• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 3, 2013

နောက်တရစ် လာပြန်ပြီဟေ့

ကာတွန်း စောငို – ရွှေမန်း၏ ဇာတ်ကွက်များအကြောင်း
Copy from http://moemaka.com/archives/35968 

နောက်တရစ် လာပြန်ပြီဟေ့

July 3, 2013
Wednesday

By မင်းစိုးစံ

ငြိမ်းချမ်းရေးဖေါ်ဆောင်တဲ့နေရာမှာ ငွေကြေး ပစ္စည်းအထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်။
အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်
အဓိက မထားပဲ ပြည်သူ များရဲ့ဘဏ္ဍာ နိုင်ငံရဲ့ဘဏ္ဍာငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင်
ဆောင်ရွက်ဘို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။

ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့မညီလျင် ပြည်သူများရဲ့ ဘ၀ ထိပါးလာလျှင်
သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိလျင်
မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဘို့လည်း
စဉ်းစားသုံးသပ်ကြပါတယ်။

လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နေပြည်တော်က အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအ
ဝေးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တဲ့ စ
ကားဖြစ်ပါတယ်။

သိပ်မှန်တာပေါ့ဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်တော့ ကိုယ့်သဘောပေါ့။ သူများပိုက်ဆံနဲ့ လုပ်ရကိုင်ရတာ
လွတ်လွတ်လပ်လပ် မရှိဘူးလေ။ ထင်သလိုလုပ်လို့မရဘူး။ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးပါ။ ဘယ်နေ
ရာမှာ သုံးခွင့်မရှိဘူး။ ပြီးတော့ တိုးတက်ဖြစ်ထွန်းမှု မရှိလျင် အကူအညီဆက်မပေးဘူး။ ရပ်ထားမယ်။
စတဲ့စတဲ့ စည်းကမ်းချက်တွေရှိနေတော့ နဂိုလ်ကတည်းကမှ ရိုးသားတဲ့စိတ် ဖြူစင်တဲ့ စေတနာ မရှိကြတဲ့
အပြင် ကောင်းရောင်းကောင်းဝယ် လုပ်စားချင်တဲ့စိတ်မရှိတော့၊ အလှူရှင်တွေက စာရင်းလေးဘာလေးစစ်
လိုက်တာနဲ့ သောက်ရှက်ကွဲတော့မှာကိုး။
(အချင်းချင်း မယုံရတာလည်း ပါသလို၊ စားခွက်လုတာလည်း ပါတာပေါ့)

နိုင်ငံတော်ငွေ ပြည်သူ့ဘဏ္ဍာတော် ဆိုတာက ထင်သလိုလုပ်လို့ရတယ်၊ စာရင်းမပြလည်း ဘာမျှမဖြစ်ဘူး။
ဘယ်သူမျှမမေးရဲဘူး။ နိုင်ငံတကာက ပေးတဲ့ပိုက်ဆံကိုယူပြီး ဘယ်နေရာမှာ ဘာတွေလုပ်နေပါတယ်။ တိုး
တက်မှုတွေက ဒါတွေပါ။ ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာတမျိုး၊ ရုပ်သံ တွေနဲ့ တဖုံ၊ သတင်းနဲ့ဂျာနယ်တွေနဲ့က
တနည်း အဲဒီလိုနည်းတွေနဲ့ ပြစားနေတာ။ ဒါပေမယ့် သိပ်တော့အဆင်မပြေလှဘူး။

ပိုက်ဆံပေးတဲ့ လူက ပေးတော့ပေးတယ်၊ မျက်လုံးထောင့်ထောက်ကြည့်နေတော့ တိုင်းရင်းသားလက်နက်
ကိုင် တော်လှန်ရေးအင်အားစုတွေ နဲ့ ကတောက်ကဆ ဖြစ်တာနဲ့၊ ဖြစ်တဲ့ဒေသအတွက် ချပေးတဲ့ငွေ ရပ်
လိုက်တာပဲ။

ထင်ရှားတာက မြိုင်ကြီးငူဒေသ မှာ DKBA နဲ့ BGF တို့ ပစ်လားခတ်လားဖြစ်တော့ DKBA တွေမြိုင်ကြီးငူဒေ
သ က နေထွက်သွားစမ်းဆိုပြီး လေကျယ်လာတော့ DKBA ဘက်ကလည်း ကရင်ပြည်နယ်မှာ ကရင်စစ်
သားတွေနေလို့မရဘူးဆိုလျင်ဘယ်မှာ သွားနေမလဲ ဗမာစစ်သားတွေ ရန်ကုန်တိုင်း မန္တလေးတိုင်း ပြန်ဆို
လျင် ပြန်မလား ဆိုပြီးဟောက်လိုက်တဲ့အတွက် ဒေါသတွေက အထွဋ်အထိပ်ရောက်ကုန်တယ်လေ။
DKBA ဘက်က ကျုပ်တို့ကို ပေးမယ်ဆိုတဲ့ အထောက်အပံ့တွေ ပြန်ပေးပါ ဆိုတော့၊ ဦးအောင်မင်းက နိုင်
ငံခြားကအကူအညီမလာသေးလို့ စောင့်ပါဦး ဆိုပြီးပြောသွားခဲ့ဘူးတယ်မဟုတ်ပါလား။

အဲဒီတော့ တော်တော်လူပါးဝတဲ့ ကရင်တွေလို့ ကြိတ်ပြီးကျိန်ဆဲနေရုံကလွဲပြီး ကြီးကြီးမားမား သိသာထင်
ရှားတဲ့နည်းတွေနဲ့ တိုက်တာခိုက်တာ မလုပ်ရဲရှာဘူး။ မလုပ်ရဲ ဆို ရတဲ့ငွေကလည်း တနင့်တပိုးလေ။
ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ နောက်ပြန်မလှည့်ပါဘူး ဆိုတဲ့ လေလုံးကိုပစ်ပြီး နိုင်ငံတကာ
မှာ လူရာဝင်အောင် ကြိုးစားနေရတဲ့ အချိန်လေဗျာ။

ဒါပေမယ့် ကရင်တွေကိုပါးရိုက်ပြပြီး မင်းတို့ခံဘို့အသင့်ပြင်ထား ဆိုတဲ့ ပုံစံမျိုးနဲ့သူတို့ ဒေါသတွေကို ထွက်
ပေါက်ပေးနေတာမျိုးတော့ ဘိတ် ထားဝယ်ဘက်မှာ တွေ့ရသား။

DKBA က လုပ်လိုက်တဲ့ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဆိုတာကို ဗမာစစ်အစိုးရ
(မြန်မာအစိုးရ) က ကြေနပ်နေမယ်များထင်နေသလား။ ဒီအခမ်းအနားက ချမှတ်လိုက်တဲ့ အချက် ၈ချက်
ဆိုတာကြီးက ဗမာစစ်အစိုးရ အတွက် အလျှံတငြီးငြီးတောက်လောင်နေတဲ့ မီးတောက်ကြီးတွေကို ခေါင်း
ပေါ်တင်ထားရတာထက် ခံရခက်တယ်ဆိုတာကို ၈၈မျိုးဆက်တွေကိုပြန်ပို့တဲ့ကား နဲ့ ကရင်အဖွဲ့ကို ဘမ်း
လိုက်တာက သက်သေပြနေတယ်။
နိုင်ငံတကာက အကူအညီကို လက်မခံခဲ့ဘူးဆိုလျင် ငြိမ်းချမ်းရေးအဖွဲ့ကို သတ်သလို သတ်ပစ်လိုက်မှာများ
၈၈ မျိုးဆက်ဆိုသူတွေပါ မျိုးပြုတ်ကုန်မှာ။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းပြောတဲ့ ဘေးထွက်ဆိုးကျိုးဆို
တာ အဲဒါပဲ။

လက်နက်ကိုင်တော်လှန်ရေးသမားတွေကို လုပ်ချင်သလိုလုပ်လို့မရတဲ့အတွက် ဥပဒေနဲ့မညီလျင် ပြည်သူ
များရဲ့ဘ၀ ထိပါးလာလျင် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ်မပေးနိုင်လျင် ဆိုတဲ့စကားကို
ထည့်ပြောသွားတာဖြစ်ပါတယ်။
ပြည်သူများရဲ့ ဘ၀လုံခြုံရေး ဆိုလို့ပြောရဦးမယ်၊ ကျုပ်တို့ နယ်စပ်ဒုက္ခသည်စခန်းမှာနေခဲ့တုန်းက စခန်းကို
မီးရှို့ခံလိုက်ရတော့ ဒုက္ခသည်တွေက ဒုက္ခသည်တွေအတွက် လုံခြုံရေးလုပ်ပေးဘို့ ပြောတဲ့အခါ စခန်းပတ်
ပတ်လည်ကို သံဆူးကြိုးခတ်ပြီး အပြင်မထွက်ရ၊ ည ၉နာရီ မီးမှိတ် ဆိုပြီး ဖြစ်သွားလိုက်ပုံများ အခု ထိုင်းနိုင်
ငံအတွင်းပိုင်းနည်းနည်းကျတဲ့ အုမ်းပျမ်မိုင် စခန်းကိုမပြောင်းခင်အထိပါပဲ။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)နားလည်တဲ့ ပြည်သူ့ဘ၀လုံခြုံရေးဆိုတာ ပြည်သူတွေအားလုံးကို ပိတ်လှောင်
ထားရမယ်။ ပြောသမျှကို နာခံရမယ်ဆိုတာမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားပိုက်ဆံတခုတည်းကို  မ
မျှော်နဲ့ ဆိုပြီးပြောနေတာပါ။ နိုင်ငံခြားက အကူအညီသက်သက်ကို မျှော်နေလျင် အနှောင်အဖွဲ့တွေနဲ့ ပေး တဲ့ငွေ၊ တနည်းအားဖြင့် စည်းကမ်းစနစ်တွေချမှတ်ပြီး ပေးတဲ့ငွေဆိုတော့ သုံးချင်တိုင်းသုံးလို့မရဘူး မဟုတ်
လား။

သူပြောတာရှိပါသေးတယ် ငြိမ်းချမ်းရေးရရှိဘို့ ဆိုလို့ရှိလျင် မိမိတို့ဆောင်ရွက်ရမှာက အားလုံးသူ့ရဲ့ စည်း
မျဉ်း စည်းကမ်းနဲ့အညီ လုပ်ကြရလိမ့်မယ် ဆိုတာ နာဂစ်ဥပဒေကို အတည်ပြုဘို့ တည့်တည့်ကြီးပြောသွား တာ ဖြစ်ပါတယ်။

ဒီနေ့ဒီကာလဟာ အခွင့်ရေးတခုကိုတောင်းဆိုမယ်ဆိုလို့ရှိလျင် လက်နက်ပြပြီးတောင်းဆိုစရာမလိုဘူး။ အဲ
ဒီအတိုင်းပဲ အုပ်ချုပ်တယ်ဆိုတဲ့နေရာမှာလည်း လက်နက်ကိုင်ပြီးတော့ အုပ်ချုပ်တဲ့ခေတ်မဟုတ်တော့ဘူး။
ဒါကြောင့် မို့လို့ ငြိမ်းချမ်းရေးရဘို့လိုတယ်။ ငြိမ်းချမ်းရေးရမယ်ဆိုလျင် လက်နက်တွေစွန့်ဘို့လိုတယ်။ လက်နက်တွေစွန့်လွှတ်တယ်ဆိုလို့ရှိလျင် လက်နက်မပါပဲနဲ့လည်း မိမိတို့ရဲ့ အခွင့်အရေးကို ပြောဆိုတောင်း
ဆိုနိုင်တဲ့အနေအထား ရှိပါတယ်။

အခွင့်အရေးတောင်းလျင် လက်နက်ပြပြီးတောင်းစရာမလိုဘူး ဆိုကတည်းကိုက မင်းတို့ လက်နက် မကိုင်နဲ့ လို့ ဆိုလိုတာဖြစ်ပါတယ်။ ကြားကြတဲ့အတိုင်းပါပဲ ကရင်တွေ လက်နက်ကိုင်ပြီး ဟိုသွား သည်သွား မလုပ်
နဲ့ ဆိုတဲ့ စကားကို ပိုပြီးခိုင်ခန့်သွားအောင် နောက်တရစ် ထပ်ရစ်ချလိုက်တာပါ။

နောက်တခု DKBA အဖွဲ့က ကချင်ပြည်နယ် ထိုးစစ်အမြန် ရပ်ပေးဘို့၊ လက်ပံတောင်းအရေး သံဃာနဲ့ ပြည်
သူတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပေးဘို့အတွက် မြ၀တီနဲ့ ကော့ကရိတ်မှာ လက်နက်အပြည့်အ
စုံနဲ့ တချိန်တည်းဆန္ဒပြခဲ့တဲ့ ကိစ္စကိုရည်ညွှန်းလိုက်တယ်ဆိုတာကို ဗေဒင်မေးနေစရာမလိုပါဘူး။    

လက်နက်မပါပဲနဲ့ ကိုယ့်အခွင့်အရေးကို တောင်းလို့ရတယ် လို့ပြောပေမယ့် ခင်ဗျားတို့က ဘာတွေလိုချင်လို့
ကျုပ်တို့က ဘာကိုပေးရမလဲ ဆိုကတည်းကိုက ပြောချင်သလိုပြောပြီး လုပ်ချင်သလိုလုပ်နေတဲ့ စစ်အစိုးရ
ကို ယုံကြည်နိုင်ဘို့ ပိုခက်သွားပြီဆိုတာ သတိပြုမိဘို့လိုပါတယ်။

ပိုဆိုးတာက ကရင်တွေကို ပါးရိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ကျုပ်က ဘာကြောင့်ဒီလိုပြောနေသလဲ ဆိုတော့
KNU ကိုပါးရိုက်တာပါ၊ DKBA ကိုရိုက်တာမဟုတ်ဘူး။
KNU ကိုပါးရိုက်တာ၊ KNU/KNLA-PC ကိုရိုက်တာမဟုတ်ဘူး။
ဆိုပြီး မဆိုင်သလိုတော့ မနေလိုက်ကြပါနဲ့ အဲဒီလိုအလားသဏ္ဍန်တူတဲ့ဖြစ်ရပ်မျိုး ကိုယ့်စီကို တနေ့နေ့မှာ မ
လွဲမသွေ တနည်းမဟုတ် တနည်းနည်းနဲ့ ရောက်လာပါလိမ့်မယ်။

ဘိတ်ထားဝယ်ဘက်က အရပ်သားတွေကို ရိုက်တာ၊ ဘားအံဘက်က ကရင်တွေကို ဘာမျှမလုပ်ဘူး။
တောင်ငူဘက်မှာ ဗုံးကျဲတာ၊ သထုံနယ်နဲ့မဆိုင်ဘူး။
ထော့ကိုကိုးဘက်က လယ်တွေကို သိမ်းတာ၊ ကော့ကရိတ်ဘက်မှာ မသိမ်းဘူး။
လို့ဆိုပြီး ငြိမ်နေကြမယ်ဆိုလျင် ကိုယ့်အလှည့်ရောက်လာပါလိမ့်မယ်။

ဒုက္ခသည်တွေကို နေရပ်ရင်းပြန်လာဘို့ပြောနေတာက နောက်ထပ်အရစ်တရစ်အတွက် ပြင်ဆင်ထားတာပါ၊
ဒုက္ခသည်တွေပြန်ရောက်ပြီး မကြာခင်မှာ ကရင်တွေကို ပါးရိုက်တာထက်ဆိုးတဲ့ လုပ်ရပ်တွေဆိုးဆိုးရွားရွား
လုပ်လာလို့ ကရင်တွေကပြန်တိုက်ပြီဆိုတာနဲ့ အရပ်သားတွေ ထိုင်းဘက်ကိုမဖြစ်မနေပြေးမှာပဲ။ အဲဒီတော့
ပြည်တွင်းစစ်ဖြစ်ရတာဟာ ကရင်လက်နက်ကိုင်တွေကြောင့်လို့ နိုင်ငံတကာက ထင်နေတာကိုခိုင်မာအောင်
ပြနိုင်ဘို့ ပြင်ဆင်ထားတယ်ဆိုတာ ကျုပ်အနေနဲ့မြင်မိပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းမယ်ဆိုတော့ တော်တော်လန့်သွားရှာတယ်၊ ဟန်ကိုယ့်ဘို့ဆိုတဲ့အ
တိုင်း ပေါင်းပြီးလုပ်နိုင်တာ ပိုကောင်းတယ်လို့ထင်ပါတယ် ဆိုတဲ့စကားလုံးနဲ့တန်ဆာဆင်ပြီး နောက်ထပ်
အရစ်တရစ်ကို ထပ်ရစ်လိုက်ပါပြီဆိုတာ ကျုပ်ရဲ့အမြင်ကို တင်ပြလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)