• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, December 18, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှသုံးသပ်ခြင်း အပိုင်း (၃)

တညင်းကုန်းဘူတာကို ဥသြဆွဲပြီး ၀င်လာတဲ့ ရထားတစ်စီး
Source Photo from http://www.bbcburmese.com

လက်ပံတောင်းတောင်အရေး 

နှင့်

 မြေယာပြနာအပေါ် 

ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း

အပိုင်း (၃) 

အောင်ထူး (ရှေ့နေ)
 ဒီဇင်္ဘာလ (၁၈) ရက် ၂၀၁၂ ခုနှစ်

 ဥပဒေစိုးမိုးရေးကို“နိုင်ငံတော်”ရှုဒေါင့်မှအဓိက,မဟုတ်ဘဲ လူထုရ,သင့်ရ,ထိုက်သည့် အခွင့်အရေးအခြေခံ
မှ အဓိ,ယချဉ်းကပ်ရန်ကို၎င်း၊ ပထမဆုံးအနေဖြင့် “လယ်လုပ်သူ လယ်ပိုင်ခွင့်”အား အသိအမှတ်ပြုရန်ကို
၎င်း၊ စာရေးသူ၏ ဆောင်းပါး အမှတ်(၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။

အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စ,
သည်များမှာ တဦးချင်းအခွင့်အရေးများဖြစ်သည်။
“လယ်လုပ်သူ လယ်ပိုင်ခွင့်”သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။
ဥပဒေများအား လူထု၏ တဦးချင်းအခွင့်အရေးများကိုအခြေခံလျှက် ပြဌာန်း ကျင့်သုံးရပါမည်။ သို့ရာတွင် ယင်းမျှနှင့် မပြည့်စုံပါ။
လူထုတွင် တဦးချင်းအခွင့်အရေးသာမက, အုပ်စုလိုက်အခွင့်အရေး (သို့မဟုတ်) စုပေါင်းအခွင့်အရေးများ လည်း ကျင့်သုံးခွင့်ရှိရ,ပါမည်။ လူသည် တဦးချင်းသာမက,စုပေါင်းကာရပ်တည်၊ ရှင်သန်၊ နေထိုင်ကြရ,
သည့်သဘာဝ,ရှိသောကြောင့်ပင်။
မြေယာနှင့်စပ်လျှဉ်း၍ စုပေါင်းအခွင့်အရေးကို မည်သို့ကျင့်သုံးမည်နည်း။

“နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေထိုင်လာခဲ့ကြသည့် ဒေသ,ခံကျေးလက်လူထုများက, မိမိတို့ကျေးရွာ
ဝန်းကျင်ရှိ မြေယာအား စုပေါင်းအသုံးချခွင့်” [i]ဖြစ်သည်။
ဤအယူအဆ,သည် ဒေသခံလူထုများက,မိမိတို့ဒေသ,အတွင်း တည်ရှိနေသည့် သဘာဝ,ပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်မှု[ii] အား မထိပါးစေဘဲ အသက်မွေးဝမ်းကြောင်းပြုခွင့် [iii]အပေါ်တွင် အခြေခံ
သည်။

ဒေသတခုခု၌ ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေထိုင်လာခဲ့ကြသည့် ဒေသ,ခံလူထု အနေဖြင့် မိမိတို့ကျးရွာအနီးတ၀ိုက်ရှိ မြစ်ချောင်းများနှင့် အင်းအိုင်များတွင် ငါးရှာခွင့်ရှိရ,မည်။
မိမိတို့ကျေးရွာအပြင်ရှိ သစ်တောများအတွင်း ၀င်ရောက်ကာ မိမိတို့ကိုယ်တိုင်နေထိုင်မည့် နေအိမ်ဆောက်
လုပ်ရေးအတွက် သစ်ဝါးများခုတ်ခွင့်၊ မိသားစုစားသောက်ရန် သစ်သီး ၀လံနှင့် သီးပင်စားပင်များ၊ တိရစ္ဆာန် သားကောင်ငယ်များ ရှာဖွေခွင့် ရှိရ,မည်။
မိမိတို့ကျေးရွာတ၀ိုက်တွင်ရှိနေသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စားကျက်မြေအဖြစ် အသုံး ချခွင့်၊ စိုက်ပျိုးမြေတိုးချဲ့ခွင့်အပြင် ကျေးရွာတခုလုံး၏ စုပေါင်းအကျိုးစီးပွားအတွက် လိုအပ်သလိုအသုံးချ ခွင့် ရှိရ,မည် ဖြစ်သည်။

“နှစ်ပေါင်းမြောက်များစွာ အခြေစိုက်နေထိုင်လာခဲ့ ကြသည့် ဒေသ,ခံကျေးလက်လူထုများက,မိမိတို့ကျေး
ရွာဝန်းကျင်ရှိ မြေယာအား စုပေါင်းအသုံးချခွင့်” ရှိလျှင် လူမှုရေးသဟ,ဇာတ,ဖြစ်မှု [iv]နှင့် လူမှုရေးတည်
ငြိမ်မှု [v]ကို ပံ့ပိုးပေးသည်။ လူမှုရေးအရ ပေါင်းစည်းမှု[vi] ကို ခိုင်မာစေသည်။
ဒေသ,ခံလူထုများသည် မိမိတို့ဒေသ,အတွင်းမှာပင် ဘ၀,ရပ်တည်ရှင်သန်နိုင်ပါက အခြားကျေးလက်ဒေ
သ,များကိုဖြစ်စေ၊ မြို့ပြဒေသ,များကိုဖြစ်စေ ရွှေ့ပြောင်းနေထိုင်ပြီး အသက်ဝမ်းကြောင်း ပြုဘို့ကြိုးစားရန် မလိုတော့၍ဖြစ်သည်။
လူထု၏ ဘ၀,သည် အသက်မွေးဝမ်းကြောင်းနိုင်မှုအပေါ်မူတည်ပြီး အသက်မွေးဝမ်းကြောင်း နိုင်မှုမှာလည်း လူထုအနေဖြင့် သဘာဝ,သယံဇာတ,များအပေါ် မည်မျှအထိ လက်လှမ်းမှီ၊ အသုံးချခွင့်ရှိသည် ဟူသည့် အပေါ်တွင် မူတည်သည်။

[vii]မြေယာအား စုပေါင်းအသုံးချခွင့်သည် သမိုင်းအမွေအနှစ်များ [viii]ကို ထိမ်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်သည်။
လူထုနှင့် သံဃာတော်များက,အကြိမ်ပေါင်းများစွာ ဆန္ဒပြပြီးနောက်တွင်သာ လက်ပံတောင်းတောင်တွင် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့်ဗိမာန်အား ဆက်လက်ထိမ်းသိမ်းရန် သမ္မတ ဦးသိန်း
စိန်က ခွင့်ပြု ခြင်း ဖြစ်သည်။
ဤဖြစ်ရပ်တွင် ဗဟိုအစိုးရ,အာဏာပိုင် သမ္မတက,ခွင့်ပြု၍သာ ရ,သည့်အခွင့်အရေးဖြစ်နေသည်။
ဒေသ,ခံလူထုအနေဖြင့် မြေယာအားစုပေါင်းအသုံးချခွင့်ကို အသိအမှတ်ပြုပြီးရ,ရှိသည့် အခွင့်အရေးမဟုတ်
ပါ။ ဤသည်ကို ပြောင်းပြန်လှန်ဘို့လိုပါသည်။

လက်တင်အမေရိက,နိုင်ငံရှိ တရားရုံးများသည် တရားစီရင်ရာ၌ စုပေါင်းအခွင့်အရေးနှင့်ဆက်စပ်သည့် လူ
မှုရေးပြဿနာများကို အာရုံထားလာကြသည်။
[ix]မြေယာနှင့်ဆက်စပ်သည့် လူထု၏စုပေါင်းအခွင့်အရေးနှင့် စပ်လျှဉ်း၍ အိန္ဒိယ,နိုင်ငံ၌ မတူကွဲပြားသည့် လူမျိုးစုများ နေထိုင်ရာပြည်နယ်များတွင် တရားရုံးများက,ပို၍ အကာအကွယ်ပေးလာကြ သည်။
[x]ကျေုးရွာအတွင်းတွင် ပုဂ္ဂလိက,ပိုင်ဆိုင်မှုနှင့် မိသားစု အုပ်စု အလိုက်ပိုင်ဆိုင်မှုကို အသိအမှတ်ပြုသကဲ့
သို့ ကျေးရွာအပြင်ရှိ မြေယာများအား ဒေသ,ခံလူထုက စုပေါင်းပိုင်ဆိုင်မှုကို အသိအမှတ်ပြုသည်။
[xi]၁၉၉၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်သည် ဒေသ,ခံတိုင်းရင်းသားလူထုများ၏ ဘ၀၊ အ
သက်မွေးဝမ်းကြောင်းပြုခွင့်၊ မြေယာ၊ သစ်တောများနှင့်စပ်လျှဉ်း၍ စံထားလောက်ဘွယ် စီရင်ချက်တရပ်ကို ချမှတ်ခဲ့သည်။
အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် ဆမာသာ ဟူသည့် အယ်န်ဂျီအိုတခုက,ဒေသခံတိုင်းရင်းသားလူထုကို ကိုယ်စားပြု၍ အဆိုပါ ဒေသ,အတွင်း မိုင်းတူးဖေါ်သည့် ကုမ္ပဏီတခုအား တရားစွဲဆိုသည့် မှုခင်းတွင် ဖြစ်
သည်။
မိုင်းတူးဖေါ်ရန်နှင့် စက်မှုလက်မှုဒေသ,များအဖြစ် ပြောင်းလဲတည်ဆောက်ရန် တို့အတွက် သစ်တောနှင့်
မြေယာများအား အသုံးချခွင့်ကို ဒေသ,ခံတိုင်းရင်းသားမဟုတ်သည့် အခြားပုဂ္ဂိုလ်များ သို့မဟုတ် အခြား ပုဂ္ဂလိက,ကုမ္ပဏီများအား ငှားရမ်းခွင့်မရှိဟူ၍ အိန္ဒိယ တရားလွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်
သည်။
[xii]အိန္ဒိယနိုင်ငံ တရားလွှတ်တော်ချုပ်၏ စီရင်ချက်ကို စံနမူနာအဖြစ်ကိုးကားမည်ဆိုလျှင် လက်ပံတောင်း
တောင်တွင် ကြေးနီစီမံကိန်းလုပ်သင့်မလုပ်သင့် ဒေသ,ခံလူထု၏သဘောထားဆန္ဒကို အဓိက,ရ,ယူရ,မည်
ဖြစ်သည်။
အခြေအနေတရပ်တွင် အခိုင်အမာသဘောတူညီမှုရ,ရှိပါက ထိခိုက်ပျက်စီးသွားသော သဘာဝ,ပတ်ဝန်း
ကျင်ကို ပြန်လည်ကုစားနိုင်ခြေရှိပြီး လူမှုရေးသဟ,ဇာတ,ဖြစ်မှုကို ဆက်လက်ထိမ်းသိမ်းနိုင်ဘွယ်ရှိသည်
ဟု ဒေသ,ခံလူထုက,သဘောတူလျှင် ကြေးနီစီမံကိန်း ဆက်လက်ဖေါ်ဆောင်ရေးကို စဉ်းစားနိုင်သည်။ ယင်းသို့ဖြစ်လျှင် ပထမဆုံးအနေဖြင့် ၎င်းတို့တဦးချင်းပိုင်ဆိုင်သည့် လယ်မြေများသာမက,ဒေသ,အလိုက် စုပေါင်းပိုင်ဆိုင်သည့်မြေယာများဆုံးရှုံးသည့်အတွက်ပါ ၎င်းတို့ကြေနပ်လောက်သည့် လျော်ကြေးငွေပေးရ
ပါမည်။

ထို့နောက် ကြေးနီစီမံကိန်းဖေါ်ဆောင်နေသမျှကာလ,ပတ်လုံး အမြတ်ငွေများမည်မျှရ,ရှိသည်ကို ရှင်းရှင်း
လင်းလင်း သိနိုင်လောက်သည့်စနစ်တရပ် တည်ထောင်ရပါမည်။ ယင်းအမြတ်ငွေကို ခွဲဝေခံစား အသုံးချ
နိုင်ရန် သုံးချိုးစနစ် စဉ်းစားနိုင်သည်။

ပထမတချိုးမှာ ဒေသ,ခံလူထုအတွက်ဖြစ်သည်။ ရေရှည်ဝင်လာမည့် ယင်းအမြတ်ငွေအချိုးကို ဒေသ, ဖွံ
ဖြိုးရေးအတွက်နှင့် ပျက်စီးဆုံးရှုံးသွားသော သဘာဝ,ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးအတွက် အသုံး
ပြုရန်ဖြစ်သည်။
ဤသည်ကို သဘောတူလျှင် (အုပ်ချုပ်ရေးအာဏာပိုင်များ မဟုတ်သော) ဒေသ,ခံလူထု၏ ကိုယ်စားလှယ်
များနှင့် စနစ်တကျဖွဲ့စည်းထားသည့် လူထုအဖွဲ့အစည်းတရပ် ရှိရပါမည်။
ယင်းအဖွဲ့က လက်ခံရ,ယူသုံးစွဲသွားရန် ဖြစ်သည်။

ဒုတိယတချိုးအား ကုမ္ပဏီက,ရ,ယူသွားရန်ဖြစ်သည်။
တတိယတချိုးမှာ စစ်ကိုင်းတိုင်းနှင့် ပြည်ထောင်စုတခုလုံး ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အစိုးရအာဏာ
ပိုင်များထံသို့ပေးသွင်းသွားရန်ဖြစ်သည်။
ဤအမြတ်ငွေကို လက်ခံရယူပြီး မည်သို့သုံးစွဲသွားသည်ကို အာဏာပိုင်များက နှစ်စဉ်စာရင်းရှင်းတမ်းတ
ခုပြုစုပြီး တပြည်လုံးရှိလူထုကို ချပြသွားရန် ဖြစ်သည်။
ယင်းစာရင်းများ မှန်မမှန် လူထုအနေဖြင့် စစ်ဆေးနိုင်ခွင့်ရှိရမည်။

ဒေသခံလူထုနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိသည့် ဦးပိုင်ကုမ္ပဏီသည် ဤကြေးနီစီမံကိန်းမှ အမြတ်ငွေ
တစုံတရာခံစားရန် မည်သည့်အကြောင်းအချက်[xiii] နှင့် တရားဝင်မှု[xiv] ရှိပါသနည်း။

လူထုတရပ်လုံးပိုင်သော သဘာဝ,သယံဇာတ,ပစ္စည်းမှ အကျိုးစီးပွားကို ဦးပိုင်ကုမ္ပဏီက,ရ,ယူ၍ ဗိုလ်ချုပ်
နှင့် အထက်ဖြစ်သည့် စစ်ခေါင်းဆောင်သစ်၊ ဟောင်း များနှင့် ၎င်းတို့မိသားစုများ ခွဲဝေသုံးစွဲနေကြကြောင်း၊ ဗိုလ်မှုးကြီးအဆင့်အထိရှိသည့် အလတ်ပိုင်းနှင့် အောက်ခြေအရာရှိများပင် ခံစားခွင့်မရှိကြောင်း လူထုအ
တွင်းသတင်းများထွက်ပေါ်နေသည်။
ဦးပိုင်၏ အကျိုးအမြတ်များအား မည်သို့ ခွဲဝေသုံးစွဲနေကြောင်း တကြိမ်တခါမျှ လူထုကို စာရင်းရှင်းတင်ပြ
ဘူးခြင်းမရှိသဖြင့် အဆိုပါသတင်းမမှန် ဟု ငြင်းနိုင်ရန်မလွယ်ပါ။

ဒုတိယစိုးရိမ်ချက်မှာ ဦးပိုင်ကုမ္ပဏီ၏၀င်ငွေများကို တိုင်းရင်းသားများအား ဆင်နွှဲနေသော ပြည်တွင်းစစ်အ
တွက် စစ်ရေး စါးရိပ်သုံးစွဲမည့်ကိစ္စ ဖြစ်သည်။
သံဃာတော်များအားပစ်ခတ်ပြီး ပြင်းထန်သည့်မီးလောင်ဒဏ်ရာများ ရ,စေခဲ့သည့်လက်နက်မှာ စင်စစ်အား
ဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ပြီး အသုံးချရန်ဖြစ်သည်ဟူ၍ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ ရဲအုပ်တဦးကပြောဆို
ကြောင်း သတင်းထွက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဦးပိုင်ကုမ္ပဏီ၏ အခန်းကဏ္ဍ
နှင့် စပ်လျှဉ်း၍ မည်သို့သုံးသပ်မည်ကို စောင့်ကြည့်ရပါမည်။

လက်ပံတောင်းတောင်အရေးကို အခြေခံလျှက် လူမျိုးရေးပဋိပက္ခဖန်တည်းခံရ,ဦးမည့်အနေအထားကို သတိကြီးကြီးထားရန် လိုပါမည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု အသီးသီးအနေဖြင့် မိမိတို့ လူမျိုးတည်တံ့မှုကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသည်မှန်သော်လည်း စစ်အာဏာရှင်စနစ်က, ဖန်တည်းထားသည့် လူမျိုးရေးပဋိပက္ခများတွင်သာ ၀ဲလည်နေသမျှကာလ,ပတ်လုံး တိုင်းရင်သားပေါင်းစုံ
လူထုကြီးတရပ်လုံးသည် မည်သည့်အခါတွင်မျှ ငြိမ်းချမ်းမှု နှင့် တိုးတက်ဖွံ့ဖြိုးမှု ရနိုင်ဘွယ်မရှိပါ။

အခြေခံအားဖြင့်မူ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းသွားလျှင် တရုပ်ကုမ္မဏီများ အပါအ၀င် သင့်တင့် လျှောက်ပတ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရ,ပါမည်။
လက်ပံတောင်းတောင်အရေးတွင် ရန်သူသည် တရုပ်ကုမ္မဏီမဟုတ်သလို၊ တရုတ်အစိုးရနှင့် တရုတ်လူထု လည်းမဟုတ်ပါ။
သို့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောသလို ငတ်တုံးက,ကျွေးထား၍ တရုတ်က,ကျေးဇူးရှိ၍
တော့ မဟုတ်ပါ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းဖြင့် ပြည်တွင်းနေလူထုများ အလုပ်အကိုင်များရရှိ၊ နည်းပညာ
များသင်ကြားခွင့်ရ,၊ လူမှု စီးပွား ရေးဘ၀,ချောင်လည်သွားနိုင်သောကြောင့် ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရာတွင် သက်ဆိုင်ရာဒေသ,ရှိ ဒေသခံလူထုများအပါ
အ၀င် ပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၏ အခွင့်အရေးနှင့်အကျိုးစီးပွားများကို မထိပါး
စေရေးအတွက် အစိုးရက,လိုအပ်သည့် ဥပဒေများ ပြဌာန်း၊ လက်တွေ့ကျင့်သုံး၊ ကာကွယ်စောင့်ရှောက်ပေး
ရ,ပါမည်။ ယခုမူ ပြောင်းပြန် ဖြစ်နေသည်။

ဖွဲ့စည်းပုံနှင့် တည်ဆဲဥပဒေများသည် ယင်းကို မဖေါ်ဆောင်နိုင်ပါ။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ,အာ
ဏာပိုင်များ ကိုယ်တိုင်သည်လည်း ယင်းသို့ဖေါ်ဆောင်ရန် တက်တက်ကြွကြွ နည်းလမ်းရှာဖွေ ဆောင်ရွက် ရမည့်အစား လူထုကိုဆက်လက်ဖိနှိပ်နေကြကြောင်း တွေ့ရ,သည်။

အဓိက,အားဖြင့် လူထုကြီးတရပ်လုံး၏ရန်သူမှာ ပြည်တွင်းရှိ စစ်အာဏာရှင်စနစ်သာဖြစ်သည်။ စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်စေရန် စနစ်တကျ သွတ်သွင်းပြဌာန်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
သာ ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ, နိုင်ငံတော်ဟူသောစကားလုံးကို ကိုင်စွဲ၍ အင်အားကြီး
ထွားနေသည်မှာ စစ်အုပ်စု ဟောင်း သစ် များနှင့် ယင်းတို့နှင့် ပုလင်းတူ ဗူးဆို့ လက်တဆုပ်စာ စီးပွားရေးသ
မားကြီးများသာ ဖြစ်နေသည်။
လူထုဧရာမ,အများစုကြီးမှာ ထမင်းနပ်မှန်စားဘို့ရန်ပင် ရုန်းကန်နေရဆဲဖြစ်ပြီး လွန်မင်းစွာအင်အားချိနဲ့
လျှက်ရှိသည်။ ဤအခြေအနေနောက်ခံတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အောင်မြင်ရန် အကြောင်းမရှိ
ပါ။

မြန်မာနိုင်ငံက,တနှစ်စော၍ လွတ်လပ်ရေးရ,သကဲ့သို့ တရုတ်နိုင်ငံမှာ တနှစ်နောက်ကျပြီးမှ လွတ်လပ်ရေး
ရ,လာခဲ့သည်။ ၁၉၄၈လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၂ခုနှစ်အထိရှိနေခဲ့သည့် လယ်သမားများ၏အခြေ
အနေကို တရုပ်နိုင်ငံနှင့်နှိုင်းယှဉ်၍ စာရေးသူ၏ဖခင် လယ်သမားကြီးက, မကြာခဏ,သုံးသပ်ပြောဆိုခဲ့
သည်။

ဟ ငါ့သားရ။
အဲဒီတုံးက ငါတို့လယ်သမားတွေ ရွှေမိုး၊ ငွေမိုး ရွာနေတဲ့ ခေတ်ကြီးလို့ပြာရင်မမှားဘူးကွ။
လယ်သမားဆိုတာ တနှစ်မှာသုံးရာသီရှိတဲ့အနက် မိုးတွင်းလောက်သာ အဓိက,အလုပ်လုပ်ရ,ပြီးကျန်တဲ့ နှစ်ရာသီမှာ ကျိန်လုံးကလေးကိုင် ရွာရိုးလျှောက်လည်နိုင်ခဲ့တဲ့ခေတ်။
ဧည့်သည်လာရင် ၀အောင် လင်အောင်ကြွေးနိုင်တဲ့ခေတ်။
ဆိုင်းသံ အိုးစည်သံတွေ တညံညံ စည်စည်ကားကားနဲ့ လှူနိုင်တန်းနိုင်တဲ့ခေတ်ကွ။
ရွာထဲမှာ စတုဒီသာ ကျွေးတဲ့ မဏ္ဍပ်တွေနဲ့ပြည့်လို့ပေါ့ကွာ။
အဲသည်တုံးမှာ တရုတ်တွေထမင်းငတ်နေကြတာကွ။
ဆန်ပြုတ်သောက်နေကြရ,တဲ့ လူဦးရေ ဘယ်နည်းပါ့မလဲ။
ငါတို့ရွာမှာလာပြီး ပေါက်ဆီကလေးရောင်းစား။
ရွာထိပ်မှာ ခေါက်ဆွဲဆိုင်ကလေးတွေဖွင့်စား သည်လိုလုပ်စားခဲ့ကြရ,တာ လေကွာ။

နှစ်ပေါင်းငါးဆယ်ကြာပြီးနောက်တွင် တရုတ်လူထုနှင့် မြန်မာလူထု အခြေအနေသည်ပြောင်းပြန်ဖြစ်သွား
ခဲ့ပြီ။
တရုတ်ပြည်သည် ဥပဒေစိုးမိုးရေးကို အတိုင်းအတာအရ,တစုံတရာ အောင်မြင်စွာကျင့်သုံးနိုင်သဖြင့် ယခုမူ အိပ်နေသော နဂါးကြီးဘ၀,မှ နိုးနေသောနဂါးကြီးဘ၀,သို့ အောင်မြင်စွာ အသွင်ပြောင်းနိုင်ပြီ ဖြစ်ကြောင်း
တွေ့ရသည်။
တရုတ်ပြည်တွင် လူဦးရေသန်းသုံးရာခန့်မျှသည် သန်းကြွယ်သူဌေးများဖြစ်နေပြီဖြစ်ကြောင်း လေ့လာရ
သည်။

ဥပဒေစိုးမိုးရေးကိုလက်တွေ့ခံစားနိုင်ရန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြိုချဘို့လိုပါမည်။
လူထု၏ တဦးချင်းအခွင့်အရေး၊ စုပေါင်းအခွင့်အရေးများနှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်
အရေးများကို အာမ,ခံသည့်ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်လာရန်
ကြိုးပမ်းဘို့လိုပါမည်။
ယင်းနောက်တွင် လူထုတွင် ဥပဒေစိုးမိုးရေးက,ကျားကန်ပေးသော အင်အားရှိလာပါမည်။
နိုင်ငံခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ညှိနိုင်းနိုင်သည့် အခွင့်အရေးနှင့် အနေအထားများ ရ,ရှိလာပါမည်။ ယင်းအခြေအနေတွင် နိုင်ငံခြားကုမ္ပဏီမှန်သမျှကို ကြိုဆိုဘို့လိုပါသည်။

ထို့အပြင် အကျိုးဆက်အနေဖြင့် တိုင်းရင်းသားပေါင်းစုံလူထုကြီးတွင် ကမ္ဘာ့ဈေးကွက်၌ပြိုင်ဆိုင်နိုင်လောက်
သည့် စွမ်းရည်များရှိလာပါမည်။
မြန်မာနိုင်ငံအား တရုတ်နိုင်ငံက,ဈေးကွက်အဖြစ် သဘောထားသည့်အဆင့်မှ ပြန်လည်ပြောင်းလဲပြီး မိမိ
တို့တိုင်းရင်းသားပေါင်းစုံလူထုက,လူဦးရေများလှသည့်တရုတ်နိုင်ငံကြီးအား ဈေးကွက်အဖြစ် သဘောထား လုပ်ကိုင်နိုင်သည့် အဆင့်အထိ မြှော်မှန်းရန်လိုပါမည်။

လက်ပံတောင်းတောင်အရေးတွင် လူထုနှင့်သံဃာတော်များက “ ခံစားချက်နှင့် ပြသော ဆန္ဒထုတ်ဖေါ်ပွဲ
များ” ဆက်လက်ကျင်းပ,နေခြင်းကို ကြိုဆိုရပါမည်။
ယင်းတို့အား“လယ်လုပ်သူ လယ်ပိုင်ခွင့် အခွင့်အရေးကိုလည်းကောင်း၊ မြေယာအပေါ် ဒေသ,ခံလူထုအနေ
ဖြင့် စုပေါင်းအသုံးချခွင့်ကိုလည်းကောင်း၊ အတိအကျတောင်းဆိုသော ဆန္ဒထုတ်ဖေါ်ပွဲများ”အဖြစ်သို့
ပြောင်းလဲနိုင်လျှင် ပိုမိုအကျိုးရှိပါမည်။
ယင်းအခွင့်အရေးများအား ဥပဒေပြဌာန်းချက်များအဖြစ် ပြဌာန်းပေးရန် တောင်းဆိုသော ဆန္ဒထုတ်ဖေါ်
ပွဲများ တပြည်လုံးအနှံ့ပေါ်ပေါက်လာလျှင်မူ အကျိုးအရှိဆုံးဖြစ်ပါမည်။
ဤတွင် ဥပဒေစိုးမိုးရေးသည် လက်တွေ့အကောင်အထည်ပေါ်လာနိုင်ပါမည်။

အပိုင်း (၄) ကို ဆက်လက်ဖတ်ရှုပါရန်

 အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၈) ရက် ၂၀၁၂ ခုနှစ်

ရည်ညွှန်းချက်များ

[i] Collective Rights of People
[ii] Environmental protection
[iii] The right to livelihood
[iv] Social harmony
[v] Social stability
[vi] Social cohesion
[vii] “Life depends on livelihood and livelihood increasingly depends on people's access to required resources.” Personal interview, anonymous statement by an NGO leader from Sri Lanka.
[viii] Historical heritage
[ix] Gretchen Helmke, Courts under Constraints: Judges, General and Presidents in Argentina, Cambridge University Press, 2005, p. 2.
[x] Hari Mohan Mathur, Tribal Land Issues in India: Communal Management, Rights, and Displacement by p. 1, 2 & 6-8. Available at:



  • http://www.adb.org/Documents/Books/Land-Cultural-Survival/chap06.pdf
  • [xi] Ibid [xii] Ibid., p. 14. See also Samatha v. State of Andhra Pradesh A.I.R. 1997 S.C. 3297
    [xiii] Fact
    [xiv] Legitimacy

     Aung Htoo