ပြည်သူကို ဒုက္ခမပေးကြပါနှင့်
By ဒေါက်တာစိန်စိန်သိန်း
ကျွန်မ၏ ခင်ပွန်းသည် ၁၉၉၀ ခုနှစ် က မဲရခဲ့သည့် မြို့ကလေးက ခပ်ဝေးဝေး မှာ ရှိနေခဲ့ပါသည်။
ရှမ်းပြည်နယ်တစ်ခု လုံး မဲအများဆုံးရခဲ့သည်ဖြစ်သော်လည်း အာဏာမရခဲ့သည့်အဖြစ်ကို လက်ခံလျက်က ပြည်သူကိုကျေး
ဇူးဆပ်ရန် ကျွန်မတို့ နှစ်ဦးစလုံးက ကြိုးစားခဲ့ကြခြင်းသည်။ ကျွန်မတို့၏ဆန္ဒက ပြည်သူကိုအလုပ်အကြွေးပြုရန်ဖြစ်ပါသည်။
သို့ပေသိ လယ်မြေယာမြေကိစ္စများတွင် ကျွန်မတို့၏ဘက်တော်သားများက တောင်သူများကိုမြှောက်ပေးနေသည် ဟု တိုင်
သံ တောသံများ ညံလာသောအခါ မြို့ကလေး ကို ပြန်ခဲ့ပါ၏။
မြို့ပေါ်ရောက်ရောကခြင်း လူ ၁၀ ဦးထက်မနည်းလာရောက် တိုင်ကြားကြပါသည်။
မြို့ပေါ်နှင့်ကျေးရွာ သို့ ကွင်းဆင်းစစ်ဆေးစေခြင်းက ကြားသည့်အတိုင်းမှန်နေသည်ကိုတွေ့ရသည်။
သည်တော့ကာ စုံစမ်းရေးကော်မတီ ဖွဲ့ပေးခဲ့ပါ၏။
ကျွန်မတို့သည် ပြည်သူကို ဒုက္ခပေးသူများမဖြစ်စေပါနှင့် ပြောမှား ဆိုမှား၊ လုပ်ရပ်မှားများ ရှိပါက ရပ်တန်းက ရပ်ကြပါ ဟု မှာကြားခဲ့ပါ၏။
တိုင်စာများကို လူကိုယ်တိုင်ဆင်း၍ ရန်ကုန်သို့ လာပို့ကြသည့်အခါ နောက်တစ်ခေါက် ပြန်ဆင်းခဲ့ရပါသည်။
အရေးပေါ်အစည်းအဝေးဟု ကျွန်မ ခေါင်းစဉ်တပ်ရသည်။
ပြစ်မှုကျူးလွန်သူများက အရွေးချယ်ခံမည့်သူများကို ဒုက္ခပေးမည်ဟု ခြိမ်းခြောက်လာပြန်သည်ကို တစ်ခါကြားရပြန်သည်။
ခက်နေပြီ ခြောက်တိုင်း၊ ကြောက်စရာမလိုသော်လည်း မြှောက်ပေးသူများကိစ္စကို ရပ်တန့်စေရန် ပစ်သမျှမြားဒဏ်ခံယူမည်။
ပြည်သူကို ဒုက္ခမပေးရင်ပြီးရော...ဟု ကိုယ့်ကို ကိုယ်စတေးရတော့မည့်အဖြစ်။
ကျွန်မက ရှင်းရှင်းလေးလုပ်တတ်၊ ပြောတတ်သူ ဖြစ်ပါသည်။
ပရိယာယ် မရှိပါ။
ပြစ်မှုကျူးလွန်ပါက စည်းကမ်းအတိုင်းအရေးယူသွားမည် ဟု ဆိုသောအခါ ဖုံးနှင့် ခြိမ်းခြောက်လာကြပြန်သည်။
ကိုယ့်ဘက်သားဖြစ်၍ မျက်စေ့မှိတ်ကာကြည့်နေရမလား။ ကျွန်မကြည့်မနေနိုင်ပါ။
ခြေမ မကောင်းနှင့်ခြေမ၊ လက်မ မကောင်းနှင့် လက်မဖြတ်ပစ်ရမည်မှာ ဦးစီးဦးဆောင်လုပ်သူများ၏တာဝန်ဟု သတိပြုမိပါ
သည်။
တခြား တစ်နည်း စဉ်းစားစရာမရှိတော့ပါ။
တရားဥပဒေစိုးမိုးမှုမရှိသော ရှမ်းပြည်နယ်မှာ ကိုယ့်လူတွေကလည်း တရားမဲ့လာသည်ကို မျက်ကွယ်ပြုနိုင်သည့် စိတ်ထား
ကို ကျွန်မ မလိုလားပါ။
သည်တော့ကာ သည်ကိစ္စရပ်များအတွက် ဆောင်ရွက်ရာ၌ ပြည်သူ့အကျိုးကိုသာ ရှေ့ရှုရမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်ရ
ပါတော့သည်။
အထက်က လူကြီးများ အလုပ်များနေစဉ်မှာ အောက်ခြေမှ အုတ်ရောရော၊ ကျောက်ရောရောများ ၀င်ရောက်လာကြကာ လူ
မိုက်လုပ်နေကြခြင်း ဖြစ်ပါသည်။
စည်းရုံးရေးပျက်ပြားမည်ကို စိုးရိမ်ကာ မျက်စေ့မှိတ်နေ၍လည်း မဖြစ်တော့ပါ။
ကျွန်မခရီးစဉ်တွင် စိတ် မချမ်းမြေ့စရာများ၊ တိုင်သံတောသံများ ကြားခဲ့ရသလို ဒေသအစုဖွဲ့သစ်တောများ တည်ထောင်ပေး
မည့် လူအုပ်စုနှစ်စုနှင့်လည်း ဆုံခဲ့ရပါ၏။
ထိုသူများမှာလည်း မိမိကိုယ်ကျိုးကိုသာ ကြည့်တတ်သူများ ပါလာနိုင်ပါသည်။
ပြည်သူကို ဒုက္ခပေးမည့်သူများလည်း ပါလာနိုင်ပါသည်။
သို့ဖြစ်၍ စိစစ်၍ ကျွန်မလက်ခံသွားပါမည်။
ဒေသအစုအဖွဲ့သစ်တောများ တည်ထောင်လိုသူများထားရမည့် ထိရောက်သောပူးပေါင်းပါဝင်မှုကို ဖြစ်စေနိုင်သည့် အချက်
များကို ရှင်းပြမိပါ၏။
တာဝန်သိစိတ်ရှိသော သူများပါဝင်ဖို့လိုသည်။
စိတ်အားထက်သန်မှု လိုသည်။
စွန့်စားလုပ်ကိုင်ရန် ဆန္ဒရှိသူ ဖြစ်ရမည်။
အခြားသူများကို စည်းရုံးနိုင်သူ ဖြစ်ရမည်။
ကောင်းမွန်သောဦးဆောင်မှု ရှိရမည်။
လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာအခြေခံများ တူညီမှု ရှိရမည်။
အဖွဲ့အစည်းတွင် ပဋိပက္ခဖြေရှင်းမှုစနစ် ရှိရမည်။
အဆင့်အလိုက် ဆုံးဖြတ်ချက်ချမှတ်မှုစနစ်ကို လိုက်နာနိုင်ရပါမည်။
ရိုးရာအသိပညာ၊ ဗဟုသုတနှင့် အလေ့အကျင့်များ ရှိသူများကိုလည်း ကျွန်မတို့လိုလားပါ၏။
ထိုမြို့ကလေးမှာ ဂဠုံဆရာစံကိုပင် ဖမ်းပေးခဲ့သည့် မြို့ကလေးဖြစ်ရာ ကျိန်စာသင့်နေသေးသည့် နေရာဖြစ်သဖြင့် လူရှုပ်များ
ကြားမှ လူတော်လူကောင်းကို ရွေးထုတ်ပေးရဦးမည် ဖြစ်ပါသည်။
ပြည်သူကို အကျိုးပြုလိုသူ ရှာမှရှားလှသည်တော့ မဟုတ်ပါ။ သို့ပေသိ လူတော်များကို မွေးထုတ်ပေးရပါဦးမည်။
သူတစ်ပါးကိုဒုက္ခပေးသူသည် လူယုတ်မာသာဖြစ်ရာ၊ သူတစ်ပါး လူအများမလုပ်နိုင်သည်ကို လုပ်နိုင်သူသာ လူတော် ဖြစ်
ပါသည်။
လူတော်များမလုပ်နိုင်သည်ကို လုပ်နိုင်လျှင် ထူးချွန်သူသာဖြစ်ပါသည်။
ထူးချွန်သူများရွေးချယ်၍ ပြဿနာတို့ကို ဖြေရှင်းပေးသင့်သည်။
မြို့ကလေး၏ အနေအထားမှာ ချောက်ချားစရာဖြစ်ရပြီ။
အပြင်ပန်းအကြည့်မှာ တည်ငြိမ်နေသည်ထင်ရပါ၏။
မအီမသာနှင့် တည် ငြိမ်နေပုံရပါသည်။
ပင်လယ်ကမ်းစပ်တွင် ထိုင်၍ကြည့်သူများမှ မြင်နိုင်ပါသည်။
ကမ်းခြေသို့ဝင်လာသော ပင်လယ်လှိုင်းများကို ပမာပြုတင်ပြပါမည်။
ထူးခြားသော အချိန်ကလေးတစ်ချိန်ဖြစ်ပါ၏။
လှိုင်းလုံးတစ်လုံး ကမ်းကိုရိုက်ပြီး အရှိန်ကုန်၍ သဲပေါ်တွင်ဖြတ်ကျော်နေစဉ် ငြိမ်သွားသည့်အဖြစ်မျိုးကို မြင်ဖူးတွေ့ဖူး ကြ
ပါလိမ့်မည်။
လှိုင်းလုံးများကို ပင်လယ်ထဲသို့ ဆွဲယူစမပြုသေးခင် ကာလကလေး ဟု ထင်ပါသည်။
ရေ၀ဲလှည့်နေခြင်း ရပ်လျက်ရှိသောအချိန်ဖြစ်၍ ရေက ကြည်နေသည်။
ကျောက်တုံး၊ ခရုခွံ၊ သဲစိုင်များ ကို မြင်နိုင်ပါ၏။
ထိုအချိန်လွန်သော် လှိုင်းလုံးများက ပင်လယ်ထဲသို့အားလုံးကို ဆွဲချသွားပေတော့မည်ဖြစ်သည်။
အပြစ်ကျူးလွန်သူများကို တစ်စုံတစ်ဦးနှင့် အုပ်စုတစ်စု သို့မဟုတ် ပါတီတစ်ခုကို မျက်ကွယ်ပြုထားပါက လှိုင်းလုံးများလို အ
ရာရာကို ဆွဲချသွားပေတော့မည်ဖြစ်၏ သို့ဖြစ်ရာ ....။
ပြည်သူကို ဒုက္ခပးနေသူများကို ထိုက်သင့်သောပြစ်ဒဏ်ပေးရန်သာ ကျန်ပါတော့သည်ဟု ကျွန်မ ဆုံးဖြတ်သောအခါ ရင်ဝ
သို့ထိမှန်သော မြားဒဏ်ကိုလည်း ခံယူရန်အသင့်ဟု ပြင်ဆင်လိုက်မိပါကြောင်း......။
ဒေါက်တာစိန်စိန်သိန်း
Copy from http://www.hotnewsweekly.com/node/2592