ဟာသ အလွတ်မရရင် ဘာဖြစ်တတ်သလဲ
November 03, 2013
Sunday
ဒီနေ့တနေ့လုံး အကြောင်းအရာလေးတခုလောက်တင်မလားလို့ တွေးပြီးနေရင်း သတင်းစာမျက်နှာတချို့ကို လိုက်
ကြည့်လိုက်တော့ ရေးမယ်လို့ စိတ်ကူးထားတာလေးတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပါတော့တယ်။ ပွင့်ပွင့်လင်းလင်းပြောစတမ်းဆိုလျင် ရေးချင်တာလေးတွေ ပျောက်ကုန်ပြီး မရေးချင်တာတွေ ရေးမိလိုက်ပါပြီ။ ဗမာစစ်အစိုးရရဲ့ မရိုးသားမှုကို တိုင်းရင်းသားတွေ သတိပြုမိစေချင်တာမို့ပါ။
ဒါကြောင့် ဆိုက်အတော်များများက အကြောင်းအရာအချို့ကို ပေါင်းပြီးတင်ပြလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ ရွှေဟင်္သာသတင်းဌာနက သတင်းတပုဒ်ကို ဖေါ်ပြပါရစေ။
Wednesday, 30 October 2013 နေ့သတင်းဖြစ်ပါတယ်။
လူနာများ သယ်ထုတ်ရန်အတွက် လမ်းကြောင်းရှင်းပေးပါရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကချင်လွတ်လပ်ရေး
တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြားခဲ့သည်ဟု KIA စစ်ရုံးချုပ်အရာရှိတဦးက ဆိုပါသည်။
November 03, 2013 နေ့မှာတော့ အခုလိုရေးသားဖေါ်ပြထားပါတယ်။
KIA တပ်ရင်း(၁၂) တပ်ဖွဲ့နှင့် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ)နည်းဗျူ
ဟာ(၁) တပ်ဖွဲ့များသည် မံစီမြို့နယ် ကောင်လွန် ကျေးရွာဖက်တွင် တပ်ချင်းဆိုင်ထားလျှက်ရှိနေပြီး ယမာန်နေ့က
လက်နက်ကြီးဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်ပါသည်။
KIAတပ်ရင်း (၁၂)သည် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်းတွင် အ၀ိုင်းခံ ထားရသော နည်းဗျူဟာ
(၂)တပ်ဖွဲ့အတွက် မိုးမိတ်လမ်းကြောင်းကို ဖွင့်ပေးခဲ့ပြီး ဖြစ်ပါသည်။
ဤသို့ကြောင့် နယ်ကျွံနေသော အစိုးရ နည်းဗျူဟာ (၂)နှင့် (၃)တို့သည် ပေါင်းစည်းမိပြီး ထွက်ပေါက်ရ သွားခဲ့ပါ
သည်။ သို့သော် အစိုးရတပ်များသည် လူနာသယ်ထုတ်ရန် အကြောင်းပြထားသော်လည်း လူနာများကိုသယ်ထုတ်
အပြီး တပ်သစ်၊ ရိက္ခာ၊ ကျည်ဆံများ ဖြည့်တင်းပြီးနောက်မဆုတ်ဘဲ ခြေကုတ်ယူထားကြကြောင်း။ ထို့အပြင် KIA
၏ မံစီမြို့နယ် ထဲမှနောက်ထပ်လမ်းကြောင်းသစ်များကိုပါ ရှင်းပေးရန် ထပ်မံတောင်းဆို လာပြန်ကြောင်း။ ဤကဲ့သို့ တောင်းဆိုလာမှုကို အကြောင်းပြပြီး ၎င်းတို့ စစ်ဆင်လာဖွယ်ရာရှိနေသည်ဟု KIA တပ်ရင်း (၁၂)မှူးက
ဆိုပါသည်။
ကျုပ်လည်း နယ်ကျွံနေတဲ့ ဗမာစစ်တပ်တွေကို လူနာကယ်ထုတ်ပြီး ပြန်မဆုတ်တာဟာ ကချင်တပ်က တမင်သက်
သက် ရေးသားနေသလားလို့ ထင်မိပါတယ်။
ဒီလိုနဲ့ သောသီခို ဆိုက်ထဲကြည့်လိုက်တော့ ကာချုပ်ရုံး အရေးပေါ်စည်းဝေး အထူးလျှို့ဝှက်စွာပြုလုပ် ဆိုတဲ့ခေါင်း
စဉ်နဲ့ အခုလို ဖတ်ရှုလိုက်ရပါတယ်။ November 03, 2013 ရက်စွဲနဲ့ဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်။
လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား တပ်မတော်စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်
မှတ်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ကြသည်။
လိုအပ်ပါက တိုင်းမှုး တိုင်းဝန်ကြီးတို့၏ အခွင့်အာဏာအရမဟုတ်ပဲ ကကကြီး နှင့် ကကလှမ်းတို့မှ တိုက်ရိုက် ကွပ်
ကဲဆောင်ရွက်ကာ အိမ်နီးချင်းတရုတ်နိုင်ငံ၏ စစ်ရေးအကူညီများကိုပါ ရယူဆောင်ရွက်ကြရန် သဘောတူကြ
သည်။
အပြည့်အစုံကိုတော့ http://thawthikho.blogspot.com/2013/11/blog-post_3.html ဖတ်ရှုနိုင်ပါတယ်။
ဆိုးသွမ်းယုတ်ညံ့လွန်းတဲ့ ဗမာစစ်အစိုးရကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ
နေထိုင်ရေး ဆိုတာဖြစ်လာနိုင်ဘို့ ရာခိုင်နှုန်းအင်မတန်နည်းလာပြီမို့ စိတ်ဆင်းရဲရပါတယ်။
တကယ်တော့ ဗမာစစ်အစိုးရဟာ စေတနာမမှန်သလို အရာရာကို နိုင်လိုမင်းထက်လုပ်ချင်တဲ့စိတ်မျိုး မဖျောက်နိုင်
သေးပါလား ဆိုတာ အသေအခြာကိုနားလည် ရပါပြီ။
နောက်တခုက ရွှေလက်နဲ့ခေါ်လို့မရလျင် ကျည်ဆံပေးလိုက်လို့ပြောတာမျိုး။ သီရိလင်္ကာနိုင်ငံက တမဲလ်သူပုန်နဲ့
အစိုးရတို့လုပ်တဲ့ ငြိမ်းချမ်းရေးမျိုးကို ကြိုက်တယ်လို့ပြောဆိုတာမျိုးတွေက ဗမာစစ်အစိုးရ လုပ်ချင်တဲ့ငြိမ်းချမ်းရေး
ဆိုတာ တမဲလသူပုန်တွေကို သီရိလင်္ကာအစိုးရက ငြိမ်းချမ်းရေးလုပ်တာမျိုး ပါလားဆိုတာ ကျောချမှ ဓါးပြမှန်း သိ
တဲ့ကိုယ့်အဖြစ်အတွက် နောင်တရမိတာကြောင့်လည်း ပိုပြီးစိတ်ဓါတ်ကျမိပါတယ်။
စိတ်မကောင်းခြင်းကြီးစွာနဲ့ တွေ့ကရာလျှောက်လည်ပစ်လိုက်တာ ဧရာဝတီဘလော့ထဲကိုရောက်တော့ ဟာသ အ
လွတ်မရလျင် ဘာဖြစ်တတ်သလဲ ဆိုတဲ့ သန်၎ကို ရေးထားတဲ့ ဟာသလေးကို ဖတ်ပြီး ရယ်မိတာမို့ ဘလော့ဂ်မိတ်
ဆွေတွေအတွက် ထပ်ဆင့်တင်ပြပေးလိုက်ပါတယ်။
စိတ်၏ပျော်ရွှင်ခြင်းအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတစ်ဦးဟာ ပရိဿတ်ထောင်သောင်းကို ဟောပြောနေပါတယ်။
“ကျနော့်ဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာနေခဲ့ရတဲ့အချိန်တွေဟာ ကျနော့်ဘဝရဲ့ အပျော်ဆုံးအချိန်
တွေပါပဲ”
လို့ ပြောပြီး စကားကို ခဏရပ်လိုက်တယ်။
ပရိဿတ်တွေ ဆွံ့အသွားကြတယ်။ အသံအားလုံးတိတ်ဆိတ်ကုန်တယ်။ သူတို့လေးစားတဲ့ ဒီနိုင်ငံရေးသမားဟာ
ဘာလဲ ဘယ်လိုလဲ???
ခဏနေတော့ သူက ဆက်ပြောတယ်.. …
“အဲဒီမိန်းမကတော့ ကျနော့် အမေပါပဲ”
အော်…ဒီလိုကိုး…
ဟားဟား ရွှီး ..ဖြောင်း…ဖြောင်း…
ဒီစကားကို ပရိဿတ် တစ်ယောက်ဖြစ်တဲ့ ကိုထုံ သဘောကျသွားတယ်။
အိမ်ပြန်တော့ သူ့မိန်းမကို ပြောကြည့်မယ်ဆိုပြီး မီးဖိုထဲကို သွားတယ်။
အရက်နှစ်ခွက်လောက် အရင်သောက်လိုက်တယ် ပြီးတော့ ပြောတယ်… …
“င့ါဇနီး မဟုတ်တဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်မှာ နေခဲ့ရတဲ့အချိန်တွေဟာ င့ါဘဝရဲ့ အပျော်ဆုံး အချိန်တွေပါပဲ” သူ အဲဒီလို ပြောပြီး စကားကို ခဏရပ်လိုက်တယ်။
သူ့မိန်းမ မျက်နှာနီရဲလာတယ်၊ အသားတွေ တဆတ်ဆတ်တုန်လာတယ်။
ဒုတိယစကားကို ဆက်ပြောဖို့ ကိုထုံ စဉ်းစားတယ်။
နဲနဲမူးနေတော့ စဉ်းစားလို့ မရဘူးဖြစ်နေတယ်။
စဉ်းစားတယ်။
စဉ်းစားတယ်။
ဘယ်လိုမှ စဉ်းစားလို့ မရတော့ သူ့ဟာသူ ညည်းတွားလိုက်တယ်။
“သူ ဘယ်သူလဲဆိုတာ ငါ မေ့နေပြီ”…တဲ့။
အဲ… အဲဒီနောက်တော့ လောကကြီး မှောင်အတိကျသွားတယ်။
ကိုထုံ သတိပြန်လည်လာတော့ ဆေးရုံကုတင်ပေါ်မှာ…။
ဘာတွေ ဖြစ်ခဲ့ပါလိမ့် ဆိုတာကို ပြန်တွေးကြည့်မိတော့ .... သူ တစ်ခုခု ပြောဖို့ စဉ်းစားတယ်၊ အဲဒီအချိန်မှာ သူ့မိန်း
မလက်ထဲ ငရုပ်ကျည်ပွေ့ ကိုင်ထားတယ်ဆိုတာကို တဖြည်းဖြည်း သတိရလာပါတယ်။
အားလုံးနည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ
သန်၎ကို
အပြည့်အစုံကို ဖတ်ချင်တယ်ဆိုလျင်တော့ http://blog.irrawaddy.org/2013/03/blog-post_21.html#more
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)