• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, June 5, 2013

ဆံထုံးထုံးပေးမယ် ဆီလည်းဆိုက်မယ်

 
Britain’s Chief of Defense Staff, Gen David Richards, center, visits the Htauk Kyant war cemetery on the outskirts of Rangoon on June 4, 2013. The cemetery is a memorial to Commonwealth soldiers who died in Burma during World War II. (Photo: Reuters)
Source Photo from http://www.irrawaddy.org/archives/36517

ဆံထုံးထုံးပေးမယ် ဆီလည်းဆိုက်မယ်

June 4, 2013
Tuesday

By မင်းစိုးစံ

ကြားဘူးတာကတော့ ဆံထုံးတော့ ထုံးပေးမယ် ဆီတော့မဆိုက်နိုင်ဘူး ဆိုတဲ့စကားပဲကြားဘူးတယ်၊ ဆံထုံး
ထုံးပေးမယ့်အပြင် ဆီပါဆိုက်ပေးမယ်ဆိုတော့ တော်တော်ကိုအဆင်ပြေမှာပဲနော်။
ဆံထုံးထုံးပြီးနေရတာကို နှစ်သက်တဲ့ လူမျိုး။ ဆံထုံးကို မြတ်နိုးတတ်တဲ့လူစားတွေအတွက်ကတော့ အင်မ
တန်အဆင်ပြေတာပေါ့။
ဗမာ့ယဉ် ကျေးမှုမှာ ယောက်ျားတို့ ဘုဏ်း လက်ရုံး မိန်းမတို့ဘုဏ်း ဆံထုံး ဆိုတာရှိခဲ့တာပဲလေ။

အခုလက်ရှိအခြေအနေမှာတော့ ဗမာမလေးတွေ ဆံထုံးကိုအမြတ်တနိုး ရှိပါသေးရဲ့လား ဆိုတဲ့မေးခွန်း
ကို မေးကြည့်ချင်မိတာတော့အမှန်ပါ။ ခေတ်ကာလက ပြောင်းလဲလာပြီဆိုတော့ ဒီမေးခွန်းကိုမေးတဲ့ ကျုပ်
ကို အရူးကြီးလို့လက်ညှိုးဝိုင်းထိုးကြမယ်ဆိုတာ ကျုပ်သိပြီးသားပါ။
ယောက်ျားသားကြီးလုပ်နေကြတဲ့ ဟိုးယခင်တုန်းက ဗမာကြီးတွေဆိုလျင် ဆံထုံးနဲ့ ထိုးကွင်းနဲ့ ခါးတောင်း
ကျိုက်ပြီး ခြင်းခတ်ကြပုံများ အင်မတန်ကြည့်ကောင်းခဲ့ပေမယ့် အခုခေတ်မှာတော့ ရထားတိုးစီး။ ကားတိုး
စီး။ ဟိုတိုးသည်တိုး အလောတကြီးလုပ်နေရတဲ့ခေတ်မှာ ဆံထုံးကြီးက အလုပ်ပိုတခုလိုဖြစ်နေရော။
ဆံပင်ရှည်တော့ ခေါင်းလျှော်တဲ့အခါမှာ အချိန်ပိုပေးရသလို ဆံပင်ရှည်လျင်ရှည်သလောက် ခေါင်းလျှော်
ရည်ဘိုးလည်း ပိုကုန်ပါတယ်။ ရေကလည်း ရှားဆိုတော့ အလိုလေးလေး ဆံပင်ရှည်ရှည်နဲ့ ကိုယ်တော်တွေ
အတွက် အခက်အခဲက မသေးလှပေဘူး။

ဒီတော့ ဗမာ့စကားပုံတခုဖြစ်တဲ့ ဆံထုံးတော့ထုံးပေးမယ် ဆီတော့မဆိုက်နိုင်ဘူး ဆိုတဲ့စကားက ခုခေတ်မှာ မဆီလျှော်တော့ဘူးလို့ ပြောရမလိုလိုဖြစ်နေပြီလို့ ထင်မြင်ယူဆစရာရှိနေပါတယ်။ ဆံပင်တိုနှံ့နှံ့ကို ဆံထုံး
ထုံးလို့ မရနိုင်သလို ဆံပင်အရှည်ကြီးရှိနေပေမယ့် ရူးနေတဲ့လူကို ဆံထုံးထုံးပေးဘို့ ကြိုးစားတာကလည်း
အင်မတန်စိတ် ပျက်ဘို့ကောင်းတဲ့ အဓိပ္ပါယ်မဲ့ အလုပ်တခုဖြစ်တယ်လို့ဆိုလိုက်ချင်ပါတယ်။
နောက်တစ်ခုကတော့ ဆံထုံးကို တန်ဘိုးထားရကောင်းမှန်းမသိတဲ့ လူတစ်ယောက်ကို ဆံထုံးထုံးပေးတာ
ဟာလည်း အကျိုးမရှိတဲ့အလုပ်ပါ။ ရူးနေတဲ့ လူတွေဟာ ဆံထုံးရဲ့တန်ဘိုးကို တန်ဘိုးထားတတ်ဘို့မဆိုနဲ့
ဆံထုံးဆိုတာ ဘာမှန်းတောင်သိနိုင်ရှာတာ မဟုတ်ပါဘူး။

ဆံထုံးထုံးတယ်ဆိုတာ ပြန့်ကျဲရှုတ်ပွနေတဲ့ ဆံကေသာကို သပ်သပ်ရပ်ရပ်နဲ့ စုစည်းတဲ့အလုပ်တမျိုးဖြစ်တာ
မို့ အားပေးသင့် ပံ့ပိုးသင့်တဲ့ သင့်လျှော်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သို့သော် နှစ်ပေါင်း ၅၀ကျော် ရူး
သွပ်နေတဲ့ ဗမာစစ်အစိုးရကိုတော့ ဆံထုံးထုံးမပေးခင်မှာ သေရာပါရူးနှမ်းနေတဲ့ ရောဂါကို ကုသဘို့ရာ ပထ
မဦးဆုံး ပြုသင့်ပါတယ်။ ဗမာစစ်အစိုးရရဲ့ အရူးရောဂါဆိုတာ ကုရာနတ္ထိ ဆေးမရှိတဲ့ အချစ်ရူး မဟုတ်ပါဘူး။
အာဏာရူး မဟာဗမာအရူး ဆိုတဲ့ ရောဂါပါ။ ဆေးရှိပါတယ်။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) အတွက်တော့
အသည်းခိုက်အောင်ခါးသက်တဲ့ ဆေးခါးကြီးပေါ့ဗျာ။
ဗမာပြည်(မြန်မာပြည်) ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည် ထောင်စု မြန်မာနိုင်ငံတော်) အတွက်ကတော့
ချိုမြိန်လှတဲ့ အားဆေးတခွက်ဖြစ်စေမှာပါ။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) အာဏာရူးတာကိုတော့ ၁၉၆၂ခုနှစ်ကနေစလို့ ဒီကနေ့ ပြကတေ့အခြေအနေ
က မှတ်တမ်းတင်နေတာ အားလုံးအသိပါ။ ပြောင်းလွဲနေပါပြီ ဆိုတဲ့လူတွေထဲမှာအများစုဟာ စီးပွါးရေးအ
ခွင့်ထူးခံ လူအုပ်စုတွေသာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်က ဗမာစစ်အစိုးရကို အရူးဘုံမြောက်လုပ်နေတဲ့ ကရင်ပြည်နယ် ဘားအံမြို့ရဲ့ မြို့မိမြို့ဘလို့ အရှက်အကြောက်ကင်းမဲ့စွာ ကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့ ကရင်တစ်ယောက် ပြောလိုက်ပုံက
ကျွန်တော်က ဘားအံမှာ မြို့မိ မြို့ဘ ပါပဲခင်ဗျ။
ကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အထိတ်တလန့် ကျီးလန့်စာစားဘ၀တွေလည်း ပြီးဆုံးသွားတဲ့အခြေ
အနေတွေရှိတယ်လေ။
ဘားအံဒေသကတော့ အပစ်အခတ်မရပ်စဲခင်က ဓါးပြပေါတယ်။
နောက်ပြီးတော့ ဒီမှာ တချို့ပေါ့လေ ခြောက်စားလှန့်စားတွေပေါတယ်လေ။
နောက်ပိုင်းမှာ ဓါးပြဆိုတာ လုံးဝ ပျောက်သွားသလောက်ဖြစ်သွားတယ်။

အဲဒါကိုကြည့်လိုက်တဲ့အခါမှာ ကရင်ဖြစ်သူတစ်ဦးရဲ့အမြင်ကျယ်ပုံကို ကောင်းကောင်းကြီးသိနိုင်ပါလိမ့်မယ်။
ကရင်စကား ပုံရှိတယ်ဗျ ယိုဝ်လင်က်ုယဲါ ခင်းမူၟခီ့ဃှေဝ် (ယိုလောင်ကယဲ ခေါင်းမူခိခင်) အဓိပ္ပါယ်ကခြေမ
ထိပ်ဖျားလောက်ပဲ မကြည့်ပါနဲ့တဲ့။
ငြိမ်းချမ်းရေးဆိုတာ ဘားအံမြို့လေးတမြို့ထဲကွက်ပြီးကြည့်လို့မရဘူးဆိုတာ ကလေးပေါက်စန လေးတောင်
သိပါတယ်။ ဒီမြို့မိမြို့ဘ ဆိုတဲ့ကရင်ကြီးရဲ့ အခြေအနေက သူ့စကားကြောင့် ဘားအံမြို့ပြင်ကို တစ်ယောက်
တည်းထွက်ရဲမယ်မထင်ဘူး။ ထွက်တာနဲ့ ဆွမ်းကြီးအလောင်းခံရမှာ မြင်ယောင်သေးတော့တယ်။
ကရင်ပြည်နယ် တနယ်လုံး ဓါးပြအတိုက်ခံနေရတာကို မသိရကောင်းလားဆိုပြီးတော့ ဆွမ်းကြီးလောင်းကြ
မှာပါ။

ရူးနေတဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ကို အင်အားကြီးနိုင်ငံတွေက ဆံထုံးထုံးပေးချင်နေတာ အသားလို
လို့ အရိုးတောင်းနေတာလို့ ပက်ပက်စက်စက်မပြောချင်ပေမယ့် သူတို့အတွက် အကျိုးအမြတ်မရှိပဲ အလ
ကားမတ်တင်း ဆံထုံးထုံးပေးမှာမဟုတ်တာတော့ အသေအခြာပါ။
ဒါကို ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဘက်က သိသလို ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကလည်း ဗမာစစ်အစိုးရရဲ့
ဗီဇဆိုးကို သဘောပေါက်ပြီးသားပါ။ တရုတ်နိုင်ငံဆိုတာက လည်း အာရှတခွင်မှာ ဗိုလ်ကျချင်နေတဲ့ အခင်း
အကျင်းတွေပြနေတာ မဟုတ်လား။

ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး (Sir David Richard)က သူ မြန်မာပြည်အလည်အပတ်ခရီး
စဉ်ကနေ ပြန်သွားလျင် တကယ့်ကြွမ်းကျင်သူ ၃ဦးကို ထားရစ်ခဲ့မယ်လို့ပြောပါတယ်။ အဲဒီလူတွေကတော့
ဖြင့် လုံခြုံရေးနဲ့ ပြုပြင် ပြောင်းလဲမှုတွေမှာ ကြွမ်းကျင်တဲ့ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်။ ရဲတပ်ဖွဲ့တွေအနေနဲ့ တာ
ဝန်ထမ်းဆောင်တဲ့အခါမှာ ပို ကောင်းတဲ့ အခြေအနေဖြစ်အောင် သင်ပေးမယ့် ရဲဘက်ဆိုင်ရာကြွမ်းကျင်သူ။
အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ကြွမ်းကျင်သူ။ အဲဒီလို ကောင်းပေ့ဆိုတဲ့ လူတွေနဲ့ နှစ်ပေါင်း ၅၀ကျော်ရူးနှမ်းနေတဲ့ ဗ
မာစစ်အစိုးရ(မြန်မာအစိုးရ)ကို ဆံထုံး ထုံးပေးဘို့ ကြိုးစားနေကြပါပြီ။

ဗမာစစ်အစိုးရဆိုတဲ့ ယန္တရားကြီးဟာ နှစ်ပေါင်း ၅၀ကျော် ညစ်ပတ်ပေရေပြီး ချေး(ဂျီး)တွေ အထပ်ထပ်
တက်နေတဲ့ အရူးတစ်ယောက်ထက်ဆိုးတဲ့ သူတွေနဲ့စုပေါင်းတည်ဆောက်ထားတာပါ။
သူတို့မှာရှိတဲ့ စရိုက်တွေဆိုတာကလည်း အရူးတစ်ယောက်ရဲ့ မဖြီးမသင်တာကာလရှည်ကြာနေတဲ့ ဆံပင်
တွေလိုဖြစ်နေတာမို့ လျှော်ဖွပ်သုတ်သင်ဘို့လိုသလို အင်မတန်ညစ်ညမ်းတဲ့ ကိုယ်ကျင့်တရားကိုလည်း အ
ရူးတစ်ယောက်ကို သန့်ရှင်းရေးလုပ်ပေးသလို သန့်စင်ပေးရပါလိမ့်မယ်။ ပြီးတော့ လူစိတ် ပြန်လည်လာ
အောင် လိုအပ်တဲ့ဆေးဝါးတွေကိုလည်း တိုက်ကျွေးဘို့ လိုအပ်ပါတယ်။
အဲဒီလိုအခြေခံကျတဲ့အလုပ်တွေကို ပြုပြင်လုပ်ဆောင်ပေးပြီးတော့ ဆံထုံးထုံးမပေးခင်မှာ ဆံထုံးကြောင့်ရရှိ
ခံစားရမယ့် အကျိုးကျေးဇူးနဲ့ကောင်းကျိုးတရားတွေကို သင်ကြားပို့ချပေးပြီးမှ ဆံထုံးထုံးပေးဘို့သင့်ပါတယ်။

အရေးကြီးဆုံးအချက်က အရူးက သူ့ဝေဒနာကို သက်သာပျောက်ကင်းအောင် ကုသချင်တဲ့စိတ်ရှိမယ်ဆို
လျင် ကျန်တာတွေက လုပ်ရကိုင်ရတာ အတော်ကို အချိန်ကုန်သက်သာပြီးလွယ်ကူမှာ ဖြစ်ပေမယ့် ကာယ
ကံရှင်ဖြစ်တဲ့အရူးက ရောဂါကုသလိုစိတ် မရှိဘူးဆိုလျင်တော့ဖြင့် မဲဆောက်မြို့က အရူးတစ်ယောက်လို ဖြစ်
နေမှာပါ။
ဘေးပတ်ဝန်းကျင်က အမြင်မတော်သူတွေစုပြီး ဆံပင်ညှပ်ပေးကြ ရေမိုးသန့်စင်ပေးကြ ၀တ်ကောင်းစားလှ
တွေ ဆင်ပေးကြ အမွှေးနံ့သာတွေ လိန်းကျံပေးကြ နဲ့ဆိုတော့ ပထမပိုင်းမှာ အင်မတန်ကြည့်ပျော်ရှုပျော်ရှိ တဲ့ ရုပ်ကလေး ပေါက်လာသား။
သိပ်မကြာပါဘူး နဂိုလ်အခြေအနေအတိုင်း နံဆော်ပြီး ညစ်ပတ်စုတ်ပြတ်သတ်သွားတာပါပဲ။
ရူးနေတဲ့စိတ်က အရူးစီကနေ ထွက်မှမသွားတဲ့ဥစ္စာ။
အဲဒီတော့…….. အဲဒါပါပဲ။

ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
( အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က ရုပ်သံဖိုင်လေးကတော့  ဗြိတိသျှ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richard ရန်ကုန်ကို ရောက်နေစဉ် ဘီဘီစီအကြီးတန်း သတင်းထောက် ဦးကိုကိုအောင် သီးသန့်တွေ့ဆုံ မေးမြန်း ထားတာပါ။
ဓါတ်ပုံတွေကိုတော့ အင်တာနက် စာမျက်နှာပေါင်းစုံက ယူထားတာဖြစ်ပါတယ်။

ရှုခင်းဓါတ်ပုံတွေကတော့ Face book ထဲက ဆရာ  Steed ရဲ့လက်ရာတွေပါ။
ကျေးဇူးအများကြီးတင်ကြောင်းပါ ဆရာ Steed ခင်ဗျား။