The first Thanksgiving
Source photo from
http://www.google.com/images
နိုဝင်္ဘာလရဲ့ စတုတ္ထပတ် ကြာသာပတေးနေ့ကို Thanksgiving day လို့ သတ်မှတ်ပြီး၊ မိတ်ဆွေသူငယ်ချင်းတွေကို
အစားအသောက်တွေ ကျွေးမွေးတဲ့နေ့ပေါ့ဗျာ။
အထူးအားဖြင့် အဲဒီနေ့က ကြက်ဆင်သားကို အမုန်းစားတဲ့နေ့လေ။
ကျုပ်ကို မိုက်တယ်ပဲပြောပြော။ ရူးတယ်ပဲဆိုဆို ကြက်ဆင်သားကို ဗမာပြည်မှာလည်း မစားဘူး။
ဒီနိုင်ငံရောက်တော့လည်း မစားဘူး။
ကြက်ဆင်ရုံမှာ အလုပ်လုပ်တဲ့ ကလေးတွေ ကြက်ဆင်ဥလာပေးတာတောင် အားနာနာနဲ့ယူထားပြီး သူများပေးပစ်
တာ။
သူတို့ပြောတဲ့ Thanksgiving day ဆိုတာ ကျုပ်တော့ ဘယ်လိုနားလည်ရမှန်းမသိတော့ဘူး။
တစ်ယောက်တစ်မျိုး ပြောနေကြတာများလား မသိ။
အစားအသောက်ရှားပါးနေတဲ့အချိန်မှာ အခုအမေရိကန်လို့ခေါ်တဲ့ လူတွေနဲ့၊ Native American တို့ ပြည်တွင်းစစ်
ဖြစ်နေတဲ့အချိန်ပေါ့ဗျာ။ အဲဒီမှာ စားနပ်ရိက္ခာတွေ ပြတ်လတ်လိုက်ပုံများ ဘယ်နေရာဘယ်ဒေသမှာမျှ အစာရှာလို့မ
ရတဲ့အထိ ဖြစ်ကုန်တယ်ဆိုပဲ။
အဲဒီလိုအချိန်မှာ Native American တွေက အစားအစာတွေလာပေးတာတဲ့။ အဲဒါကို အမှတ်တရအနေနဲ့ ရုံး
ပိတ်ရက်၊ ကျောင်းပိတ်ရက် အဖြစ်သတ်မှတ်လာခဲ့ကြတာတဲ့လေ။
Native American တွေပြောတာကတော့ အဲဒါမဟုတ်ဘူးတဲ့။ လိမ်ဆင်ကြီးတဲ့ဗျား။
ကျုပ်လည်း အသေအခြာမသိပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ်တောင် ကောင်းကောင်းသိတာမဟုတ်ဘူးလေ။
ဟုတ်သော်လည်း ရှိစေ၊ မဟုတ်သော်လည်း ရှိစေ ပေါ့ဗျာ။
ကျုပ်ပြောချင်တာက ဒီမှာရှိတဲ့ ဖြစ်နေတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းမဟုတ်ပါဘူး။
ကိုယ့်အကြောင်း ကိုယ်ပြောကြတာက ပိုကောင်းမယ်ထင်တယ်။
ကျုပ်ပြောချင်တာက ကျုပ်တို့နိုင်ငံက အကြောင်းပါ။
Source photo from
http://www.google.com/images
ကြက်ဆင်သားကို အကျအန ခယင်းလေးနဲ့ထိုးကော်ပြီး အရက်ကောင်းကောင်းလေးနဲ့သောက်ရင်း အောက်က အကြောင်းအရာလေးကို ခံစားကြည့်လိုက်ပါလား။ ပိုမူးသွားမလားမသိဘူး။
ကိုယ်ချင်းစာနိုင်ကြပါစေ
November 27 2013
Wednesday
By Thu Thu Lay
(Heart Canteen) ကောင်းသန့် (မအီတဲ့ဒံပေါက်)
ဆင်းရဲသား ရပ်ကွက်လေးတစ်ခုရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူတစ်စု အလှူလေးတစ်ခု လုပ်နေတယ်။
သူတို့အလှူက ထူးထူးခြားခြားပါပဲ။
ရပ်ကွက်ထဲက ကလေးငယ်လေးတွေ အားလုံးကိုခေါ်ပြီး ထမင်းဟင်းတွေ ကျွေးမွေးတာပါ။
ဟင်းကတော့
ဝက်သားဟင်း၊ ငပိကြော်ချက်နဲ့ တို့စရာအစုံ၊ ပဲတီချဉ်သုပ် နဲ့ ပဲနီလေးဟင်းချို စသဖြင့် ဖွယ်ဖွယ်ရာရာပါပဲ။ ကလေးတစ်ယောက်ကို ၀က်သားတုံးကြီး နှစ်တုံးကျ ထမင်းပန်းကန်ထဲ ထည့်ပေးထားတယ်။
ကလေးတွေ စားသောက်နေကြတဲ့အချိန်မှာ အလှူရှင်တွေက အားပါးတရစားနေကြတဲ့ ကလေးတွေကို လိုက်
ကြည့်ပြီး ပီတိဖြစ်နေတာပေါ့။
ကလေးတွေ စားနေပုံကလည်း တကယ်ကို အားရစရာပါပဲ။
သူတို့ခမျာ အသားဟင်းဆိုတာ ဒီလို အလှူရှင်တွေလာမှပဲ စားရရှာတာကိုး။
အဲ့လိုလိုက်ကြည့်နေရင်းနဲ့ ကလေးတစ်ယောက်ရဲ့ ပန်းကန်ထဲမှာ ၀က်သားဟင်းမတွေ့ရဘဲ ငပိချက်တွေ ဟင်းရည်
တွေနဲ့ပဲ စားနေတာတွေ့တော့ အလှူရှင်က ဟင်းထည့်ပေးနေတဲ့လူတွေကို လှမ်းမေးလိုက်ပါတယ်။
"ဟေ့! ဒီကလေးပန်းကန်ထဲ ၀က်သားဟင်း မပါပါလား?"
အဲ့ဒီအခါ ဟင်းထည့်ပေးနေတဲ့သူတွေထဲက တစ်ယောက်က
"ကျွန်တော်တို့ ကုန်လုံးကို နှစ်တုံးစီ ထည့်ပေးပြီးသား အကို။
ကလေးကို မေးကြည့်လိုက်ပါဦး"
လို့ပြန်ပြောပါတယ်။
အလှူရှင်လည်း ကလေးကိုမေးမယ်ဆိုတဲ့အတွေးနဲ့ ကလေးဘက်ကိုပြန်လှည့်လိုက်တဲ့အခါ ထမင်းငုံ့စားနေတဲ့ က
လေးလေးဆောင်းထားတဲ့ ဦးထုပ်အနွမ်းလေးအောက်ကနေ အဆီတွေစီးကျနေတာကို တွေ့လိုက်ရတယ်။
အဲ့ဒါနဲ့အလှူရှင်လည်း ဦးထုပ်ကို မ,ကြည့်လိုက်တော့ ခေါင်းပေါ်တင်ထားတဲ့ဝက်သားတုံး ၂တုံးကို တွေ့လိုက်ရ
တယ်။
အဲ့ဒီအခါ ကလေးလေးက မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နဲ့မော့ကြည့်ပြီး ပြောလိုက်တာက
"သားတို့အိမ်မှာ အသားမစားရတာကြာပြီ။
ဝက်သားဟင်း စားချင်တယ်ဆိုပြီး အမေက ခဏခဏပြောနေတော့ သားလည်း စားမယ်လုပ်တုန်း အမေ့ကိုသတိ
ရပြီး အမေ့အတွက်ယူသွားမလို့ ၀ှက်ထားတာပါ" တဲ့!
(ဂျာနယ်တစ်စောင်တွင်ပါသော မြန်မာပြည်အတွင်းမှ တကယ့်အဖြစ်အပျက်တစ်ခုအား ပြန်လည်ခံစားရေးဖွဲ့ထားပါသည်!! )
Thu Thu Lay
(Heart Canteen)
Copy from ကောင်းသန့် (မအီတဲ့ဒံပေါက်) https://www.facebook.com/pages/183769381716549