောင့် 

ရခိုင်ဆားလုပ်ငန်း ပျက်စီး

ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေး ကုန်ထုတ် လုပ်ငန်း တစ်ခု ဖြစ်သော ဆားလုပ်ငန်းမှာ နှစ်စဉ် အရှုံး
ပေါ်နေသဖြင့် ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်း
အသင်း အမူဆောင်ဒါရိုက်တာ လူကြီးတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကျွန်တော်တို့ရခိုင်မှာ ဆားလုပ်ငန်းနဲ့လုပ်ကိုင် အသက်မွေးသူ လူပေါင်းသုံးသောင်းခန့်ရှိပါတယ်။ ဧရာဝတီမှာတော့ ငါးသောင်းကျော်ရှိတယ်လို့သိရပါတယ်။ 
အခု ဆားလုပ်ငန်းက သုံးနှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့အတွက် ဒီနှစ်ဆားရာသီက စနေပြီ ဖြစ်ပေမယ့် ဆားတောင်သူတွေက ဆားလုပ်ငန်းကို လုပ်ကိုင်ဖို့ မ၀ံ့ရဲဘဲ ဖြစ်နေကြပါတယ်” ဟု သူက ဆိုသည်။

ရခိုင်တွင် ဆားလုပ်ငန်းကို မိုးအကုန် ဆောင်းရာသီ အတက်တွင် စတင်လေ့ရှိသည်။ ယခုအခါ ဆောင်းရာသီရောက်ရှိနေပြီဖြစ်သော်လည်း ဆားလုပ်ငန်းကို မစ,တင်နိုင်ဘဲ ဖြစ်နေကြသည်။ ရခိုင်ပြည်နယ်တွင် တင်ကျန်နေသောဆားတန်ချိန်ပေါင်းမှာ တောရောမြို့ပါ တန်ချိန် (၇)သောင်းခန့်ရှိနေ
ပြီး ရောင်းမစွံသဖြင့် ဆားတောင်သူများ အခက်တွေ့နေရသည်ဟု ဆိုသည်။

ကျွန်တော်တို့ ဘင်္ဂလာဒေ့ခ်ျကို တင်ပို့ဖို့ ကြိုးစားကြည့်ပါတယ်။ 
အခုအချိန်ထိ တန်ချိန် ၃၅၀၀ ဘဲ တင်ပို့နိုင်ပါတယ်။
နောက်ထပ် တန်ချိန် ၇၀၀၀လောက် တင်ပို့နိုင်မလားလို့ဘင်္ဂလာဒေ့ခ်ျက ကုန်သည် တွေနဲ့ညှိနိုင်းနေပါ
တယ်။ 
ဒါပေမယ့် သူတို့က ဈေးလျှော့ခိုင်းနေတဲ့အတွက် အခု အခက်တွေ့နေရပါတယ်” ဟု သူက ဆိုသည်။

ရခိုင်ဘက်က,ထုတ်လုပ်သောဆားမှာ ရွှံ့များရောပါပြီး ဘင်္ဂလာဒေ့ခ်ျဈေးကွက်တွင် ရောင်းချ၍မရ,သဖြင့် အ၀ယ်မလိုက်ရာမှ ထပ်မံဈေးလျှော့ရန် ဘင်္ဂလာဒေ့ခ်ျဘက်က,တောင်းဆိုလာခြင်းဖြစ်သည်ဟုဆိုသည်။

ကျွန်တော်တို့အရင်က စက်လှေပေါ်အရောက် တပိဿာ ၆၀ ကျပ်ဈေးနဲ့ပို့နေတာပါ။ 
ဒါကို ၅၅ကျပ်ထိ လျှော့ပေးရမယ်။ 
ပြီးရင် အမျိုးမျိုး အခွန်အခ,တွေလည်း ကျွန်တော်တိုဘက်က,ခံနေရပါတယ်။
ရောင်းစရာ နေရာမရှိတော့လည်း ရ,တဲ့ဈေးနဲ့ဘဲ ရောင်းနေကြရ,ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ဆားတောင်သူများမှာ အလွန်ဆင်းရဲကြသဖြင့် ခေတ်မှီနည်းစနစ်များကို အသုံးပြုပြီး ဆား
မထုတ်လုပ်နိုင်ကြရာမှ ရခိုင်က ထုတ်သော ဆားကြမ်းများမှာ အဆင့်မမှီ အရည်အသွေးမကောင်းသဖြင့် အိမ်နီးချင်း နိုင်ငံများသို့ပင် တင်ပို့ရာင်းချနိုင်ခြင်း မရှိဘဲဖြစ်နေသည်။

မာန်အောင်မြို့နယ် ရဲကျွန်းမှ ဆားတောင်သူ တစ်ဦးကို ဘင်္ဂလာဒေ့ခ်ျနှင့် မြန်မာဘက်က,ဆားထုတ်လုပ်
ငန်း ကွာခြားပုံကိုမေးမြန်းကြည့်ရာ သူက,ယခုလို ရှင်းပြသည်။

ကျွန်တော်တို့ရခိုင်ဆားတောင်သူတွေက ဘင်္ဂလာဒေ့ခ်ျမှာလို ပလစတစ်အစ,တွေကို နေလှမ်းတဲ့အခါ ဆားကွင်းတွေမှာ မခင်းနိုင်ဘူး။ 
ပလစတစ် အစ,တွေက,ဈးကြီးတဲ့အတွက် မ၀ယ်နိုင်ဘူး။ 
ပလစတစ် မခင်းနိုင်တဲ့အတွက် မြေကြီးပေါ်မှာဘဲ ဆားငံရေတွေကို ဒီအတိုင်းနေလှမ်းရတော့ ဆားထဲမှာ ရွှံ့တွေရောပါတာ ဖြစ်ပါတယ်။ 
ဘင်္ဂလာဒေ့ခ်ျမှာက ဆားကွင်းတွေအကုန်လုံးမှာ ပလစတစ် အစ,တွေကိုခင်းပြီးနေလှမ်းနိုင်တော့ ဆားတွေ
မှာရွှံ့မပါဘဲ အကောင်းရတဲ့သဘောပါ” ဟု ဆိုသည်။

မြန်မာအစိုးရမှ ရခိုင်ပြည်နယ် ဆားလုပ်ငန်းတိုးတက်ရန် အကြံအဥာဏ်များနှင့်နည်းပညာများ ဖြန့်ဖြူးပေး
သော်လည်း ရခိုင်ဆားတောင်သူများမှာ အရင်းအနှီးမရှိသဖြင့် အကောင်ထည်ဖေါ် မဆောင်ရွက်နိုင်ဘဲဖြစ်
နေသည်ဟု ဆားလုပ်ငန်းအသင်း လူကြီးမှ ဆက်ပြောသည်။

အစိုးရပိုင်းက အကြံအဥာဏ်တွေပေးတာတွေရှိသလို နည်းပညာပိုင်းတွေကိုသင်ပြတာလည်း ရှိပါတယ်။ ခက်တာက ဒီလို နည်းစနစ်တွေကိုသုံးမယ်ဆိုရင် အရင်းအနှီးတွေလိုတယ်။ 
ရခိုင်ဆားတောင်သူတွေမှာက အရင်းအနှီးမရှိဘူး။ 
ခုလိုအခြေအနေမျိုးမှာ နှစ်စဉ်နှစ်တိုင်းအရှုံးပေါ်နေတော့ ဆားတောင်သူတွေက,သူတို့လုပ်ငန်းကို သူတို့
ပြန်စ,ဖို့တောင် အနိုင်နိုင်ဖြစ်နေပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဆားအဓိက,ထုတ်လုပ်သော ပြည်နယ်များထဲမှ တစ်ခုဖြစ်သော်လည်း ယခုအချိန်ထိ ဆားသန့်စင်သောစက်ရုံမရှိသေးသလို ရွှံ့ပါသောဆားကိုလည်းစနစ်တကျ အရောင်ချွတ်နိုင်
ခြင်းမရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်မှ အဓိက,ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်သော ဆားလုပ်ငန်းမှာ အရှုံးပေါ်ပြီးပျက်စီး
လုနီးပါး အခြေအနေသို့ရောက်ရှိနေသဖြင့် နိုင်ငံတော်အစိုးရပိုင်းမှ အရင်းအနှီးများစိုက်ထုတ်ကာ ရခိုင်ဆား
လုပ်ငန်းကို ကျားကန်ပေးရန် ရခိုင်ဆားတောင်သူများက လိုလားနေကြသည်ဟု ဆိုသည်။

Copy from http://www.narinjara.com/burmese/?p=3521