• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, June 10, 2013

မောင်မှန်လိုလူစားများ ဖြစ်သွားမလား


မောင်မှန်လိုလူစားများ ဖြစ်သွားမလား

June 9, 2013 Sunday
 By မင်းစိုးစံ

မှန် ဆိုတဲ့ဗမာစကားလုံးကတော့ ကြည့်မှန်။ ထိမှန်။ အသိမှန်။ အမှားအမှန်။ အချိန်မှန်။ ကြည့်မှန်ဆိုတာကို
လူတိုင်းသိပါတယ်။
ကိုယ်လုံးပေါ်မှန်ပေါ်မှာ မိမိရဲ့ကိုယ်ခန္ဓာပေါ်မှာရှိတဲ့ အရည်ပြားပေါ်က အရေးအကြောင်း အမို့ အမောက် အ
ဖုအထစ် အဝေ့အ၀ိုက် ရှိုက်ဖို ကြီးငယ် စတာတွေကိုကြည့်လို့မြင်လို့ ရတာမျိုး။
ထိမှန်တယ်ဆိုတာ က မိမိပစ်ခတ်မယ့်သားကောင်ကို ထိအောင်မှန်အောင်ရွေးချယ်ပစ်ခတ်တာမျိုး။ အမှားအမှန်ဆိုတာကတော့ အပြောအဆို အပြုအမူ တွေးတောကြံဆ တဲ့အခါတွေမှာ မှားတယ်၊ မှန်တယ်။
အချိန်မှန်ဆိုတာက ပြုမူလုပ်ဆောင်ရာမှာ နေ့စဉ်မပြတ် အချိန်အတိအကျပြုမူလုပ်ဆောင်တာမျိုး။ စားတာ
သောက်တာ ကျင့်ကြံအားထုတ်တာ။

မှန်ဆိုတဲ့ စာလုံးတစ်လုံးနဲ့ ဆက်စပ်ပြီးရေးမယ်ဆိုလျင် အများကြီးပေါ့၊ တနေကုန်ထိုင်ရေးလို့လည်း ကုန်နိုင်
မှာမဟုတ်ပါဘူး။ ဒါဆိုလျင် ဘာလို့ရေးနေရသေးလဲ ဆိုတာမေးချင်စရာ ဖြစ်လာပါတယ်။

ခေါင်းစည်းဖြစ်တဲ့ မောင်မှန်လိုလူစားများ ဖြစ်သွားမလား ဆိုတဲ့အတိုင်း မောင်မှန်ဆိုတာ ဘယ်လိုမောင်မှန်
လဲ ဆိုတာကို ကွဲကွဲပြားပြားဖြစ်စေချင်လို့ဖြစ်ပါတယ်။ ကျုပ်ရဲ့ဇာတ်လိုက်ကြီးမောင်မှန်အကြောင်း ရေးမယ်ဆိုတော့ မောင်မှန်ကို ပထမဦးစွာ ပုံဖေါ်ပေးရမှာ ဖြစ်ပါ
တယ်။ မောင်မှန်ဟာ ကိုယ်လုံးပေါ်ကြည့် မှန်တချပ်လို အခြေခံကျတဲ့ ကရင်လူထုရဲ့ ဘ၀ကိုပုံဖေါ်ပြနိုင်တဲ့ လူတစ်ယောက်မဟုတ်ပေမယ့် အခြေခံလူထုထဲက ရိုးရိုးသာမာန်လူတစ်ယောက် ဖြစ်ပါတယ်။

ဒါဆိုလျင် မောင်မှန်ဆိုတဲ့လူဟာ မိမိလိုချင်တဲ့ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ ငှက်ခတ်သမားလား
ဆိုပြန်တော့ မဟုတ်ပြန်ပါဘူး။ အမှားအမှန်ကို ချင့်ချိန်နိုင်တဲ့ လူလားဆိုတော့ အဲဒါလည်းမသေခြာပါဘူး။
ဒါဖြင့် မောင်မှန်ဆိုတာ အချိန်မှန်တဲ့လူတစ်ယောက်လားဆိုတော့ ဟုတ်ပါတယ်။ မောင်မှန်ဟာ အချိန်မှန်
တဲ့လူ တစ်ယောက်ဖြစ်ပါတယ်။ ဒါဆိုလျင် ကရင်လူထုတွေတိုးတက်ရာ တိုးတက်ကြောင်းလုပ်တဲ့ မောင်
မှန်လားဆိုပြီး ထင်စရာရှိနေပေမယ့် ကျုပ်ဇာတ်လိုက်ကြီးက အရက်သောက်တတ်တဲ့ မောင်မှန်ပါ၊ အချိန်
မှန်သလားဆိုတော့ ဟုတ်ကဲ့ အချိန်မရွေးသောက်တဲ့အတွက် အချိန်မှန်တာထက် အချိန်ပြည့်သောက်တဲ့
အရက်ချိုး(ဂျိုး) ဖြစ်ပါတယ်။ အကြောင်းပြချက်က ပျော်လို့၊ ကြိုက်လို့၊ စိတ်ညစ်လို့၊ သောက်တာပါတဲ့။

အချိန်ပြည့်မူးနေပေမယ့် ဘယ်သူ့ကိုမျှရန်ပြုခြင်း စော်ကားခြင်းမပြုပါဘူး။ အချိန်ပြည့် အုပ်ချုပ်သူတွေရဲ့
အခြေခံ လူထုအပေါ် ဖိနှိပ်ဗိုလ်ကျမှု နိုင်ထက်ကလူပြုမူမှုကို အော်ကြီးဟစ်ကျယ်ပြောဆို တတ်တဲ့လူတစ်
ယောက်ဖြစ်ပါတယ်။ အရေးယူခြင်းမကြာခဏခံရတတ်ပေမယ့် မောင်မှန်ဟာကျေးရွာအုပ်ချုပ်သူတွေရဲ့ မ
တရားပြုမူမှုတွေကို ပုံမှန်မူးနေတဲ့အတိုင်း ပုံမှန်ဟစ်အော်ပြောဆိုတတ်တာမို့ လက်လွှတ်ထားရတဲ့ လူတ
ယောက် ဖြစ်သွားပါတော့တယ်။
တနေ့သောနေ့လေးတနေ့မှာတော့ ကျုပ်ဇာတ်လိုက်ကြီး အရက်ဂျိုးမောင်မှန်ဟာ ပြည်သူလူထုအများစု ကရွေးကောက်တင်ပေးလိုက်တဲ့အတွက် ရွာမှာ အကြီးအကဲဖြစ်သွားပါတော့တယ်။
ပြည်သူလူထုရဲ့ မျှော်လင့်ချက်က မောင်မှန်သာ အကြီးအကဲနေရာကို ရောက်သွားခဲ့လျင် ငါတို့ခံစားနေရ
တဲ့ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်မှာပဲဆိုပြီး မောင်မှန်ကို နေရာပေးလိုက်တာဖြစ်ပါတယ်။ မောင်မှန်ဟာ အုပ်
ချုပ်သူလူတန်းစားနေရာကို ရောက်သွားတဲ့အတွက် ဟိုးအရင်တုန်းကလို ပုဆိုးကွင်းသိုင်းပြီးလူကြီး(အုပ်
ချုပ်သူ)တွေမကောင်းတာကို မပြောတော့ တာတွေ့ရပါတယ်။ မောင်မှန်ဆိုတဲ့အမည်အတိုင်း အရက်ကို
ပုံမှန်သောက်နေပေမယ့် တကိုယ်လုံးပေလူးနေပြီးလက်တဘက်ကပုလင်းကိုဆွဲ ပုဆိုးလည်ပင်းချိတ်တဲ့
ဘိုသီဘတ်သီ ပုံစံမျိုးမဟုတ်တော့သလို မောင်မှန်ရဲ့ ခြေထောက်မှာ ဘိနပ် အကောင်းစား၊ ခါးပေါ်မှာ လုံခြည်အကောင်းစား၊ ကိုယ်ပေါ်မှာ တိုက်ပုံအပျံစား၊ ကော်လာလည်ဂတုံးရှပ်လက်ရှည်အဖြူ စတာတွေနဲ့
လမ်းသလားနေတာကိုတွေ့လာရသလို မောင်မှန်ရဲ့ လက်မှတ်နဲ့ လူအချို့ကြီးပွါးချမ်းသာလာတာတွေ့မြင်လာ
ရပါတော့တယ်။
သို့သော်လည်း အောက်ခြေလူထု ခမျာမှာတော့ နဂိုလ်ရှိရင်းစွဲအတိုင်းမနေနိုင်တော့ပဲ ပိုမိုဆိုးရွားကြပ်တည်း သွားပါတော့တယ်။
ရွာသူရွာသားတွေက ဟေ့မောင်မှန် မင်းကို လူကြီးခန့်လိုက်မှ ငါတို့အခြေအနေက ပိုဆိုးလာတယ်၊ အဲဒါမင်း
ဘယ်လိုလုပ်လိုက်တာတုန်း ဆိုပြီးမေးလာတော့ မောင်မှန်ဆိုတဲ့ ကျုပ်ဇာတ်လိုက်က မင်းတို့ သိချင်လျင် ငါ့
နေရာမှာလာလုပ်ကြည့်ပေါ့ လို့ ပြန်ပြောပါသတဲ့ဗျား။

ဒီလိုနဲ့ ကျုပ်ရဲ့ဇာတ်လိုက်ကျော်ကြီးကို တယ်လီဖုန်းဆက်ပြီးလှမ်းမေးကြည့်ပါတယ်။ မောင်မှန် မင်းဘယ်လို
ဖြစ်သွားတာလဲ၊ တချိန်တုန်းက အုပ်ချုပ်သူတွေ မတရားဘူး ဆို။ အခုတော့ အောက်ခြေလူထု အခြေအနေ
က ပိုပိုပြီးဆိုးလာတယ်လို့ကြားတယ်။ ဇာတ်လမ်းစုံလေး ရှင်းပြပါဦးဆိုတော့ သူက ကျုပ်ကို အခုလိုရှင်းပြ
ရှာပါတယ်။
ကျွန်တော် အုပ်ချုပ်သူတွေကိုမကြေနပ်သလို အခြေခံလူထုကို သနားမိတာအမှန်ပါ။
ဒါပေမယ့် ကျွန်တော်နေရာ ရလာတော့ ကျွန်တော်အရက်မူးပြီး လမ်းပေါ်လျှောက်အော်နေတုန်းက ကျွန်
တော့်ကိုဆေးဖေါ်ကြောဘက် မလုပ်ခဲ့တဲ့ လူတွေဟာ ကျွန်တော့်ကို ဆရာမောင်မှန် ဆရာမောင်မှန်နဲ့ တဖွ
ဖွခေါ်လာကြပြီး၊ ဆရာမောင်မှန် ဆရာမောင်မှန်က အရင်တုန်းကလို မဟုတ်တော့ဘူးလေ၊ လူကြီးနေရာ
ရောက်လာပြီဆိုတော့ ရုံးတွေဘာတွေတက်တဲ့အခါ ဘိနပ်မပါလို့မဖြစ်ဘူး၊ ရော့ ဘိနပ်လေးစီးထား၊ ဒီဘိနပ်
က ဆရာမောင်မှန်ကို ဂုဏ်ပြုတာပါ။
ပြီးတော့ လုံခြည်ကလည်း အရောင်တွေမွဲနေတယ်၊ ရုံးမှာထိုင်ရမှာဆိုတော့ လူတွေအများကြီးနဲ့ ဆက်ဆံရ
မှာ ဒါကြောင့် ဒီပုဆိုးလေးတော့လက်ခံပါ၊ ရုံးတက်တဲ့အခါ လူရိုသေရှင်ရိုသေဖြစ်တာပေါ့။
လူကြီးလူကောင်းပီသအောင် ဒီရှပ်လက်ရှည်အဖြူတထည်ကိုတော့ မ၀တ်ပဲမနေပါနဲ့။
တိုက်ပုံလေးနဲ့ဆိုတော့ ပိုခန့်တာပေါ့ ဆိုပြီး လာပေးကြတော့ ကျွန်တော်လည်း မူးမူးရူးရူးနဲ့ရော မမူးမရူးနဲ့
ရော ယူလိုက်တာပေါ့။ ယူပြီးတာနဲ့ သူတို့က ဟိုလိုလိုဒီလိုလိုတွေပြောပြီး အရက်ဆိုင်လေးဖွင့်ချင်လို့ ကာ
ရာအိုကေဆိုင်လေး ဖွင့်ချင်လို့ အနှိပ်ခန်းလေးဖွင့်ချင်လို့ ဆိုပြီးထောက်ခံပေးဘို့ ပြောလာတော့ အဲဒါ လက်
မှတ်လေးဘာလေး ထိုးပေးလိုက်တာပေါ့ဗျာ။ မြေသိမ်းတာတွေ ယာသိမ်းတာတွေဆိုလည်း မျက်နှာလွှဲထား
ရတယ်လေ။
ကဲ ကျုပ်ဇာတ်လိုက်ကြီးမောင်မှန်အခြေအနေကတော့ သရုပ်ပေါ်သွားပါပြီ။

လက်ရှိအစိုးရလက်ထက်မှာ ပဏာမအဆင့် အပစ်ရပ်ထားတဲ့ KNU က ကားအစီးရေ ၁၂၀လိုင်စင်လုပ်ခွင့်ရ
ရှိခဲ့ပြီး အထူးအခွင့်အရေးအဖြစ် ခေါင်းဆောင်ပိုင်းအတွက် အစီး ၄၀အခမဲ့ လုပ်ခွင့်ရရှိခဲ့သလို တပ်ဖွဲ့ဝင်တွေ
အတွက် ကျန်တဲ့အစီး ၈၀ကိုလည်း အခွန် ၄၀ရာခိုင်နှုန်း ကင်းလွတ်ခွင့် ပြုပေးထားတဲ့အကြောင်း KNU အ
တွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းပြောတယ် ဆိုတာအပြင် “အပစ်အခတ် ရပ်စဲရေး နောက်ပိုင်းမှာ မြို့
ထဲမှာ အသွားအလာတွေ ရှိလာမယ်၊ အစည်းအဝေးရှိရင် သွားမယ် ဆိုတော့ ကားတော့လိုအပ်တာပေါ့။
ကားမရှိသေးတဲ့အခါကျတော့ ဟိုကငှား၊ ဒီကငှားနဲ့ လုပ်နေ တာပေါ့။ ကိုယ့်အဖွဲ့အစည်းက ကားဆိုတော့
သွားရေးလာရေး နည်းနည်းအဆင်ပြေတာပေါ့”
လို့ ပဒိုစောကွယ်ထူးဝင်း က ဧရာဝတီကို ပြောသွားတဲ့အကြောင်းသိရပါတယ်။

အခုလို အရေးကြီးတဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တန်ဖိုးကြီးတဲ့ကားလိုင်စင် လက်
ဆောင်ပေးတဲ့သတင်းဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိနိုင်ကြောင်း
ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ် ဆိုတဲ့အကြောင်းဆောင်းပါးရှင်ကျော်ခ က ဧရာဝတီမှာ ရေးသားထားတာ
ကို ဘတ်ရတော့ ကျုပ်တို့ကရင်ခေါင်းဆောင်တွေအပေါ် အထင်အမြင်မသေးရက်ပါဘူး။
တခုတော့ရှိပါတယ်။ မောင်မှန်လိုတော့ မလုပ်ကြပါနဲ့။

ဖြစ်နိုင်လျင် ဦးနုခေတ်တုန်းကလို ပါတီတွေမဲဆွယ်တော့ ဟိုပါတီက ဒီဟာပေး ဒီပါတီက ဟိုဟာပေးလုပ်ပြီး မဲဆွယ်ကြပါတယ်။ အဲဒီမှာ လူတယောက်ကဘာပြောသလဲ ဆိုတော့ ပေးတာတွေ အကုန်ယူမှာပဲ အခွင့်အ
ရေးကို လက်လွှတ်မခံနိုင်ဘူး၊ မဲပေးရမယ့်အချိန်ကို ရောက်လာလျင်တော့ ကိုယ်ကြိုက် တဲ့ ပါတီကိုပဲ မဲပေး
မယ် တဲ့။ အဲဒါမျိုးလေး ဖြစ်စေချင်တာအမှန်ပါ။
သို့သော်လည်းပဲ။
အဲ။
ဒါပေမယ့်ပေါ့လေ။ 
လိုင်စင်မဲ့ကားများ ဖားအံ-မြ၀တီ ပြေးဆွဲခွင့် ပိတ်ပင်တားဆီးတော့မည် ဆိုတဲ့ သတင်းခေါင်းစည်းကြောင့်
ဗမာစစ်အစိုးရရဲ့ ကောက်ကျစ်ယုတ်မာမှုဟာ အင်မတန်အောက်တန်းကျတဲ့ မြေခွေးလို ၀ံပုလွေလို သတ္တ၀ါ
မျိုးတွေထက် ရွံစရာကောင်းနေတာကို ကျုပ် သတိပြုလိုက်မိပါတယ်။

“ကျနော်တို့ နယ်စပ်မှာ အာဆီယံနိုင်ငံတွေက ၀င်ထွက်သွားလာတော့မယ်လေ။
သူတို့က လိုင်စင်မဲ့ကားတွေ မောင်းနှင် နေကြတာတွေ့ရင် မသင့်တော်ဘူး။
ဒါကြောင့် ပိတ်ပင်တားဆီးလိုက်တာပါ”
ဆိုတာကိုကရင်အဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောခေါင်ပန်ထော့က ကေအိုင်စီ(ကရင်သတင်း
ဌာန)ကိုပြောသလိုပါပဲ လက်နက်ကိုင်အဖွဲ့ မြေနေရာတွင် အဖွဲ့အစည်းအလံများဖြုတ်ရန် တပ်မမှူးညွှန်ကြား
ဆိုတဲ့ကိစ္စမှာလည်းပဲ ကရင်ပြည်နယ် မြ၀တီမြို့မှာရှိတဲ့ KNU ဆက်ဆံရေးရုံးက စဂျွန် ဒီဗွီဘီ(ဒီမိုကရက်တစ်
မြန်မာ့အသံ)ကိုပြောတာက 
နိုင်ငံခြားသားတွေ အသွားအလာလုပ်တာများလာတဲ့အတွက် လက်နက်ကိုင်ထားတဲ့ ကရင်လက်နက်ကိုင်
တွေကို တွေ့လျင်အမြင်မတော်လို့ လက်နက်နဲ့သွားလာခွင့်ကို ပိတ်လိုက်တာလို့ ထင်ပါတယ်
ဆိုပြီးပြောသွားပါတယ်။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က တရားဝင်စာနဲ့ပေနဲ့ညွှန်ကြားတာဖြစ်စေဦး နည်းနည်းလေးတော့ ထိန်းထား
သင့်တာပေါ့ဗျာ။ အခုတော့...........။

ဖားအံ- မြ၀တီ လိုင်စင်မဲ့ကား မောင်းနှင်နေတဲ့ စောကြာဒိုးက 
“သူတို့ ဒီလို ပိတ်ပင်လိုက်တော့ ကျနော်တို့ ကားသမားအနေနဲ့ ကျနော်တို့ မိသားစုတွေ ဘာနဲ့စားတော့
မလဲ။
ကလေးကျောင်းစရိတ် ဘယ်မှာသွားရှာရတော့မလဲ။
လိုင်စင်ကားတွေလည်း ဈေးကြီးတော့ မ၀ယ်နိုင်ဘူး”
လို့ ပြောနေရှာပါပြီ။

အခြေအနေက တိုးသာ ဆုတ်သာရှိသေးတယ်ဆိုလျင် မဆိုးလှပေမယ့် ရှေ့တိုးတော့ ထမ်းပိုး နောက်ဆုတ်
တော့ ကြိမ်တုတ်ဆိုလျင်ဖြင့် ကရင်တမျိုးလုံး နွားဖြစ်ပြီသာမှတ်ပေတော့။ နွားဖြစ်ရတာ သိပ်တော့မစားသာ
ဘူးနော် မသေမချင်းအခိုင်းခံရပြီး သေတော့လည်း သူများဟင်းစားလေ။
ကျုပ်ယုံပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ကာလတလျှောက် ဗမာစစ်အစိုးရနဲ့ ဆွေးနွေးပွဲတွေတိုင်းက အတွေ့အကြုံတွေ ကျုပ်တို့ကရင့်တော်လှန်ရေးခေါင်းဆောင်တွေမှာ အပြည့်အ၀ရှိပြီးသားဆိုတော့ ကရင်လူ
မျိုးတွေရဲ့ဘ၀ တိုးတက်ကြီးပွါးလာဘို့ပဲရှိမှာပါ။ ပိုးစိုးပက်စက် မဖြစ်နိုင်ပါဘူးလို့။
ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)