• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, February 2, 2013

ပြည်သူ့ဘက်တော်သားနဲ့ စစ်အစိုးရဘက်တော်သား



ပြည်သူ့ဘက်တော်သားနဲ့ 

စစ်အစိုးရဘက်တော်သား


By မင်းစိုးစံ
February 3, 2013
Sunday

အသံဆိုတာက ကြားရတယ်။ အသံကိုကြားလိုက်တဲ့အခါမှာ အဲဒီအသံရဲ့အင်အားတရပ်ဟာ နားစည်ထဲ
ကနေတ ဆင့် ကျုပ် တို့ရဲ့အာရုဏ်ထဲကိုရောက်လာပြီး စေ့ဆော်မှုတစ်ရပ်ကိုဖြစ်စေပါတယ်။
လူတစ်ယောက်ကို မမြင်ရ,ပေမယ့်သူ့အသံ ကိုအ သေအခြာအာရုဏ်စိုက်လိုက်တဲ့အခါမှာ ဒီလူရဲ့စိတ်ထဲမှာ
ဘာတွေဖြစ်နေတယ်ဆိုတာကို အနည်းနဲ့အများ ခန့်မှန်းသိရှိနိုင်ပါ တယ်။
ကျုပ်ဆိုလျင် လူတစ်ယောက်နဲ့စကားပြောတဲ့အခါ တဘက်လူပြောတာကိုအသေအခြာနားထောင်တတ်တဲ့
အကျင့် ရှိပါတယ်။ အထူးသဖြင့် မျက်နှာချင်းဆိုင်စကားမပြောရတဲ့အခါမျိုးမှာပါ။

တဘက်လူရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး အကဲခတ်ရလွယ်ပေမယ့် မျက်နှာကိုမမြင်ရတဲ့အခါမှာ ခန့်
မှန်းရခက်တတ်ပါတယ်။
ဒါကြောင့် ဖုန်းနဲ့စကားပြောတဲ့အခါမျိုးမှာ ပိုပြီးတော့အသေအခြာနားထောင်ပါတယ်။

အဲဒီအခါမှာ တဘက်လူက ကိုယ့်ကိုစကားပြောနေပေမယ့် သူ့ရဲ့အာရုဏ်ကိုယ့်ဆီမှာရှိနေတယ် ရှိမနေဘူး၊
လက်ခံပြောချင် တဲ့စိတ်ရှိတယ် မရှိဘူး၊ ကိုယ့်စကားကို စိတ်ဝင်စားမှုရှိတယ် မရှိဘူး၊ ပိုသေခြာတာတခု က
တဘက်လူဟာ ကျန်းမာရေး ကောင်း မကောင်းဆိုတာကို ပိုပြီးသိနိုင်ပါတယ်။

ကျုပ်လောက်တော့ လူတိုင်းသိပါတယ်။ အဲဒီလိုသိနိုင်တာကို သိနေလို့ ပြည်သူ့ဘက်တော်သားနဲ့ စစ်အစိုး
ရဘက်တော်သား ဆိုတဲ့ခေါင်းစည်းကလေးတင်ပြီး ဒီအကြောင်းအရာကို ရေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီနေရာမှာ တိရိစ္ဆာန်တွေအကြောင်း တိရိစ္ဆာန်တွေရဲ့အလေ့အထ,ကို နားလည်တဲ့လူတစ်ယောက်ဟာ တိ
ရိစ္ဆာန်တစ်ကောင်ကို မြင်လိုက်ရုံနဲ့ ဒီတိရိစ္ဆာန်ကိုဘယ်လိုလုပ်လိုက်လျင် ဘယ်လိုဖြစ်မယ်ဆိုတာကို အ
တတ်သိသလိုပါပဲ၊ စစ်အစိုးရဘက်တော်သားတွေအကြောင်းကို သိနေတဲ့လူဟာ စစ်အစိုးရဘက်ကလူကို
ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိနေပြီးသားဖြစ်ပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပန်းတနော်မြို့နယ်က စခန်းမှူး ဦးကျော်အေးထူး လက်ထိပ်ခတ်တဲ့ အသံဖိုင်
ကိုနားထောင် ကြည့်လိုက်ပါ။ အကြောင်းအရာတွေကတော့ စစ်အစိုးရရဲ့အကျင့်အတိုင်း မထင်လျင်မထင်
သလို ဘမ်းဆီးအရေးယူ အပြစ်ပေးဘို့ မတရားအမှုဆင်ပြီး မတရားထောင်ဒါဏ်တွေချဘို့စ,တဲ့ အကြောင်း
အရာတွေပါ။

လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ်တွေ လို့ ပြောမယ်ဆိုလျင် ရနိုင်ပေမယ့်၊ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန်ပြော
ဆိုကြတဲ့စကားသံကို အသေအခြာနားထောင်ကြည့်လိုက်တဲ့အခါမှာ မိမိလုပ်ရမယ့် တာဝန်နဲ့ဝတ္တရားအပေါ်
ဘယ်သူက ဘယ်လောက်အထိ ယုံကြည်မှုရှိသလဲဆိုတာကို ပြနေပါတယ်။

တိုင်းပြည်ကိုချစ်တဲ့စိတ် ပြည်သူလူထုတွေရဲ့ ဘ၀,တိုးတက်မြင့်မားလိုတဲ့စိတ် ကိုယ့်အလုပ်အပေါ်ယုံကြည်မှု
အပြည့်ရှိတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့အသံဟာ စစ်အစိုးရခိုင်းတိုင်းလုပ်နေတဲ့ စခန်းမှူး ဦးကျော်အေးထူး
ရဲ့ အသံထက်အဆ,ပေါင်း များစွာ တည်ငြိမ်နေတာကို ကြားရမှာပါ။
လူဆိုတာက လုပ်ရပ်တခုခု အပြုအမူတခုခုကို ကြုံရပါများလာလျင် တွေ့ရဖန်များလာလျင် ခံရပါများလာ
လျင် အဲဒါကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားတတ်ကြတယ်ဆိုတာ အားလုံးအသိပါ။

အမျိုးသမီးတစ်ယောက်ဟာ မပေါ်တပေါ်အ၀တ်နဲ့မြင်ရပြီဆိုပါစို့၊ အစပိုင်းမှာတော့ ဒါကိုဘယ်လိုနည်းနဲ့မျှ
လက်မခံနိုင်တဲ့အတွက် အဲဒီအမျိုးသမီးကို တော်တော်လော်လီတဲ့မိန်းကလေးဆိုပြီး အပြစ်တင်ကဲ့ရဲ့ကြပေ
မယ့် အဲဒီလိုအမျိုးသမီးတွေဝတ်တာများလာလျင်တော့ ဘာမျှမဆန်းသလို ယဉ်ကျေးမှုတခုလို ဖြစ်သွားပါ
တော့တယ်။

ကျုပ်တို့ရွာကို ဗမာစစ်တပ်ကလာပြီး မီးရှို့တဲ့အခါ အစပိုင်းမှာ တော်တော်ကိုအခံရခက်တာ အရမ်းကိုခံစား
ရတာ။ နောက်ပိုင်းမှာ အကြိမ်အရေအတွက်များလာ တာနဲ့အတူ ကာလတွေကြာလာတော့ ဖြစ်ရိုးဖြစ်စဉ်လို
သဘောထားပြီး ဗမာတွေက ငါတို့ကို ဒီလိုပဲအနိုင်ကျင့်တာပါလေ ဆိုတာကို လက်ခံလာကြပါတော့တယ်။
ဒီလိုနဲ့ပဲ ဗမာစစ်သားလာပြီဟေ့ ဆိုတာနဲ့ ကလေးလူကြီးအားလုံး ပုလိုင်းထဲမှာ ရ ရာအစားအသောက်အိုး
ခွက်ပန်းကန်ကလေးတွေ ကသုတ်ကရက်ထည့်ပြီး ပြေးကြတာကလွဲလို့ဘာမျှမစဉ်းစားကြတော့ပါဘူး။
ဆိုလိုချင်တာကတော့ ထုံးစံလို့သဘောထားလိုက်တယ်လို့ပြောနိုင်သလို ဖြစ်ရိုးဖြစ်စဉ်တခုလို့ လက်ခံသွား
တတ်တာကိုပါ။

အခုဗမာစစ်အစိုးရက လဒ်ပေးလဒ်ယူလုပ်တာတို့ မတရားဘမ်းဆီးပြီး ဒါဏ်ရိုက်တတ်တာတွေကို ထုံးစံလို့
သဘောထားလိုက်တဲ့အခါကျတော့ အစိုးရ၀န်ထမ်းဆိုသူတွေဟာ မတရားမှုတခုလို့မမြင်တော့ပဲ ယဉ်ကျေး
မှုတခုလိုနားလည်လိုက်တဲ့အတွက် ဘမ်းချင်တဲ့လူကိုဘမ်းမယ်၊ ဒါဏ်ရိုက်မယ်။ ခံရတဲ့လူကလည်း မတရားတာကို မတရားမှန်းသိပေမယ့် ပိုက်ဆံပေးရမှာ ထုံးစံလို့သဘောထားပြီး အနိုင်ကျင့်တာကို အနိုင်
ကျင့်တယ်လို့မမြင်တော့ပဲ ယဉ်ကျေးမှုတခုလို့ ခံယူလိုက်တဲ့အတွက် မြန်မာပြည်(ဗမာပြည်)ရဲ့လူမှုရေးပတ်
ဝန်းကျင်ဟာ အောက်တန်းကျလာပါတော့တယ်။

အခုလို ဆက်သွယ်ရေးအားကောင်းလာတဲ့အခါမှာ အချို့ကိစ္စတွေကို သိနိုင်မြင်နိုင်ပေမယ့် ဆက်သွယ်ရေး
စနစ် ချို့တဲ့နေတဲ့ အချိန်ကာလတွေတုန်းကဆိုလျင် ဗမာစစ်သားတွေရဲ့ ကရင်ပြည်သူတွေအပေါ်ဖိနှိပ်အနိုင်
ကျင့်မှုတွေဘယ်အတိုင်းအတာ အထိဆိုးရွားတယ်ဆိုတာ ဘာဆိုဘာမျှမသိ နိုင်ခဲ့တဲ့အပြင် မြန်မာ့အသံက
က ပြောနေတာကိုပဲ ကြားနေရတော့ ဗမာစစ်အစိုးရ အားလုံးကောင်းပါသည်ပေါ့။

ကဲအခုတော့ ထုံးစံတခုလိုသဘောထားပြီး လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်နေတဲ့ ဗမာရဲတပ်ဖွဲ့ဝင်တွေ ဗမာ စစ်
သားတွေ ဗမာစစ်အစိုးရတွေ ကချင်ပြည်နယ်မှာ ထင်တိုင်းကျဲပြီး ဝေစားမျှစားလုပ်နေတာကို အောက်က
အသံဖိုင်လေးနားထောင်ကြည့်ကြပါ စို့လား။
ကျန်းမာချမ်းသာကြပါစေ။


မင်းစိုးစံ
(အဝေး ရောက် ကရင်ဒုက္ခသည်တဦး)