• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, July 25, 2013

ခေါ်ရင်သွား ခိုင်းတာလုပ် ခံမပြောနဲ့ ခွေးဖြစ်သွားမယ် ဆိုတဲ့ မြန်မာပြည်


ခေါ်ရင်သွား ခိုင်းတာလုပ် ခံမပြောနဲ့

ခွေးဖြစ်သွားမယ် ဆိုတဲ့ မြန်မာပြည်

July 25, 2013

By မောင်ချစ်(သူရဲသမိန်)

အင်္ဂလန်နိုင်ငံပရီးမီးယားလိ(ဂ်) ထိပ်တန်းဘောလုံးကလပ်အသင်းများသည် အရှေ့တောင်အာရှနိုင်ငံများ
သို့ ခြေစမ်းပွဲများနှစ်စဉ်လာရောက်ကစားလေ့ရှိသည်။

၂၀၁၃ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့က ဒွန်မောင်းလေဆိပ်သို့ရောက်ရှိလာသော မန်ချက်စတာယူနိုက်တက်
အသင်းကို “ထိုင်း” ပြည်သူပရိဿတ် ရာပေါင်းများစွာက ကြိုဆိုကြသည်။
မန်ယူအသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆစ်ဒနီ ယိုကိုဟားမား အိုဆာကာနှင့် ဟောင်ကောင်သို့ ခ
ရီးဆက်၍ခြေစမ်းပွဲများကစားမည်ဖြစ်သည်။
တဖန်ဇူလိုင်လ ၁၂ရက်နေ့က ထိုင်း နိုင်ငံမှပရိဿတ်သည် ချဲလ်ဆီးဘောလုံးအသင်းကို သုဝဏ္ဏဘူမိလေ
ဆိပ်တွင် လာရောက်ကြိုဆိုနှုတ်ဆက်ကြသည်။
ချဲလ်ဆီးအသင်းသည် ဇူလိုင်လ ၁၇ရက်နေ့တွင် ဘန်ကောက်မြို့၌ ရာဓမင်္ဂလာကွင်းတွင် Singha All Star
အသင်း၊ ဇူလိုင်လ ၂၁ရက်တွင် မလေးရှားနိုင်ငံ ကွမ်လာလာမ်ပူမြို့၌ Malaysia XI အသင်း ဇူလိုင်လ၂၅
ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် BNI INDONESIA ALL STAR အသင်းများနှင့်ခြေစမ်း
ကစားမည်ဖြစ်သည်။

အားကစားဆောင်းပါး ရေးနေသည်မဟုတ်ပါ။
အထက်ဖော်ပြပါသတင်းများ ကိုဖတ်ပြီး စိတ်မကောင်း၍ ဒီဆောင်းပါး ကိုရေးမိပါသည်။ ဘာကြောင့်စိတ် မ
ကောင်းဖြစ်ရပါသနည်း။ရှင်းပါမည်။

မြန်မာနိုင်ငံဘောလုံးအသင်းသည် တစ်ချိန်က အရှေ့တောင်အာရှကို အသာထား အာရှမှာပင်ထိပ်တန်း
ရောက်ခဲ့ဖူးသည်။ အရှေ့တောင်အာရှ၊ မာဒေးကား၊ ပတ်ချွန်ဂီးဖလားပြိုင်ပွဲများတွင် မြန်မာအသင်းက အ
ကြိမ်ကြိမ်နိုင်ခဲ့ဖူးသည်။ အာရှိတိုက်တစ်တိုက်လုံး၏ ဘောလုံးချန်ပီယံအဖြစ် ဖလားနှစ်ကြိမ်ရခဲ့ဖူးသည်။
အီရန်နိုင်ငံနှင့် ပူးတွဲချန်ပီယံတစ်ကြိမ်ရခဲ့ဖူးသည်။

“မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ” အစ,ချီ သီချင်းသံသည် သောသောညံခဲ့ဘူးသည်။
“တိုင်းပြည်ကပေးအပ်လိုက်တဲ့ တာဝန်များကို ကျေပြွန်ပါသည်.. တကယ့်ကိုကျေပြွန်သည်..
သောင်းသောင်း ဖျဖျကြိုဆိုလို့အတည် ပြည်သူများ ဂုဏ်ပြုကြပါသည်..”
ရင်ကိုရိုက်ခတ်သွားသော သီချင်းစာသားများဖြင့် သံပြိုင်ဟစ်ကြွေးခဲ့ဖူးပါသည်။

“အာရှချန်ပီယံ တို့ဗမာ” သီချင်းဖြင့် ဂုဏ်ယူဝံ့ကြွားခဲ့သော ကာလ,များကိုမေ့ပျောက်လို့မရနိုင်ခဲ့ပါ။ အမြဲ
တမ်းသတိရ,နေမိသည်။ သို့သော်လည်း…သို့ပါသ်ာလည်း နိုင်ငံတော် အာဏာအသိမ်းခံရပြီး နောက်ပိုင်း၊
ပြည်သူပိုင်တွေသိမ်းပြီး နောက်ပိုင်း၊ စစ်အုပ်ချုပ်ရေးကာလ,များနောက်ပိုင်း၊ ငြိမ်ဝပ်ပိပြားအောင်ဖိနှိပ် အုပ်
ချုပ်ခံရပြီးနောက်ပိုင်း၊ အကြောက်တရားအောက်မှာ ပိပြားအောင်နေထိုင်ခဲ့ရပြီး နောက်ပိုင်းမှာ အဖက်ဖက်
က အောက်တန်းကျခဲ့ရပါပြီ။

ဘောလုံးသာမက အားကစားနည်းမျိုးစုံ ပြစရာမရှိအောင် အောက်ကျခဲ့ပါပြီ။ တစ်ချိန်က,အောင်မြင်မှုအရှိန်
လေး၊ အထိုက်အလျောက် အငွေ့အသက်လေးကျန်နေချိန်မှာ တက်လူတိုက်၊ အောင်မြစ်မှုတစနှစ်ကို အ
ဟုတ်ကြီး ထင်ကြီးထင်ပြီး “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်” ဆိုသောဆောင်ပုဒ်ကို မရှက်မ
ကြောက် ထ,အ်ာသူက အော်လိုက်သေးသည်။ အားလုံးဗုံးဗုံးကျခဲ့ပါပြီ။

တစ်ချိန်က အိမ်နီးနားချင်းတွေ မော်မကြည့်ဝံ့အောင် လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သော မြန်မာနိုင်ငံ
အားကစားသည် ခုတော့ သူတို့ကိုမော်ကြည့်ရန် မ၀ံ့မရဲဖြစ်ခဲ့ရပါပြီ။ တကယ်အောင်မြင်ခဲ့တာဟုတ်ရဲ့လား။
အဘရယ်လို့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့မေးလာမည့် လူငယ်တွေကို ရှင်းပြဖို့ခက်ပါသည်။ ရွှေထီးဆောင်းခဲ့
တဲ့ရွှေခေတ်ကို လွမ်းနေမိသည်။ လွမ်းစရာတွေ ဖြစ်ကုန်ပါပြီ။ ဘာကြောင့်ဒီလိုဘ၀မျိုးရောက်ကုန်တာလဲ။
ဘယ်သူတွေမှာတာဝန်ရှိမလဲ။ ယနေ့လူငယ်တွေမေးလာရင် ဘယ်လိုဖြေရမည်မသိ။ အဖြေခက်လှသည်။

မြန်မာနိုင်ငံထက် (၁၀)နှစ်ကျော်နောက်ကျပြီး လွတ်လပ်ရေးခဲ့သော စင်္ကာပူနိုင်ငံ၊ ကျွန်းနိုင်ငံ၊ ဘာပစ္စည်း
ထုတ်ကုန်မှ မရှိသောနိုင်ငံ၊ ဒီနေ့သူတစ်ပါးနိုင်ငံကနေ ရေ၀ယ်သောက်နေရသောနိုင်ငံ၊ ဘာသာစကားမရှိ
သောနိုင်ငံ၊ ကိုးကွယ်သည့်ဘာသာ မရှိသောနိုင်ငံ၊ လူမျိုးမရှိသော နိုင်ငံ၊မြို့တ်ာသည် တိုင်းပြည်၊ တိုင်းပြည်
သည် မြို့တော် အခြားမြို့ပြ၊ မြို့နယ် ကျေးရွာမရှိသော စင်ကာပူနိုင်ငံ။

၁၉၅၉ခုနှစ် စင်္ကာပူနိုင်ငံ၏ အကြိုလွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားတွင် စင်္ကာပူအမျိုးသားခေါင်း
ဆောင်ကြီး “လီကွမ်ယူ” က မိန့်ခွန်းတစ်ခုမှာ သူ့ ပြည်သူတွေကို
“ကျွန်တော်တို့ အစွမ်းကုန် ညီညီညွတ်ညွတ်ကြိုးစားကြရင် နောင် ၁၀နှစ်ကြာတဲ့အခါ မြန်မာနိုင်ငံကိုမီစေ
ရမယ်။ ကြိုးစားကြပါ”
လို့ကြိမ်းဝါးပြီး မိန့်ခွန်းပြောခဲ့ဖူးတယ်။ နောင် ၁၀နှစ်ဆိုတော့ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ပေါ့။

မြန်မာနိုင်ငံကိုအတုယူတဲ့အနေနဲ့ စင်ကာပူနိုင်ငံမှာရန်ကုန်လမ်း၊အကီလေး လမ်းဆိုပြီး ဂုဏ်ပြုမှည့်ခေါ်ခဲ့
တာ။ ယနေ့ တိုင်တွင်ဆဲပါ။ သူတို့ခေါင်းဆောင်ကြီး လီကွမ်ယုပြောဆိုကြိမ်းဝါးခဲ့တဲ့အတိုင်း သူတို့ကြိုးစား
လိုက်ကြတာ ခုတော့ အာရှမှာ ကျားတစ်ကောင်အဖြစ်ထင်ရှားခဲ့ပါပြီ။
သယံဇာတ,တွေပေါကြွယ်ဝ,တဲ့ မြန်မာနိုင်ငံဟာ ဆင်းရဲမွဲတေဆုံးနိုင်ငံစာရင်းဝင်ခဲ့ပြီ။ ဘာသယံဇာတ,မှ မ
ထွက်ပဲ၊ နိုင်ငံခေါင်းဆောင်တွေရဲ့ ဦးနှောက်နဲ့ရင်းခဲ့တဲ့ စင်ကာပူနိုင်ငံက ကမ္ဘာမှာရှေ့ရောက်နေခဲ့ပြီ။ သူတို့
နဲ့ဘာကွာသလဲ။ စဉ်းစားကြည့်ပါ။ သူတို့က,အာရှမှာ ကျားတစ်ကောင် ဖြစ်ခဲ့သလို တို့များလည်း အာရှမှာ
ဖွတ်ကျားတစ်ကောင်ဖြစ်ခဲ့ရပြီ။ ရင်နာစရာ အဖြစ်တွေပေါ့။

သူတို့က,ပညာနဲ့ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်ခဲ့ကြတယ်။ တို့များလည်း ပညာရေးမှာအောက်ကျ
ခဲ့သလား။ ပညာရေးနဲ့ပတ်သက်ပြီးပြောရရင် အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ကြီးဟာ အကောင်း
ဆုံးတက္ကသိုလ် ဖြစ်ခဲ့ဖူးတယ်။ ပညာသင်ကြားရာမှာလည်း အင်္ဂလန်နိုင်ငံတက္ကသိုလ်များအတိုင်း စည်းစနစ်
တကျသင်ကြားပို့ချခဲ့တယ်။ နိုင်ငံခြားကျောင်းသားများကိုပင် လက်ခံသင်ကြားပေးခဲ့ဖူးတယ်။

ထိုင်း၊ စင်ကာပူ၊ မလေးရှားလူမျိုးတွေ ရန်ကုန်တက္ကသိုလ် မှာပညာသင်ကြားဘွဲ့ရပြီး သူတို့နိုင်ငံတွေမှာ
အောင်မြင်တဲ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ကြတယ်။
သူတို့နိုင်ငံမှာ လ,စာကောင်းကောင်း ရ,တဲ့ ၀န်ထမ်းတွေဖြစ်လာကြတယ်။

အသက် ၈၃နှစ်ရှိပြီး ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဝန်ကြီးက ပြောဖူးတယ်။
၁၉၇၆ခုနှစ် ဆေးတက္ကသိုလ်အောင်ထားသူ တစ်ယောက်ဟာ အင်္ဂလန်ဆေးကောင်စီမှာ ခု၂၀ပေါင်သွင်းပြီး
မှတ်ပုံတင်ရင် ဘာစာမေးပွဲမှမလိုဘဲ၊ ကမ္ဘာအဆင့် အသိအမှတ်ပြုခံရသတဲ့။
ကဲ ဒီနေ့ မြန်မာနိုင်ငံကဆေးတက္ကသိုလ်အောင်လာသူတွေကို သူတို့ ဘယ်လိုသဘောထားလဲ။
စာမေးပွဲမဖြေဘဲ၊ အသိအမှတ်ပြုကြရဲ့လား။ မြန်မာနိုင်ငံရဲ့ဘွဲ့တွေကော ပြင်ပ,နိုင်ငံတွေမှာ ၀င်ဆံ့နိုင်ရဲ့လား။
၁၉၆၂ခုနှစ်က ၂၀၁၀ခုနှစ်ထိ နှစ်ပေါင်း ၅၀လောက် အမှာင်ကျခဲ့တယ်။ ပညာတတ်တွေ နေရာမရ,ခဲ့ဘူး။ မိုးကျရွှေကိုယ်တွေသာ နေရာရ,ခဲ့တယ်။ ခေါင်းဆောင်ကြီးတွေက“ခ”လေးလုံးစနစ်ကို ကျင့်သုံးလာခဲ့တယ်။

“ခ”လေးလုံးစနစ်ဆိုတာ
ခေါ်ရင် သွား။
ခိုင်းတာ လုပ်။
ခံမပြောနဲ့။
ခွေးဖြစ်သွားမယ် ဆိုတဲ့စနစ်ပေါ့။

အဲဒီတော့ လက်ညှိုးထိုးထောင် ခေါင်းညိတ်တွေ နေရာရ,လာတယ်။ ခေါင်းဆောင်ဖြစ်လာတယ်။ ပညာ
တတ်တွေ ဖယ်ရှားခံလာရ,တယ်။ တသွေး တသံ တမိန့် ကစ,ပြီး အာဏာရှင်စနစ်ရောက်သွားမယ်။ စီပွား
ရေးစနစ်တွေ အတည်တကျမရှိဘဲ ပါမစ်ရောင်းစားတဲ့ ခရိုနီစီးပွားရေးစနစ်ကြီး ခေါင်းထောင်ထ,လာတယ်။ အလုပ်အကိုင်အခွင့်လမ်းတွေ မရှိသလောက်ရှားပါးလာပြီး တပည့်မွေး၊ ဆရာမွေးစနစ်ကြီး ထွန်းကားလာခဲ့
တယ်။
ပညာရေးစနစ်ကလည်း အဝေးသင် အနီးသင် သုံးလနဲ့ တစ်နှစ်စာမေးပွဲစစ်၊ ဒီလိုနဲ့ ဘွဲ့ရ,ပညာမတတ်တွေ ပေါများလာခဲ့တယ်။

လာဘ်ပေးလာဘ်ယူနဲ့မှ လုပ်ငန်းတွေအောင်မြင်လာတော့ ၀န်ထမ်းတွေ အကျင့်ပျက်လာတယ်။ ရုံးတွေ
ဆေးရုံတွေ သွားရင် အချိန်တွေကုန်ပြီး အလဟ,သ,ငွေတွေကုန်ကြရတယ်။
“ကူညီပါရစေ၊ပြည် သူ့အတွက်” ဘာညာဆိုင်းဘုတ်တွေရေးထားကြပေမယ့် “လာဘ်ပေး ရန်မလို” ကျင့်
စဉ်တွေဖြစ်လာတယ်။ ပြည်ပ,ပို့ကုန်တွေ နာမည်ရ,ခဲ့တယ်၊ ရွှေကျီးနိုင်လွန်၊ ဘံသအေးနိုင်လွန်၊ တယော
စွပ်ကျယ်၊ ကြက်ဆင်ဖဲထီး ဆိုတာတွေ ပြင်ပ,နိုင်ငံတွေကို ပို့နိုင်သည်ထိ အောင်မြင်လာခဲ့တယ်။ အမှောင်
ခေတ်မှာသိန်းပေါင်းများစွာယက်ထုတ်နေတဲ့ ချည်ထည်ပွင့်ရိုက်တွေ၊ သိန်းချီထုတ်ခဲ့တဲ့ စက်ဘီးတွေ ဘော
လုံးတွေ ဘယ်နိုင်ငံကို ပို့သလဲတော့မသိဘူး။ ပြည်တွင်းမှာပြည်သူတွေအသုံးပြုတာလဲမတွေ့မမြင်ရဘူး။

အောင်မြင်လှချည်ရဲ့ ဆိုတဲ့“၀င်းသူဇာ” ဆိုင်တွေကို ရောက်ဖူးကြသလား၊ ပစ္စည်း ၀ယ်ဖူးကြသလား၊ ပြည်
တွင်းဖြစ်မက်စရာ ဘာတွေရနိုင်သလဲ။ တစ်ချိန်က မြန်မာနိုင်ငံမှာ(ကန်တော့ပါရဲ့)မစင်လာသိမ်းတဲ့ နိုင်ငံခြား
သားတွေ ရှိခဲ့ဖူးတယ်။ မြန်မာတွေ ဘယ်လောက်ဆင်းရဲပါစေ။ ဒီအလုပ်မလုပ်ကြဘူး။ သခင်မျိုးဟေ့ တို့ဗ
မာ၊ မစင်ကြုံးတဲ့ တို့မြန်မာ။ ခုတော့ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံတွေမှာ ရရာအလုပ်၊ သူတို့ နိုင်ငံသား
တွေမလုပ်တဲ့အလုပ် သွားလုပ်နေရပြီ။ တည့်တည့်ပြောရရင် ကျွန်ခံနေကြရပြီ။ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်
သွားပြီ။ လူကုန်ကူးခံရတဲ့ မြန်မာသမီးပျိုလေးများရဲ့ ဒုက္ခက ရင်ထုမနာဖြစ်နေရပြီ။
ခုမှထ,အော်နေကြတယ်

တစ်ချိန်တုန်းကတော့ မြန်မာအမျိုးသမီးငယ်တွေ ရ,ရာအလုပ် ပိုက်ဆံများများရ,မယ့်အလုပ်ကို အသာငမ်း
ငမ်းဖြစ်ရာက ငွေများများရ,မယ့် ပြည်ပ,နိုင်ငံတွေကို အားကိုးလာကြတယ်။ ဒီလိုက ဒီစဉ်ကနေ ရောင်းစားခံ
ခဲ့ကြရတယ်။ လူကုန်ကူးခံကြရတယ်။ ကိုယ့်ကိုရောင်းစားလို့မှ ရာင်းစားမှန်းမသိတဲ့ ဘ၀တွေနဲ့ ဒုက္ခဆင်းရဲ
တွင်းကျခဲ့ကြရတယ်။ အရှင်လတ်လတ် ငရဲခံနေကြရတယ်။
လွတ်လပ်ရေးရပြီးသည်က စ,တဲ့ပြည်တွင်းစစ်တွေဟာ ကြီးထွားလာလိုက် သေးငယ်သွားလိုက်၊ အပြီးအ
ပိုင်ပျောက်ထွက်တဲ့ခေတ်ကို မရောက်နိုင်ခဲ့ဘူး။ ပယောဂဆရာ တစ္ဆေမွေးထားသလို အုပ်ချုပ်ရေးစနစ်
ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ ပျက်ခဲ့ရပြီ ယုံကြည် မှုတွေလျော့နည်းခဲ့ကြပြီ။ ကျေးလတ်
နေပြည်သူတွေ ပြည်တွင်းစစ်ကြောင့်နှစ် ပေါင်း၆၀ကျော် ဒုက္ခပင်လယ်ဝေခဲ့ပြီ။ တိုင်းရင်းသားပြည်သူ စစ်
ပြေးဒုက္ခသည်တွေ သိန်းချီရှိနေပြီ။ လူ့ဘ၀,တစ်လျှောက်လုံး စစ်ပြေးဒုက္ခသည်စခန်းမှာ အချိန်ကုန်ခဲ့ရပြီ။
ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး ဘယ်နယ်ပယ်မှာမှ ၀င်ဆံ့ခွင့်မရရှာကြဘူး။

လူ့ဘ၀ကို ဘာလာလုပ်မှန်းမသိ။ အရွယ်မရောက်မီ ဘယ်ကပစ်လိုက်တဲ့ ကျည်ဆံ မှန်းမသိဘဲ လူ့ဘ၀,က
ပြန်ထွက်သွားရတဲ့ကလေးတွေရဲ့ ရင်နာစရာဘ၀တွေ များစွာရှိခဲ့ပြီ။ စားရမဲ့၊ သောက်ရမဲ့ စစ်ဘေးကြာင့်
ပြေးလွှားနေရတဲ့ ဘိုးဘွားတို့ နေ၀င်ချိန်က ရင်လေးစရာဖြစ်ရပြီ။

အရှေ့တောင်အာရှတွင်ပထမဆုံး အော်တိုလက်လှည့်ဖုန်း စတင်အသုံးပြုခဲ့သောမြန်မာနိုင်ငံသည် ကမ္ဘာ
တွင်၁၂ခုမြောက် ဖုန်းသုံးသောသောနိုင်ငံအဖြစ်မှတ် တမ်းတင်ခံခဲ့ရပါသော်လည်း ခုတော့ ကျေးရွာ/ရပ်
ကွက် အုပ်ချုပ်ရေးမှူး၊ လူကြီးမင်းများထံတွင် ကိုယ်တိုင်ရေးလျှောက်လွှာ၊ မှတ်ပုံတင်၊ ပြည်ထောင်စုစာရင်း
မိတ္တူတင်ပြ၍ မဲနှိုက်ရသည့်စနစ်မှာကျင့်သုံးဆဲရှိသည်။
သူများနိုင်ငံတွင် တယ်လီဖုန်းသည် လမ်းဘေးတွင် ကွမ်းယာဝယ်သလို အလွယ်တကူဝယ်လို့ရနေပါသည်။

လွတ်လပ်ရေးရပြီး အခြေခံဥပဒေတွေအကြိမ်ကြိမ်ရေးဆွဲခဲ့ပေမဲ့ ယနေ့ထိ တည်ဆဲဥပဒေကို ပြည်သူတွေက
ပြင်မယ်တကဲကဲ လုပ်နေကြဆဲဖြစ်သည်။ ဥပဒေရေးဆွဲရာတွင်လည်း ပြည်သူလိုက်နာနိုင်သောဥပဒေကို
ရေးဆွဲကျင့်သုံးဖို့ လိုပေမည်။

ကူညီထောက်ပံ့မည့်နိုင်ငံတွေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လာနေကြပြီ။
ကြွေးမြီတွေလျော့ချပေးနေကြပြီ။
နည်းပညာအသစ်တွေနဲ့ ရင်းနှီးမြှပ်နှံဖို့လာနေကြပြီ။
ပြည်သူတွေက အစိုးရအပေါ် ယုံကြည်အားကိုးမှုတွေ အပြန်အလှန်ဆောင်ရွက်ကြရန်ပြောဆိုနေကြပြီ။
ယိုယွင်းပျက်ဆီးခဲ့ခြင်းများကို ရေးနေက ဆုံးခန်းတိုင်မည်မထင်။
ပျက်ခဲ့သောဘ၀များကို ပြင်ဆင်နိုင်ဖို့ အစိုးရနှင့် ပြည်သူလက်တွဲညီဖို့လိုမည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန ကလည်း စွမ်းစွမ်းတမံဆောင်ရွက်နေကြပြီ။ ဒါဆိုရင် နောင်နှစ်။ နောင်တစ်နှစ်။ ပြီးတော့ နောက်တစ်နှစ်။ ဘောလုံးအင် အားကြီးနိုင်ငံတွေ အင်္ဂလန်လာ
မလား၊ ဘရာဇီးလ် လာမလား၊ ဂျာမနီ လာမလား၊ ပြင်သစ် လာမလား လာချင်တဲ့နိုင်ငံ လာခဲ့စမ်းပါ။

အရှေ့တောင်အာရှနိုင်ငံများသို့ ခြေစမ်းပွဲလာကစားမယ့် အသင်းတိုင်း ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံ
များနည်းတူမြန်မာနိုင်ငံသို့ ၀င်လာကြမည်။ ခြေစမ်းပွဲကစားကြမည်။သူတို့လာလျှင် မင်္ဂလာဒုံလေဆိပ်မှာ
သူတို့ကို ကောင်းကောင်းကြိုဆိုကြမည်။

ခြေစမ်းပွဲများကစားပြီး သူတို့ပြန်လျှင်
“မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ၊ တိုင်း ပြည်ကပေး..ပေးအပ်လိုက်တဲ့တာဝန် များကို ကြေပွန်ပါမည်။ တကယ့်ကို ကြေပြွန်ပြီး သောင်းသောင်းဖျဖျ သီဆိုလို့အတည် ပြည်သူများဂုဏ်ပြုကြပါမည်”

သီချင်းကိုဆိုပြီး ပြည်တော်ပြန်ဘောလုံးအသင်းများကို ဂုဏ်ပြုလိုက်ပို့ချင်စမ်းပါဘိ။

မောင်ချစ်(သူရဲသမိန်)

Copy from http://www.hotnewsweekly.com/archives/23914