• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, October 29, 2013

ရဲမင်းကြီးနှင့် အမယ်ကြိုင့်ကြက်တူရွေး

October 29, 2013
Tuesday


ရဲမင်းကြီးနှင့် အမယ်ကြိုင့်ကြက်တူရွေး


ရေးသားသူ - OB (Objective- Burma)

မြန်မာပြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ၎င်း၏လက်အောက်ငယ်သားများမှ အဘဟုရှေ့တွင်ခေါ်ပြီး
နောက်ကွယ်တွင် အဖိုးကြီးဟုခေါ်ကြလေသည်။
ထို့အတူသူ၏ဇနီးဒေါ်ကြိုင်ကြိုင်အားလည်း မေမေကြီးဟုရှေ့တွင်ခေါ်ပြီး နောက်ကွယ်တွင်အဖွားကြီး ဟုခေါ်
ကြလေသည်။
ယခုပုံပြင်တွင်မတော့ မြန်မာ့သမိုင်းထဲမှ နန်းမတော်မယ်နုကဲ့သို့တင်စားပြီး လေးစားစွာ အမယ်ကြိုင်ဟုခေါ်
တွင်လေသည်။

တစ်နေ့တွင် ၎င်းမေမေကြီး(ရှေ့တွင်အခေါ်) သို့မဟုတ် အဖွါးကြီး(နောက်ကွယ်အခေါ်) သို့မဟုတ် အမယ်
ကြိုင်နှင့် သမီးမြေးတစ်စုတို့သည် ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးသို့လှည့်လည်ကြည့်ရှုရင်း အိမ်မွေးတိရစ္ဆာန်
များရောင်းသောဆိုင်ရှေ့သို့အရောက် ကြက်တူရွေးတစ်ကောင်မှ
လာပါ၊ ၀င်ပါ၊ လိုတာရမယ်၊ Happy Ending ရမယ်၊ ရှယ်ရမယ် ဟုခေါ်ပြောလေရာ စိတ်ဝင်တစားဖြင့် ဆိုင်
ရှင်အားမေးကြည့်လေသည်။

အမယ်ကြိုင်။ ။ ဒီကြက်တူရွေးက စကားတတ်လိုက်တာ ဘယ်လောက်လဲ။
ဆိုင်ရှင်။ ။ သုံးသောင်းကျပ်ပါ။

အမယ်ကြိုင်။ ။ ဟာ များလိုက်တာ။
ဆိုင်ရှင်ကလဲ ပျာပျာသလဲဖြင့်
ဆိုင်ရှင်။ ။ မေမေကြီး လိုချင်ရင်တော့ အလကားယူသွားလေ။

ထိုအခါ
အမယ်ကြိုင်။ ။ အလကားဆိုရင်တော့ယူမယ်အေ့။
သူ့တွက်ကျွေးဖို့ အစာလေးပါအဆစ်ထည့်ပေးလိုက်။ ဟုတ်ပလား။
ဆိုင်ရှင်။ ။ ဒါပေမယ့် တခုတော့ ကြိုပြောပါရစေ၊ ဒီကြက်တူရွေးက အရင်ပိုင်ရှင်ဟောင်းက အနှိပ်ခန်း၊ ဇိမ်
ခန်း၊ ကာရာအိုကေခန်းတွေ ဖွင့်ထားတော့ သူလဲ အဲဒီအခန်းတွေက ပေါက်ကရလေးဆယ်စကားပဲ တတ်
တာ။ မယဉ်ကျေးဘူး။
ဟုပြောလေသည်။

အမယ်ကြိုင်။ ။ ကိစ္စမရှိပါဘူးမ'တစ်ထောင်သားတွေကိုတပ်ထဲမှာ ငါတို့ကသွန်သင်ဆုံးမနေတာ၊ ခု အိမ်က
ဟာကြီးတောင်ပင်စင်ယူပြီးပြီ။ ဒီကြက်တူရွေးလောက်တော့လွယ်လွယ်လေးပါ။

ဒီလိုနဲ့ အမယ်ကြိုင်လည်း ကြက်တူရွေးကို နေပြည်တော်ယူပြန်ပြီး အိမ်ရှေ့မှာထားလိုက်လေသည်။ ထို့နှင့်
အမယ်ကြိုင်အိမ်သို့ လာရောက်ခစားတော်မူကြကုန်သော မူးကြီးမတ်ကြီး၊ အရာရှိကြီး၊ အရာခံကြီးများအား
နေ့စဉ် ကြက်တူရွေးမှ
လာပါ။ ၀င်ပါ။ ဧည့်သည်လာတယ်။ ရိုးရိုးလား။ ရှယ်ချင်သလား။ happy ending ရမယ် ဟုပြောလေသည်။

အများကမေးတော့အမယ်ကြိုင်ကလဲပြန်ရှင်းပြ၊ ဒီကြက်တူရွေးက အရင်ပိုင်ရှင်က အနှိပ်ခန်း ကာရာအိုကေ
ခန်းပိုင်ရှင်ဆိုတော့ ဒီလိုစကားတွေပဲတတ်တာ။ ငါ့လက်ထဲမှ ပြန်ပြင်ပေးမယ် ဟုပြော။ လာသမျှလူတွေကလဲ အမယ်ကြိုင့် ကြက်တူရွေးက စကားတော်တော်တတ်တယ်နှင့်မြှောက်ပင့်ချီးကြူးကြ
နှင့်။ ရယ်မောစွာဖြင့်။

ဒီလိုနဲ့ တစ်နေ့မတော့ထုံးစံတိုင်း မြန်မာပြည်ရဲမင်းကြီး မှအမယ်ကြိုင့်အိမ်သို့ လက်ဆောင်ပဏ္ဏာဆက်သ
ရန် အခစားရောက်ရှိလာတယ်။
ရောက်လျှင်ရောက်ခြင်း အမယ်ကြိုင့်ကြက်တူရွေးမှ လှမ်းပြောလိုက်သည်မှာ
ရဲမင်းကြီး မလာတာကြာပြီ။ နေကောင်းလား။ ဒီနေ့ အသစ်ကလေးရှိတယ်။
ဟူသတည်း။

မှတ်ချက်။ ။ ဟာသသည် ရယ်ရန်တွက်ဖြစ်သည်။ အမှန်မဟုတ်ပါ။ သို့သော်အကြောင်းတိုက်ဆိုင်မှုရှိက
ဝန်တာမိတောင်းပန်၏။

ရေးသားသူ - OB (Objective- Burma)

Copy from http://objectiveburma.blogspot.com/2011/05/blog-post_8504.html#more