• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 16, 2013

မိဘဂုဏ် ၁၂ပါး

 

မိဘဂုဏ် ၁၂ပါး

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ
မိဘဂုဏ်(၁၂)ပါး။

၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။
အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွားရိပ်သာ သို့ပို့ထားကြသည်။
အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်/ ထိုသို့သာ သားသမီးများက မိဘကိုစော်ကား
နေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။
ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။

 

အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ

၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ
ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည်
လုပ်ကျွေးထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ
ဖြစ်သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့်
ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက်
ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။



စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု
ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။
ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည်ကောက်နှုတ်ဖ်ာပြ ခြင်း ဖြစ်ပါသည်။

အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ။

Copy from 
http://www.facebook.com/photo.php?fbid=405031326261371&set=a.351047714993066.76926.351018658329305&type=1&theater


သားသမီးတွေရဲ့ မိဘအပေါ် သဘောထားပုံလေးတွေက ချစ်စရာ အင်မတန်ကောင်းလှပါတယ်။
မိဘတွေဘက်ကရော မိဘတာဝန်ကို ပြောတဲ့အတိုင်းကျေပြွန်ကြပါရဲ့လား။
အချို့မိဘတွေ နှစ်လုံးတိုက်ထီ၊ သုံးလုံးတိုက်ထီ၊ အာဝါဒေး၊ အမျိုးစုံနေတဲ့လောင်းကစားကြောင့် ကိုယ့်
သား ကိုယ့်သမီးတွေ သူတစ်ပါးနိုင်ငံမှာ  ဆင်းရဲဒုက္ခရောက်ကြရ ဘ၀ပျက်နေရ တာကို မတွက်ပဲ သားရေ
သမီးရေ ငွေ ပို့ပေးပါကွယ် ချည်းပဲလုပ်မနေကြပါနဲ့။
သား သမီးတွေ ကိုယ်ရော စိတ်ပါ ဘယ်လောက် ပင်ပမ်းဆင်းရဲ နေသလဲဆိုတာ စဉ်းစားကြပါ။
ကိုယ့်သား ကိုယ့်သမီးကို သားရေ သမီးရေ လို့ ခေါ်နိုင်လောက်တဲ့ ခေါ်ရဲတဲ့ မိဘ၀တ္တရား ကျေပါသလား။

ဒီလို ဒီလိုတွေရေးလိုက်လို့ သားသမီးတွေ မိဘအပေါ် မေတ္တာပျက်စေချင်တဲ့ ဆန္ဒလုံးဝ မရှိပါဘူး။
အထူးသဖြင့် လောင်းကစားကြောင့် သားသမီးတွေကို ထိုင်းနိုင်ငံလိုနေရာမျိုးကို ပို့ပြီးအကြွေးဆပ်နေရတဲ့
ကရင်လူမျိုး မိဘတွေကို ပြောနေတာပါ။
ကိုယ့်သားသမီးကို သား သမီး လို့ ရဲရဲတင်းတင်းခေါ်နိုင်အောင် အလောင်းအစားတွေကို စွန့်ပစ်စေချင်တဲ့
ဆန္ဒနဲ့ရေးပြတာပါ။ မိဘတွေအနေနဲ့(အလောင်းအစားဝါသနာကြီးတဲ့) သားသမီးတွေအပေါ် စာနာထောက်
ထားရ ကောင်းမှန်းမသိလို့ပဲဖြစ်ဖြစ် သိသိကြီးနဲ့ရုန်းထွက်လို့ မရတော့လောက်အောင် နောက်ကျသွားနေပြီ
ဆိုလျင်တောင် ဒီအကြောင်းအရာလေးတွေကို ဖတ်ပြီးတဲ့နေ့က စလို့ ကိုယ့်ကိုယ်ကို ပြုပြင်စေချင်ပါတယ်။

မိဘတွေနေနဲ့ လောင်းကစားတဲ့ အလုပ်ကို လက်ဆေးလိုက်ပြီဆိုလျင် သားသမီးတွေ ဘယ်လောက်အထိ
စိတ်ချမ်းသာလိမ့်မလဲ။ စိတ်ချမ်းသာတော့ ကိုယ်ခန္ဓာ ကျန်းမာမယ်။ ကိုယ်ခန္ဓာကျန်းမာတော့ ငွေရှာရတာ
(အလုပ်မှာ) ပိုပြီးတက်ကြွလာမယ်။ ရွှင်လန်းလာမယ်။ ပိုပြီးကောင်းမသွားဘူးလား။   

မိဘဆိုတာ အင်မတန်ကျေးဇူးကြီးမားလှပါတယ်။ နောက်ဆုံး ခင်ဗျားတို့ကိုပြောမယ် ကိုယ့်အိမ်မှာ မိဘရှိ
နေခြင်းဟာ ဘယ်လောက်ငြိမ်းချမ်းသာယာသလဲဆိုတာ မိဘနဲ့ အပြီးအပိုင်ခွဲရတဲ့ နေ့မှာ ပိုသိပါလိမ့်မယ်။
ကျွေးမွေးချင် ပေးကမ်းချင်ပေမယ့် ခင်ဗျားတို့စေတနာကို အသိအမှတ်ပြုမယ့်လူ မရှိတော့ဘူးလေ။
ဘယ်လောက် ယူကြုံးမရ ဖြစ်စရာကောင်းသလဲ။ အဲဒီအခါကျမှ မျက်ရည်လေး စမ်းစမ်းမလုပ်နဲ့ပေါ့ဗျာ။
နောင်တ ရတယ်ဆိုတာ နေရာတိုင်းမကောင်းနိုင်ပါဘူး။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)