ဂုဏ်ရည်အေးကျော်(၁)
ပြချင်လျင် ဒီလိုပြပါ
Monday
By မင်းစိုးစံ
ကျုပ် စီဘောက်ထဲကို ကျော်ငြာလာလို့ ထပ်ပြီးတင်ပြလိုက်တာပါ။
ကျုပ်က ဒါမျိုးဆို အင်မတန်ဝါသနာကြီးတာ(ဓါတ်ပုံ) ပြောလျင်ရိုင်းမှာလည်း စိုးတယ်။ မပြောပြန်တော့လည်း ဗမာအစိုးရလုပ်ပုံက ကုန်းမရောက် ကမ်းမရောက် ဖြစ်နေတယ်။
နိုင်ငံရေး စီးပွါးရေး ပညာရေး ကျန်းမာရေး ဘာသာရေး အမျိုးသားရေး လူမှုရေး တရားဥပဒေစိုးမိုးရေး ငြိမ်း
ချမ်းရေး ဒီမိုကရေစီအရေး မလုပ်ချင်လျင် ဒီအတိုင်းပဲနေကြ ဘာမျှမဖြစ်ဘူး လုပ်ပြီဆိုလျင်လည်း ရဲရဲတင်း
တင်းလုပ် အခုလုပ်ပုံက ဖိုဝင်သားလက်ကျံ စားမိတဲ့လူလိုဖြစ်နေတယ်။
အပေါ်လည်းမရောက် အောက်ကိုလည်းမကျ သစ်ကိုင်း ၀ါးကိုင်းနဲ့ မလွတ်တလွတ် ဖြစ်နေတဲ့ ဇော်ဂျီ လိုကို
ဖြစ်နေတာ။
အလှမယ်ရွေးချယ်ပွဲကို ကြည့်လိုက်ရုံနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိပေမယ့် မလုပ်တတ်မကိုင်တတ်လို့လား။
လုပ်တတ်ကိုင်တတ်သူတွေက မေးချင်စရာဖြစ်နေတယ်။
ဗမာပြည်သူတွေကို အထင်မသေးကြပါနဲ့။ လုပ်တတ်ကိုင်တတ်ကြပါတယ်။ မလုပ်ရဲမကိုင်ရဲတာပါ။
မလုပ်ရဲမကိုင်ရဲလျင် ဘာမျှမလုပ်နဲ့ လုပ်ပြီဆိုလျင်လည်း ပီပီပြင်ပြင်လုပ်ကြပါ။ မရဲတရဲမလုပ်ပါနဲ့။ အရေးကိစ္စအားလုံးကိုပြောတာ။ ကိုယ့်နိုင်ငံကို လူတကာက အထင်သေးလိမ့်မယ်။(ရှက်တတ်လျင်)
စစ်တပ်က အုပ်ချုပ်ချင်သလား။ အပြတ်လုပ်ချလိုက်။ ဒီမိုကရေစီလုပ်ချင်သလား အပြတ်လုပ်ချလိုက်။
ဒီမိုကရေစီနဲ့လည်းမတူ စစ်အုပ်ချုပ်ရေးလို့လည်း မပြောနိုင်။ ဘာမှန်းကိုမသိတာ။
သူများနိုင်ငံက ပေးတဲ့ပိုက်ဆံနဲ့ ဗမာပြည်ကို တိုးတက်ချမ်းသာအောင်လုပ်ဘို့ စဉ်းစားနေကြတာလား။
သွားပါပြီဗျာ။
လူဖြစ်ပြီး လူဆော်မနံတဲ့ လူတွေဖြစ်ကုန်ကြပြီ။ ကိုယ့်ကိုယ်ကို ကိုယ်မသိတာလား။ မသိချင်ဟန်ဆောင်နေ ကြတာလား။ ဘယ်သူသေသေ ငတေမာလျင်ပြီးရော ဆိုသူတွေလား။
ကျွက်ကျွက်ဆူနေတဲ့ ရေကို အေးအောင်စောင့်တဲ့အခါမှာ ပူလောင်နေတဲ့အချိန်ကို ဖြတ်ရမယ် ဆိုတဲ့အ
ပြောမျိုးနဲ့ သတ္တိကြောင်နေတာမျိုး မလုပ်ကြပါနဲ့တော့။
ဓါတ်ပုံတွေအပြည့်အစုံနဲ့ အကြောင်းစုံသိချင်လျင် အဲဒီဆိုက်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်
http://www.oppositeyes.info/2013/02/blog-post_5465.html
ပြချင်လျင် အောက်က ပုံတွေလို ရဲရဲတင်းတင်းပြ။ လုပ်ပြ။ တစ်တက်စားလည်း ကြက်သွန်မိတ်ပဲ နှစ်တက်
စားလည်း ကြက်သွန်မိတ်ပဲ။ မသေမချင်းမှတ်ထား။ (ဒါမျိုးနဲ့လုပ်စားချင်တဲ့သူတွေအားလုံးကို ပြောနေတာ)
အပြည့်အစုံကြည့်ချင်တယ် လေ့လာချင်တယ်ဆိုလျင် အဲဒီဆိုက်ကို သွားပြီးလေ့လာပေတော့။
ဓါတ်ပုံပေါ်ကို ကလစ်လိုက်လျင် ပုံတွေကြီးလာပါလိမ့်မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
Copy from
http://www.fotomage.com/new-models-for-21st-century/?utm_source=wahoha.com&utm_medium=referral&utm_campaign=wahoha