ငါးပိရည်ကျို
ဓါတ်ပုံမူရင်းပိုင်ရှင်
http://mogaungthu.blogspot.com/2009/08/blog-post_07.html
ကြားနေသူများ သတိပြုဘွယ်ရာ
February 22, 2013
Friday
By မင်းစိုးစံ
စားဝတ်နေရေးက တစ်နေ့ထက်တစ်နေ့ခက်ခဲ။ စားဝတ်နေရေးက မလွယ်တော့ ကျန်းမာရေးက မပြည့်စုံ။
ကျန်းမာရေးက ချူချာတော့ ပညာရေးဘက်မလိုက်နိုင်။ ပညာရေးမှာအားနည်းလာတော့ အတွေးအခေါ်
တွေက နိမ့်ပါး။ အတွေးအခေါ်မမြင့်မားတော့ ကိုယ်ကျင့်တရားက ယိုယွင်း။ ကိုယ်ကျင့်တရားပျက်စီးလာ
တော့ အမှန်တရားတွေပျောက်။ အမှန်တရားကို အလေးမထားတော့ တရားဥပဒေစိုးမိုးရေးက မရှိ။ တရားမဲ့
ဝါဒ,တွေကြီးစိုးလာတော့ ဘာကိုမျှ တိကျမှန်ကန်အောင် မလုပ်နိုင်။ ဘာမျှတိကျခိုင်မာမှုမရှိတော့ စားဝတ်
နေရေးက တစ,ထက်တစ, ဆိုးရွား။ စားဝတ်နေရေးမပြေလည်တော့ ကျန်းမာရေးက ချို့တဲ့။
ဒီသံသရာက,လွတ်ဘို့ ဗမာစစ်အစိုးရရဲ့ မှားနေတဲ့မူဝါဒကို ပင်စည်ချိုင်ပြီးအမြစ်လှန်ပစ်ရမှာ ဖြစ်ပါတယ်။
ဗမာစစ်အစိုးရရဲ့ ဖေါက်ပြန်ရူးသွပ်နေတဲ့မူဝါဒကို သုတ်သင်ပစ်ဘို့ လိုအပ်ပါတယ်။
ဗမာစစ်အစိုးရရဲ့ ယုတ်မာပက်စက်တဲ့မူဝါဒကို မြေမြှုတ်ပစ်ရမှာ ဖြစ်ပါတယ်။
ဗမာအစိုးရရဲ့ ညံ့ဖျင်းတဲ့မူဝါဒတွေကို မဖြိုဖျက်နိုင်သမျှ ကျုပ်တို့လူမျိုး ကျုပ်တို့တိုင်းပြည်ဟာ ထန်းလျက်ခဲ
(ထညက်ခဲ) ခွေးလျက်ခံရသလို ကမ္ဘာ့မြေပုံပေါ်ကနေတဖြည်းဖြည်းလုံးပါးပါးပြီး ပျောက်ခြင်းမလှပျောက်
သွားပါတော့မယ်။
ဗမာအစိုးရရဲ့ ညစ်ထေးစုတ်ပြတ်နေတဲ့မူဝါဒကို အမြစ်ပြတ်ခြေမှုန်းနိုင်ဘို့ အရေးကြီးဆုံးအချက်ကတော့
ကျုပ်တို့ရဲ့ အမြီးအမောက်မတည့်တဲ့ ကြားနေတဲ့ စိတ်ဓါတ်ကို ဦးစွာပထမ သတ်ဖြတ်ပစ်လိုက်ဘို့ လိုအပ်
ပါတယ်။
“If you are neutral in a situation of injustice, you have chosen to side with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)