• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, June 19, 2013

အုန်းကျော်မြင့်သို့ အိတ်ဖွင့်ကဗျာ


အုန်းကျော်မြင့်သို့ အိတ်ဖွင့်ကဗျာ

နိုင်ဦးညို (ဖိုးဇီးရိုး)

ဇွန် ၁၈၊ ၂၀၁၃

အုန်းကျော်မြင့်
ခင်ဗျားသမိုင်းဟာ ထူးခြားခဲ့တယ်။

အနှစ်သုံးဆယ် ကျော်ခဲ့သော်လည်း
 သိသောသူထက် မသိသောသူတွေ
ပိုလို့များခဲ့တယ်။

မြန်မာစစ်သား
လေးသိန်းကျော်ဆိုတဲ့အထဲ
ဘယ်ခေတ်မှာမှမရှိတဲ့ ခင်ဗျားကတော့
တယောက်ထဲ။

ခင်ဗျားနဲ့
အလိုတူအလိုပါ ဆိုသူတွေကတောင်
ခင်ဗျားဘက်က
အကြောက်တရားဖက်ပြီး မလိုက်ခဲ့ကြဘူး။

နောက်ဆုံးမှာတော့
ခင်ဗျားကိုရူးလို့ဆိုပြီး
သူတို့ရူးချင်ယောင် ဆောင်သွားခဲ့ကြတယ်။

ဒါကိုခင်ဗျား
သိတော့ သိလိုက်မှာပါ။

ဒါပေမဲ့
ဒီဘက်ခေတ်က ကျုပ်တို့ဟာ
ခင်ဗျားကို သေချာမသိဘူး
အဖျားခတ် မီလိုက်ရုံ သူတွေသာ။

သတင်းအမှောင်ခေတ်မှာ
လိုရာကြိုးဆွဲတွေခေတ်မှာ
ခင်ဗျားသတင်းကလည်း
နိုင်ငံတော်ပုန်ကန်မှု
ကြီးလေးတဲ့ပြစ်မှု
ဘယ်သူဘယ်သူမှ မတို့ရဲမထိရဲတဲ့ခေတ်။

ဘုရားသားမဟုတ်
ကျောင်းသားမဟုတ်
စစ်သားကြီးတွေကို တော်လှန်တဲ့စစ်သား
ခင်ဗျားတယောက်ထဲ စိတ်ထင်တိုင်းကြဲတာများ
ခင်ဗျားနဘေးက ခင်ဗျားဘော်ဒါတွေက
ဘော်ဒါစိတ်မရှိ အသေခံစိတ်မရှိ ကျောင်းသားစိတ်မရှိ
သွားရတာပေါ့ ခင်ဗျားတယောက်ထဲ။

ဒါပေမဲ့ခင်ဗျား လူသာသေတယ်
စစ်တပ်သမိုင်း နှစ်ပေါင်းတရာ
ခင်ဗျားလိုလူ ဘုရားစူးစေလို့
နောက်ထပ်တယောက် ယောင်လို့တောင် မကြားစဖူး
ထူးခြားတာတော့ အမှန်ပါဘဲ
အုန်းကျော်မြင့်ရေ
ကောင်းရာသုဂတိ လားပါစေ။

 နိုင်ဦးညို (ဖိုးဇီးရိုး)

Copy from http://moemaka.com/archives/35683