ရာဇာမင်း ခရီးသည်တင်ကားတိမ်းမှောက်မှု မှတ်တမ်းဓါတ်ပုံ
Source photo from http://www.google.com/images
မပြန်လမ်းကြီးပေါ်က နတ်ပြည်ခရီးသည်
By လေဗျောက်အိုး
“ခုနေခါမှာ မင်းကိုနတ်ပြည်သွားမလား၊ ငရဲပြည်သွားမလားရွေးခိုင်းရင် ဘာကိုရွေးမလဲ”
“နတ်ပြည်သွား မှာပေါ့ဗျ”
“ကောင်းပြီ OK, ရော့ ကားလက်မှတ်။
ဒီလမ်းမကြီးအတိုင်းသွားမယ့် ဟိုကားကိုစီး မုန့်ဟင်းခါး (၃၀၀)ဖိုး ၀ယ်စားမနေနဲ့။
အသက်အာမခံလုပ်သွား။
ကားမှောက်ရင် မင်းနတ်ဖြစ်မယ်။
နတ်မင်းကြီးရဲ့ ဇနီးမယားတွေက အသက်အာမခံကြေး သိန်း(၃၀)ရမယ်။
နတ်မဖြစ်ပဲ ဒုက္ခတလူသားဖြစ်ရင် (၅)သိန်းပဲ ရမယ်။
ဧရာဝတီဘဏ်မှာ အလုံးစုံအာမခံကြေးထားပေးတဲ့အတွက် (၁၀)သိန်း ထပ်ရမယ်”။
“ကောင်းလိုက်တဲ့အစီအစဉ်ဗျာ။
ကိုယ်လည်းနတ်စည်းစိမ်ခံစား။
ကျန်ရစ်သူလည်း ဆင်းရဲမွဲတေမှုပပျောက် ရှယ်မှ ရှယ်ပဲဗျို့”။
၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ စစ်တမ်းအရ မပြန်လမ်းမကြီးထက်၌ နတ်ဖြစ်သူစုစုပေါင်း (၂၉၀)ပါး။
၂၀၁၄ ခုနှစ်၌ (၆၈)ပါး စာရင်းချုပ်သော် နတ်စိမ်း (၃၅၈)ပါး။
နတ်မဖြစ်ပဲ ဒုကိ္ခတစုစုပေါင်း အပါး (၁၁၀၀)။
အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံလာစဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပြုပြင်ရာတွင် အ
ကူအညီပေးဖို့အရေး သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် ခခယယအောက်မေးကလေး လှုပ်ခဲ့ပါသေးရဲ့။
ဒါပေသိ ရန်ကုန်-နေပြည်တော် လမ်း USAID အမေရိကန်အစိုးရရဲ့ အကူအညီပေးရေးအစီအစဉ်မှာ နည်း
ပညာအကူအညီပေးပြီး သင်တန်းတွေပို့ချနေကတည်းက..(ဖြစ်လိုက်တဲ့နတ် တွေ။) ကြီးကြီးကျယ်ကျယ်ပြောကြကြေးဆိုလျှင် ဒရိုင်ဘာဆိုတဲ့ ရှပ်ဘဲငနှဲသားတွေကို ယဇ်ရွှေရည်သောက်၊ မ
သောက် Schoolmaster ဆိုတဲ့ကိရိယာကြီးနဲ့ ထောက်ပြီးအရေးယူမှဆင်ခြင်ကြမှာလား။
Telematics နည်းပညာနဲ့ အမြန်နှုန်းမှတ် တမ်းတင်မှ ကိုယ်တော်ချောတို့က လန့်ကြမှာလား။
GPS, SLM Card နှင့် ချိတ်ဆက်မှ စည်းကမ်းလိုက်နာကြမှာလား။
ဒါကြီးတွေဝယ်ရတာပိုက်ဆံကုန်ပါတယ် ဗျာရယ်။
ပါးစပ်ဟခိုင်းပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့(ဟား..ခနဲ လုပ်ခိုင်း) အနံ့ နံလျှင် အပြစ်ပေးဗျာ။
ဒဏ်လည်းရိုက် တန်ရိုက်၊ ကြိမ်လုံးနဲ့လည်း ရိုက်တန်ရိုက်ပေါ့ ဗျာရယ်။
နားရင်းအုပ်တန်အုပ်ပေါ့ ဗျာရာ။
တစ်နေ့တစ်နေ့ ကားအစင်း ၅၀၀၀ ရှိတဲ့ အမြန်လမ်းမကြီးမှာ ခရီးသည်တိုင်း နတ်ဒေ၀တာဖြစ်ခွင့်မရှိပါဘူး
ဗျာရယ်။
ဒါကြောင့် (လမ်းမကြီးရဲ့ချွတ်ယွင်းချက် ကြောင့်ဆိုတဲ့စကားနဲ့)၀ါးချတော်မမူစေ ချင်ဘူး။ ဒရိုင်ဘာဆိုတာ တစ်နာရီကီလို မီတာ (၁၀၀)နှုန်းသတ်မှတ်တိုင်း စွတ် မမောင်းရဘူးဗျာရဲ့။ မိုင်အားဖြင့်တွက်ရင် (၆၂.၅)မိုင်ကြီးများတောင်ဆိုတော့ အားကြီးလွန်းလှပါတယ်ဗျာကြီးရယ်။
ကိုင်း အန္တရာယ်ကင်းအောင် ဘာလုပ်ကြမလဲ။
ပညာရှိတွေကတော့ ဒရိုင်ဘာတွေကို Defensive-Driving ယာဉ် အန္တရာယ်ကင်းဝေရန် ကြက်ခြေနီသင်
တန်းတက်ခိုင်းမည်တဲ့။
၃ ကီလိုမီတာ ပမာဏရှိတဲ့ မီးသတ်ဆေးဗူး ၂ဗူးကြီး များတောင်ဆောင်ထားရမည်တဲ့။
ကားမှောက်လျှင် မှန်ကိုခွဲထွက်ဖို့ရန် ပုဆိန်လေးတွေဆောင်ထားရမည်တဲ့။
ကောင်းလိုက်တာ။
(လူသေမြှုပ်ဖို့ပေါက်တူးဂေါ် ပြားတွေ အခေါင်းစပ်ဖို့ ပျဉ်ပြားတွေ) ဆောင်ထားရင်ကော ပိုမိုမပြည့်စုံပေဘူး လား ဗျာရယ်။
အမှန်လုပ်သင့်သည်က ဒရိုင်ဘာအရက်သောက်ရင် ခရီးသည်တစ်ဦးဦးက ဆောင့်ကန်ချခွင့် လိုင်စင်သ
ဘောမျိုး ဥပဒေထုတ်ပါလား ဗျာရယ်။
ကြက်ခြေနီတွေပဲ ခြေနီတွေသင်တန်းပေးနေမယ့်အစား ဒရိုင်ဘာတွေကို ပီကေဖြစ်စေ၊ ကွမ်းယာဖြစ်စေ
ကျွေးမွေးပါလား ဗျာရယ်။
(ကွမ်းစားလျှင် အာရုံကြောနိုးကြား၍ အိပ်ငိုက် ခြင်းမရှိဟု ကြားဖူးသဖြင့်)
လေယာဉ်မယ်ကဲ့သို့ အမျိုးသမီးစပယ်ယာထားပါလား ဗျာရယ်။
(လုံမပျို၏ တွတ်တီးတွတ်တာစကားကြောင့် ဒရိုင်ဘာအာရုံကြောနိုးကြားစေသည်ဟု ကြားဖူးသဖြင့်)၊
ခဏခဏ ဆီးရွှင်တဲ့ဒရိုင်ဘာခန့်ထားပါလား ဗျာရယ်။
(အပေါ့အပါးသွားရန် ကားခဏခဏရပ်ရသဖြင့် အရှိန်နှုန်းမြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်ကြောင်း ကြားဖူး
သဖြင့်)။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်၌ အမြန်လမ်းမအသုံးပြုမှု လူအသေအပျောက် ဒုတိယအများဆုံးနိုင်ငံပါတဲ့ ဗျာရဲ့။
(မဟုတ်တဲ့ကိစ္စဆိုရင် စူပါတန်းဝင်တော်မူလိုက်ပုံများ)ဂုဏ်ဒြပ်တစ်ခုလို့ သတ်မှတ်ရတော့မည်လား။ ၈-လမ်းသွား ကတ္တရာလမ်းမကြီးဖြစ်စေရေး တာဝန်ရှိသူတွေဆွေးနွေးသံကြားရ ပဉ္စသိင်္ခနတ်စောင်းပမာအ
လားပေါ့ ဗျာရယ်။
အဲသလို ကောင်းတာကြားရပြန်သော်လည်း လမ်းကောင်းလို့အရမ်းမောင်းနေကြရင် အလောင်းသာပြင်ကြ
ပေရော့။
လူကြီးတွေကလည်း မခေပါဘူးဗျာရယ်။
(ကားသမား ပြောမရမှန်သိလို့) အန္တရာယ်ကာကွယ်ရေးကို စောင်းမပေးတော့ပါဘူး။
ခရီးသည်တွေ ကားမှောက်သေရင် (အသေဖြောင့်အောင်) ဘာလုပ်ပေးရမလဲဆိုတာပဲ တွက်တော်မူလေ
တော့ (အသက်အာမခံကိစ္စ) ဘွားခနဲပေါ်လာချေသပေါ့။
ခရီးသည်တွေခမျာ အသက်အောင့်ပြီး နတ်ပန်းရထားစီးနေရသလိုပ ဗျာရယ်။
ယခုဆိုရင် မန္တလေးဗြဟ်္မစိုရ်ကျောင်းတိုက်မှ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းကထိက ဆရာတော်
အဂ္ဂမဟာ ဂန္ဓ၀ါစကပဏ္ဍိတဘဒ္ဒန်္တနေမိန်္ဒ၊ ဖြူးမြို့ နတ်ရေကန်ကျောင်းတိုက်ဆရာတော် ဦးသောဘဏစတဲ့
ဆရာတော်ကြီးများ ဦးဆောင်ပြီး အကျွတ်အလွတ်ပွဲတွေလုပ် ပေးနေပြီ။
ဘာပူစရာလိုပါသလဲ။
ဒရိုင်ဘာ မလိမ္မာလည်း ကိစ္စမရှိ။
စိတ်ချလက်ချ သေရန်သာရှိတော့တာပ။
စေတနာရှင် မေတ္တာရှင်အဖွဲ့၊ ပဲနွယ်ကုန်းရွာ၊ တောကျွဲအင် ရွာသားတွေကလည်း အကျွတ်အလွတ်ပွဲတွေ
လုပ်ပေးဆိုပဲ။
သဲပုံစေတီ တည်ပေးဆိုပဲ။
အမျှဝေပေးဆိုပဲ။
ကဲ..။
မပြန်လမ်းပေါ်က နတ်ဝိညာဉ် ၃၅၈ ပါးထဲမှာ VP VIP နတ်စိမ်းတွေပါတော်မူလျှင် မျက်နှာကြီးနတ်ပြိတ္တာ
တွေကြား ဆင်းရဲသားနတ်တွေ ရေစက်ခွက်ကိုင်ရဲပါ့မလား ဗျာရယ်။
ပို့သသော ကုသိုလ်အဖို့ဘာဂကို အညီအမျှ ရကြပါလေစ။
စမုံမြေတာ (နတ်အိမ်ရာ) အညီအမျှ ပိုင်ဆိုင်ပါလေစ။
(ဒရိုင်ဘာ ငမိုက်သားတွေကြောင့်)အာကျယ်လေဗျောက်အိုးရဲ့ မဟာစိတ္တဇ။
လေဗျောက်အိုး (အာကျယ်)
http://www.hotnewsweekly.com/node/2538