• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, July 14, 2013

ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်

 ကဒတ်မုန့် ထုပ်တဲ့ဖက် ကရင်လို သာပ်ုယုင့်လး (သာပယုန့်လား)
Photo Poisonous Flower

ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်

By မင်းစိုးစံ

July 14, 2013 Sunday

ကရင့်ရိုးရာ ဟာသပုံပြင်လေးတွေ ရေးမယ်ရေးမယ်ပြောပြီး မရေးဖြစ်ခဲ့ဘူး။ အခုတော့ တကယ်ကို မဖြစ်မ
နေ ရေးတော့မယ်ဗျာ။ ကဒတ်မုန့်နဲ့ ဆိုင်တဲ့ဟာသပုံပြင်လေးပါ။ တချို့တော့ ကဒတ်မုန့်စားဘူးကြပါလိမ့်
မယ်။ တချို့ကျတော့ စားဘူးကြမယ်မထင်ဘူး။

မုန့်တွေထဲမှာ ကျုပ်ကြိုက်တာက မုန့်စိမ်းပေါင်း၊ ကောက်ညှင်းငချိတ်နဲ့ ကဒတ်မုန့် ပေါ့ဗျာ။ ဘာဖြစ်လို့လဲ
ဆိုတော့ သူတို့အားလုံးမှာ အုံးသီးတွေပါတာကြောင့်ဖြစ်ပါတယ်။ မုန့်တစ်မျိုးနဲ့တစ်မျိုး အရသာချင်း မတူ
တာအားလုံးအသိပါ။

သူတို့မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ ဆန်၊ ကောက်ညှင်း၊ ထန်းလျက်၊ အုန်းသီး၊ နှမ်းထောင်း၊ ဆား။
စသည်ဖြင့်ပေါ့လေ။
မုန့်စိမ်းပေါင်းဆိုလျင် ဆန်၊ ထန်းလျက်၊ နှမ်းထောင်း၊ အုန်းသီး။
ကောက်ညှင်းပေါင်းကျတော့ ကောက်ညှင်း၊ နှမ်းထောင်း၊ ဆား၊ အုန်းသီး။
ပဲကြိုက်တဲ့လူတွေဆိုလျင်တော့ ပဲလေးဘာလေးနဲ့ထည့်ပေါင်းတာပေါ့ဗျာ။ ပဲများလျင်တော့မကောင်းဘူး။
အပျိုကြီး လူပျိုကြီး ဖြစ်တတ်တယ်။

မုန့်စိမ်းပေါင်းမှာ အဖြူထည်နဲ့ အညိုထည်ဆိုပြီး နှစ်မျိုးရှိတယ်၊ အဖြူထည်ဆိုတဲ့အတိုင်း အချိုတွေမပါဘူး။
ဆန်သားအတိုင်းပဲ၊ ဘာအရသာမျှမရှိဘူး။ အညိုထည်ဆိုတာကျတော့ ထန်းလျက်ပါတော့ ချိုတာပေါ့ဗျာ။
အုန်းသီး နဲ့ နှမ်းထောင်းလေးဖြူးပြီး စားကြည့်လိုက်စမ်းပါ။
ကောက်ညှင်းပေါင်းလည်း အဲဒီအတိုင်းပဲ။ အငွေ့တထောင်းထောင်းထနေတဲ့ ကောက်ညှင်းပေါင်းပူပူနွေးနွေး
လေးကို အုန်းသီးခြစ်သားနဲ့ ဆားလျောထားတဲ့နှမ်းထောင်း လေးကိုဖြူးပြီး ရေနွေးကြမ်း(အဖန်ရည်)လေးနဲ့
သာဆို ဘယ်ပြောကောင်းလိုက်မလဲ။

ကျုပ်သတိထားမိတာတခုရှိတယ်ဗျ။ ကျုပ်တို့ငယ်ငယ်တုန်းကပေါ့နော် အခုလိုပလပ်စတစ်အိတ်တွေမသုံး
ကြဘူး၊ ဖက်ကလေးတွေ သုံးကြတယ်။ မုန့်စိမ်းပေါင်းဆိုလျင် ငှက်ပျောရွက်လေးနဲ့။ ကောက်ညှင်းပေါင်းကို
ကျတော့ မြယာရွက်ကလေးတွေနဲ့ ထုတ်ပေးထည့်ပေးတတ်ကြတယ်။ မွှေးလိုက်တဲ့ဖြစ်ခြင်း။

 မြယာရွက် ကလေးတွေပါ
Photo from
https://www.facebook.com/media/set/?set=a.393807657399756.1073741951.
320402094740313&type=3

ရေးမယ်ပြောတာက ကဒတ်မုန့်ပုံပြင် ရေးနေတာက မြယာရွက် ငှက်ပျောရွက်မုန့်စိမ်းပေါင်း ကောက်ညှင်း
ပေါင်း အကြောင်းတွေဖြစ်ကုန်လို့ စိတ်ပျက်မသွားလိုက်ပါနဲ့။ ရေးမှာပါ တကယ်ကို ရယ်(ရီ)ရမယ့်ကရင်
ပုံပြင်ပါ။

စောစောတုန်းကပြောခဲ့တဲ့ မုန့်စိမ်းပေါင်းကို ငှက်ပျောရွက်၊ ကောက်ညှင်းပေါင်းဆို မြယာရွက် အဲဒီလိုထုပ်
ပေးထည့်ပေးတတ်ကြသလို ကဒတ်မုန့်ကိုလည်း ကရင်လို သာပ်ုယုင့်လး (သာပယုန့်လား) လို့ခေါ်တဲ့အ
ရွက်နဲ့ထုပ်ပြီးပေါင်း ရတယ်ဗျ။ ဗမာလိုတော့ ဘယ်လိုခေါ်သလဲ ဆိုတာတိတိကျကျမသိဘူး။ သူ့အသီးကျ
တော့ ချဉ်လိုက်ပုံများ ဘာအသီးနဲ့မျှ မတူအောင်ကို ချဉ်တာ။

ကျုပ်တို့ကရင်ပြည်နယ်ဘက်မှာဆို အောတိုက်ပဲ။ ချောင်းရိုးလေးတွေမှာ ပေါက်တတ်ကြတယ်။ နွေရာသီမှာ
အသီးတွေမှည့်တယ်။ သူ့အသီးမှည့်တော့ အရောင်က အမဲရောင် သပြေသီးမှည့်လိုလိုပေါ့။ အသီးရင့်နေ
တဲ့အချိန်က အနီရောင်၊ သီးကင်းရဲ့အရောင်က အစိမ်းရောင်။ နွယ်ပင်လိုမျိုး။ အပင်ကြီးလျင် ဒါန်းလိုလွှဲပြီး
စီးလို့ရတယ်။

ကျုပ်တို့ငယ်ငယ်တုန်းကတော့ ချောင်းရိုးထဲမှာ ရေချိုးရင်း ချမ်းလာလျင် ကုန်းပေါ်တက် နေဆာလှုံရင်း
အသီးကိုစားလိုက် ရေထဲခေါင်းစိုက်ချလိုက်နဲ့။ မျက်လုံးတွေဆို နီနေတာ။
အိမ်ပြန်ရောက်လျင် သိတဲ့အတိုင်းပေါ့၊ အမေလိုက်ရိုက်လို့ ရွှေပန်းတွဲလောင်းတွဲလောင်းနဲ့ အိမ်ကိုပတ်ပြေး
နေရတာနဲ့ ရေချိုးရတာ ကာတောင်မကာမိဘူး။
ရေနစ်သေလျင် ဘယ်လိုလုပ်မတုန်း။
နွားတွေ သူများစပါးသွားစားလျင် ဘယ်လိုလုပ်မတုန်း။
စသည်ဖြင့်ပေါ့လေ။ အဆူခံရတာ။

အဲဒီအရွက်ကို နွယ်တန်းရွက်လို့ပဲ နာမည်ပေးလိုက်မယ်ဗျာ။ အရွက်က ကျယ်သား။ ကန်တော့လိုလုပ်ပြီး
ကဒတ်မုန့်ကို ထည့်ရတယ် ပြီးတော့ပေါင်းအိုးနဲ့ ပေါင်းရတယ်။

ကရင်လို ထေံထီၟ (ကဒတ်ဥ)

Photo Poisonous Flower

ကဒတ်မုန့်ဆိုလိုက်လို့ ကဒတ်ဥသက်သက်မဟုတ်ဘူးနော် ဆန်မှုန့်ပါတယ်။ ဆန်မှုန့်မပါလို့ မဖြစ်ဘူး။ က
ဒတ်ဥက ချွဲပြစ်တဲ့အမျိုးအစားလေဗျာ။ ပြီးတော့ ကြံသကာ အုန်းသီးစိပ်ကလေးတွေထည့်ရတယ်။ ကဒတ်
ဥနဲ့ဆန်မှုန့်ကို အချိုးအစားဘယ်လောက်ထည့်ရမလဲ ဆိုတာတော့ ကျုပ်လည်းမသိဘူး။ ဘယ်လောက်အ
ထိချွဲသလဲဆိုလျင် ကရင်ထီးနဲ့ ဗမာမ အိမ်ထောင်ကျတော့ ဗမာမ က ကရင်ထီးနေတဲ့ရွာကို လိုက်နေသ
တဲ့။ အဲဒါ သူ့ဇနီးချောကို ကဒတ်ဟင်းချက်ဘို့ မှာပြီး ကိုယ်တော်ချောက လယ်ထဲဆင်းသွားသတဲ့။
နေ့လည်စာ ထမင်းလာမပို့တဲ့အပြင် ညနေယာထဲကနေ အိမ်ကိုပြန်ရောက်လာတာတောင် မရွှေချောခမျာ
ကဒတ်ဥကိုရေဆေးနေတာ မပြီးသေးဘူးဆိုပဲ။ အဲဒါက ဗမာမ ကရင်ထီးရွာမှာအဆင်မပြေတာလေးကို
 ပြောပြတာ။

ကရင်ထီးတစ်ယောက် ဗမာမရဲ့ဒေသမှာ အဆင်မပြေတာလည်းရှိသေးတယ်။ ကရင်ထီးက တောသူဌေး
လေး။ ဗမာမကလည်း မြို့နေလူလတ်တန်းစားပေါ့။ အဲဒီလိုနဲ့ ညဘက်ရောက်တော့ ဗမာစကားမတတ်တဲ့ ကရင်ထီး အခင်းကြီးသွားချင်သတဲ့။ သူ့ဇနီးကိုသူ ဗမာလိုပြောလိုက်ပုံ က မိန်းမရေ အိုက်မယ် တဲ့။
အိုက်မယ်ဆိုတော့ အိပ်မယ်ပေါ့ဗျာ။
သူ့ဇနီးကလည်း မွှေ့ယာခင်းပေးလိုက်တာပေါ့၊ အဲဒါကိုမြင်တဲ့ကရင်ထီးက ဟား ဗမာတွေ အိမ်သာတက်တာ တယ်အဆင့်မြင့်ပါလား လို့ တွေးပြီး မွှေ့ယာပေါ် မှာ အခင်းကြီးစွန့်ချလိုက်ပါလေရောတဲ့။

ကဒတ်ဥဘက်ဆက်ကြစို့။ ကဒတ်ဥဆိုတာမျိုးက မိုးရာသီမှာပေါ်တဲ့ ရာသီစာဖြစ်တော့ ကျုပ်တို့ကရင့်ရိုးရာ
ပွဲတော်တခု ဖြစ်တဲ့ ၀ါခေါင်လပြည့်နေ့ ခြည်ဖြူဖွဲ့တဲ့ပွဲမှာ ကောက်ညှင်းဖင်ချွန်တွေလိုပဲ ကဒတ်မုန့်ကို ထည့်
လေ့ရှိပါတယ်။
ကဒတ်မုန့်ရဲ့အရသာဟာ မုန့်ကျွဲသဲတို့ မုန့်စိမ်းပေါင်းတို့ထက်မပိုနိုင်ဘူးဆိုလျင်တောင် မလျှော့ပါဘူး၊ စားဘူး
သူတိုင်းအသိပါ။

လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြရတဲ့ ကရင်တွေရဲ့ဓလေ့အတိုင်း နေထွက်ကနေ နေ၀င်တဲ့အထိ လယ်
ယာမြေထဲမှာ အချိန်ကုန်နေကြရတော့ အပျိုကာလသမီးနဲ့ လူပျိုကာလသားတို့ဟာ ညဘက်ကျမှ တွေ့ ခွင့်ရှိကြပါတယ်။
လယ်ခင်းတွေကနေ ပြန်ရောက်ပြီဆိုတာနဲ့ ရေမိုးသန့်စင် ညနေစာစားသောက်ပြီးတာနဲ့ တခြား အလုပ်တွေ
ဖြစ်တဲ့ နှီးဖြာတဲ့အလုပ်လေးတွေ။ စုတ်ပြဲနေတဲ့ အ၀တ်တွေချုပ်တန်ချုပ် ဖါထေးတန်ဖါထေးပေါ့။ အိမ်ရှေ့မှာ
အဲဒီလိုအလုပ်လေးတွေလုပ်ရင်း လူပျိုကာလသားတွေအတွက် ကျောက်ပျဉ်၊ မန်ကျည်းခေါက် ဒါမှမဟုတ် ဥသျှစ်ခွံ။ ဆေးသေး၊ ဘန့်ပွေးရွက်တွေနဲ့ တည်ခင်းထားပြီး လူပျိုကာလသားတွေကို မျှော်နေတယ်ပေါ့ဗျာ။
တခုသောအပျိုလေးရဲ့အိမ်မှာတော့ စောစောတုန်းကပြောခဲ့တဲ့ ဧည့်ဝတ်ပြုတဲ့ ပစ္စည်းတွေအပြင် ကဒတ်မုန့်
ပါ လုပ်စားကြသတဲ့။

အတော်ကလေးနေတော့ လူပျိုကာလသားတစ်ယောက် ပေါက်ချလာပါရောတဲ့။ ကောင်မလေးက ဆေး
သေးတွေ ဘန့်ပွေးဖက်တွေထည့်ထားတဲ့ အသေးစားပုလိုင်းလေးကို ကောင်လေးဘက်ရွှေ့ပေးပြီး မီးဖိုခန်း
ထဲက ကဒတ်မုန့်ကို ယူလာပေးသတဲ့။ ပြီးတော့ ဒေါင်းလန်းထဲက အငွေ့တထောင်းထာင်းနဲ့ ပူပူနွေးနွေးက
ဒတ်မုန့်တွေကို စားဘို့ပြောသတဲ့၊ ကောင်လေးက ပဲများနေတာပေါ့ဗျာ။ ကဒတ်မုန့်ကမွှေးကြိုင်နေတာဆိုတော့ စားချင်စိတ်ကိုအောင့်အည်းရင်း ဘန့်ပွေးရွက်ကိုယူ။
ဆေးသေးထည့်လိပ်။
ပြီးတော့ ဆေးလိပ်မီး ညှိမလိုလုပ်ပြီး မီးခွက်ကိုမှုတ်ပစ်လိုက်ပါရော။

ချက်ခြင်းဆိုသလို ကောင်မလေးကလည်း မီးငြိမ်းသွားတဲ့မီးခွက်ကိုယူပြီး မီးဖိုခန်းထဲမှာ မီးပြန်ထွန်းဘို့ လုပ်
နေတုန်း ကောင်လေးဟာ ကဒတ်မုန့်တွေကို ခါးပုံစထဲထည့်ရင်း ပြန်တော့မယ်နော် လို့ ကောင်မလေးကို
နှုတ်ဆက်ပြီး ကမန်းကတန်းနဲ့အိမ်ပေါ်ကအဆင်းမှာ လှေကားထိပ်နဲ့လုံချည်စ ညိမိလို့ အိမ်အောက်ကို ခွေး
ကျ ကျသွားပါလေရောတဲ့ဗျာ။

မီးဖိုခန်းထဲကနေ မီးခွက်ထွန်းပြီးပြန်လာတဲ့ မိန်းကလေးက ကောင်လေးကို စိုးရိမ်စိတ်ကလေးနဲ့ မီးလေးတ
ပြပြလုပ်ရင်း ဘာဖြစ်သွားသေးလဲ လို့မေးလိုက်တော့ အိမ်အောက်ကကိုယ်တော်ချော ပြောလိုက်ပုံက
ကျုပ်ကတော့ ဘာမျှမ ဖြစ်ပါဘူးဗျာ။ ဒါပေမယ့် ကဒတ်မုန့်တွေကတော့ ပြားနေတာပဲ တဲ့။

 ဓါတ်ပုံပေးပို့သော Poisonous Flower အား အထူးကျေးဇူးတင်ပါသည်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)