• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 27, 2013

သတင်းတိုထွာ

 
ရှန်ဟိုင်းမြို့

အကြော်ဆီလက်ကျန်ကို

မော်တော်ယဉ်တွေမှာ သုံးမယ်

တရုတ်ပြည်က စီးပွါးရေးအချက်အခြာကျတဲ့ရှန်ဟိုင်းမြို့မှာ စားသောက်ဆိုင်တွေက သုံးပြီးသားအကြော်ဆီ
တွေကို အာဏာပိုင်တွေကလိုက်လံသိမ်းယူနေပြီး မော်တော်ယဉ်တွေအတွက် လောင်စာဆီ အဖြစ်အသွင်
ပြောင်းမယ်လို့ အစိုးရပိုင် China Daly သတင်းစာကရေးသားဖေါ်ပြလိုက်ပါတယ်။

ဒီအကြော်ဆီတွေကို ဇီဝဒီဇယ်အ ဖြစ်နဲ့အသွင်ပြောင်းထုတ်လုပ်ပြီး ရှန်ဟိုင်းမြို့က ဘတ်စ်ကားတွေ အငှား
ယဉ်တွေနဲ့ ကုန်ကားတွေမှာသုံးနိုင်အောင် တက္ကသိုလ်တခုနဲ့ ကုမ္ပဏီခြောက်ခုတို့ ပူးပေါင်းဆောင်ရွက်ဘို့
ရှန်ဟိုင်းအစိုးရက စီစဉ်နေပါတယ်။
စားသောက်ဆိုင်တွေက လက်ကျန်ဆီကြော်တွေမှာ ကင်ဆာရောဂါဖြစ်ပွါးစေတဲ့ ကာစီနိုဂျင်နဲ့ Carcinogen
တခြားညစ်ညမ်းပစ္စည်းတွေပါဝင်တယ်လို့ယူဆရပြီး အဲဒီလက်ကျန်ဆီကြော်တွေကိုရောင်းချမှုနဲ့ တရုတ်နိုင်
ငံဟာ ၂၀၁၁ခုနှစ်က လူပေါင်း ၃၂ယောက်ကိုဖမ်းဆီးခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာလည်းပဲ ပြီးခဲ့တဲ့မတ်လတုန်းက အဲဒီလိုပဲ ဆီဟောင်းတွေရောင်းချသူတွေကိုဖမ်းဆီးပြီး ဆီ
ကြွင်းဆီကျန်တွေကို ကောင်းကောင်းမွန်မွန်စွန့်ပစ်ကြဘို့ အဲဒီဆီဟောင်းတွေကို စုဆောင်းယူသူတွေအရည်
အချင်းကို သတ်မှတ်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချမှတ်ခဲ့ပါတယ်။

ရှန်ဟိုင်းမြို့


 
အိန္ဒြိယနိုင်ငံဝန်ကြီးချုပ် Manmohan Singh

အိန္ဒြိယနိုင်ငံကို ဂျပန်နိုင်ငံလုပ် 

US2 လေယာဉ်တွေရောင်းမယ်

အိန္ဒြိယနိုင်ငံကို ဂျပန်နိုင်ငံလုပ် ရေပြင်မှာအဆင်းအတက်ပြုလုပ်နိုင်တဲ့ US2 လေယာဉ်တွေရောင်းချမယ့်
ဘာတူညီချက်တစ်စောင်ကို လက်မှတ်ရေးထိုးနိုင်ဘို့ နီးစပ်လာပြီလို့ AFP သတင်းတရပ်ကဖေါ်ပြထား
ပါတယ်။

အိန္ဒြိယနိုင်ငံဝန်ကြီးချုပ် မစ္စတာမန်မွန်ဟန်ဆင်းရဲ့ အခုညစတင်မယ့် ဂျပန်နိုင်ငံ ၄ရက်ကြာခရီးစဉ်အတွင်း
ဒီလေယာဉ်တွေရောင်းချရေးကို ဆွေးနွေးဘို့ရှိပါတယ်။ လက်နက်ဆိုင်ရာနည်းစနစ်တွေနဲ့ တခြားစစ်လက်
နက်ပစ္စည်းတွေ ပြည်ပတင်ပို့ရေးအတွက် စည်းမျဉ်းစည်းကမ်းတွေနဲ့ ကန့်သတ်ခံထားရတဲ့ဂျပန်နိုင်ငံအဘို့
ဒါဟာ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တရပ်ကို ပြည်ပ ပထမဆုံးရောင်းချ
တာပဲဖြစ်ပါလိမ့်မယ်။

US2 လေယာဉ်ဟာ ဆီတခါဖြည့်ထားလျင် မိုင်ပေါင်း ၂၉၀၀အထိပျံသန်းနိုင်ပြီး ၉ပေလောက်မြင့်တဲ့ပင်
လယ်လှိုင်းတွေကြားမှာ ဆင်းနိုင်တက်နိုင်ပါတယ်။ အဲဒီလေယာဉ်တွေကို အိန္ဒြိယနိုင်ငံကိုတင်ပို့နိုင်မယ်ဆို
လျင် အရပ်ဘက်သုံးအတွက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကအသုံးပြုနေတဲ့ ဂျပန်လက်နက်ပစ္စည်းတ
မျိုး ပြည်ပကိုပထမဦးဆုံးတင်ပို့တဲ့ ဖြစ်ရပ်ပဲလို့ ကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိတွေကပြောကြပါတယ်။

  
India to get US-2 seaplanes, but for civilian use (Japan) 

သတင်းရင်းမြစ် http://www.rfa.org/burmese/news