• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, December 3, 2012

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

မုံရွာ.. နာရီစင်... 

Source Photo from http://chintwin.com/index.php 

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ

BY (ပါမောက္ခ ဒေါ်ခင်ဖြူ)

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်ကမ,ဖြစ်
တတ်သည်။
အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်
ခြင်း စသည့်ရောဂါများပိုမိုဖြစ်တတ်သည်

ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ
မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်း
မှုကိုသာအားကိုးရသည်။
ကိုယ်တွင်းအရည်လောင်ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။
ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်
ရောဂါမျိုးများ ငါးဆ,ပိုဖြစ်နိုင်သည်။
ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။

မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။
နံနက်အခါ နေထွက်သည်။
ညနေရောက်လျှင် နေ၀င်သည်။
ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။
သဘာဝ,လောက,ကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ,လောက,ကြီးတွင်တည်ရှိပြီး အချိန်မှန်မှန် စည်းချက်ကျကျ လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်။
ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်။
(အလယ်တန်းအောက် ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသ
ဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်။
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ အသည်း၏အချိန်။
နံနက ၃-နာရီ မှ နံနက် ၅-နာရီ အသက်ရှုစနစ်အတွက်အချိန်။
နံနက် ၄-နာရီ ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်။

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊သွေးတိုးရောဂါ စသည်တို့
ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ အူမကြီးအလှုပ်ရှားဆုံးအချိန်။
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ အစာအိမ်အလှုပ်ရှားဆုံးအချိန်။
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ သရက်ရွက်အလှုပ်ရှားဆုံးအချိန်။
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ  ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန် (ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ အူသိမ်အလှုပ်ရှားဆုံးအချိန်။
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေ
အောင့်ရောဂါ ဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်။
ည ၇-နာရီမှ ည ၉-နာရီ နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှားဆုံးအချိန်။
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

(ပါမောက္ခ ဒေါ်ခင်ဖြူ)

Copy from http://mhuthaw.blogspot.com/2012/11/blog-post_28.html