• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, June 9, 2013

တရုတ်တီဗွီဇာတ်လမ်းတွဲ စတင်ထုတ်လွှင့်ရန်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

 

တရုတ်တီဗွီဇာတ်လမ်းတွဲ 

စတင်ထုတ်လွှင့်ရန်အခမ်းအနား ရန်ကုန်မြို့တွင် 

ကျင်းပ

ပထမဆုံးအကြိမ် မြန်မာဘာသာဖြင့်နောက်ခံစကားပြော တရုတ်တီဗွီဇာတ်လမ်းတွဲ ရွှေမင်းသား၏သုခ
ကမ္ဘာကို စတင်ထုတ်လွှင့်ရန်အခမ်းအနားကို ယမန်နေ့၈-ရက်နေ့က မြန်မာနိုင်ငံရန်ကုန်မြို့တွင်ကျင်းပခဲ့
ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။



 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ တ
ရုတ်သံအမတ်ကြီး ယန်ဟိုလန်၊ တရုတ်နိုင်ငံတော်ပုံနှိပ်ထုတ်ဝေရေး၊ အသံလွှင့်၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား
ဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မာလီ၊ စီအာအိုင် ဒုအယ်ဒီ
တာချုပ် ရင်ချမ်း၊ MRTV ညွှန်ချုပ် ဦးတင့်ဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ယဉ်ကျေးမှုသံမှူး ဝမ်ရွှေချင်
အပါအဝင် ပုဂ္ဂိုလ် ၁၅၀-ခန့်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

Copy from http://myanmar.cri.cn/666/2013/06/09/1s25835.htm