• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 9, 2013

ဖိလစ်ပိုင်ပင်လယ်ရပ်ဝန်းတွင်ပျက်ကျခဲ့သော အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်း တွေ့ရှိ



ဖိလစ်ပိုင်ပင်လယ်ရပ်ဝန်းတွင်ပျက်ကျခဲ့သော

အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်း

တွေ့ရှိ

2013-01-08

ဖိလစ်ပိုင်ရေတပ်မတော်သည် ယမန်နေ့၇-ရက်နေ့က သတင်းထောက်များနှင့်တွေ့ဆုံရာတွင်၊ ဖိလစ်ပိုင်နိုင်
ငံအလယ်ပိုင်း မာစဘာတယ်ကျွန်းအနီးတဝိုက် ပင်လယ်ရပ်ဝန်း ပင်လယ်ပြင်ပေါ်၌မျောနေသော အမေရိ
ကန်ရေတပ်မတော်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းကိုတွေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း
အရ သိရပါသည်။


ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တီနာ-မာလုံ က၊ အမေရိကန်ဘက်သည် ယင်းမောင်းသူမဲ့လေယာဉ်မှာ အမေရိကန်ရေတပ်မတော်မှ ပိုင်ဆိုင်ခြင်းမှန်မမှန်ကို စုံးစမ်းစစ်ဆေးနေ
ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

Copy from http://myanmar.cri.cn/666/2013/01/08/1s23516.htm