• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 20, 2013

သမ္မတဦးသိန်းစိန်နဲ့ အမေးအဖြေအပေါ် တွေးမိသမျှ

 

သမ္မတဦးသိန်းစိန်နဲ့ အမေးအဖြေအပေါ်

တွေးမိသမျှ

May 20, 2013 Monday

By မင်းစိုးစံ

ဗွီအိုအေ မြန်မာဌာနက သမ္မတဦးသိန်းစိန်နဲ့ အမေးအဖြေ အခန်းကို အချိန်ပေးပြီးနားထောင်ပါတယ်။
တော်တော်ကိုကောင်းပါတယ်။ မေးတဲ့မေးခွန်း။ စိတ်ပျက်စရာကောင်းတာက အဖြေပါ။
အချိန်အကန့်အသတ် ရှိနေတာ သိသိကြီးနဲ့ မြန်မာသမ္မတကြီးက မယုံရတဲ့ သိပြီးသားကိစ္စတွေကို ထပ်ခါ
တလဲလဲပြောနေတာကို ကြားလိုက်ရလို့ပါ။

ဦးအောင်သူငြိမ်းက ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်တဲ့နေရာမှာ သမ္မတကြီးရဲ့ခရီးစဉ်အတွင်းဘယ်လို
အထောက်အပံ့ အကူအညီတွေ ရနိုင်မလဲ။ မျှော်လင့်နိုင်မလဲ။ လို့မေးတာကို တောင်စဉ်ရေမရတွေလျှောက်
ပြောပြီး အချိန်ဖြုဉ်းပစ်လိုက်တယ်။ မေးခွန်းက တမျိုး ဖြေတာက တခြား။
တကယ်တမ်းဖြေရမှာက ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဒီခရီးစဉ်အတွင်းမှာ ဒါတွေကို ဒီလို
မျှော်လင့်နိုင်ပါတယ်။ မမျှော်လင့်နိုင်ဘူးဆိုလျင်လည်း မမျှော်လင့်နိုင်ဘူးပေါ့။ အထောက်အပံ့တွေကတော့
ဒီလိုဒီလိုတွေကြောင့် ဒါတွေဒါတွေရနိုင်တယ်။ မရနိုင်ဘူးဆိုလျင်လည်း မရနိုင်ဘူးပေါ့။
မသိသေးဘူးဆိုလျင်လည်း မသိသေးဘူးပေါ့။

အခုတော့ဗျာ သမ္မတကြီးဖြေလိုက်တဲ့ပုံက အလှူရှင်တွေစီက ငွေတောင်းနေသလိုပဲ။
Sponsor ပေးမယ့်သူတွေစီက ကိုယ်လုပ်မယ့် အစီအစဉ်ကို Project တင်နေတာနဲ့ အင်မတန်တူနေတယ်။ 
ကျွန်တော်တို့ ဦးတည်ရည်မှန်းချက်က ဒါတွေပါ။ ကျွန်တော်တို့ ဒါတွေလုပ်နေပါတယ်။ တချိန်တုန်းကတော့
ဒီလိုတွေရှိခဲ့ပါတယ်။ အခုလက်ရှိအခြေအနေမှာ အဲဒါတွေ လိုအပ်နေပါတယ်။ လို့အစီယင်ခံရှင်းပြနေတဲ့ခပ်
ညံ့ညံ့အဖွဲ့တစ်ခုနဲ့ တထပ်တည်းပဲ။

၂၀၀၈ဥပဒေဆိုတဲ့ အခြေခံ ဥပဒေဘယ်တော့ ပြင်မှာလဲ။
လယ်ယာတွေသိမ်းတာ ဘယ်တော့ရပ်မလဲ။
ဘာသာရေး အဓိကရုဏ်းကိစ္စကို သမ္မတကြီးအနေနဲ့ ဘယ်လိုရှင်းမလဲ။
ဒီပဲယင်း အရေးအခင်းက နောက်အပတ်ဆို ၁၀နှစ်ပြည့်ပြီ၊ အဲဒီအရေးအခင်းမှာ ပြစ်မှုကျူးလွန်သူတွေကို
ဘယ်လိုအရေးယူဆောင်ရွက်ပေးမလဲ။
ဆိုတဲ့မေးခွန်းကို လူငယ်ပိုင်းမှာ တော်တော်လေးကို တက်တက်ကြွကြွလုပ်ဆောင်တဲ့ ၀ါရှင်တန်ဒီစီက
ဒေါ်အတာဆိုတဲ့ အမျိုးသမီးတဦးက မေးတာကိုလည်း သမ္မတကြီးရဲ့အဖြေက ဝေ့လည်ကြောင်ပတ်နဲ့ 
၂၀၀၈ ဥပဒေဆိုတာ လူတစုအတွက် မဟုတ်ပါဘူး ဆိုတာကိုထပ်ခါတလဲလဲဖြေနေတာ ကိုတွေ့ရတယ်။
ပြင်မယ်ဆိုပြင်မယ်ပေါ့။ မပြင်ဘူးဆိုလဲ မပြင်ဘူးပေါ့။
လယ်သိမ်းတာလဲ ဒီလိုပါပဲ ရပ်မယ်ဆိုလဲ ရပ်မယ်ပေါ့။ မရပ်ဘူးဆိုလဲ မရပ်ဘူးပေါ့။
ဘာသာရေးကိစ္စဆိုလဲ ဖြေရှင်းနိုင်တယ်ဆို နိုင်တယ်၊ မဖြေရှင်းနိုင်ဘူး ဆိုလဲ မဖြေရှင်းနိုင်ဘူးပေါ့။
ဒီပဲယင်းကိစ္စ ကျတော့ လေသံလေးတောင်မဟနိုင်ရှာဘူး။
ပုံစံက လူရွှင်တော်တွေ ပျက်လုံးထုတ်သလို ဟိုဟာက ဟိုလိုရှိပြီး။ ဒီဟာကဖြင့် ဒီလိုရှိတယ်။
အဲဒီဟာ နှစ်ခုက တစ်ခုနဲ့တစ်ခု မတူဘူး။ ပေါင်းလိုက်တော့ နှစ်ခုလေ။ နှစ်ခုပေါင်းတော့ နှခေါင်းပုပေါ့ လို့
ဆိုနေသလိုပါပဲ။

မြန်မာ့အသံမှာ အနှစ် ၂၀ ဗွီအိုအေမှာ ၁၅ နှစ် အလုပ်လုပ်ခဲ့တဲ့ အသက် ၇၇နှစ်အရွယ် သတင်းစာဆရာ
ဦးဝင်းအောင်မေးတဲ့ မေးခွန်းကို ဘိုသီဘတ်သီအစီအစဉ်မကျဖြေပြီး တချိုးထဲ ထလစ်တော့တာပဲ။
ဘာကြောင့်အခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသလဲဆိုတာကို ကာယကံရှင်သာ အသိဆုံးပါ။
အစီအစဉ်မစခင်ကတည်းကိုကပြော ပြီးသားဆိုတော့ အချိန်ကိုသဘောတူသတ်မှတ်ထားတယ်လို့ ယူဆ
မိပါတယ်။ ကိုယ်သဘောတူသတ်မှတ်ထားတဲ့အချိန်ကိုတောင် ပြည့်အောင်မနေနိုင်တာ ဘာကြောင့်လဲ။
စဉ်းစားစရာကောင်းပါတယ်။
မေးခွန်းတွေကို နားထောင်ကြည့်ရတာ (ကျုပ်အမြင်နော်) ကြိုတင်ပြီး စီစဉ်ထားတဲ့ပုံစံမျိုးဖြစ်နေသလို
မေးခွန်းတွေကို ရွေးထားသလိုပဲ။
ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဗမာစစ်အစိုးရတို့ ငြိမ်းချမ်းရေးလုပ်တဲ့
ကိစ္စနဲ့ ပတ်သက်တဲ့မေးခွန်း ထွက်လာတာကိုမတွေ့ရလို့ပါ။

အကယ်၍များ 
သမ္မတကြီးခင်ဗျား။ တိုင်းရင်းသားတွေနဲ့ (အထူးသဖြင့် ကချင်လွတ်မြောက်ရေးတပ်နဲ့) ဖြစ်နေတဲ့ တိုက်ပွဲ
မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ပြန်မလှည့်စတမ်း မြိန့်မြိန့်ကြီး ချီတက်နေပါတယ်ဆိုတဲ့ သမ္မတ
ကြီးက စစ်ပွဲရပ်ဘို့အမိန့်ပေးတာကို စစ်တပ်ကအမိန့်မနာခံတာဟာ ဘာကြောင့်ပါလဲ
ဆိုတဲ့ မေးခွန်းမျိုးသာ မေးလိုက်မယ်ဆိုလျင် ကျုပ်အထင်ပေါ့နော် ဗမာသမ္မတကြီး တော်တော်ကိုဘေးကြပ်
နံကြပ်ဖြစ်သွားမှာပဲ။ ကျုပ်က ကျုပ်အထင်ကိုပြောတာပါ။
ဗမာစစ်အစိုးရအဆက်ဆက်က ဘယ်လိုမေးခွန်းမျိုးကိုမဆို ဘယ်လိုရှောင်တိမ်း ဝေ့၀ိုက်ဖြေရမယ်ဆိုတာကို
နောကြေနေပြီးသား၊ စားနေတာအံခွနေပြီမဟုတ်ပါလား။

သမ္မတကြီး တွေ့ဆုံမေးမြန်းခန်းထဲက ထွက်ခါနီးပြောသွားတာက မေးစရာရှိတာမေးပါ မေးသမျှကို သူတို့
အားလုံးဖြေနိုင်ပါတယ်ဆိုပြီးပြောသွားတာကြားလိုက်ရတော့ စောစောကတည်းက နောက်လိုက်တွေကို ဖြေ
ခိုင်းလိုက်လျင် ပြီးတဲ့ဟာကိုများ Sponsor ပေးမယ့်သူတွေစီ က Project တင်တဲ့လူတစ်ယောက်လို အမော
ခံပြီး အစီယင်ခံနေလိုက်သေးတယ်။

ရေဆင်းတက္ကသိုလ်က ဘွဲ့ရခဲ့သူတစ်ဦးရဲ့မေးခွန်းကို ဦးရဲထွဋ်ဖြေလိုက်တာကိုကြည့်လျင် တိုင်းရင်းသား
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဗမာစစ်အစိုးရတို့ ဆယ်စုနှစ်ခြောက်ခုစာကျော် ဖြစ်နေတဲ့
ပြဿနာတွေဟာ လက်ပံတောင်းတောင်မှာ လယ်မြေသိမ်းတဲ့ကိစ္စ၊ ရခိုင်ပြည်နယ်ဘက်က ဘာသာရေး အ
ဓိကရုဏ်းကိစ္စ၊ တတိုင်းပြည်လုံး လယ်မြေသိမ်းတဲ့ကိစ္စတွေကြောင့်ဖြစ်လာတဲ့ပြဿနာတွေလိုသာ သဘော
ထားနေတာကို ထောက်ရှုခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးပဲဖြစ်ြဖစ် တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးအဖွဲ့တွေနဲ့ ဗမာစစ်အစိုးရကြား ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေပဲဖြစ်ဖြစ် ထိရောက်အောင်
မြင်နိုင်ပါ့မလားဆိုတာ စာရှုသူတို့ လေ့လာနိုင်အောင် ရေးသားဖေါ်ပြလိုက်ပါတယ်။

ခုဏ ကျွန်တော်တို့ပြောခဲ့တဲ့ လူအုပ်စုအသိုင်းအ၀ိုင်းတွေကြားမှာဖြစ်တဲ့ပြဿနာ နောက်တစ်ခါရှိနေတဲ့
လက်နက်ကိုင် ဖြစ်ပွါးခဲ့တဲ့ ငြိမ်းချမ်းရေးဟို လက်နက်ကိုင်ပဋိပက္ခတွေ အားလုံးကိုဖြေရှင်းတဲ့အခါမှာ ကျွန်
တော်တို့ရဲ့ ပထမဆုံးမူဝါဒ ကတော့ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံတော်ရဲ့ပြည်တွင်းပြဿနာဖြစ်တယ်။
ဒီမှာပါဝင်ပတ်သက်နေတဲ့လူတွေ အုပ်စုချင်းအသိုင်းအ၀ိုင်းတွေ အဖွဲ့အစည်းတွေကြားမှာ တိုက်ရိုက်ဆွေး
နွေး အဖြေရှာခြင်းသည် အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်တို့က ခံယူထားပါတယ်။

ဒါကြောင့်မို့လို့ ခုဏ ဆရာကျော်ရင်လှိုင်ပြောခဲ့သလိုပဲ ဘာသာရေးနဲ့ပတ်သက်လို့ ဒီ ရခိုင်တို့ဘာတို့မှာဖြစ်ခဲ့
တဲ့ကြေကွဲဘွယ်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ဆိုလျင် ဟုတ်လား ဘာသာအုပ်စုတွေအချင်းချင်းမှာ Interface
ဘာသာအားလုံး ချစ်ကြည်ရေးအသင်းတွေလုပ်မယ်၊၊ ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်ကြမယ်။

နောက်တစ်ခါ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခမှာဆိုလျင်လည်း အဓိကပါဝင်ပတ်သက်တဲ့ လူတွေကြား
မှာပြောကြမယ်ဆိုကြမယ် အဲ အပြင်ကဟာတွေနဲ့ကတော့ လောလောဆည်မှာကျတော့ ကျွန်တော်တို့က
တိုက်ရိုက်ပါဝင်ဆွေးနွေးဘို့ ဆိုတဲ့ကိစ္စကတော့ ကျွန်တော်တို့မှာ မရှိသေးပါဘူး။ 

သို့သော် ပြည်ပမှာအကြောင်းအမျိုးမျိုးနဲ့ပြောဆိုနေကြတဲ့အသံတွေကိုတော့ ကျွန်တော်တို့ နားထောင်ပါ
တယ်။ ဒီထဲကနေပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ကိုက်ညီပြီးတော့မှ အသုံးပြုနိုင်မယ့်ဟာမျိုးဆို
လျင်တော့ ကျွန်တော်တို့ စဉ်းစားပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)