လည်လွန်းတဲ့ဘီး အီအီးသင့်
June 22, 2014
Sunday
By မင်းစိုးစံ
ဦးအံ့မောင် ဘာကြောင့်အဖမ်းခံလိုက်ရသလဲ?
ဦးဆန်းဆင့် ကို ဖမ်းပြီးမှ ဖမ်းလိုက်တာ ဘာကြောင့်လဲ?
အားလုံး ၉(ကိုး)ယောက်ဆိုတော့ ကျန်တဲ့ ၇(ခုနစ်ယောက်)က ဘယ်သူတွေလဲ?
ဦးဆန်းဆင့် ကို သမ္မတစကားကို နားမထောင်လို့ ဖမ်းတာဆိုတော့ ဦးအံ့မောင်က ဘယ်သူ့စကားကို က
လန်ကဆန်လုပ်မိလို့လဲ?
မေးခွန်းထုတ်မယ့်သာ ထုတ်ရတာ အဖြေက ရှင်းရှင်းလေး။
ဖမ်းချင်လို့ ဖမ်းတာပေါ့။
ဦးအံ့မောင်နဲ့ အင်တာဗျူးလုပ်ထားတာတွေထဲက တပိုင်းတစ ဖေါ်ပြလိုက်ပါတယ်။
တပ်မတော်အစိုးရတစ်ခေတ်လုံးမှာလည်း အဘက သာသနာရေးမှာ တောက်လျှောက်အကြံပေး လုပ်လာ
တယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အနီးကပ် အကြံပေး လုပ်ရတာပေါ့။
ဦးအံ့မောင် – ၁၉၆၉ တည်းက ဒီရောက်လာတာ။
တွက်ကြည့်ပေါ့ နှစ်ပေါင်း ၅၀ လောက်ရှိပြီပေါ့။
နိုင်ငံတော်အမြင့်ဆုံး ရုံးတွေမှာ အကြံပေးလုပ်လာတာပေါ့။
အခုဦးသိန်းစိန် ခေတ်မှာရော အဘအကြံပေးရ တုန်းလား။
ဦးအံ့မောင် – ပေးနေတာပေါ့။
အဲဒါကိုဘာလို့သမ္မတရုံးကနေ အဘကို သမ္မတရုံးအကြံပေး မဟုတ်ပါဘူးလို့ ဘာလို့ ပြောရတာလဲ။ ဦးအံ့မောင် – သူစိတ်ချမ်းသာလို့ ပြောတာပြောပါစေလို့ ငါပြောတာပေါ့။
မဟုတ်ဘူးဟုတ်တယ် ငါပြောစရာ မလိုပါဘူး။
အဲဒီ စကားကြောင့် အဖမ်းခံလိုက်ရတာလို့ ထင်တာပဲ။
စဉ်းစားကြည့်လေ နှစ်ပေါင်း ၅၀(ငါးဆယ်)လောက် စစ်အစိုးရရဲ့ အလိုလိုက် အကြိုက်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို မထင်လျင် မထင်သလို ဖမ်းကတည်းကိုက ဖမ်းချင်လို့ဖမ်းတာမဟုတ်လျင် တခြားဘာရှိသေးလို့လဲ။
အဲဒါသာကြည့်။
ဗမာစစ်အစိုးရ ဆိုတာ သူပြောတဲ့အတိုင်း လိုက်မလုပ်နိုင်လျင် ချော်လဲ ရောထိုင် မလုပ်မိလျင် ဦးအံ့မောင်ရဲ့
အဖြစ်ကို သင်္ခဏ်းစာယူတတ်ဘို့ မမေ့သင့်ဘူးလို့ ထင်တာပဲ။
ဆင်ခြေပေးစရာတော့ ရှိပါတယ်၊ အဲဒါ ဘာလဲဆိုတော့ ဦးအံ့မောင် ဆိုတဲ့နာမည်လိုပဲ အ နဲ့ စပြီး မ နဲ့ ဆုံး
တဲ့ ၀န်ကြီးတယောက်ရှိတယ်။ ဦးအောင်မင်းဆိုတာ။
သူကျတော့ ဗမာစစ်တပ်ကို ပြောလိုက်တာများ ရစရာတောင်မရှိဘူး။ ဘာဆိုဘာမျှဖြစ်ဘူး။
UNFCCI ရဲ့ နိဂုံးချုပ်အစည်းအဝေးမှာ ၀န်ကြီးဦးအောင်မင်း ပြောသွားတာက
တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့တစ်ချက်ဆိုရင် ငါတို့သည် ကျဆုံးလေပြီးသောတပ်မတော်
သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ် ဆိုတဲ့ အချက်ပါနေတယ်။
သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး။
နောက်တစ်ခုက သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး ဒါကို ဖျောက်ဖျက်ဖို့လိုတယ်။
ကဲ ဦးအံ့မောင် ပြောတဲ့စကားနဲ့ ဦးအောင်မင်း ပြောတဲ့စကား၊ ဘယ်သင်းက ပိုဆိုးတုန်း။
ဦးဆန်းဆင့် နဲ့ ဦးအံ့မောင် တို့ကို အဂတိလိုက်စားလို့ ဖမ်းတယ်လို့ပြောတယ်။
ဦးဆန်းဆင့် ပြောတာကတော့ အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ သူ့မှာအများကြီးရှိ
တယ်ဆိုတော့။
အဝေအစား မတည့်တဲ့ နောက်ဆုံးတနေ့မှာ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြသေးတာပေါ့။
ဘယ်လိုပဲပြောပြော ပြည်ထောင်စု ဗမာနိုင်ငံတော်(ပြည်ထောင်စု မြန်မာနိုင်ငံတော်)ကို မတရားအုပ်ချုပ် မင်းလုပ်နေတဲ့ ဗမာစစ်အစိုးရ နောက်ပြန်လှည့်ဘို့ လိုတာတော့ အသေအချာပါပဲ။
ဘယ်တော့မျှ နောက်ပြန်မလှည့်ဘူး ဆိုလျင်တော့ ဘယ်လိုလူမှ အမြဲတမ်း ကံမကောင်းနိုင်ပါဘူးဗျာ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)