• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 19, 2012

တပ်မတော်အာဏာသည် ၂၀၁၈ ခုနှစ်အထိ ရပ်တည်နိုင်မည်

၆၃ နှစ်ပြည့် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယ,တွင် မဟာဗန္ဓုလ,ပန်းခြံတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့တော်ခန်းမ,ကို တွေ့ရ,စဉ် 
Source Photo from http://freedomnewsgroup.com/2011/01/04/

လွတ်လပ်ရေးရ,ယူစဉ်
ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှု အနေအထားများကြောင့်
 မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းတွင် တပ်မတော်အာဏာသည် 
၂၀၁၈ခုနှစ်အထိသာ အင်အားအကောင်းဆုံးအဖြစ်ရပ်တည်နိုင်မည်

Wednesday, December 19, 2012

မြန်မာနိုင်ငံလွတ်လပ်ရေးရ,ယူခဲ့စဉ် ဖြစ်ပေါ်ခဲ့သည့်ဂြိုလ်နက္ခတ်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအာဏာ
တည်မြဲမှုတွင် တပ်မတော်အာဏာသည် ၂၀၁၈ခုနှစ်အထိသာ တည်မြဲနိုင်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံ
အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို၏ ပြောပြချက်အရ,သိရှိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရ,ယူခဲ့သည့် ၁၉၄၈ခုနှစ် ဇန်န၀ါရီ ၄ရက်နေ့ နံနက် ၄နာရီ ၂၀မိနစ်၊ ဗြိစ္ဆာရာသီ
တွင် နက္ခတ်ဗေဒများအရ,စနေဂြိုဟ်ကို ဘုန်းကံအာဏာမြင့်မားမည့်နေရာတွင်နေရာချထားပြီး တပ်မတော်
ကိုယ်စားပြုသည့်အင်္ဂါဂြိုဟ်အား တပ်မတော်အင်အားခိုင်မာတောင့်တင်းစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်
စေရန် အင်္ဂါဂြိုလ်အင်အားအကောင်းဆုံးနှင့် အားအရှိဆုံးဖြစ်သည့် သိဟ်ရာသီတွင်ရပ်တည်၍ လွတ်လပ်
ရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

လွတ်လပ်ရေးရ,ယူစဉ်က ရာဟုနဲ့ကိတ်ဂြိုလ်တို့ရဲ့ ဂြိုလ်ရပ်တည်မှုလွဲမှားခဲ့တာကြောင့် တိုင်းပြည်ငြိမ်းချမ်း
ရေးရ,ယူရာမှာ လွဲချော်နေတာပါ။
ဗြိစ္ဆာရာသီမှာမဟုတ်ပဲ မိနစ် ၂၀နောက်ကျပြီး ဓနုရာသီမှာသာ လွတ်လပ်ရေးယူခဲ့မယ်ဆိုရင် တပ်မတော်
အာဏာက,တော့ မှေးမိန်မှာမဟုတ်ပဲ တိုင်းပြည်ရဲ့ဖွံဖြိုးမှုအနေအထား ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။ ဓနုရာသီမှာယူရင် အားနည်းချက်က စ,စ,ချင်းအုပ်ချုပ်မယ့် ၀န်ကြီးချုပ်ဦးနုရဲ့သြဇာအာဏာဆုံးရှုံးမှု ဆိုးရွား
နိုင်တယ်။ 
ဒီလိုတွေကြောင့် ဗြိစ္ဆာရာသီနဲ့ပဲ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်
ဟု ဦးဇေယျာကိုက,ပြောပါသည်။

လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှုများအရ လွတ်လပ်ရေးသက်တမ်းမှာ နှစ်ပေါင်း ၇၀ အဓွန့်ရှည်နိုင်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ်အထိ တပ်မတော်အာဏာသည် မှေးမှိန်ခြင်းရှိမည်မဟုတ်ပဲ ၂၀၁၃ဇွန်
မှ ၂၀၁၄ဇွန်အတွင်းကာလ,များသည် အတိုက်အခံများ များပြားနိုင်သည့်ကာလ,များဖြစ်ကာ ၂၀၁၀ ခုနှစ်
ရွေးကောက်ပွဲမတိုင်မီ ပြောင်းလဲလွှင့်တင်ခဲ့သည့် အလံသစ်အရ ၂၀၁၃ခုနှစ် စက်တင်ဘာလ နောက်ပိုင်း
ကာလ,သည် တပ်မတော်နှင့်ပတ်သက်သည့်ဂြိုဟ်ရပ်တည်မှုများ အားကောင်းသည့်အခြေအနေတွင်ရှိနေ
မည်ဖြစ်ပြီး ၂၀၁၄မေလနောက်ပိုင်းကာလ,များတွင်မူ ယခင်နှင့်မတူသည့် တိုင်းပြည်တိုးတက်မှုအခြေအ
နေ ပြန်လည်ရ,ရှိလာနိုင်ကြောင်း ဦးဇေယျာကို၏ပြောပြချက်အရ,သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရ,ယူစဉ် ဖြစ်ပေါ်ခဲ့သည့်ဂြိုလ်ရပ်တည်မှုများအရ စနေဂြိုလ်နှင့်အင်္ဂါဂြိုလ် အင်အား
ယူထားသည့် ဂြိုလ်ရပ်တည်မှုဖြစ်သောကြောင့် လွတ်လပ်ရေးရ,ပြီးနောက်ပိုင်းမှ ၂၀၁၈မတိုင်မီအထိ အင်္ဂါ
နေ့မွေးဖွားသူများသည် နိုင်ငံအုပ်ချုပ်မှုအပိုင်း၌ တပ်မတော်အာဏာအောက် ဒုတိယ နေရာတွင်ပါဝင်ခဲ့ပြီး
နောက်ပိုင်းတွင်လည်း ကြီးလေးသည့်တိုင်းပြည်တာဝန်နှင့် အုပ်ချုပ်သူအပိုင်းတွင် ပါဝင်လာနိုင်သည်ဟု ၎င်း
က,ဆက်လက်ပြောပြခဲ့သည်။

Eleven Media Group

Copy from http://www.lwintmgmg.com/2012/12/blog-post_4329.html