အင်းလေးဒေသ,မြင်ကွင်း တစ်ခု
အင်းလေးဟိုတယ်ဇုန်စီမံကိန်းအတွက်
ဒေသ,ခံတို့ ပွင့်လင်းမြင်သာမှုလိုလား၊
အင်းသူအင်းသားများ နစ်နာမှုမရှိစေရန်
ရှမ်းပြည်နယ်အစိုးရ,ဂုဏ်သိက္ခာရှိရန်
ရပ်တည်မည်
အင်းလေး ဒေသခံ ရွာသားများ ပြောနေသည့် ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သက်၍ အင်းတိုင်းရင်းသား
ရေးရာ ဝန်ကြီးဦးဝင်းမြင့်ကိုမေးမြန်းရာ ဟိုတယ်ဇုန်စီမံကိန်းကို ၂ဝ၁၁ခုနှစ် သြဂုတ်တွင် ရှမ်းပြည်နယ်အ
စိုးရက,ညောင်ရွှေ မြို့နယ်၊ တောင်ခြေပြန့်ကျေးရွာအုပ်စု၊ စပျစ်စက်ရုံအနီးသို့လာရောက်ကြည့်ရှုပြီး သတ်
မှတ်ပေးခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ကြောင်း၊
၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီတွင် သလဲဦးကျေးရွာအုပ်စု၌ ဟိုတယ်ဇုန်ပြုလုပ်ရန် သစ်တောဌာနမှ ဟိုတယ်ဇုန်
အဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း။
၂ဝ၁၂ ခုနှစ်၊ မတ်လ,က နိုင်ငံတော်သမ္မတ,၏အင်းလေးခရီးစဉ်တွင် အင်လေးဒေသ,ဖွံ့ဖြိုးရေးအတွက် ဟို
တယ်ဇုန်လုပ်မည် ဟုပြောခဲ့ဖူးကြောင်း။
သမ္မတ,အပြန်ခရီးတွင်လည်း ရဟတ်ယာဉ်ပေါ်မှ စစ်ဆေးကြည့်ရှုခဲ့ကြောင်း။
မြေစာရင်းဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ ဟိုတယ်ဇုန်ပြုလုပ်မည့်နေရာကို ကွင်းဆင်း စစ်ဆေးခဲ့ခြင်း
လည်း ရှိခဲ့ကြောင်း။
ထို့အပြင် ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာတွင် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးအဖွဲ့ခေါင်တိုင်၌ အစည်းအဝေး လုပ်ခဲ့စဉ်က,လည်း ထိုစဉ်က,ဟိုတယ်ဝန်ကြီးဖြစ်သူ ဦးတင်ဆန်း က, ဟိုတယ်ဇုန်ကို သလဲဦးကျေးရွာအုပ်
စု ၆၂၂ ဧက,ကို သတ်မှတ်ပေးခဲ့သည်ဟုသိရကြောင်း။
ထိုကဲ့သို့သတ်မှတ်ပေးခဲ့သည်ကို အင်း တိုင်းရင်းသားရေးရာဝန်ကြီး တစ်ယောက်ဖြစ်သော ယင်းအနေဖြင့်
ဒေသ,ခံရွာသားများပြောပြမှသိခဲ့ရ,ကြောင်း။
တရားဝင်အသိပေးခြင်း၊ တာဝန်ပေးခြင်း၊ အကြောင်းကြားခြင်းများမရှိကြောင်းတို့ကို ကနဦးထုတ်ဖော်ပြော
ကြားသည်။
အင်းလေးဒေသတွင်ဖြစ်ပျက်နေသည့် ဟိုတယ်ဇုန်မြေယာပြဿနာ၌ ဟိုတယ်ဇုန်စီမံကိန်းအတွက် ၆၂၂
ဧက,ပေးကာ ပြည်နယ်အစိုးရက,ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေသည်ကို တစ်ဆင့်စကားဖြင့်ကြားရ,
ကြောင်း။
ရွာသားများ ကန့်ကွက်စာတင်သည်ဟုလည်းကြားရ,ကာ အောက်တိုဘာတွင် ဟိုတယ်ဇုန်အတွက် မြေ စ,ပြင်သည်ဟုသိခဲ့ရ,ကြောင်း။
မြေပြင်ခြင်းပြုလုပ်ပြီး ၄၊ ၅ရက်အကြာတွင် ဒေသ,ခံရွာသားများဖြစ်သည့် ပင်စိမ်းကုန်းနှင့် ကံပဲရွာဒေသ,ခံ
၁၁၄ ဦးတို့က သည်အင်းလေးဟိုတယ်ဇုန်ကို ကန့်ကွက်စာများလက်မှတ်ထိုးကာ ယင်းထံတင်ပြလာကြ
ကြောင်း။
ရွာသားများအနေဖြင့် ယင်းတို့၏မြေကွက်များကို ဘူဒိုဇာနှင့်လာရောက်ထိုးသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ကို ပြောခဲ့သည်ဟုသိရ,ကြောင်း။
ကျေးရွာအုပ်ချုပ်ရေးမှူးက, လျော်ကြေးနှင့်ပတ်သက်၍ တိတိကျကျဖြေကြားပေးခြင်းမရှိသည့်အတွက်
ယင်းထံသို့ကျေးရွာသားများက,တင်ပြလာကြောင်း။
ရွာသားများအနေဖြင့် သင့်တော်သည့်လျော်ကြေးရ,လိုကြကာ မြေကွက်ဖော်ထုတ်ရာမှထွက်လာသည့် ထင်းနှင့်သစ်သားများကိုလည်း ဒေသ,ဖွံ့ဖြိုးရေးအတွက် အသုံးချပေးစေလိုကြကြောင်း။
ဒေသတွင်းရှိ ရေထွက် ၆ခုကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်နိုင်ရန် မခမ်းခြောက်အောင် ပြုလုပ်ပေး
စေလိုသည်ဟု တင်ပြလာကြကြောင်း။
အင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဝင်းမြင့် က, ပြောသည်။
သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသ,ခံလူထုသဘောပေါက် ကျေနပ်နားလည်အောင် ရှင်းပြခဲ့ပါက ယခုကဲ့သို့ပြဿနာများ ပေါ်ပေါက်လာမည်မဟုတ်ကြောင်း။
ရွာသားများတင်ပြလာသည့် စာကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ထံ ယင်းကိုယ်တိုင် လက်မှတ်ထိုး တင်ပြခဲ့
ကြောင်းတို့ကိုလည်း ဆက်လက်ရှင်းလင်းပြောကြားသည်။
ယင်းသို့တင်ပြခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်က, နိုဝင်ဘာ ၂၅ရက်၊ နေ့လယ်တွင် ပြည်နယ် ဌာန
ဆိုင်ရာများကိုခေါ်ကာ သလဲဦးဟိုတယ်ဇုန် ရှင်းလင်းဆောင်တွင် ဒေသ,ခံရွာသား ၂ဝဝ ကျော်နှင့်တွေ့ဆုံ
ခဲ့သည်ဟု သိရှိရသည်။
ယင်းတွေ့ဆုံမှုတွင် မြေစာရင်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနက ဟိုတယ်ဇုန်မြေယာ ၆၂၂ဧက,တွင်
လက်ငုတ်လုပ်နေသည့် တောင်သူလယ်မြေ ဧက, ၁၂.၅၅ဧက,ပါရှိကြောင်း။
တောင်သူ ၇၁ဦး၏ ခြံမြေဧက ၁၁၉.၁၁ဧကမှာ သစ်တောကျူးကျော်မြေစာရင်းတွင် ပါနေသည်ဟု ဆွေး
နွေးတင်ပြကြောင်းသိရှိရ,သဖြင့် ဝန်ကြီးဦးဝင်းမြင့်က,ထိုမြေများကို သစ်တောပိုင်မြေအဖြစ် သတ်မှတ်သည်
မှာ ၂ဝ၁၁ခုနှစ်ရောက်မှဖြစ်ကြောင်း/
ထိုမြေများကို သစ်တောမြေအဖြစ်မသတ်မှတ်မီကတည်းက, ဒေသ,ခံများက,ရှေးဘိုးစဉ်ဘောင်ဆက် လုပ်
ကိုင်ခဲ့ကြကြောင်း ရှင်းလင်းပြောပြခဲ့သကဲ့သို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက,လည်း ဒေသ,
ခံပြည်သူများနစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း လည်းသိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က,လည်း ရွာသူရွာသားများနစ်နာမှုမရှိစေရန် သီးနှံလျော်ကြေး ၄၊ ၅နှစ်စာ ပေးသွားမည်ဖြစ်ကြောင်း။
ဟိုတယ်ဇုန်အတွင်းတွင်လည်း လွတ်လပ်စွာသွားခွင့်ပြုပေးပြီး ရေထွက်များမခမ်းခြောက်ရေးအတွက်လည်း
ပြုလုပ်ပေးမည်ဖြစ်ကြောင်း။
ငွေရှင်ဘက် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်း၊ မတရားဆောင်ရွက်မည် မဟုတ်ကြောင်းနှင့် မျှမျှ
တ,တ,ဆောင်ရွက်ပေးမည်ဟု ပြောဆိုသွားကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က,ထပ်
မံရှင်းပြခဲ့သည်။
ယင်းတို့ဝန်ကြီးချုပ်၏ပြောကြားချက်ကတိကဝတ်ကို ဒေသ,ခံများက,လည်းသဘောတူကြောင်း၊ မြေများ သင့်တော်သည့်လျော်ကြေးပေးမည် ဆိုသဖြင့် ရွာသားများက,ကျေနပ်ခဲ့ကြောင်းလည်း သိရသည်။ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် စီမံကိန်းများကိုပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဆိုလျှင် ဒေသ,ခံပြည် သူများနှင့် ဖြစ်ပွားနေသည့်အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ထင်မြင်ကြောင်း။
မိမိအနေဖြင့်လည်း အင်းသူအင်းသားများနစ်နာမှုမရှိစေရန်နှင့် ရှမ်းပြည်နယ်အစိုးရ,ဂုဏ်သိက္ခာရှိစေရန် ရပ်
တည်သွားမည်ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က,ထပ်လောင်းပြောသည်။
ယင်းအင်းလေးကန်ဒေသ,ဟိုတယ်ဇုန်စီမံကိန်းသည် အင်းလေးကန်နှင့် ၂မိုင်အကွာအဝေးရှိ သစ်တောကြိုး
ဝိုင်းမြေအတွင်း မြေဧက, ၆၂၂ ဧက,တွင် တည်ဆောက်ဆဲဟိုတယ် ၁၆လုံးနှင့် ယခင်တားမြစ်ဟိုတယ် ၁၃
လုံး၊ စုစုပေါင်း ၂၉လုံး ရှိမည်ဖြစ်ကြောင်းသိရသည်။
Copy from http://www.myanmarij.com/?p=8248
ရှမ်းပြည်နယ်အခြေအနေကို သိရပြန်တော့ ကရင်ပြည်နယ်က ထဘာကော် ဆိုတဲ့ လုပ်ငန်းအခြေ
အနေလေး သိချင်စမ်းပါဘိ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)