• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, August 20, 2013

တရုတ်-အမေရိကန် ကာကွယ်ရေးဝန်ကြီးများ ဝါရှင်တန်မြို့မှာ တွေ့ဆုံ


တရုတ်-အမေရိကန် ကာကွယ်ရေးဝန်ကြီးများ

ဝါရှင်တန်မြို့မှာ တွေ့ဆုံ

2013-08-20

တရုတ်ကာကွယ်ရေးဝန်ကြီး ချမ်းဝမ့်ချွမ်း ဟာ ဒီလ၁၉ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်မှာ
အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်-ဟာကယ်လ် နဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်တို့ဟာ
တရုတ်-အမေရိကန်ဆက်ဆံမှု၊ နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံမှု၊ နှစ်နိုင်ငံအကြားပြဿနာများ၊ဒေသ
တွင်းပြဿနာများနဲ့ အင်တာနက်လုံခြုံရေးကိစ္စ စတာတွေကိုဆွေးနွေးပြီး သဘောတူညီချက် ၅ရပ် ရရှိခဲ့ကြ
ပါတယ်။
အဲဒီသဘောတူညီချက်၅-ရပ်ထဲမှာ ပထမအနေနဲ့ နှစ်ဦးနှစ်ဖက်တို့က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ
ဟာ Sunny lands မှာ တွေ့ဆုံတဲ့အခါ ရရှိခဲ့တဲ့ အရေးကြီးသဘောတူညီမှုများကို သေသေချာချာအကောင်
အထည်ဖော်ဖို့၊ နှစ်နိုင်ငံတပ်မတော်အကြား ဆက်ဆံမှုကို အားသစ်လောင်းပေးဖို့၊ အဆင့်သစ်သို့တိုးမြှင့်ဖို့
သဘောတူခြင်းဖြစ်ပါတယ်။

ဒုတိယအနေနဲ့ နှစ်ဦးနှစ်ဖက်တို့က နှစ်နိုင်ငံတပ်မတော်အကြား အပြန်အလှန်သွားလာလည်ပတ်မှုကို ဆက်
လက်အားသစ်လောင်းပေးပြီး နှစ်နိုင်ငံတပ်မတော်အကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုကို နက်ရှိုင်းစေကာ အ
ပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးများလာ စေဖို့ သဘောတူခြင်းဖြစ်ပါတယ်။

တတိယအနေနဲ့ နှစ်ဦးနှစ်ဖက်တို့က တရုတ်-အမေရိကန်နှစ်နိုင်ငံတပ်မတော်ဟာ အာရှ-ပစိဖိတ်ဒေသ ငြိမ်း
ချမ်းမှုနဲ့တည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရေးဘက်မှာ ပိုမိုအရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြ
တယ်လို့ ယူဆခြင်းဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်တို့က၊ ဒေသတွင်းကိစ္စရပ်များမှာ အပြုသဘောဆောင်တဲ့
အခန်းကဏ္ဍက ပါဝင်ပြီး နှစ်နိုင်ငံတပ်မတော်ဟာ အာရှ-ပစိဖိတ်ဒေသမှာ ကောင်းမွန်တဲ့ အပြန်အလှန်တုံ့
ပြန်ရေးကို တွန်းအားပေးဖို့ သဘောတူညီမှုရရှိခဲ့ကြပါတယ်။
နှစ်ဦးနှစ်ဖက်တို့က အာရှ-ပစိဖိတ်နိုင်ငံစုံ လုံခြုံရေးဆွေးနွေးပွဲကျင်းပရေးစနစ်ဘောင်အတွင်းမှာ ညှိနှိုင်း
ဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားသစ်လောင်းပေးဖို့ သဘောတူညီမှုရရှိခဲ့ကြပါတယ်။

စတုတ္ထအနေနဲ့ နှစ်ဦးနှစ်ဖက်တို့က လူသားချင်းစာနာထောက်ထားရေးဘေးအန္တရာယ် များကယ်ဆယ်ရေး၊
အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပင်လယ်ဓားပြတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်း မှုထိန်းသိမ်းရေးစတဲ့နယ်ပယ်တွေမှာ
ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားသစ်လောင်းပေးဖို့ သဘောတူခြင်းဖြစ်ပါတယ်။

နောက်ဆုံအနေနဲ့ နှစ်ဦးနှစ်ဖက်တို့က တရုတ်-အမေရိကန်နှစ်နိုင်ငံအကြား စစ်ရေးမှတ်တမ်းဆိုင်ရာပူးပေါင်း
ဆောင်ရွက်မှုကို တစ်ဆင့်တက်နက်ရှိုင်းစေဖို့၊ တရုတ်-အမေရိကန် စစ်ရေးမှတ်တမ်းပူးပေါင်းဆောင်ရွက်
ရေး စနစ်ကိုထားရှိဖို့၊ သက်ဆိုင်ရာစစ်ရေးမှတ်တမ်း အချက်အလက်တွေ အပြန်အလှန်ကူးလူးဖလှယ်မှုနဲ့
ပူးပေါင်းဆောင်ရွက်မှုတွေကို အားသစ်လောင်းပေးဖို့ သဘောတူခြင်းဖြစ်ပါတယ်။
မနှစ်က အမေရိကန်နိုင်ငံဟာ အာရှ-ပစိဖိတ်ပြန်လည်ညီမျှစေရေးမဟာဗျူဟာကို တင်ပြခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသက လုံခြုံရေးပြဿနာတွေနဲ့ပတ်သက်ပြီး ဝန်ကြီး ချုပ်-ဟာကယ်လ် ဟာ အမေရိကန်
နိုင်ငံရဲ့ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြခဲ့ပါတယ်။

ဝန်ကြီး ချုပ်-ဟာကယ်လ် က၊ ကျွန်တော်တို့ဟာ ကိုရီးယားကျွန်းဆွယ်ပြဿနာ၊ အရှေ့ပင်လယ်ပြဿနာ
နဲ့ တောင် ပင်လယ်ပြဿနာတွေအပါအဝင် ဒေသတွင်းပြဿနာတွေကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ ကျွန်
တော်ဟာ အဲဒီပြဿနာတွေအပေါ် အမေရိကန်နိုင်ငံရဲ့ တစ်လျှောက်လုံးရပ်တည်ချက်ကို ထပ်လောင်းဖော်
ပြကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီး ချမ်းဝမ့်ချွမ်း က၊ အာရှ-ပစိဖိတ်ဒေသမှာ ယေဘုယျအားဖြင့်ပြောရရင် တည်ငြိမ်နေတယ်လို့ ယူဆ
ပါတယ်။ အမေရိကန်နိုင်ငံက တင်ပြခဲ့တဲ့ အာရှ-ပစိဖိတ် ပြန်လည်ညီမျှစေရေး မဟာဗျူဟာနဲ့ပတ်သက်ပြီး
ဝန်ကြီး ချမ်းဝမ့်ချွမ်း ဟာ တရုတ်ပြည်ရဲ့ မျှော်မှန်းချက်ကို တင်ပြခဲ့ပါတယ်။

ဝန်ကြီး ချမ်းဝမ့်ချွမ်း က၊ ကျွန်တော်တို့၊ အမေရိကန်နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသက နိုင်ငံတစ်ချို့တို့ဟာ ပစိ
ဖိတ်သမုဒ္ဒရာဒေသမှာ အတူတကွမှီတင်းနေထိုင်နေကြကြောင်း၊ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့အားလုံးရဲ့
လိုလားမှုပဲဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက တင်ပြတဲ့ အာရှ-ပစိဖိတ်ပြန်လည်ညီမျှစေရေးမဟာဗျူဟာဟာ
ပစိဖိတ်သမုဒ္ဒရာဒေသမှာ တည်ငြိမ်လာစေဖို့ ကျွန်တော်တို့မျှော်လင့်ကြကြောင်း၊ ဒီမျှော်မှန်းချက်မှာဘက်အ
သီးသီးတို့နဲ့ နိုင်ငံအသီးသီးတို့ရဲ့ညီမျှမှုကို အလေးထားရမှာဖြစ်ကြောင်း၊ ညီမျှမှုမရှိရင် မျှော်မှန်းထားတဲ့အ
တိုင်း ဖြစ်လာမှာမဟုတ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသက ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတို့ကို ကာကွယ်ထိန်းသိမ်း
ဖို့ ကျွန်တော်တို့ဟာ အမေရိကန်နိုင်ငံနဲ့ လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

http://myanmar.cri.cn/666/2013/08/20/1s26890.htm