လူ နဲ့ အစာ
March 27, 2013
Wednesday
By မင်းစိုးစံ
ဘီဘီစီကနေ မစန္ဒာတင်ဆက်ထားတဲ့ အမေ့ခံပုံရိပ်အစီအစဉ်ကနေ ကျုပ်တို့စားနေကြတဲ့ ဟင်းသီးဟင်း
ရွက်ထဲ ဓါတုဆေးဝါးတွေ ပါတတ်ပုံတွေကို ကြားလိုက်ရတော့ အိုးဟိုးဟိုး ဘာပြောကောင်းမလဲဗျာ ဟင်း
သီးဟင်းရွက်တွေစားဘို့ တော်တော်လန့်သွားတယ်။
အသားဆက်စားဘို့စဉ်းစားကြည့်လိုက်ပြန်တော့ အလိုလေးလေး ပိုတောင်ဆိုးသေး။
ငါးပဲစားမယ်လုပ်တော့လည်း ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်ခဲ့ဘူးတဲ့ လူတွေပြောပြပုံက အသည်းထိတ်
လိုက်ပါဘိတော့။
ကြက်ဥလေးဘာလေး စားမလားဆိုပြန်တော့ ဥစားကြက်မွေးမြူရေးလုပ်ငန်းက ဆရာသမားတွေပြောပြ
ချက်က ကြက်တွေဥလိုက်တာများ ပြောင်းဖူးချွေစက်ထဲက ထွက်လာတဲ့ ပြောင်းစေ့တွေလိုပဲဆိုပါလား။
ကဲ လူ့လောကကြီး အသက်ရှင်ဘို့ ဘာတွေစားလို့ စားရမှန်းတောင်မသိတော့ဘူး။
တစ်ခုတော့ရှိတာပေါ့လေ လူဖြစ်လာတာ ဘာဖြစ်လို့ အစာစားနေရသလဲ ဆိုတာမေးခွန်းထုတ်စရာပါ။
ကျုပ်လူဖြစ်လာပြီ အသက်ရှင်ဘို့အစာစားနေတာလား အစာစားဘို့ အသက်ရှင်နေတာလား။
အသက်ရှင်ဘို့ လူဖြစ်နေတာလား။ လူဖြစ်ဘို့ အသက်ရှင်နေတာလား။
လူဆိုတာ ဘာလဲ။ ဘာကြောင့်လူလို့ခေါ်သလဲ။ လူနဲ့တိရိစ္ဆာန် ဘာကွာသလဲ။
လူတွေဘာကြောင့် ချမ်းသာချင်ကြသလဲ။ ချမ်းသာတယ်ဆိုတာ ဘာလဲ။ ချမ်းသာတယ်ဆိုတာကို ဘာနဲ့
တိုင်းတာကြသလဲ။ ဓနပစ္စည်း ငွေကြေးပေါများကြွယ်ဝတာကို ချမ်းသာတယ်လို့ပြောမလား။
ချမ်းသာအောင်လုပ်ကြတဲ့သူတွေ ဘယ်လိုနည်းတွေ ဘယ်လိုအလုပ်တွေ လုပ်ကိုင်ကြသလဲ။
ချမ်းသာလာတဲ့အခါ ဘာဆက်လုပ်မလဲ။ နောက်တစ်ခု ချမ်းသာတာကို အတတ်ပညာနဲ့ တိုင်းတာမလား။
ပညာတတ်လျင် ချမ်းသာသလား။ ဘာကြောင့်ပညာတတ်ချင်ကြသလဲ။ ပညာတွေတတ်တော့ ဘာဆက်
လုပ်မလဲ။ ပညာတတ်တော့ ကိုယ်တတ်တဲ့ပညာနဲ့ လူသားကောင်းကျိုးကို လုပ်မှာပေါ့။
ဟုတ်ပြီဘယ်လိုလုပ်မလဲ။ နောင်တချိန်မှာ ကမ္ဘာ့လူဦးရေ တိုးပွါးလာမယ်၊ ပါးစပ်ပေါက်တွေတိုးလာ တဲ့အ
တွက် စားနပ်ရိက္ခာလိုအပ်တယ်။
လူတွေသာများလာတာ မြေကြီးက ပိုပြီးကျယ်မလာဘူး။
စားပင်သီးနှံအတွက်မြေလိုတယ်၊ နေရေးထိုင်ရေးအတွက် မြေလိုတယ်။
လူသားတွေ စားသောက်နေထိုင်နိုင်ရေးအတွက်တတ် ထားတဲ့ပညာနဲ့မြေကြီးကျယ်လာအောင် မလုပ်နိုင်
ဘူး။ ရှိတဲ့မြေပေါ်မှာ အစားအသောက်အတွက် အပင်စိုက်၊ အကောင်အလောင်တွေမွေး၊ အဆောက်အ
ဦးတွေဆောက်။
ဟုတ်ပြီ အထွက်တိုးဘို့ အလျင်အမြန်စားနိုင်ဘို့ အလုပ်ပိုလုပ်ကြရပြီ၊ အလုပ်ပိုလုပ်နိုင်ဘို့အတွက် အလုပ်
အကိုင်တွေဖန်တည်းပေးရမယ်၊ ဒါပညာ။
လူတွေအတွက် တိုးလာတဲ့လူဦးရေအတွက် မိသားစုတစ်စု မြေတစ်ကွက် အိမ်တစ်ဆောင် စိုက်စားဘို့ခြံမြေ
မွေးမြူရေးအတွက် ခြံမြေ ကဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဆောက်အဦးအမြင့်ကြီးတွေဆောက်ရတယ်။
ဒါပညာ။
အသီးအနှံအထွက်တိုးဘို့ နည်းတွေရှာတယ်၊ အသားတိုးဘို့ နည်းတွေရှာတယ်။
သူထုတ်တဲ့ စားကုန်သောက်ကုန်ထက် ကိုယ်ထုတ်တဲ့ စားသောက်ကုန်တွေ ရောင်းအားကောင်းအောင်
လုပ်မယ်။ ဈေးသက်သာအောင်လုပ်မယ်။ အဲဒီမှာ နည်းတွေသုံးရတဲ့အခါကျတော့ သမားရိုးကျနည်းနဲ့ အ
လုပ်မဖြစ်တော့တဲ့အတွက် နည်းသစ်တွေထွင်ကြတယ်။ နည်းမျိုးစုံသုံးလာတယ်။
မတရားတာ တရားတာ နည်းလမ်းကျတာ မကျတာအသာထား။ ဘေးချိတ်ထား။
ငွေကြေးချမ်းသာသူတွေအတွက် တဆ,ထက်တဆ,ပိုမိုချမ်းသာဘို့ လိုအပ်လာတယ်၊ သူ့နိုင်ငံက ဒီနှစ်ဝင်
ငွေ ဒီလောက်ရှိလျင် ငါ့နိုင်ငံက နောက်လာမယ့်နှစ်မှာ သူ့ထက်ဘယ်လောက်ပိုပြီး တိုးအောင်လုပ်မယ်။
အဲဒီလိုတွေကြောင့်ပဲ ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် ကျန်းမာရေး ပိုပိုပြီးဆိုး
ရွားကျဆင်းလာတယ်။
အခုဆို ပီကင်းမှာ လေသန့်ဗူးတွေ ရောင်းနေပြီ။
ကမ္ဘာပေါ်မှာ လေတောင် အလကားမရတော့ဘူး။
သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံ သဘာဝအတိုင်းမွေးထားတဲ့ အသားငါး ဘယ်မှာသွားရှာမလို့
တုန်း၊ ကိုယ့်အိမ်မှာ ကိုယ်မွေးမယ်ဆိုပါတော့။ မြေကြီးရှိတယ်ပဲထားလိုက်။ မြေသြဇာ လိုမယ်။
ဓါတ်မြေသြဇာမသုံးဘူး၊ သစ်ရွက်ဆွေး အိမ်မွေးတိရိစ္ဆာန်တွေရဲ့ မစင်တွေသုံးမယ်။
ဟုတ်ကဲ့ သစ်ရွက်တွေအားလုံးနဂိုရ်အတိုင်းဖြစ်စေဘို့ အချိန်အတော်ကြာပါလိမ့်မယ်။ တိရိစ္ဆာန်မစင်တွေ
နဂိုရ်မူလအတိုင်းဖြစ်လာဘို့ အချိန်ယူကြရပါလိမ့်မယ်။ အဲဒီအချိန်ရောက်လာမယ့် နေ့ဆိုတာကလည်း
ကမ္ဘာပေါ်မှာရှိနေတဲ့ ထုတ်လုပ်သူတွေနဲ့ သုံးစွဲသူတွေအပေါ်မှာ မူတည်နေပါကြောင်း။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မစန္ဒာ စီစဉ်တင်ဆက်သည့် အမေ့ခံပုံရိပ်များ ကို မှီငြမ်းရေးသားပါသည်။