• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 24, 2013

Network နှင့် ကရင်လူငယ်လှုပ်ရှားမှု


Network နှင့် ကရင်လူငယ်လှုပ်ရှားမှု

Wednesday, 24 July 2013

by နော်ဆွိ

ကရင်တမျိုးသားလုံးနှင့်သက်ဆိုင်သော လူငယ်ကွန်ယက်တခုကိုဖွဲ့စည်းရန် ကရင်ပြည်နယ် ဘားအံမြို့ အ
မှတ်(၁)ပြည်သူ့ဆေးရုံကြီးအနီး သုမေဓာရာမ တောရကျောင်းတွင် ကျင်းပ,ရန်ရှိသည်ဟု ကရင်လူငယ်ကွန်
ယက်အဖွဲ့ဝင် (KYO) ကရင်လူငယ်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) စောဂျက်ပစီက ဆိုပါသည်။

“ကျင်းပ,မယ့် ရက်ကတော့ ဇူလိုင် (၂၇-၂၈) ရက်နေ့ပါဘဲ။
ပြီးတော့ ကရင်လူငယ်ကွန်ယက် ဆိုတော့ ပြည်တွင်းပြည်ပ,ကရင်အမျိုးသားလူငယ်ကွန်ယက် မှန်သမျှ အ
ကုန်လုံးပါမယ်။
လူငယ်အားလုံ ဒီကွန်ယက်ကနေတဆင့် ချိတ်ဆက်ကြမယ်။
ဒီတစ်ခေါက် ဆုံးဖြတ်ချက်ချနိုင်မယ်။
အတည်ပြုပြီးသွားရင်တော့ နောက်တဆင့်ဖြစ်တဲ့ ကိုယ့်အမျိုးသားရေးလုပ်ငန်းနှင့် တခြားလုပ်ငန်း တူများ
ကိုလည်း ချိတ်ဆက်ပြီးတွဲလုပ်ကြဖို့ ရည်ရွယ်ချက်တွေရှိနေပါတယ်” ဟု ဆိုပါသည်။

ကရင်လူငယ်ကွန်ယက် (Karen Youth Network) ကို ၂၀၁၂ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ကော့က
ရိတ်မြို့နယ် နောင်နိုင်းကျေးရွာတွင် ကွန်ယက်ကို စ,တင်ဖွဲ့စည်းခဲ့ပါသည်။
ကွန်ယက်လုပ်ငန်းနှင့် ချိတ်ဆက်မှု အားကောင်းလာစေရန်အတွက် ကော်မီတီဖွဲ့စည်းခြင်းအပါအ၀င် တိုးချဲ့
မှုများ ဆောင်ရွက်နိုင်ရန်ရှိသည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ဆွေးနွေးကြမည့် အစီအစဉ်များတွင်
(၁) KYN ဖြစ်ပေါ်လာပုံ အကြောင်းအရင်းနှင့် လက်ရှိ အချိန်ထိ အခြေအနေ ၊
(၂) Network ၏ သဘောတရားအပါအ၀င် အားသာချက်နှင့် အားနည်းချက် ၊
(၃) kyn ဖွဲ့စည်း တည်ဆောက်ပုံကို အတည်ပြု ဆွေးနွေးခြင်းနှင့်
(၄) ရှေ့ဆက်အစီအစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

ကွန်ယက် ဖြစ်မြောက်ရန် ဦးဆောင်သူများမှာ ကရင်လူငယ်အစည်းအရုံး(KYO)မှ ကရင်လူငယ်ကွန်ယက်
အဖွဲ့ တာဝန်ယူထားသူ စောအယ်ထူးစိုး (ကရင်လူငယ် ဗဟိုအတွင်းရေးမှူး)၊ စောအယ်ထီးကော်က (ဘား
အံခရိုင် ကရင်လူငယ်အစည်းရုံး - ဥက္ကဌ) ၊စောဂျက်ပစီ ကရင်လူငယ်အစည်းအရုံး ဗဟိုတွဲဖက်အတွင်းရေး
မှူး(၁) အပါအ၀င် ၅ ဦးတို့ဖြစ်ပါသည်။

ယင်းအစည်းအဝေးသို့ ဧရာဝတီတိုင်း ဒေကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး တနင်္သာရီ
တိုင်း ဒေသကြီးမှ ကိုယ်စားလှယ်များနှင့် ကရင်ပြည်နယ် ဘားအံမြို့မှ ကရင်လူငယ်များ ၊ ကရင်စာပေ
ယဉ်ကျေးမှု စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ကရင်ကျောင်းသားအဖွဲ့များနှင့် ကရင့်တေးဂီတ,အဖွဲ့များမှ တက်
ရောက်ကြမည်ဖြစ်သည်။

“ကျနော်တို့ ဖိတ်ထားတာက အများကြီးပါ။
ကရင်အားလုံးကို ဖိတ်ထားတာတော့ မဟုတ်ဘူးပေါ့။
ကရင်လူငယ်ကွန်ယက် ဖွဲ့ထားတဲ့ လူငယ်တွေကိုပါ။
DKBA ၊ BGF ၊မြ၀တီ၊ လှိုင်းဘွဲ့၊ ပုသိမ် ၊ မြောင်းမြ၊ နိုင်ငံခြားက လူငယ်တွေနဲ့ချိတ်ဆက်ပေးမယ့် ကရင်လူ
ငယ်တချို့ကိုလည်း ဖိတ်ထားပါတယ် ။
ခန့်မှန်းခြေ ၄၀ လောက်တော့ တက်ရောက်လာနိုင်မယ်” ဟု ဆိုပါသည်။

KYOသည် ကရင်လူငယ်လှုပ်ရှားမှုတွင် အရေးပါသောအဖွဲ့ဖြစ်ပြီး၊ KYN ချိတ်ဆက်မှုတွင်လည်း ဦးဆောင်
နေသော ကရင်လူငယ် အဖွဲ့ဖြစ်ပါသည်။ KYN သည် ကရင်လူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့်
ရိုးရာယဉ်ကျေးမှုအားလုံး တိုးတက်မြင့်မားလာရေးနှင့် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကို ဦးတည်
သော ကွန်ယက်ဖြစ်ပါသည်။

Copy from http://www.phophtawnews.org/burmese/index.php/news/internal-news/item/527-network.html