အပျိုလိုမနေမိလို့ ကိုယ်ယိတယ်လေး
Sunday
By မင်းစိုးစံ
သူများရေးထားတာ သူများအင်နဲ့အားနဲ့ အချိန်နဲ့ငွေနဲ့ ရင်းနှီးထားတဲ့အရာကို ကူးမချတော့ဘူးလို့ ဆုံးဖြတ်ပြီးကာမှ
အခုတော့ အဲဒီဆုံးဖြတ်ချက် ပျက်ပြန်ပြီဗျာ။
ဒါပေမယ့် လူယုတ်မာဖြစ်သွားဘို့တော့ ရှိမယ်မထင်ဘူး။
ဘာကြောင့်လဲဆိုတော့ ကျုပ်ကို ဆရာမန်းကိုကိုက အကျိုးနဲ့အကြောင်းနဲ့ရှင်းပြသွားလို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကျုပ်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်တစ်ဦးနဲ့တစ်ဦး နည်းပညာတွေ အတွေးအခေါ်တွေကို
ဝေမျှခဲ့ကြလို့သာ အခုလိုတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်နေရတာမဟုတ်ပါလား။
(သူများရေးထားတာ ကူးချတာကို ပြောင်ပြောင်တင်းတင်း ကာကွယ်ပြောနေတာ)
ဘာရယ်လို့တော့မဟုတ်ပါဘူး။ ရေးစရာအကြောင်းအရာတွေကို ရေးဘို့ စိတ်မပါသေးတာနဲ့ သတင်းတွေကိုလိုက်
ဘတ်ကြည့်နေရင်း The Daily Eleven ထဲက သတင်းရေးသားထားတာတွေနဲ့ ပတ်သက်ပြီး အောက်မှာမှတ်ချက်
ရေးပေးကြသူတွေရဲ့ အရေးအသားတွေထဲက အင်မတန်ကောင်းတဲ့အရေးအသားတချို့ကို စိတ်ဝင်စားလာရာကနေ
ဗမာစစ်အစိုးရတွေ ပြောပြောနေတဲ့ ပြောင်းလဲလာပါပြီဆိုတာကြီးက ဟုတ်သလိုလိုများရှိနေမလားဆိုပြီး ဖြစ်လာမိ
ပေမယ့် နောက်ဆုံးတော့ ပယောဂဆရာက တရွာလုံးကို ပြုစားလိုက်တဲ့ ပုံပြင်လိုဖြစ်မှန်းမသိ ဖြစ်နေတာကိုတွေ့ရ
လို့ ကူးပြီးပြန်တင်ပေးလိုက်မိပါတယ်။
သို့သော် ပြည်ထောင်စုမြန်မာနိုင်ငံသားတွေရဲ့ အတွေးအခေါ်တွေက နှစ်ပေါင်းငါးဆယ်လောက်ဖိနှိပ်တာခံရပေမယ့် မနိမ့်ဘူး မကျရှုံးဘူး ပျက်ဆီးမသွားဘူး ယုတ်လျှော့မသွားဘူး ဆိုတာကို အရေးအသားတွေက ပြနေပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးကိုကိုအောင်ကို The Daily Eleven မေးမြန်းထားချက်နဲ့ပတ်သက်ပြီး စာဘတ်
ပရိဿတ်တွေရဲ့ ဝေဘန်တုံ့ပြန်တာတွေကိုကြည့်လျင် ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။
ဒါတောင် Internet ကို လူတိုင်းသုံးနိုင်တာမဟုတ်သလို အင်မတန်နှေးတဲ့နှုန်းနဲ့သုံးနေကြရသေးလို့ပါ။
GADGETEER
2013-12-15
တချို့တချို့သောလူများအတွက် မြန်မာနိုင်ငံဟာ နေလို့အကောင်းဆုံး နိုင်ငံတစ်ခုပါ ။
ဥပဒေကို ချိုးဖောက်ချင်သလို ချိုးဖောက် ...ပြီးရင် ...ကာကွယ်ဖုံးဖိပေးမဲ့လူတွေ အဖွဲ့အစည်းတွေက အဆင်သင့်။
ကဲ....ဘယ်လောက်ကောင်းလိုက်သလဲ။
အဲ့ဒီလိုမျိုးနိုင်ငံဟာကမ္ဘာမှာမြန်မာနိုင်ငံပဲ ရှိမယ်ထင်တယ်။
ဘယ်သူပြောလဲ .....မြန်မာနိုင်ငံမှာ နေထိုင်လို့ မကောင်းဘူးလို့ ........။
GADGETEER
2013-12-15
ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့မလွတ်ကင်းတာတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်းပဲ အရေးယူသွားမှာပါ။ ၀န်ထမ်းဖြစ်လို့၊ အနုပညာရှင်ဖြစ်လို့ အရေးမယူဘူး။ အခြားပြည်သူတွေကိုပဲ အရေးယူတယ်ဆိုတာ မဟုတ်ဘူး။ ဥပဒေအတိုင်းပဲ ၀န်ထမ်းကိုလည်းအရေးယူမယ်။ အနုပညာရှင်ကိုလည်း အရေးယူသွားမှာပါ။
လုပ်နိုင်တာကိုပဲပြောပါ။
ပြောထားတာတွေလည်း ဖြစ်အောင်လုပ်ပေးပါ။
ဒီဖြစ်စဉ်က ၂၀၀၈ ခုနှစ်က ကိစ္စတွေဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို တရားလိုပြုတိုင်ကြားလာတဲ့သူ ရှိလာရင်တော့ ရဲလုပ်ငန်းအရ ဆောင်ရွက်
သွားမှာပါ။
မသိလို့ မေးတာပါ။
တိုင်မှ အရေးယူလို့ရတာလား ? မတိုင်ရင် အရေးယူခွင့် မရှိဘူးလား .?
ဒါကတော့ The Daily Eleven ကနေ Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးဆက်နွယ်
နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး ဆိုတဲ့သတင်းအပေါ် မှတ်ချက်ရေးသားထားတာပါ။
အဲဒါတွေကို ပြည့်ပြည့်စုံစုံဘတ်ချင်တယ်ဆိုလျင်တော့ http://news-eleven.com/local/19739 ကိုသာသွားပြီး
ဘတ်ကြည့်ကြပါတော့။
The Daily Eleven ကပဲ နေပြည်တော်မြို့မဈေး အဝေးပြေးဂိတ်၌ကပ်ထားသည့် ဆီးဂိမ်းစ်တွင်အဖျက်အမှောင့်
လုပ်မည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦး ကြော်ငြာစာအား ပြန်လည်ဖြုတ်သိမ်း ဆိုတဲ့သတင်းအပေါ် စာ
ဘတ်သူတွေရဲ့အမြင်တွေကို ကြည့်ကြပါစို့။
C Thu Tun
2013-12-11
''အထက်က ညွှန်ကြားလို့ ဒီစာကိုကပ်ရတာပါ။
ဘယ်သူ၊ ဘယ်ဝါ ညွှန်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။
ဒီစာကို အခုပြန်ပြင်နေပါတယ်'' ဟု ယင်းကြော်ငြာစာအား ကပ်သည့် မြို့မဈေးတာဝန်ခံ ဗိုလ်ကြီးမြင့်သန်းက
ပြောကြားသည်။
လူထုကိုအထိတ်တလန့်ဖြစ်စေနိုင်တဲ့အကြောင်းအရာကြော်ငြာချက်ကိုထုတ်ပြန်တဲ့အခါ ပြည်သူ့ဝန်ထမ်းတွေအနေ
နဲ့ ခိုင်မာတဲ့သတင်းကိုထုတ်ပြန်စေချင်ပါတယ်။
နောက်ပြီး မိမိထုတ်ပြန်တဲ့ကြောငြာချက်ကိုလည်း တာဝန်ယူစေချင်ပါတယ်။
အထက်က ဆိုပြီးခေါင်းရှောင်လို့မရပါဘူး။
သမ္မတကြီးအထိ သက်ရောက်နေပါတယ်။
ဈေးတာဝန်ခံဗိုလ်ကြီးမြင့်သန်းအနေနဲ့ ခိုင်းတာသာလုပ်တတ်တဲ့ နိုင်ငံဝန်ထမ်းဖြစ်နေပါတယ်။ တာဝန်ယူမှုရှိတဲ့ နိုင်ငံဝန်ထမ်းတယောက်ဖြစ်စေချင်ပါတယ်။
KZMO
2013-12-10
အထက်က ညွှန်ကြားလို့ ဒီစာကိုကပ်ရတာပါ။
ဘယ်သူ၊ ဘယ်ဝါ ညွှန်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။
ဒီစာကို အခုပြန်ပြင်နေပါတယ်'' ဟု ယင်းကြော်ငြာစာအား ကပ်သည့် မြို့မဈေးတာဝန်ခံ ဗိုလ်ကြီးမြင့်သန်းက
ပြောကြားသည်။
အဲဒီကောင်ကို စခန်းခေါ်ပြီး တစ်ညလောက်ရိုက်စစ်လိုက်ရင် အထက်ကကော နောက်ကွယ်ကကော ဘယ်သူက
ပေါက်တတ်ကရတွေရေးပြီး အများပြည်သူအထိတ်တလန့်ဖြစ်အောင်လုပ်တာလဲဆိုတာ ပေါ်လာမှာပေါ့။
မဟုတ်ဘူးလား။
အပြည့်အစုံကို သိချင်တယ် မှတ်ထားချင်တယ်ဆိုလျင်တော့ http://weeklyeleven.com/local/19524 ကိုသာ
သွားပေတော့ဗျို့။
ဆိုင်တယ် မဆိုင်ဘူးတော့ မသိဘူး။ ဒီလိုအခြေအနေမျိုးမှာ ကျုပ်တို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက
ဗမာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ဖြစ်စဉ်ကို တွေးပြီး စိတ်မသက်မသာဖြစ်နေမိတာအမှန်ပါ။
ဘာကြောင့်လဲဆိုတော့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ဘာမျှတိတိကျကျလိုက်နာကျင့်သုံးတာမျိုး မရှိသလို
ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် ဘယ်လောက်အထိယုံကြည်စိတ်ချရ
ပါ့မလဲဆိုတာကို သံသယဖြစ်နေမိလို့ပါ။
ဒါမျိုးတွေက ဗမာစစ်အစိုးရသက်တမ်းတလျှောက်လုံး ကျင့်သုံးလာခဲ့ကြတာဆိုတော့ ခေါက်ရိုးကျိုးနေတယ်ဆိုတဲ့
အပြောကို နားလည်ပေးနေကြဦးမှာလား၊ ဒီလိုမျှမဟုတ်လျင်လည်း တနေ့နေ့တချိန်ချိန်မှာတော့ ပြောင်းလဲလာမှာ
ပါဆိုတဲ့ အကောင်းမြင်စိတ်မွေးနေကြမှာလား၊ ဒါဆိုလျင် ဗမာစကားပုံရှိပါတယ် အပျိုလိုမနေမိလို့ ကိုယ်ယိတယ်
လေး ဆိုတဲ့အဖြစ်မျိုး မပြောကောင်းမဆိုကောင်း တိုင်းရင်းသားတွေကြုံကြရလေမလားလို့ တွေးမိရင်း ရင်လေးမိ
တာကတော့ ကျုပ်ပါပဲဗျာ။
ငြိမ်းချမ်းရေးကို မလိုချင်တဲ့လူ။
ငြိမ်းချမ်းအောင် မနေတတ်တဲ့လူ။
ဘာတခုမျှ အကောင်းမမြင်တဲ့လူ။
လောကကြီးကို အဆိုးချည်းမြင်နေတဲ့လူ။
ကျုပ်ကို အဲဒီလိုပြောကြမလား။ ဟုတ်ကဲ့ ကျုပ်ဘ၀တစ်လျှောက် ဗမာစစ်အစိုးရနဲ့ပတ်သက်ခဲ့သမျှ ဘာတခုမျှ အ
ကောင်းမရှိပါဘူး။ နည်းနည်းလေးမျှ မငြိမ်းချမ်းခဲ့ပါဘူး။ ငြိမ်းငြိမ်းချမ်းချမ်းလည်း မနေခဲ့ရပါဘူး။ အနိဌာရုံမြင်ကွင်း
တွေနဲ့သာ ကြုံဆုံခဲ့ရပါတယ်။ ဒါကြောင့်မို့ တကယ်ကို ငြိမ်းချမ်းချင်သူတစ်ယောက်ပီပီ မိမိပတ်ဝန်းကျင် အသိုင်း
အ၀ိုင်းကိုလည်း စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှုမျိုးနဲ့ ငြိမ်းချမ်းဘို့ လိုလားသူဖြစ်ကြောင်းပါခင်ဗျား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)