ထောင်မှလွတ်ပြီးသူ
တပ်မတော်အရာရှိဟောင်းတစ်ဦး
မိန်းဂျေးသို့ဝင်လာသဖြင့်
ထောင်အရာရှိနှင့်ဝန်ထမ်းအချို့ အရေးယူခံရ
October 19, 2013
Saturday
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးအကျဉ်းထောင်၌ (၂.၁၀.၁၃)ရက်နေ့က ထောင်အဓိကနေ
ရာမိန်းဂျေးသို့ ထောင်မှလွတ်မြောက်ပြီးသော တပ်မတော်အရာရှိဟောင်းတစ်ဦး ၀င်ရောက်လာသည့်ကိစ္စ
နှင့်ပတ်သက်၍ တာဝန်မှူးမှထောင်စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ ဒုထောင်မှူး (၂) ဦး၊ တံခါးစောင့်
(၂)ဦး တို့အားတိုင်ကြားရာ (၄.၁၀.၁၃) ရက်နေ့တွင် ၎င်းတို့ (၄)ဦးအား အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိ
ရသည်။
ဒုထောင်မှူးတစ်ဦးအား ရာထူးမှထုတ်ပယ်လိုက်ပြီးကျန် ဒုထောင်မှူးတစ်ဦးအား ရာထူးရှော့စေသည့်အပြင်
အခြားအဆင့် (၂ )ဦးအား သတိပေးမှုများပြုလုပ်ခဲ့ပါသည်။
ယင်းပြဿနာဖြစ်စဉ်အား အသေးစိတ်သိသူဝန်ထမ်းတစ်ဦးကပြောကြားရာတွင် တပ်မတော်အရာရှိဟောင်း
တစ်ဦး ပြစ်ဒဏ်ကျကာထောင်မှလွတ်မြောက်ပြီး ထောင်တွင်းနှစ်ရှည်ဒဏ်ကျနေသူ ထောက်လှမ်းရေး ဗိုလ်
မှူးကြီး ဦးတင်လှအား ဖိနပ်နှင့်ပစ္စည်းတစ်ချို့ဖြင့်ဂါဝရပြုမည်ဟုပြောဆိုပြီး မိန်းဂျေးသို့ရောက်သွားသည့်ကိစ္စ
ဖြစ်ကြောင်းအတည်ပြု ပြောကြားပါသည်။
ရာထူးမှရပ်နားခံရသူ ဒုထောင်မှူးအားမေးမြန်းရာ
“ကျွန်တော်ခေါ်လာတာမဟုတ်ပါဘူး ကျွန်တော်က ကျွန်တော့်တာဝန်နဲ့ကျွန်တော် သွားတာပါ”
ဟုပြောကြားပြီး၊ ဆက်လက်မပြောချင်တော့ကြောင်း၊ ပြောလျှင်လဲမထူးကြောင်း ၎င်းမှပြောပါသည်။
မြစ်သာ (ကလေး)
Copy from http://www.hotnewsweekly.com/node/703