• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 22, 2013

လွှတ်တော်နဲ့အစိုးရဟာ ပြည်ထောင်စုပြိုကွဲဘို့ လုပ်နေကြသလား

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
ဥက္ကဌ aဒ်ါအောင်ဆန်းစုကြည် တို့အဖွဲ့ ဥပဒေပညာရှင်များနှင့် တွေ့ဆုံခဲ့ကြစဉ်။
08.September 2012
Source Photo from http://www.bbcburmese.com/images

လွှတ်တော်နဲ့အစိုးရဟာ ပြည်ထောင်စုပြိုကွဲဘို့ 

လုပ်နေကြသလား

အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၂၁) ရက် ၂၀၁၃ ခုနှစ်

လွတ်မြောက်ရေးလှုပ်ရှားမှုများတွင် လူထုသည် မကုန်ခမ်းနိုင်သောစွမ်းအားဖြစ်သည်။ လူထုထံမှ သင်ကြား
လေ့လာစရာများများစွာရှိပါသည်။ သို့ရာတွင်မျက်မှောက်အချိန်၌ နိုင်ငံရေးခေါင်းဆောင်က,လူထုကိုဟိုဟာ
မလုပ်နဲ့၊ သည်လိုလုပ်ပါ၊ ဟူ၍သာ သင်ကြားပို့ချ၊ လမ်းညွှန်ချက်ပေးနေကြသည်ကများလွန်းနေသည်။ လူ
ထုထံမှသင်ကြားလေ့လာရန်၊ လူထု၏သဘောထားအမြင်များကို အလေးထားစုဆောင်းရန်၊ လူထုကိုလေး
စားကြောင်း လက်တွေ့ပြသ,ရန်တို့မှာ နည်းလွန်းလှသည်။ မိမိလုပ်သည့် လုပ်ငန်းနှင့်စပ်လျှဉ်း၍ လူထုအား
တန်ဘိုးထားကာ ရှင်းလင်းပြောပြရန်မကြိုးစားတော့ဘဲ “ လူတိုင်းကြိုက်အောင် မလုပ်နိုင်ဘူး၊” “ မကြေနပ်
ရင်လဲကိစ္စ မရှိဘူး။” ဟု မာကြောစွာတုန့်ပြန်ကာ ခေါင်းဆောင်ကိုအဓိက,ထားသည့် နိုင်ငံရေးလုပ်ဟန်ပေါ်
လာသည်ကို ၀မ်းနည်းဘွယ်တွေ့ရသည်။

ပြည်ထောင်စုတည်ဆောက်ရေးအတွက် ယခုကဲ့သို့အရေးကြီးသောကာလမျိုးတွင် မြန်မာမဟုတ်သောတိုင်း
ရင်းသားများအား ဆင်နွှဲနေသောထိုးစစ်များနှင့်စပ်လျှဉ်း မြန်မာတိုင်းရင်းသားများကိုယ်တိုင် လက်မခံနိုင်
ကြောင်း နည်းပေါင်းစုံဆန္ဒထုတ်ဖေါ်မှုများမှာ တန်ဘိုးကြီးလှသည်။ ကချင်ပြည်နယ်အတွင်း ဆင်နွှဲနေသော
ထိုးစစ်များရပ်ရန် မုံရွာသူ/သား များ စုပေါင်း၍ ဆန္ဒထုတ်ဖေါ်နိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သော မြန်
မာအမျိုးသား ကိုအောင်ထွန်းဦး၏ ပြောကြားချက်မှာ မှတ်သားဘွယ်ကောင်းကြောင်း သတိပြုမိသည်။

"ကချင်ဆိုတာ ကျုပ်တို့ရဲ့ ပြည်ထောင်စုဝင်တိုင်းရင်သားတွေဖြစ်တယ်..။
ပြည်ထောင်စုရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေဖြစ်တယ်..။ တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်နေတာဖြစ်တာကြောင့် ကျုပ်တို့မုံရွာ
သားတွေက ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး ဆန္ဒဖော်ထုတ်ရတာပါ။"

ကိုအောင်ထွန်းဦးသည် နိုင်ငံရေးခေါင်းဆောင်တဦးမဟုတ်ပါ။ သို့ရာတွင် သူ၏ပြောကြားချက်သည် စာရေး
သူ၏ အသဲနှလုံးကိုပင် လှုပ်ခါသွားစေသည်။
“တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ်တယ်” --- တဲ့။ “ ပြည်ထောင်စုမပြိုကွဲရေးကိုရှေးရှုပြီး ဆန္ဒဖော်ထုတ်ရတာပါ” --- တဲ့။
ကောင်းလိုက်တဲ့ သဘောထားနဲ့တွေးခေါ်မှုပါလား ကိုအောင်ထွန်းဦးရယ်။

ယင်းကဲ့သို့ရှင်းလင်းသောသဘောထားနှင့် တွေးခေါ်မှုကို လက်ရှိလွှတ်တော်ကြီးတွင် တိုင်းပြည်၏ဘဏ္ဍာ
ငွေများ နေ့စဉ်သိန်းပေါင်းထောင်နှင့် ချီ အကုန် အကျခံကာ ထိုင်ဆွေးနွေးနေ ကြသည့် ပုဂ္ဂိုလ်ကြီးများ အ
နက် ယနေ့အချိန်အထိ မည်သူတဦးတယောက်ထံကမျှ မကြားသိရပါ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဥပဒေကြောင်းအရ လွှတ်တော်ဘာတွေ လုပ်နေသလဲ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေး
များအား အာမခံချက်မပေးနိုင်၊ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်နိုင်မည်မဟုတ်သောကြောင့်လက်
မခံနိုင်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးနီးပါးက နည်းပေါင်းစုံနှင့် ဆန္ဒထုတ်ဖေါ်ခဲ့
သည်မှာ နှစ်တချို့မျှကြာခဲ့ပါပြီ။ အတုအယောင် လွှတ်တော်ကြီးသည် တလျှောက်လုံး မသိခြင်ယောင်ေ
ဆာင်ခဲ့သည်။
တိုင်းရင်းသား အခွင့် အရေးတိုးတက်ရရှိစေရန် ၂၀၀၈ဖွဲ့စည်းပုံ၏ မည်သည့်ပြဌာန်းချက်ကိုမျှ ပြင်ဆင်ခဲ့ခြင်း
မရှိ။ ဖွဲ့စည်းပုံနှင့် စပ်လျှဉ်း၍ မည်သည့် လွှတ်တော်ကိုယ်စားလှယ်ကမျှ လူထုထံမှစနစ်တကျ သဘောထား
အမြင်စုဆောင်းမှု မရှိခဲ့။ ဖွဲ့စည်းပုံ၏ မည်သည့် အပိုင်းများအား ပြင်သင့်ကြောင်းဖြင့် မည်သည့် နိုင်ငံရေးပါ
တီက,မျှ အားကောင်းကောင်း အဆိုတင်သွင်းခြင်းမပြုခဲ့။ စစ်အာဏာရှင်စနစ်တည်မြဲရေးကို အသက်သွင်း
ထားသည့်၂၀၀၈ ဖွဲ့စည်းပုံလောင်းရိပ်အောက်တွင်သာ အေးအေးသာသာ ပျော်မွေ့နေကြသည်။

မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်၏သား နိုင်ငံရေးသိပ္ပံပညာရှင်ကျောက်
ဇန်းယောင်ဝေ က “ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်လို့ တိုင်းရင်းသားတွေရဲ့ လူနေမှု ဘ၀ဟာ တိရစ္ဆာန် သာသာမျှအထိ ကျဆင်းသွားခဲ့တယ်။” ဟုမှတ်ချက်ပြုခဲ့သည်။

သို့ရာတွင် လွှတ်တော်အမတ်များအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ၄င်းတို့နှင့်မဆိုင်
သကဲ့သို့ဖြစ်နေသည်။ အထူးသဖြင့် တိုင်းရင်းသားလူထုများ၏ လူနေမှုဘ၀ မြင့်တက်ရေးအတွက် ၎င်းတို့
မြေယာကို၎င်းတို့ဖာသာ အဓိက,စီမံခန့်ခွဲခွင့်ပေးရမည် ဟူသည်ကိုပင် မျက်ကွယ်ပြုနေကြသည်။ ဥပဒေပြုလွှတ်တော်ကြီး ဟူသည် ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင် ဖြစ်နေသည်။ အပေါ်ယံရွှေမှုံကြဲ
ထားသော်လည်း အတွင်းမှာတန်ဘိုးထားလောက်သည့်အရာ ရှာ၍ မတွေ့သေး။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းက “ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဖြစ်
တယ်။” ဟူ၍ အကြောင်းပြပြီး တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးကို နှစ်ပေါင်းငါးဆယ်ကျော် ရက်
စက်စွာဖိနှိပ်အုပ်ချုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ရောက်မှသာ ထိပ်သီးစစ်ခေါင်းဆောင်ဟောင်းတဦး ဖြစ်ခဲ့သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံလည်ပတ်နိုင်ရေးအတွက် ထိပ်ဆုံးတန်းတွင် တာဝန်ယူနေဆဲဖြစ်သော သူရဦးရွှေမန်းက တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ကို စကားလုံးအတိအကျ ရည်ညွှန်းလျှက် လက်ခံကြောင်းဝန်ခံ
လာရသည်။ သို့ရာတွင် လက်တွေ့မှာ မည်သို့ဖြစ်လာမည်နည်း။

သူရဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုအရေးယူခဲ့သည့်အချိန်၌ “လူတိုင်းဥပဒေရှေ့မှောက်မှာ တန်းတူ
 ရှိတယ်” ဟူသည့် ဥပဒေစိုးမိုးရေးစကားလုံးကို အကျယ်လောင်ဆုံး သုံးခဲ့သူဖြစ်သည်။ အခြေခံလူထုများ
သာမက ဥပဒေစိုးမိုးရေးကိုတောက်လျှောက်လေ့လာခဲ့သော စာရေးသူကိုယ်တိုင်ခေါင်းထောင်ကြည့်မိခဲ့
သည်။ ယခုဆယ်နှစ်ကြာခဲ့ပါပြီ။ ဥပဒေစိုးမိုးရေးမှာ အဆိုးဝါးဆုံးဖြစ်နေသည်။ တပြည်လုံးရုပ်ပျက်ဆင်းပျက်
ဖြစ်လျှက်ရှိနေသည်။

ယခုလည်း “ ဖက်ဒရယ် ” ကို ပွဲထုတ်လာပြန်ချေပြီ။ သို့ရာတွင် လွှတ်တော် ဥက္ကဌနေရာတွင် ရှိနေပါလျှက် ဖက်ဒရယ် ဥပဒေမူကြမ်းရေးဆွဲနိုင်ဘို့လူထုထံမှ သဘောထားတောင်းယူရန် မည်သည့်လုပ်ငန်းစဉ်မျှ မချ
မှတ်။ ဖက်ဒရယ်နှင့်စပ်လျှဉ်း၍ လွှတ်တော်ပြင်ပ,မှ မည်သည့်အဖွဲ့အစည်းခေါင်းဆောင်များ၊ ပညာရှင်များ
ကိုမျှ ဖိတ်ကြား၍ လေ့လာမှုမပြု။ ဖက်ဒရယ်အခြေခံကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် တည်ဆောက်၍ရ,နိုင်မရ,နိုင်
 ဆွေးနွေး၊ တင်ပြမှုများပြုကြရန် လူထုကိုအားမပေး၊ လွယ်လင့်တကူပင် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု တို့
နှစ်ဦးကိုသာ ဖက်ဒရယ်ဥပဒေမူကြမ်းရေးရန် တာဝန်ပေးလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှာပင် ရေးသားကြရန် ဘောင်ခတ်လိုက်သေးသည်။ ဖက်ဒရယ် ဥပဒေကို၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမှာ ရေးဆွဲပါ ဟူသည်မှာ နတ်ပြည် ရောက်အောင်သွားဘို့ လှေခါးထောင်တက်ပါ ဟု မှာကြား လိုက်သကဲ့သို့ပင်။

ချုပ်၍ဆိုရလျှင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံပေါ်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်
မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် လွှတ်တော်သည် ဥပဒေကြောင်းအရ ဘာ
တခုမျှ မယ်မယ်ရ,ရ,မလုပ်သေးကြောင်း သုံးသပ်ရပါမည်။

ကချင်ပြည်တွင်းစစ်အတွက် လွှတ်တော် ဘာလုပ်ခဲ့သလဲ

ကချင်ပြည်နယ်အတွင်း၌ အပစ်အခတ်ရပ်စဲရေးပျက်သုဉ်းပြီး နှစ်ဘက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် တနှစ်ခွဲကာလ,အတွင်း လွှတ်တော်သည် အရေးယူဆောင်ရွက်မှုတခုမျှမပြုခဲ့။ “ လွှတ်တော် အထက်မှာ မိုး
ကောင်းကင်သာရှိတယ်။” ဟူသည့် စကားလုံးကိုအသံကုန်အော်၊ ကောင်းကင်ကို မော်ကြည့်ရင်း၊ အောက်
ခြေလွတ်ကာ လူထုဘ၀ကို မေ့လျော့ထားကြသည်။ စစ်မှန်သည့် လူထုကိုယ်စားလှယ်အချို့ ရှိနိုင်သော် လည်း၎င်းတို့မှာ ကိုယ်စားလှယ်အတုအများစုကြီး အကြားတွင်ညပ်နေပြီး ဘာမှလုပ်ခွင့်မရ။
လုပ်ခွင့်ရ,အောင်လည်း စွမ်းစွမ်းတမန်မကြိုးစားကြ။

ဘာကြောင့် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားရသည်၊ ယင်းအတွက် မည်သူ့တွင်တာဝန်ရှိသည်၊ ဤမျှကြီးမားလှ
သော စစ်စားရိပ်များကျခံနေခြင်းအားဖြင့် ပြည်သူလူထုအတွက် သုံးရမည့်ဘဏ္ဍာငွေများ မည်မျှအထိ ထိ
ခိုက်နေသည်၊ အောက်ခြေတပ်မတော်သားများ မလိုအပ်ဘဲ အဘယ်ကြောင့်အသက်ဆုံးရှုံးခံနေကြရသည်၊
စစ်ဘေးဒုက္ခသည်ပြည်သူများ ရ,သင့်သည့် လူမှုရေးအကူအညီများမရ,အောင် အစိုးရက,အဘယ်ကြောင့် ပိတ်ပင်ထားသည်၊ စသည်တို့အား လွှတ်တော်အနေဖြင့် အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား တရားဝင်မေးမြန်း
ခြင်း၊ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းများ မပြုခဲ့။ ကေအိုင်အိုဟာ ခွဲထွက်ဘို့ကြိုးပမ်းနေကြတာမဟုတ်၊ ဖက်ဒ
ရယ်ပြည်ထောင်စု တည်ဆောက်ဘို့တောင်းဆိုနေပါလျှက် အစိုးရက နိုင်ငံရေးအရ,ဘာကြောင့် လက်ခံ
ဆွေးနွေးမပေးသလဲဟူ၍ ဦးသိန်းစိန်အစိုးရကို မေးမြန်းဖိအားပေးသည့် လွှတ်တော်အမတ်တဦးမျှ မတွေ့ရ။

၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၁၄ ရက်နေ့မှစတင်ကာ အစိုးရသည် တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ် များ၊ အမြောက် လက်နက်ကြီးများပါ သုံး၍ တိုက်ခိုက်နေသည်ကို မသိယောင် ပြုထားခဲ့ကြသည်။ ကိုယ့်တိုင်းရင်းသားအချင်းချင်း ဤမျှကြီးမားလှသောစစ်အင်အားကြီးများနှင့် ရက်ရက်စက်စက် ထိုးစစ်ဆင်
တိုက်ခိုက်လျှင် ခုခံစစ်ဆင်နွှဲနေရ,သော ကချင်လူထုတွင် လူမျိုးရေးမုန်းတည်းမှုများပေါ်လာနိုင်သည်ကိုသိ
ပါလျှက် လွှတ်တော်သည် တနှစ်ခွဲလုံးလုံး ရေငုံ နုတ်ပိတ် နေခဲ့သည်။

ကချင်ပြည်နယ်တွင် နှစ်ပေါင်း ၆၅နှစ်ကြာပြည်တွင်းစစ်သမိုင်း၌ အကြီးမား အပြင်းထန်ဆုံး၊ အချိန်တိုအ
တွင်းငွေ ကုန်ကြေးကျအများဆုံး စစ်ဆင်ရေးကို အစိုးရက ဘာကြောင့်ဆင်နွှဲရသနည်း။ ပြည်ထောင်စုမှ ခွဲထွက်ဘို့ကြိုးပမ်းသည့် အတွက်လား။“ဆယ်နှစ်ကြာအောင်ပေါင်းပြီးမှ သူတို့တတွေဆက်ပေါင်းခြင်အောင်
မလုပ်နိုင်လျှင် ကျုပ်တို့ဗမာတွေ ညံ့လို့ပေါ့။” ဟု ပြောကာ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ၁၀ နှစ်ကြာ
ပြီးလျှင် ခွဲထွက်ခွင့်အခွင့်အရေး ပေးခဲ့သည်။ ယင်းကို ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းပေး
ခဲ့သည်။ ယခုနှစ်ပေါင်း ၆၅နှစ်ကြာခဲ့ပြီ။ တိုင်းရင်းသားများမှာ ရုပ်ဝတ္တုအရ,ဆင်းရဲငတ်ပြတ်၊ နိုင်ငံရေးအခွင့်
အရေးလည်း ဘာမျှမရှိဖြစ်နေသည်။ ခွဲထွက်ပိုင်ခွင့်တောင်းဆိုမည်ဆိုလျှင်ပင် အပြစ်တင်ဘို့မရှိ။ ခွဲထွက်ရန်
 ကြိုးပမ်းစေဦး။ နိုင်ငံရေးအရ,ပျော့ပျော့ပြောင်းပြောင်းဆွေးနွေးပြီး အဖြေရှာကြဘို့သာ ရှိသည်။
စာရေးသူက ခွဲထွက်ရန်အားပေးနေခြင်း မဟုတ်ပါ။ စဉ်းစားပုံ စဉ်းစားနည်းကိုသာ ထောက်ပြခြင်းဖြစ်သည်။
ကေအိုင်အိုက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်သာဦးတည်ကြောင်း အကြိမ်ပေါင်းများ စွာပြောကြားခဲ့ပြီးဖြစ်သည်။
သို့ပါလျှက် ဤမျှကြီးမားပြင်းထန်၊ငွေကြေး အရ,သောက်သောက်လဲကုန်၊ အောက်ခြေ ရဲဘော်ထု ထောင် ဂဏန်းနှင့်ချီပြီး ကျဆုံး၊ ဒဏ်ရာရ၊ ဘ၀,နစ်နာပျက်စီးရ,လောက်အောင် စစ်ဆင်ရေးကြီးဆင်နွှဲရ,သည့် ဥပ
ဒေအရ,အကြောင်းပြချက်သည် အဘယ်နည်း။

စစ်မှန်သည့် လွှတ်တော်တရပ်သာဆိုလျှင် ယင်းနှင့်စပ်လျှဉ်း၍ အစိုးရ ကို ထိရောက်သည့် မေးခွန်းများမေး
ကာ တာဝန်ခံမှုကို ရှာဖွေရမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆)(က)နှင့်ဆန့်ကျင်ကာ ပြည်ထောင်
စုပြိုကွဲအောင် လုပ်နေသလား ဟူ၍ မေးခွန်းများ ပြင်းပြင်းထန်ထန်မေးရမည် ဖြစ်သည်။ ကေအိုင်အိုကိုမတ
ရားသဖြင့် စစ်ဆင်ရေးကြီးဆင်နွှဲသည့်အပေါ် မကြေနပ်သဖြင့် ကျန်အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးများကပါမခံမရပ်နိုင်လာကြပြီး ပြန်တိုက်လာကြလျှင် ပြည်ထောင်
စုကြီးမှာ အမှန်ပင်ပြိုကွဲသွားနိုင်သည်။

တိုင်းပြည်၏အမြင့်ဆုံးဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီး ကိုးဦးအားလွယ်လင့်
တကူ စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့သော လွှတ်တော်သည် သမ္မတဦးသိန်းစိန်အား စွပ်စွဲပြစ်တင်သင့်သည်ဟု မည်သူမျှ မဟ,ရဲ။ ဖွဲ့စည်းပုံ ပုဒ်မ ၂၀၁အရ,တာဝန်အရှိဆုံးဖြစ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး
ကောင်စီကို မည်သူမျှလက်ညှိုး မထိုးရဲ။ အဘယ်ကြောင့်နည်း။ လွှတ်တော်သည် ပညာကို ဘေးဖယ်ကာ အာဏာကို ကိုးကွယ်နေဆဲ ဖြစ်သောကြောင့်ပင်။ လွှတ်တော်တွင် ပြတ်သားသည့်ရပ်တည်ချက်မရှိ၊ ရှင်း
လင်းသည့် တွေးခေါ်မှု ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။

“တိုင်းပြည်တည်ငြိမ်ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ပြည်နယ်စီးပွားရေး လူုမှုရေး အခြေအနေ
များတိုးတက်စေရေး နယ်မြေရှင်းလင်းရေး စစ်ဆင်နွှဲနေတာပါ။”ဟု ကာချုပ်မင်းအောင်လှိုင် အကြောင်းပြ
နေသည်ကို မဟုတ်မှန်းသိပါလျှက် ငြိမ်နေခဲ့ကြသည်။
ဒေသ,ငယ်လေးတခုတွင် စွဲထားသောတပ်တချို့အား ရိက္ခာထောက်ပံ့ရေးအတွက်မျှပင် တလကျော်စစ်ပွဲ
အတွင်း အမေရိကန်ဒေါ်လာ သန်းတရာကျော်မျှ အကုန်ခံတိုက်ခဲ့ရသည်ဆိုလျှင် စစ်စားရိပ်ကြောင့် လူထု
ကြီးတရပ်လုံး မည်သည့်အခါတွင်မျှ ဆင်းရဲတွင်းက,ရုံးထွက်နိုင်မည်မဟုတ်။ ယင်းကိုသိပါလျှက်လွှတ်တော်
သည် တုတ်တုတ်မျှ မလှုပ်ခဲ့။ မိမိရှေ့မှောက်တွင် ပြစ်မှုကျူးလွန်နေကြောင်းတွေ့ရပါလျှက် ၀င်ရောက်တား
ဆီးကာကွယ်မှု မပြုခြင်းသည် အားပေးကူညီမှုမြောက်ပါသည်။ ပြည်ထောင်စု ပြိုကွဲရေးကို ဦးတည်သွားနိုင်
သည့်လုပ်ရပ်များအား အစိုးရနှင့်စစ်တပ်က,ကျူးလွန်နေကြသည်ကိုသိပါလျှက် ဘာတခုမျှအရေးယူဆောင်
ရွက်ခြင်းမပြုခဲ့သော လွှတ်တော်သည် အားပေးကူညီမှု ကျူး လွန်နေခြင်းဖြစ်သည်။ “တိုင်းရင်းသားတွေကိုထိုးစစ်ဆင်တာဟာ ပြည်ထောင်စုကို ထိုးစစ်ဆင်တာ ဖြစ် တယ်” ဟူ၍ ထောက်ပြခဲ့
သည့် ကိုအောင်ထွန်းဦးကဲ့သို့ရှင်းလင်းသော အတွေးအခေါ်မျိုး လွှတ်တော်အမတ်များတွင် ရှိနေခဲ့လျှင် ယ
ခုအချိန်ဆို ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အတော်ပင် ခရီးပေါက်လောက်ပြီ ဖြစ်သည်။

ကချင်ပြည်နယ် စစ်ပွဲကိစ္စ လွှတ်တော်ဆုံးဖြတ်ချက် ဘာကြောင့်ထွက်လာခဲ့သလဲ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၄ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့အား လက်နက်ကြီးများနှင့် ပစ်ခတ်
သဖြင့် အရပ်သားလူထုများသေကြေဒဏ်ရာရ,သောသတင်းမှာ နေ့ချင်းပင်တကမ္ဘာလုံးသို့ပြန့်သွားခဲ့သည်။
နိုင်ငံတကာ၏ တုန့်ပြန်မှုမှာ အံ့သြဘွယ်ကောင်းလေစွ။ ထိုနေ့တနေ့တည်းမှာပင် ဗြိတိသျှပါလီမန် အတွင်း၌
ချက်ခြင်း အစည်းအဝေးခေါ်ခဲ့ကြ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူကိုမေးခွန်းတွေ အမျိုးမျိုးမေး၊ အရပ်
သားလူထုကို ထိခိုက်စေသည့် အစိုးရ၏ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးရပ်ရန်၊ ပြသနာကို နိုင်ငံရေးနည်းအ
ရ ငြိမ်းချမ်းစွာဖြေရှင်းရန်၊ သို့မဟုတ်ပါက မြန်မာနိုင်ငံအပေါ်ဆိုင်းငံ့ထားသည့် ပိတ်ဆို့မှုများအား ပြန်လည်
သုံးသပ်နိုင်ကြောင်း စသဖြင့် ဗြိတိသျှပါလီမန်က ဖိအားပေးသည့် ဆုံးဖြတ်ချက်များချခဲ့ကြသည်။

ထိုမှနောက်တနေ့မှာပင် ဥရောပသမဂ္ဂက,လည်း အလားတူသဘောထားများပါသည့် အပြင် စစ်ဘေးဒုက္ခ
သည်များ ရ,သင့်သည့်လူမှုရေးအကူအညီများ အမြန်ဆုံးရ,အောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း စ
သည်တို့ကို ပါ ၀င်ရောက်တောင်းဆိုပေးခဲ့သည်။ နိုင်ငံတကာက ပိတ်ဆို့မှုများပြန်လုပ်မည်ကို စစ်ခေါင်း
ဆောင်များက ကျားထက်ပို၍ကြောက်ပါသည်။

သို့နှင့်ပင် လွန်ခဲ့သည့်တနှစ်ခွဲလုံးလုံး နှုတ်ပိတ်နေခဲ့သည့် လွှတ်တော်သာမက အစိုးရပါ ကမူးရှူးထိုးအလုပ်
တွေ လုပ်ပြလာရ,တော့သည်။ ဇန်န၀ါရီလ (၁၅)ရက် ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်ထွက်လာပြီးနောက်
ဦးသိန်းစိန်အစိုးရသည် ၁၆ နှင့် ၁၇ ရက်နေ့များတွင် စစ်တပ်နှင့်ညှိကာ “နယ်မြေရှင်းလင်းစစ်ဆင်ရေးများ ရပ်ဆိုင်းမည့် ကြေငြာချက်” ထွက်လာစေရန် ကတိုက်ကရိုက်နှင့် နှစ်ရက်တာမျှအလုပ်လုပ်လိုက်ပုံရသည်။ တချိန်တည်းမှာပင် လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းအား လက်တို့ထား မည့်သဘောရှိသည်။

ဗြိတိသျှပါလီမန်အတွင်း ဇန်န၀ါရီလ ၁၄၇က်နေ့ဆွေးနွေးမေးမြန်းခဲ့ကြသည်ကို စာရေးသူ အသေအချာလေ့
လာဖြစ်သည်။ ဘက်စုံရှုဒေါင့်စုံမှ အကြိတ်အနယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ယင်းနှင့်ဆန့်ကျင်စွာ မြန်မာ
နိုင်ငံလွှတ်တော်ကိုကြည့်ပါ။ ဇန်န၀ါရီလ ၁၈ရက်နေ့တွင် အမတ်တဦးအဆိုတင်ပြီးသည်နှင့် အခြားမည်
သည့်လွှတ်တော်အမတ်က မျှ ဟုတ္တိပတ္တိ မဆွေးနွေးခဲ့ကြ။ ချက်ခြင်းလိုလိုမှာပင် “ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးစတင်ကြရန်” သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အ
စည်းများနှင့် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း လွှတ်တော်ဆုံးဖြတ်ချက် ထွက်လာခဲ့သည်။

ဆုံးဖြတ်ချက်ထွက်လာပြီး သုံးလေးနာရီအကြာ တနေ့တည်းမှာပင် အစိုးရအဖွဲ့၏ကြေငြာချက်ထွက်ခဲ့သည်။
လွှတ်တော်၏ တိုက်တွန်းချက်အရ,သာဆောင်ရွက်ရ,သည်မှန်လျှင် မည်မျှအားကောင်းထက်မြက်သည့်အ
စိုးရဖြစ်စေ သုံးလေးနာရီခန့်မျှအတွင်းတွင် ကြေငြာချက်ထွက်အောင်လုပ်နိုင်မည်မဟုတ်ပါ။ အစိုးရအဖွဲ့အတွင်း ညှိနိုင်းတိုင်ပင်ရ,မည်များရှိသည့်အပြင် ရေးပြီးသားစာကို အစ,အဆုံး အထပ်ထပ် စစ်
ဆေးရ,မည်ဖြစ်သောကြောင့်ပင်။ အစိုးရနှင့် လွှတ်တော်အကြား ဇာတ်တိုက်ထားပြီး ကပြနေကြသည်မှာ ထင်ရှားသည်။

လွှတ်တော်ရဲ့တိုက်တွန်းချက်ဟာ ကချင်ပြည်နယ်လူထုရဲ့ ရေရှည်အကျိုးစီးပွားအတွက် ဟုတ်ရဲ့လား။

သန်မာထွားကြိုင်းပြီး မိုက်ရိုင်းရမ်းကားလိုသော ညီအစ်ကိုလူကြီးနှစ်ယောက် လျှောက်သွားကြရင်း လမ်း
ပေါ်တွင် ၁၃နှစ်အရွယ်ခန့်ကလေးတဦးနှင့်တွေ့သည်။ ညီငယ်လူကြီးက ရန်စ,ထိုးကြိတ်သဖြင့် ကလေးက
လည်း ပြန်လည်ခုခံ ရှောင်တိမ်းလျှက်ရှိသည်။
တချီတချီလည်း ပြန်ထိုးခွင့်ရသည်။ ပွဲမှာ ကြည့်မကောင်း။ တဖက်စောင်းနင်း အနိုင်ကျင့် စော်ကားနေမှန်း သိသာသော်လည်း အကိုလုပ်သူသည် ၀င်ရောက်ဖြန်ဖြေတားဆီးခြင်း မရှိ။ ခပ်ပြုံးပြုံးနှင့်ရပ်ကြည့်နေသည်။
လမ်းသွားလမ်းလာ လူကြီးတဦးက,အမြင်မတော်သဖြင့် အနီးရှိတွေ့ရာတုတ်တချောင်းကို ကောက်ကိုင်ပြီး ညီဖြစ်သူအား ၀င်ရိုက်တော့မည်ရှိသောအခါတွင်မှ အကိုက“ ဟေ့ မင်းတို့နှစ်ကောင်လုံးရပ်ကြတော့။ ရန်
ဖြစ်တာ၊ အကြမ်းဘက်တာမကောင်းဘူးဆိုတာ မင်းတို့နားမလည်ဘူးလား။” ဟု အသံကုန်အော်လိုက်
သည်။

ဤဥပမာတွင် ဦးသိန်းစိန်အစိုးရနှင့်စစ်တပ်သည် ညီ ဖြစ်သည်။ လွှတ်တော်သည် အကို ဖြစ်သည်။ လွှတ်တော်၏ တိုက်တွန်းဆုံးဖြတ်ချက်ဟူသည်ကို အသေအချာလေ့လာပါ။
“ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်း ရပ်ဆိုင်းပြီး ငြိမ်းချမ်း ရေးဆွေး နွေးပွဲများ အမြန်ဆုံးစ,တင်ကြရန်” ဟူ၍သာဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်းရပ်ဘို့က အရင်လာသည်။ လွှတ်တော်သည် ပစ်
ခတ်တိုက်ခိုက်မှုများ ဖြစ်ရသည့်အကြောင်းရင်းအားဖေါ်ထုတ်၊ အဖြေရှာရမည့်အလုပ်ကို လွန်ခဲ့သော တ
နှစ်ခွဲက မလုပ်ခဲ့။ ယခုလည်း လုပ်မည့်ပုံမပေါ်သေး။ ပစ်ခတ်တိုက်ခိုက်မှုများ ချက်ခြင်းရပ်ဘို့ကိုသာ တိုက်
တွန်းသည်။ ဆိုလိုသည်မှာ နှစ်ဘက်လုံးကို ပြောနေခြင်းဖြစ်သည်။

မည်သည့်နည်း နှင့် ဖြစ်စေ အပစ်အခတ်ရပ်သွားလျှင် အေးတာဘဲ ဟု စဉ်းစားကြသော ရိုးရိုးလူထုများမှာ
လည်း ၀မ်းသာကြသည်။ သို့ရာတွင် လွဲနေပါပြီ။ ပြည်တွင်းစစ်ဖြစ်ရသည့် အရင်းခံအကြောင်းကို မရှင်းနိုင်
သမျှ အခုအပစ်ရပ်သည်ဟုပြော မကြာခင်ပြန်ပစ်ကြပါဦးမည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့နံက်ခြောက်နာရီ တွင် အပစ်ရပ်မည်ဟု အစိုးရက,အတိအလင်းကြေငြာထားပါလျှက် စစ်တပ်က,မရပ်ဘဲဆက်တိုက်နေသည်
ကိုကြည့်ပါ။

စစ်တပ်၏ မရပ်စဲသောစစ်ဆင်ရေးများကိုကြည့်ပြီး ဦးသိန်းစိန်အစိုးရ၏ ထုတ်ပြန်ချက်ကို ပြန်လည်လေ့လာ ရာ ထုတ်ပြန်ချက်မှာ နှစ်ဖက်သွားရှိနေကြောင်းတွေ့ရသည်။ တဘက်တွင် ကေအိုင်အေတပ်များ ပစ်ခတ်
တိုက်ခိုက်မှု လုံးဝ,မလုပ်ရ ဟု ထိန်းချုပ်လိုက်သည်။ အခြားတဘက်တွင် သမတ၏ ညွှန်ကြားချက်အောက်
၌ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ရှိသည်ဟုအကြောင်းပြကာ မည်သည့်အချိန်တွင်မဆို စစ်တပ်အလိုကျ တိုက်
ပွဲပြန်စ,နိုင်သည်။ အစိုးရတပ်၏ ခုခံကာကွယ်ခြင်းဟူသည်မှာ စစ်လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ၁၂၀ မီလီမီတာ အမြှောက်ကြီးများကိုပါသုံးကာ စစ်ဆင်ရေးဆင်နွှဲခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်စစ်ပွဲများက,သက်
သေ သက်ပြေနေသည်။

သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရနှင့်၎င်း၏ စစ်တပ်က,ဖေါ်ဆောင်သော အပစ်အခတ်ရပ်စဲရေးမှာ မည်သည့်အာမ
ခံချက်မျှ မရှိနိုင်။ တကယ်တန်း စနစ်တကျအပစ်အခတ်ရပ်စဲရေး လုပ်လိုပါလျှင် ကုလသမဂ္ဂ သို့မဟုတ် အ
ခြားနိုင်ငံတခု နှစ်ခု၏ ကြားဝင်ရပ်တည်ကြီးကြပ်ပေးမှု လိုမည်ဖြစ်ကြောင်း ထင်ရှားလာသည်။

ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားသော လွှတ်တော်အမတ်များ ဘယ်လိုရပ်တည်သွားမလဲ။

အတုအယောင်လွှတ်တော်ပင် ဖြစ်စေဦး။ ပြည်တွင်းစစ်ကို အမှန်တကယ်ရပ်စဲပြီး စစ်မှန်သည့် ငြိမ်းချမ်းရေး
ရခြင်သည့်အမတ်များလည်း လွှတ်တော်အတွင်းတွင် ရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ်များစဉ်းစားသင့်ပါပြီ။ အပစ်အ
ခတ်ရပ်စဲရေးကို ချက်ခြင်းလက်မှတ်ထိုးရန် ကေအိုင်အို ကို စစ်ရေးအရ,တဘက်က ခြိမ်းခြောက်ဖိအားပေး၊
အခြားတဘက်ကမူ ဦးတည်ချက်မဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊ တစ,တစ,
၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း ဆွဲသွင်းသွားမည်မှာ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး မဟာဗျူဟာ ဖြစ်သည်။
ကေအိုင်အိုက လက်မခံလျှင် အပြတ်ချေမှုန်းမည့်နည်း နာကိုကျင့်သုံးနေသည်။ ဤနည်းဖြင့် စစ်မှန်သည့်
 ငြိမ်းချမ်းရေး မည်သည့်အခါတွင်မျှ မတည်ဆောက်နိုင်ပါ။

ယခုပြဿနာမှာ ကေအိုင်အိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်မတက်၍ မဟုတ်ပါ။ လွှတ်တော်က
အကြံပေးနေသည့် အွန်လိုင်းဆွေးနွေးပွဲ ဟူသည်တွင်လည်း ကေအိုင်အိုက မီဒီယာမှတဆင့် ပါဝင်နေပြီး
ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းမ၀င်ရောက်၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ဟူသည်ကို
ကေအိုင်အို ခေါင်းဆောင် များက ရေဒီယိုအင်တာဗျူးများမှနေ၍ နိုင်ငံရေးအရ,တင်ပြခဲ့ပြီးကြပြီ။
အစိုးရက,ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ပါလျှက် ကေအိုင်အို က,မလာဟု တဘက်သတ်အပြစ်ဖို့ပြီးစစ်
ရေးအရ,ထိုးစစ်ဆင်နေမှုများသည် အကြောင်းပြချက်ရှာခြင်းသာ ဖြစ်သည်။

လွှတ်တော်နှင့်အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု ကို တကယ်တန်းတည်ဆောက်ရန် သဘောထား မရှိ
ပါက ကေအိုင်အိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲဟူသည်များကို လာတက်သော်လည်း အစိုးရကိုယ်စားလှယ် ဦးအောင်မင်းက ဤကိစ္စကို ၎င်းတွင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါ၊ အထက်ကိုပြန်ပြီးတင်ပြပါဦးမည်ဟု ပြောမည်၊
လောလောဆယ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပါဟု ဖိအားပေးမည်၊ ပြီးလျှင် ပြန်သွားကြမည်၊ ဤမျှ
သာဖြစ်သည်။

ကေအိုင်အိုမှာ နိုင်ငံရေးဆွေးနွေးမှုနှင့်စပ်လျှဉ်း၍ ခါးသီးသည့်အတွေ့အကြုံရှိခဲ့ပြီ။ နိုင်ငံရေးဆွေးနွေးချင်
လျှင် အမျိုးသားညီလာခံတက်ပါ ဟု ပြောပြီး စစ်အစိုးရက မည်သည့်အပစ်ရပ်အဖွဲ့နှင့်မျှ နိုင်ငံရေးဆွေး
နွေးမှုမပြုခဲ့။ ကေအိုင်အို ၁၇နှစ်တာ အပစ်ရပ်ခဲ့သည့်ကာလ,အတွင်း လက်ရှိသမ္မတဦးသိန်းစိန် ကိုယ်တိုင်
ဥက္ကဌလုပ်ခဲ့သော အမျိုးသားညီလာခံသို့ နှစ်အတော်ကြာတက်ခဲ့ပြီးပြီ။ ယင်းတွင်တဖွဲ့ချင်းဆွေးနွေးတင်ပြ
ခဲ့ပြီးပြီ။ ထိုမျှမက အပစ်ရပ် အခြားအဖွဲ့များ နှင့် ပေါင်းကာ (၁၃) ဖွဲ့စုပေါင်း၍လည်းတင်ပြခဲ့ပြီးပြီ။ ပယ်ချခံ
ခဲ့ရပြီးပြီ။

စစ်အစိုးရက ၂၀၀၈ အခြေခံဥပဒေကို အ,ဓမ္မမွေးထုတ်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေတွင် တိုင်းရင်းသား
များ လိုလားတောင်းဆိုသောအချက်များ မပါရှိကြောင်း ကေအိုင်အိုက ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ(၅) ရက်
နေ့၌ ထုတ်ပြန်ကြေငြာခဲ့သည်။ ထို့နောက်တွင်၂၀၀၈ဖွဲ့စည်းပုံဘောင်ကို ကန့် သတ်မထားဘဲဆွေးနွေးကြ
ရန် ကေအိုင်အိုက,တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က,မလိုက်လျောခဲ့။ အပစ်ရပ်၊ လက်နက်ကိုင်လမ်း
စဉ်ကို စွန့်၊ ၂၀၀၈ဖွဲ့စည်းပုံအောက်တွင် နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင် ဟူသည့် လမ်းကြောင်းကို
သာ အစိုးရက,ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟူသည်များအောက်တွင် ဖိအားပေးခဲ့သည်။

လွှတ်တော်နှင့် ဦးသိန်းစိန်အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဟူသည့် မူဝါဒ နှင့် လုပ်ငန်းစဉ်မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ဆွဲသွင်းရေးသာ လုပ်ဆောင်နေမည်ဆိုလျှင် ရှေ့ဆက်ကျင်း
ပ,မည့် နိုင်ငံရေးဆွေးနွေးပွဲဟူသည်များမှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်သို့မျှ အဓိပ္ပါယ်ရှိလာမည်မ
ဟုတ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ခဲ့စဉ်ကာလ,အတွင်း အလားတူအတွေ့အကြုံမျိုးရှိခဲ့
သည်။
၁၉၈၀ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပ,ရန် သမ္မတဦးနေ
ဝင်းထံ ကမ်းလှမ်းခဲ့ဘူးသည်။ လက်ခံသဖြင့် ဆွေးနွေးကြသောအခါ ဗကပ က,အခြားအချက်များအပြင် လူ
ထုအား ဒီမိုကရေစီအပြည့်အ၀,aပးရန်၊ ပါတီစုံစနစ်ကျင့်သုံးရန်တို့ကို တင်ပြခဲ့သည်။ မဆလ အစိုးရဘက်
က လက်မခံခဲ့။

၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထု ၉၀.၁၉ ရာခိုင်နှုန်း ကနေ တခဲနက် အတည်ပြုထားကြောင်းနှင့် ၄င်း၏ ဥပဒေ ဘောင်အတွင်းတွင်သာ ၀င်ရောက်လှုပ်ရှားရန် ပြန်ကြားပြီး ဦးနေ၀င်းက ဆွေးနွေးပွဲကို ရပ်
ဆိုင်းခဲ့သည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ ဆိုရှယ်လစ်အယောင်ပြထားသော တပါတီအာဏာရှင်စနစ်ကို အသက်
သွင်းခဲ့သည်။ အလားတူပင် ၁၉၈၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ သမ္မတ အိမ်တော်၌ မဆလ အစိုးရ နှင့် ကေအိုင်အို တို့ဆွေးနွေးခဲ့ကြသည်။ ကေအိုင်အို က အခြားအချက်များအပြင် အဓိက,
အားဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး (သို့မဟုတ်) ကိုယ်ပိုင်စီမံခန့်ခွဲရေးအာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ မဆလ အစိုးရက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ရည်ညွှန်းပြီး ပယ်ချခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားပြီးနောက် မဆလစစ်အစိုးရက ခံတပ်
သဖွယ် အခိုင်အမာအားပြုကိုင်စွဲခဲ့သော ၁၉၇၄ဖွဲ့စည်းပုံအခြေခံဥပဒေအား လူထုကြီးက,ဆုတ်ဖြဲကာသမိုင်း
အမှိုက်ခြင်းထဲသို့ထည့်လိုက်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်တောင်းဆိုခဲ့စဉ်က ခါးခါးသီးသီးငြင်းခဲ့သော ပါတီစုံဒီမိုကရေစီကို ရှစ်
လေးလုံးအရေး တော်ပုံအားကြောက်ရွံ့သဖြင့် ယခုစစ်ခေါင်းဆောင်ဟောင်း သစ်များက လက်မခံနိုင်ဟု မပြောရဲတော့။ ပြောင်းပြန်ပင် ဒီမိုကရေစီကို ၄င်းတို့ကဘဲ သဘောကောင်းလို့ ဖေါ်ဆောင်ပေးသလိုလို အသံကောင်းဟစ်လာသည်။ သမိုင်းလိမ်ကို ဖန်တည်းလာသည်။ ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီကို
ဖေါ်ဆောင်နေပါသည် ဟုတကမ္ဘာလုံးကြားအောင် ကြွေးကြော်လျှက်ရှိသည်။
သို့ရာတွင် ၂၀၀၈ဖွဲ့စည်းပုံသည် ဒီမိုကရေစီ အယောင်ပြထားသော်လည်း စစ်အာဏာရှင်စနစ်ကို အသက်
သွင်းထားခြင်း ဖြစ်သည်။

၁၉၈၀ခုနှစ်တွင် ကေအိုင်အိုက,တောင်းဆိုခဲ့သည့် စစ်မှန်သည့်ကိုယ်ပိုင်အုပ်ချုပ်ရေး (သို့မဟုတ်) ကိုယ်ပိုင် စီမံခန့်ခွဲရေးအာဏာရှိသော ပြည်နယ် သတ်မှတ်ပေးရန်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ ရ
ပါမည်။ ယခုအချိန်တွင် ကေအိုင်အိုခေါင်းဆောင်များကလည်း ဖက်ဒရယ်ပြည်ထောင်စု ကို တောင်းဆိုနေ
ကြပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည်မှာ ဒီမိုကရေစီကို အခြေခံ၊ တိုင်းရင်းသားများအတွက် ကိုယ်
ပိုင်အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့် တို့ကိုလည်း အာမ,ခံသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံသာ ဖြစ်ပါမည်။ ယင်းဖွဲ့စည်းပုံမျိုးဖြစ်အောင် ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်သွားရန်မဖြစ်နိုင်ပါ။ စစ်အာဏာရှင်ဟောင်းသစ်များ
က ပြင်ဆင်ခွင့်ပြုမည် မဟုတ်ပါ။

၂၀၀၈ဖွဲစည်းပုံမှာ ပြင်ရန်မဖြစ်နိုင်လောက်အောင်ကို ခက်နေသဖြင့် ပြင်ဘို့ကြိုးစားမည့်အစား အသစ်ပြန်
လည်ရေးဆွဲရန်၊ လွန်ခဲ့သည့်ရက်ပိုင်းကမှ ရန်ကုန်မြို့တွင် ရှေ့နေများကွန်ယက်မှ ရှေ့နေကြီးများက စတင်
ထုတ်ဖေါ်လာကြသည်။

ဖွဲစည်းပုံရေးဆွဲသည့်အတွေ့အကြုံရှိနေကြပြီဖြစ်သဖြင့် နှစ်နှစ်အတွင်း ပြီးအောင်ရေးဆွဲနိုင်မည်ဖြစ်ကြောင်း
၎င်းတို့က,ရှင်းပြသွားခဲ့သည်။ ၂၀၀၈ဖွဲ့စည်းပုံကိုလက်မခံနိုင်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
ကြီးများက ပြောနေကြသည့်အချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း မ၀င်ရောက်နိုင်ဟု ကေအိုင်အို က ခုခံစစ်ပွဲများဆင်နွှဲ၍ သက်သေထူနေသည့်အချိန်တွင် ရှေ့နေများကွန်ယက်က ဖွဲ့စည်းပုံအသစ်ရေးဆွဲရန် အဆိုတင်လိုက်ခြင်းသည် စစ်အာဏာရှင်စနစ်ကို ဖေါ်ဆောင်၊ ပံ့ပိုး၊ ၀န်းရံနေကြသူများအတွက် မိုးကြိုးပစ်
လိုက်ခြင်း ဖြစ်ပါမည်။
စာရေးသူအနေဖြင့်မူ ရှေ့နေများ ကွန်ယက်၏ အဆိုပြုချက်ကို ရာခိုင်နှုန်းပြည့်ကြိုဆိုသည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခုခံကာကွယ်၊ ယင်းနှင့်အတူ အကျိုးစီးပွားခံစားခဲ့ကြသူများသည် သမိုင်း
မဲကြီးအဖြစ် မှတ်တမ်းတင်ခံသွားခဲ့ကြပြီးပါပြီ။ လူထုကြီးတရပ်လုံး၏ အဆုံးအဖြတ်ကို မရှုမလှ ခံယူသွား
ခဲ့ကြရသည်။ ၁၉၇၄ဖွဲ့စည်းပုံအောက်တွင် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများသည် ယနေ့ခေါင်းမဖေါ်နိုင်ကြတော့။
လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဟု မိမိကိုယ်ကို ယုံကြည်သူ လွှတ်တော်အမတ်
ဟူသော ပုဂ္ဂိုလ် များ၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပါမည်ဟု ကတိပေးကာ လူထုဆန္ဒမဲရယူခဲ့သော်
လည်း ယနေ့အချိန်အထိ မည်သည့်အခြေခံကြောရိုးကြီး တခုတလေကိုမျှ ပြင်ရန် အသံမထွက်သေးသည့် ပုဂ္ဂိုလ်များသည် ယနေ့မည်သို့စဉ်းစားကြမည်နည်း။
ရှေ့နေများ ကွန်ယက်၏ ထောက်ပြချက်ကို လက်ခံ၊ တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ
အခြေခံဥပဒေသစ်တရပ် ပေါ်လာရေးကို လက်တွဲကြိုးပမ်းကာ ပြည်ထောင်စုကို တည်ဆောက်သွားမည် လား။
သို့မဟုတ် မပြင်နိုင်သည့် အခြေအနေရှိမှန်းသိပါလျှက် လွှတ်တော်အရိပ်အောက်မှာပင် ဆက်လက်မွေ့
လျော်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ သမိုင်းအမှိုက်ခြင်းထဲ အရောက်ခံမည်လား။
စဉ်းစား ဆုံးဖြတ်ကြရမည့်အရေးကြီး သော အချိန်သို့ရောက်ပါပြီ။


အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၂၁) ရက် ၂၀၁၃ ခုနှစ်