• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, January 20, 2013

နာရီပိုင်း ငြိမ်းချမ်းရေး

Source Photo from http://www.google.com/images

နာရီပိုင်း ငြိမ်းချမ်းရေး

By မင်းစိုးစံ

ဗမာစစ်အစိုးရက ကချင်လွတ်မြောက်ရေးတပ်နဲ့ အပစ်အခတ်တွေရပ်လိုက်ပါပြီဆိုပြီးဆက်တိုက်နေတယ်။
အဲဒီတော့ ဘာဖြစ်လာနိုင်ပါသလဲ။ ကိုမင်းကိုနိုင်ရဲ့ပြောပြချက်ကို ကြည့်ကြပါစို့။

ငြိမ်းချမ်းရေးကို ဝေးသေးတယ်ဗျ ဝေးသေးတယ်။
ကျွန်တော်တို့ဖြစ်စေချင်တာက ဒေသ,ခံပြည်သူတွေအကုန်လုံး ကျွန် တော့်ကို တခဲနက်ကို ဖါးကန့်မှာဆို
လျင် လက်မှတ်ကို သိန်းနဲ့ချီပြီးတော့ကိုထိုးကြတာ။
ငြိမ်းချမ်းရေးအတွက်ကြိုးစားကြတာ အဲဒီပြည်သူတွေရဲ့ အဲဒီလိုတောင်းတ,မှုကိုတော့ မပြစ်ပယ်သင့်ဘူးဗျာ။
အဲဒီတော့ဖြစ်နေတာက ဒီဘက်က,တိုင်းမှူး ကနေပြီးတော့ ရေးတဲ့စာကလည်း အင်တာနက်ထဲမှာ ပြန့်နေ
တာပဲ။
အကုန်လုံးနှစ်ဘက်စလုံးဟာ တကယ်ငြိမ်းချမ်းရေးအစစ် လိုချင်တယ်ဆိုလျင်တော့ အဲဒီအပြုအမူမျိုးနဲ့
ဘယ်လိုမှမဖြစ်ဘူး အခုဆိုလျင်လေကြောင်းက,တောင်ပါလာပြီ။
ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေက သိပ်မြင့်တက်လာနေပြီ။
ကြာလျင်တော့ ကျွန်တော်ပြောချင်တာက အယုံအကြည်ပျက်သွားလိမ့်မယ်။
အယုံအကြည်ပျက်သွားလို့ရှိလျင် ဘာမှလုပ်လို့ရ,တော့မှာမဟုတ်ဘူး။
အဲဒီလို အယုံအကြည်ပျက်လောက်အောင်အထိတော့ ဆက်ပြီးတော့ ရှေ့မတိုးကြစေချင်ဘူးဗျာ။
ပြန်ပြီးတော့ ယုံကြည်မှုပြန်ယူ။ ပြီးတဲ့အခါကျမှ ငြိမ်းချမ်းရေးကိုပြန်သွားရမှာပါ။
RFA Min Ko Naing 12-30-2012

နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင် သိချင်နေတာ နားမလည်နိုင်တာက ဘာပါလိမ့်။
လေ့လာကြည့်ကြပါစို့။

သမ္မတက,ထိုးစစ်တွေရပ်ပါလို့ပြောလျက် တန်းလန်းနဲ့မရပ်တာ ဘာဖြစ်လို့လဲ ကျမတို့နားမလည်ဘူး။
အခုထက်ထိ နားမလည်ဘူး။ ကျမတို့။
နောက်တစ်ခု အခုထိုးစစ်ဆင်တဲ့အခါမှာ စစ်စားရိတ်တွေကုန်တယ် ဘယ်သူက,ခွင့်ပြုထားတာတုန်း။
လွှတ်တော်က,နေပြီးတော့ အဲဒီမေးခွန်းကို ထုတ်ပေးပါလို့ ကျမပြောချင်တယ်။
နိုင်ငံရေးအကျဉ်းသူဟောင်း မဇင်မာအောင် 2013-January-02 VOA

အဲဒီအဖြေကိုတော့ သမ္မတရဲ့အကြံပေးအဖွဲ့ ဦးနေဇင်လတ်က အခုလိုရှင်းပြထားပါတယ်။

အဲဒီမှာက လူတွေကအပြင်မှာပြောနေကြတာဗျ။ ခင်ဗျားတို့ပြောနေတဲ့ ကာလုံဆိုတဲ့ကိစ္စရပ်ပေါ့။
အဲဒီကာလုံဆိုတဲ့နေရာမှာ သမ္မတကြီးက ဥက္ကဌလေ တခါတလေကျတော့လဲ ဥပမာအားဖြင့်ပေါ့ဗျာ မတိုက်
နဲ့ပြောတယ်ပေါ့ဗျာ။ ဟို ကျွန်တော်တို့က လည်း ဥပမာအားဖြင့် လမ်းလျှောက်တယ်ပေါ့ဗျာ။
ကိုယ့်ကိုလာရိုက်တဲ့အခါကျတော့ ကိုယ်ကလည်းပြန်ကာရတာပေါ့နော် အဲဒီသဘောတွေတော့ရှိပါတယ်။
အဲဒါတွေကို တချို့တွေက,ကျတော့လည်း သိပ်ပြီးတော့ ဖြ့န်ကားသွားတာတွေက သိပ်များတယ်ပေါ့နော်။
 (BBC) Nay Zin Lat 2012- 12- 31

လမ်းလေးလျှာက်ရုံလေးနဲ့ ဘယ်သူမှမရိုက်ပါဘူး ဆရာကြီးရာ။
လမ်းလျှောက်သလိုလိုလုပ်ပြီး သူများလှန်းထားတဲ့ ထဘီ (ထမိန်) ဘိနပ်(ဖနပ်) ခိုးလို့အရိုက်ခံရတာကိုများ
သူခိုးက လူဟစ်လုပ်နေတာ ဆရာမင်းသိင်္ခ စကားနဲ့ပြောရမယ်ဆိုလျင်(တကယ်ရှက်တတ်မယ်ဆိုလျင်)
ခင်ဗျားကြီးရဲ့မျက်နှာကို နေပြည်တော်က တမံတလင်းနဲ့သာပွတ်ပစ်ဘို့ကောင်းနေပြီ။

အဲဒီတော့ ငြိမ်းချမ်းရေးနဲပတ်သက်ပြီး KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) ပဒို မန်းမန်းမန်း ရဲ့အ
မြင်ကတော့ အတော်လေးကိုရှင်းလှပါတယ်။ ရှင်းနေတာကို ရှုတ်အောင်လုပ်တာ ဗမာစစ်အစိုးရ ဆိုတာအ
ထင်အရှားပါပဲ။

ကျွန်တော်တို့ကချင်အနေနဲ့က အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့အစိုးရအဆက်က,နေပြီးတော့
မှ ကျွန်တော်နားလည်သလောက်က,တော့ သူတို့ဆောင်ရွက်ထားပြီးဖြစ်တယ်ပေါ့နော်။ သို့သော်လည်း
သူတို့ ဆယ်နှစ်ကျော်ကျော် နှစ်ပေါင်းနှစ်ဆယ်နီးပါးမှာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို မရောက်လာတဲ့အ
တွက်က ကျွန်တော်တို့ရဲ့ အကြတ်အတည်းတစ်ခု ဖြစ်တယ်။
ဒါကြောင့်မို့ ကျွန်တော်နားလည်သလောက်က,တော့ ကချင်မှာလည်းပဲ အဓိက,နိုင်ငံရေးဆွေးနွေးပွဲပြီးမယ်
ဆိုလို့ရှိလျင်တော့ အပစ်အခတ်ရပ်စဲရေးက,လည်း ပြီးမြောက်ပြီးသားဖြစ်တယ်ပေါ့နော်။
အဲဒီလိုပဲ ကျွန်တော်တို့က,နားလည်ပါတယ်။
ဒါကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ်က,တော့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကိုတော့ ကျွန်တော်တို့တက်လှမ်းဘို့လို
တယ်။
တက်လှမ်းတဲ့နေရာမှာတော့ ဒီ ကချင်ဒေသ,တွေမှာတော့ ထိုးစစ်တွေလည်းပဲ ရပ်ဆိုင်းဘို့လိုပါတယ်။
မြန်မာအစိုးရ,စစ် တပ်ဘက်က,နေပြီးတော့ပေါ့နော်။
RFA ပဒို မန်းမန်းမန်း 12-29-2012


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုကိုလက်တုန့်ပြန်တဲ့ အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို လုပ်ဆောင်ခဲ့ရာမှာအခုအခါ ရည်ရွယ်ထားတဲ့ နယ်မြေတွေကို ထိန်းချုပ်
နိုင်ပြီ ဖြစ်လို့ ထိုးစစ်တွေရပ်မယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနက သောကြာနေ့နှောင်းပိုင်းမှာ ကြေညာ
ချက်ထုတ်ပြန်ခဲ့ပေမယ့် အခုတော့ နာရီပိုင်းပဲခံတဲ့ ငြိမ်းချမ်းရေး ဖြစ်သွားပါပြီ။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)