• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 29, 2014

တရုတ် နဲ့ ဗီယက်နမ် တရုတ် နဲ့ အမေရိကန်

Source photo from http://www.google.com/images

တရုတ်လုပ်ငန်းများ ဗီယက်နမ်နှောင့်ယှက်ခြင်း 

ဗီယက်နမ်အကျိုးစီးပွားကိုထိခိုက်မည်

2014-05-28

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူချင်ကန်းက၊ ရှီးဆားကျွန်းစုမှာ တရုတ်ပြည်၏ ရှိရင်းစွဲ
ပိုင်နက်နယ်မြေဖြစ်သဖြင့်၊ ငြင်းခုံစရာမရှိကြောင်း၊ ဗီယက်နမ်ဘက်မှ တရုတ်ပြည်၏ ပုံမှန်လုပ်ငန်းများကို တရားမဝင်နှောင့်ယှက်ဖျက်ဆီးခြင်းမှာ ပင်ပန်းသော်လည်း အကျိုးမရှိသည့်အပြင်၊ ဗီယက်နမ်၏ အကျိုးစီး
ပွားကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း ယမန်နေ့ ၂၇-ရက်နေ့က ပီကင်းတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်ဟု
စီအာအိုင် သတင်းအရသိရပါသည်။

Copy from http://myanmar.cri.cn/666/2014/05/28/1s31275.htm


Source photo from http://www.google.com/images

တရုတ်ဗိုလ်ချုပ်ကြီး အမေရိကန်အား တုံ့ပြန်ချေပ

2014-05-28

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စွန်းကျန့်ကိုသည်၊ ယမန်နေ့ ၂၇ရက်နေ့က ပီကင်းတွင်ကျင်းပသော တတိယအကြိမ် အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနှင့် ပူးပေါင်းဆောင်
ရွက်ရေးဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ၌ အမေရိကန်သည်၊ ကမ္ဘာပေါ်တွင် အင်တာနက် လျှို.ဝှက်ချက်
အကြီးဆုံး ခိုးယူသူဖြစ်သဖြင့်၊ အခြားနိုင်ငံများ၏ တရားစွဲဆိုချက်များကို ခံရသင့်ကြောင်း ပြောကြားခဲ့သည်
ဟု ဆင်ဟွာသတင်းအရသိရပါသည်။

Copy from http://myanmar.cri.cn/666/2014/05/28/1s31276.htm