• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Wednesday, December 26, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း
Source Photo from http://www.bbcburmese.com/images 
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား
ပည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး
 အခြေခံများမှ
ဝေဘန်သုံးသပ်ခြင်း
အပိုင်း (၁)
အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၂၅) ရက် ၂၀၁၂ ခုနှစ်
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပုဂ္ဂိုလ်အရ,မဆက်ဆံခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက် သူမ,၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။
ကမ္ဘာသိခေါင်းဆောင်တဦးပ်ါလာပြီဟူ၍ သူမ,အတွက်ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ်ပါဝင်
သည်။
မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဘူးသော်
လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်စပ်လျှဉ်း၍ တကြိမ်မျှ မဝေဘန်ခဲ့ဘူးပါ။
ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့ နံက်တွင်ပေးခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည် က, သမ္မတ ဖြစ်ချင်သည်ဟူသော ပြောဆိုချက်နှင့်စပ်လျှဉ်း၍ အနည်းငယ်စ,တင်ထောက်ပြခဲ့သည်။
  • အင်တာဗျူးကို ဤတွင် နားဆင်ပါ။
  • (အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏အမြင်သာဖြစ်သည်။ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)
    ယခုမူ သူမကိုယ်တိုင်သာမက,လူထုပါ စဉ်းစားနိုင်အောင် တစုံတရာထုတ်ဖေါ်ဝေဘန်သင့်သော အချိန်
    ရောက်ပြီဟု ယူဆ,သဖြင့် ဤဆောင်းပါးတွဲတစုံကို ရေးသားလိုက်ခြင်းဖြစ်သည်။
    အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေး အမြင်၊ မျှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ် အ
    ခြေခံ၍ ဝေဘန်မည်မဟုတ်ပါ။
    အခိုင်အမာပြောနိုင်သည့် “ ဥပဒေ စိုးမိုးရေး” [i] ရှုဒေါင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။
    “တိုင်းပြည်”[ii] အတွက် ဟူသော စကားလုံးကို မသုံးချင်ပါ။ ယင်းကိုသုံး၍ စစ်အစိုးရ,အဆက်ဆက်က, လူထုအပေါ် အမျိုးမျိုးဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။
    တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာဝေဘန်ခြင်းဖြစ်ပါမည်။
    မိမိ၏ ဤဝေဘန်ရေးဆောင်းပါးထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်လုပ်ထောက်ခံ
    မည့် လူထုများအနက် အချို့ထံမှတိုက်ခိုက်မှုများပေါ်လာလိမ့်မည် ဟု မျှော်လင့်ထားပြီးဖြစ်သည်။
    ယင်းသို့ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည်တုန့်ပြန်မည်မဟုတ်ပါ။
    သူ့အမြင် ကိုယ့်အမြင်တင်ပြခြင်းဟုသာ သဘောထားပါမည်။
    အရာကိစ္စများကို တချိန်တွင် သမိုင်းက,အဆုံးအဖြတ်ပေးပါမည်။
    စာရေးသူ၏အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။
    ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက်လက် ဦးဆောင်လျှောက်လှမ်းပါက, မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေးရ,ရန်ဝေး၍ တရားမျှတ,မှုပင် ဖေါ်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။
    “ဥပဒေစိုးမိုးရေး” နှင့် “တရားမျှတ,မှု” [iii] တို့ကို ဘယ်လိုနှိုင်းယှဉ်လေ့လာမလဲ။ ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိက,ထားသည်။
    တရားမျှတ,မှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရ,သူအား အဓိက,ထားသည်။
    ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ် ပေးကိုပေးရ,ပါမည်။
    ရှောင်လွှဲ၍မရပါ။
    ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ,ထားလို၍မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တ,ရသွားစေခြင်သည့်အပြင် အခြားသူများက, လည်းသင်ခန်းစာယူ၍ နောင်ကို အလားတူပြစ်မှုများ ထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရ,လောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်း ရပါမည်။ အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတ,မှု” ကို ရှာဖွေရပါသည်။
    ဤတွင်အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများဖြစ်ပွားခဲ့ပုံများနှင့် စပ်လျှဉ်း၍ အမှန်တရားကို ဖေါ်ထုတ်ရသည်။
    နောင် အလားတူပြစ်မှုများ ဆက်လက်ဖြစ်ပွားလာလျှင် ထိရောက်စွာအရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်
    ရေးယန္တယား အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်း ရသည်။
    ပြစ်မှုကျူးလွန်ခံခဲ့ရ,သူများ၏ ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင်
    လုပ်ပေးရပါသည်။ 
    ဥပဒေစိုးမိုးရေး ရှုဒေါင့်
    အကျယ်ရ,နေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေးစကားလုံးကို ထပ်ခါတလဲလဲသုံးနေသော်
    လည်း ယင်းကိုရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။
    တည်ဆဲမတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။
    လူထု၏အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရ,အာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာ
    ဏာရှင်များနှင့် စီးပွားဘက်ခရိုနီကြီးများ ဆက်လက်ကြီးပွား တိုးတက်စေမည့် ဥပဒေများအား လွှတ်တော်
    မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျှက်ရှိနေသည်။
    ဤပုံအတိုင်းဆက်သွားပါက,“ ဥပဒေစိုးမိုးရေး”ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့် အမြှောက်ထက် ပိုနိုင်ဘွယ်မမြင်။
    စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထုအင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံက,လွဲ၍ ဘာမှ ဖြစ်လာမည် မဟုတ်။
    “တရားမျှတမှု” ရှုဒေါင့်
    ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တယားမှစ,၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မ
    တော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှု ထိမ်းသိမ်းရေး တပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တယား အ
    ဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျလှုံ့ဆော်သည်ကို တကြိမ်တခါမျှမကြားမိ။ ဖိနှိပ်ရေးယန္တယားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့် ဆက်လက်တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများကိုသုံး၍ အတင်းအကြပ်ပြုနိုင်ခွင့်အာဏာ[iv]သည် ဥပဒေစိုးမိုးရေး အတွက် ဖြစ်ရပါမည်။
    စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။
    သာဓက,အားဖြင့် သံဃာတော်များအားမီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင် ဦးဆောင်အကောင်အထည်
    ဖေါ်ခဲ့သော စစ်ကိုင်းတိုင်းရဲမှုးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှုးကြီးဟောင်းတဦးဖြစ်သည်ဟုကြားရသည်။
    ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏သမာသမတ်ဖြစ်မှု[v] မှာများစွာသံသယ,ဖြစ်ဘွယ်ရှိပါသည်။
    စစ်ခေါင်းဆောင်များကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ(ကာလုံ)က, ဦးစန်းယု
    အား တိုက်ရိုက် အမိန့်ပေးဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။
    သို့ဖြစ်ပါက,တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မ
    လိုက်၊ ထက်မြက်သည့် အဆောက်အအုံတခုဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ
    ရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့်သင်္ခန်းစာယူမည်နည်း။
    စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိရဲတပ်ဖွဲ့၏ အချက်အခြာကျသောနေရာများအားလုံးမှ ဖယ်
    ရှားလိုက်ရန်ပင်။
    ယင်းမှာ “တရားမျှတမှု” ကိုရှာဖွေရာ၌ အခြေခံအားဖြင့်ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တယား
    များ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသောခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။ ဥပဒေစိုးမိုးရေးအရ, ပြစ်မှုကျူးလွန်သူကိုလည်းအပြစ်မပေးနိုင်၊“တရားမျှတမှု”အခြေခံတွင်“တိုင်းပြည်အုပ်ချုပ်
    ရေးယန္တယားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက, နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွား
    အောင် မည်သို့ကာကွယ်မည်နည်း။
    သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့်အပစ်ခံရပြီး၊ နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိ
    သည်။
    စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့်လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာမဟုတ်သည့် တိုင်းရင်းသားအမျိုးသား အမျိုးသမီးမြောက်များလှစွာ ပြစ်မှုကြီးများကျူး
    လွန်ခံခဲ့ကြရသည်။
    ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှင်းပမ်း၊ လူသတ်၊ စားရေရိက္ခာများ ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင် ကျော် မီးရှို့ခံခဲ့ရသည် ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက, စနစ်တကျ သတင်း
    အချက်အလက်စုဆောင်း အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။[vii]
    ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း ထပ်မံ
    ကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။ ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထု
    များ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုဒေါင့်မှမချဉ်းကပ်နိုင်သည့်တိုင် “တရားမျှ
    တ,မှု” ရှုဒေါင့်မှ ချဉ်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
    သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။
    စစ်အစိုးရ,အဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့်စပ်လျှဉ်း၍ အမှန်တရားပေါ်ထွက်လာ
    အောင်သော်လည်းကောင်း၊ ဘ၀,ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထုများအား တိုင်းပြည်က နည်းလမ်းတ
    ကျအသိအမှတ်ပြု၊ ပြုပြင် ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၎င်းတို့၏နစ်
    နာမှုများ လျော့ပါးသက်သာအောင်လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယ
    ခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှု မပြုခဲ့ပါ။
    ဘယ်တော့ဦးဆောင်မည်ကိုလဲ မမျှော်လင့်နိုင်။ လေသံမျှပင် မဟ,သေး၍ဖြစ်သည်။
    အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဥပဒေစိုးမိုးရေး ၁၉၈၈ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီး
    နောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့
    ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်းအတော်များများကလည်း “အမျိုး
    သား ပြန်လည်သင့်မြတ်ရေး” [viii] ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။
    သို့ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့်ရေးသားကာ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။
    အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့်ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။
    အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတ,မှုရှာဖွေရေးအခြေခံမှ တည်ဆောက်မည်လား။
    စစ်အစိုးရ,အာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့်စပ်လျှဉ်း၍ ပြစ်မှုကြီးများကျူးလွန်ခဲ့မှုများအပါအ၀င် အ
    တိတ်က,ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှအရေးယူဆောင်ရွက်
    မှုမပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။
    အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကို ဆန့်
    ကျင်ကျူးလွန်သည့် ပြစ်မှု၊[ix] လူမျိုးတုံးသတ်ဖြတ်မှု၊[x] စစ်ရာဇ၀တ်မှုများ[xi] ဟူသည့် နိုင်ငံတကာရာဇ
    အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ ရ,သော ပြစ်
    မှုမျိုးမဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှ မည်သို့ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများမပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။
    ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟုယူဆ,လျှင် အမျိုးသားပြန်လည်သင့်
    မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခုစီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရ,ခေတ်အဆက်ဆက်တွင် ပြစ်မှုကြီးများကျူးလွန်ခံခဲ့ရ,သူ လူထုများအား အသိအမှတ်ပြုသည့် အ
    နေဖြင့် ၎င်းတို့၏စာရင်းကို မှတ်တမ်းကောက် ယူမှာလား။
    သို့မဟုတ် ဘာတခုမှလုပ်ဆောင်ခြင်းမပြုတော့ဘဲ သည်အတိုင်းမေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်
    လား။
    လုံးဝ,ပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်မှာ စစ်ခေါင်းဆောင်ဟောင်းသစ် တစုနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစုအတွင်းတွင်သာ ပြန်လည်သင့်မြတ်
    ရေးသဘော ဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံးအတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်
    အောင် (အထူးသဖြင့် အခံခဲ့ရ,ဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကြေနပ်အောင်) မည်သည့် နည်းနာ
    များဖြင့် ဖေါ်ဆောင်မည်နည်း။
    ပြစ်မှုကြီးများကျူးလွန်ခံရ,၍ ဘ၀,နစ်နာပျက်စီးဆုံးရှုံးခဲ့ကြရသူများကို မည်သည့်မှတ်တမ်းမျှ မကောက်ယူ
    တော့ဘဲ သည်အတိုင်းထားခဲ့၍ မရ,နိုင်ဘူးလား။
    တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျအသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ကျန်
    ရစ်သူမိသားစုများ စိတ်ဖြေသိမ်hနိုင်ပြီး အမျိုးသားjပန်လည်သင့်jမတ်ရေးအတွက် အထောက်အကူဖြစ်နိုင်
    မည်လား။
    မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စ,တင်၍ ကောက်မည်နည်း။
    ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စ,တင်မည်လား။
    ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှုးကြီး စောမောင်ခေတ် မှ စ,တင်မည်လား။
     မှတ်တမ်းရ,ရှိပြီးလျှင် ဘ၀,နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစား
    ပေးနိုင်မည်နည်း။
    မည်သို့ ပြန်လည်ကုစားမည်နည်း။
    ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။
    ဘာမျှ မကုစားဘဲသည်အတိုင်းထားလျှင်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မထိခိုက်ဟု ယူဆ,
    နိုင်မလား။
    အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့်စပ်လျှဉ်း၍ ဘာတခုမျှ ရေရေရာရာမသိသော မေးခွန်းပေါင်း
    သောင်း ခြောက်ထောင်ရှိနေသည်။
    အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များဟူရာတွင်လည်း ကာလ,အပိုင်းအခြား အကန့်အသတ်နှင့် စပ်
    လျှဉ်း၍ မည်သူမျှတိတိကျကျမသိ။
    မည်သည့်နှစ်၊ လ၊ နေ့ရက် ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှ ပြစ်မှုကြီးများအပေါ် အရေးယူဆောင်
    ရွက်မည် မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်
    မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုဒေါင့်မှမစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေးအခြေခံမှနေ၍ ပြစ်မှုကျူးလွန်
    သူမှန်သမျှကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့်သတ်မှတ်ထားခြင်းလည်း မတွေ့ရ။
    သို့ဖြစ်၍ စစ်အစိုးရ,အာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂါတ်တွင် လည်း
    ကောင်း လူထုအပေါ်မည်သို့ပင်ပြစ်မှုကြီးများ ဆက်လက်ကျူးလွန်နေသော်လည်း ၎င်းတို့အားအရေးယူ အ
    ပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်အရ အစဉ်တစိုက်ခွင့်လွှတ်သွားရ မည့်သဘော ဆောင်လျှက်ရှိသည်။
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျှက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်း မွန်သော်လည်း တိတိကျကျဖေါ်ညွှန်းကျင့်သုံးခြင်းမရှိခဲ့သဖြင့် စ,ကထဲက, ဥပဒေစိုးမိုးရေးအခြေခံနှင့်ဆန့်
    ကျင်လာခဲ့သည်။
    သို့ဖြင့် မည်သည့်အရာမှန်းတိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလ, အကန့်အ
    သတ်မရှိ ဆက်၍ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ဖျက်ဆီးလာလေ ဖြစ်နေ
    သည်။
    ဥပဒေစိုးမိုးရေး ကင်းမဲ့သောနိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရ,မည်နည်း။ ဥပဒေစိုးမိုးရေးလည်းမရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးမရှိလျှင် လူထု၏စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်း
    နိုင်အံ့နည်း။
    ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀,နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။
    ပြစ်မှုကြီးပေါင်း မြောက်များစွာ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်
    ၏ ပြည်သူများ မဟုတ်ဘူးလား။
    သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေ
    စီအဖွဲ့ချုပ်တည်ဆောက်ရေးခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူ
    ထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုးဘာကြောင့် မထွက်သလဲ။
    စစ်အာဏာရှင်များ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည့် လှပ,သော စကားလုံးအောက်တွင် လူထုဘ၀,နစ်နာမှုများအားလုံးကို လုံးဝ,ပင် ပြည်ဖုံးကားချထားခဲ့ပြီလား။
    အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အ
    ရေးယူ ဆောင်ရွက်မှုမပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရုံသာမက, လူထုအ
    တွက် “ တရား မျှ တမှု” ပင် မမြှော်မှန်းနိုင်တော့ ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ပြောရမည့် အခြေသို့ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက် မတွေ့လို၍သာ ဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခုသူမလျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရ နှင့် အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး[xii] ဖြစ်နေသည်။
    နှစ်ဖက်လုံးမှနေ၍ သူမအပေါ်အမုန်းမပွားစေဘဲ မေတ္တာ ခံယူသွားနိုင်စေမည့် လမ်းကြောင်းမျိုးဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက် လုံးဝ,မကောင်းပါ။ စာရေးသူမျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌မားမားမတ်မတ်ရပ်ပြီး ၎င်းတို့ ဆုံး
    ရှုံးနေသော အခွင့်အရေးအများအတွက် ခိုင်ကျည်စွာရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်
    သည်။ ယခု ယင်းသို့ဖြစ်မလာပါ။
     “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့် ပေါ်ပေါက်သည့်လူထုဘ၀,ခံစားမှုများကို
     ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်းထောက်ပြ၊ ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်
    သည်ကို မတွေ့ရပါ။
    “ဥပဒေစိုးမိုးရေး” ပျက်ခြင်းနှင့်စပ်လျှဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။
    ဤမေးခွန်းကို မေးဘွယ်ရှိသည်။
    လူထုများ၏ တာဝန်ကိုသိစေခြင်၍ အားလုံးလေ့လာခွင့်ရအောင် ဤဆောင်း ပါးကိုရေးခြင်းဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည်ကို အဓိက,ရည်ညွှန်းရခြင်းမှာ သူမတဦးတည်းက လူထုခေါင်းဆောင်နေရာတွင်ရ,
    ယူထား၍ဖြစ်သည်။
     ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှာစာတွင် ထိရောက်စွာ ခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖေါက်ကျော်တက်ပြီး လုပ်၍ မရနိုင်သည့် အခြေ အနေကို တွေ့မြင်နေရ၍ဖြစ်သည်။ စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုံကလေးဖြစ်နေသဖြင့် အစိုးရ ၏ အာဏာကို ထိမ်းညှိနိုင်သည့် ညီမျှခြေလူထုတွင် ရှိလာစေရန် လူထုအား ယုံကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင် အသွင်းပြောင်းဘို့ လို ကြောင်း တင်ပြခဲ့သည်။
    စင်စစ်အားဖြင့်မူ လူထုယုံကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့် တကောင်မှာမူ ဆင်ကြီးဘ၀,သို့
    ပြောင်းလဲခဲ့ပြီးဖြစ်သည်။
    ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။
    ယင်း ဆင်ကြီးသည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊ ဖွေးဖွေးဖြူကြံ့ခိုင်သော မိမိ၏ အစွယ်
    ကြီးကိုပင့်လျှက် ကျားကြီးကို ရဲရဲတင်းတင်းရင်ဆိုင်ကာ ယုံကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်
    ဟု မြှော်လင့်ခဲ့သည်။
    သို့ရာတွင် ယင်းသို့ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ကြောကို နှာမောင်းကြီး
    နှင့် ပွတ်သပ်ကာ အကျွမ်းတ၀င်ပြုလျှက်ရှိသည်။
    ကျားကြီးမည်သို့တော်ကြောင်း ချီးမွမ်းခန်းတွေ တခုပြီးတခုဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကိုမူ မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့် ထားသည်။
    ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကိုဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေး များဘ၀,မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့်အန္တရယ်ကို ကြောက်နေရဆဲ ရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူ ရှုမြင်သည်။
    အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
    အောင်ထူး (ရှေ့နေ)
    ဒီဇင်္ဘာလ (၂၅) ရက် ၂၀၁၂ ခုနှစ်
    ရည်ညွှန်းချက်များ
    [i] The Rule of Law
    [ii] State
    [iii] Justice
    [iv] Enforcement power
    [v] Neutrality of police
    [vi] Institutional reform
    [vii] Amnesty International Report: Crimes Against Humanity in Eastern Myanmar; June, 2008.
    [viii] National Reconciliation
    [ix] Crime against humanity
    [x] Genocide
    [xi] War crime
    [xii] Mediation