တရုတ်-မြန်မာအစိုးရချင်းမဟုတ်သော
စားပွဲဝိုင်းဆွေးနွေးပွဲကို
ကူမင်းမြို့တွင်ကျင်းပ
2013-05-14
တရုတ်-မြန်မာအစိုးရချင်းမဟုတ်စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့ ၁၄-ရက်နေ့တွင် တရုတ်ပြည်ယူနန်ပြည်
နယ် ကူမင်းမြို့၌ ကျင်းပပါသည်။
တရုတ်၊ မြန်မာနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များသည်၊ တရုတ်၊မြန်မာအစိုးရချင်းမဟုတ်သော ကူး
လူးဖလှယ်မှုအားဖြည့် ဆောင်ရွက်ရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွန်းအားပေးရေးနှင့် ပြုပြင်ပြောင်း
လဲမှု အတွေ့အကြုံများဖလှယ်ရေးစသည်တို့နှင့် စပ်လျဉ်း၍ နက်နဲစွာ ဆွေးနွေးကြသည်ဟု စီအာအိုင်သ
တင်းအရသိရပါသည်။
ယခုအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲမှာ တရုတ်အစိုးရမဟုတ်သောအဖွဲ့အစည်း NGO-နိုင်ငံတကာကူးလူးဖ
လှယ်ရေးအဖွဲ့နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွံ့ဖြိုးရေးအရင်းအမြစ် သုတေသနပြုရေးအဖွဲ့တို့ အတူဦးစီး
ကျင်းပကြခြင်းဖြစ်သည်ဟုသိရပါသည်။
Copy from http://myanmar.cri.cn/666/2013/05/14/1s25410.htm





