• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, September 8, 2014

တော်သလင်းလပြည့်နေ့ ဂုရုဓမ္မ(ကုရုဓမ္မ) အခါတော်နေ့


တော်သလင်းလပြည့်နေ့
 ဂုရုဓမ္မ(ကုရုဓမ္မ) အခါတော်နေ့

September 08, 2014
Monday

By မင်းစိုးစံ

မင်္ဂလာပါသူငယ်ချင်း။
မင်းကို ဖုတာမိုက် ဂုဏ်ကျေးဇူး ဘုန်းကြီးကျောင်းမှာ ငါသွားစောင့်နေတယ်။
မင်း ရောက်မလာပြန်ဘူး။
မနေ့ညတုန်းက မင်းငါ့ကိုပြောတော့ လာမယ်ဆို။

ငါတို့တတွေဟာ အသက်ကလေးတွေ မငယ်တော့ဘူးနော်။
မကြာခင် နေ၀င်တော့မှာ။
ငါတို့တတွေ ငယ်ငယ်တုန်းက ဘယ်လောက်ပဲပွေခဲ့ပွေခဲ့ ဘယ်လောက်ပဲမိုက်ခဲ့မိုက်ခဲ့ သေခါနီးလေး အချိန်
မှာ စိတ်ကိုအသန့်ရှင်းဆုံး အကြည်လင်ဆုံး ဖြစ်အောင် ပြင်ဆင်ထားနိုင်တော့ ကောင်းတာပေါ့ကွာ။
ပြောမယ့်သာပြောရတာ ငါလည်း အခုထက်ထိ ငါ့စိတ်ကို သန့်ရှင်းကြည်လင်အောင် မလုပ်နိုင်သေးပါဘူး
ကွာ။
အမြင်မတော်လျင် ပြောချင်ဆိုချင်တဲ့စိတ်က ထိန်းလို့ကိုမရဘူး။
နောက်တခုက ငါဆိုတဲ့လူဟာ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ် လွန်ကဲသလောက် ကိုယ့်ကိုယ်ကို ယုံ
ကြည်မှုအရမ်းနည်းနေမှန်း အလိုလိုသိနေတယ်။

ပြင်ပါလားဆိုတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူတွေရဲ့ သဘောသဘာဝအတိုင်း မပြင်ချင်ဘူး။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရအောင် လုပ်လေဆိုတော့လည်း မလုပ်ချင်မကိုင်ချင်နဲ့။
မင်းဟာ ငါ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်မို့လို့ ပြောပြတာ၊ တခြားလူတွေကို ဖေါက်သည်မချနဲ့နော်။
တခြားလူတွေ ငါ့အားနည်းချက်ကို သိကုန်မှာစိုးလို့ပါ။
အဲဒီလို လူတွေသိသွားလျင် သူတို့အပေါ် ဆရာကြီးလုပ်လို့ မရတော့ဘူးလေကွာ။
မင်းနဲ့ငါပဲသိတော့ ငါတို့ ဝေစားမျှစားလုပ်လို့ရတာပေါ့ မဟုတ်ဘူးလား။

ဖုတာမိုက်ဂုဏ်ကျေးဇူး ဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲလုပ်ကြတာ မင်းသိမှာပေါ့။ လူအတော်များများလာကြတာတွေ့ရတယ်။
မွန် ကယား ဗမာ စတဲ့လူတွေလာကြတယ်၊ ဖုတာမိုက်ကျောင်းကလည်း နည်းနည်းငယ်တော့ ဗုဒ္ဓဘာသာ
ညီအစ်ကိုတချို့ အပြင်ဘက်ထွက်ပြီးထိုင်စကားပြောကြတယ် ရာသီဥတုကအ နေတော်လေးမို့ အဆင်ပြေ
သားပဲ။

ငါလည်း အပြင်ဘက်ထွက်ပြီး မွန်လူငယ်လေးတစ်ယောက်နဲ့ စကားပြောနေတုန်း နိုင်ငံခြားသားတယောက်
ရောက်လာတယ်။
သူက အင်္ဂလိပ်လို ခင်ဗျားတို့ ကရင်လား ဗမာလား လို့မေး တယ်ကွ။
ငါက ကျုပ်တို့ကရင်တွေပါ ဒါပေမယ့် ဗမာလိုလည်းပြောပါတယ် လို့ပြန်ပြောတော့ သူက
ကျနော် ဗမာ ပြည်ကပါ ဆိုပြီး ဗမာလိုမပီ့တပီ ပြောပြီး ကားပေါ်ချက်ချင်းတက်သွားပါရော။ သူ့ရဲ့အသွင်အပြင်က ဗမာနဲ့မ တူသလို အမေရိကန်ပုံလည်းမပေါက်ဘူး။
ကြည့်ရတာ အိန္ဒြိယနွယ်ဘွားလိုလိုပဲ။


ငါ့ရင်ထဲမှာ မတင်မကျဖြစ်နေတာက ဘာကြောင့်များ တော်သလင်းလမှာ ဆွမ်းဆန်စိမ်းလောင်းသလဲပေါ့။ ဆွမ်းဆန်စိမ်းလောင်းတယ်ဆိုတာ ၀ါခေါင်လလို့ နားလည်သဘောပေါက်ထားလို့ပါ။
ဗမာတွေရဲ့ ၁၂လရာသီ ပွဲတော်ကိုကြည့်လိုက်တဲ့အခါ တော်သလင်းလမှာ လှေလှော်ပြိုင်ပွဲလေကွာ။
မင်းအသိပဲလေ။ ရွာမှာဆို မင်းတို့ငါတို့ လှေပြိုင်ကြတာ။

ဒါကြောင့်မို့ ဓမ္မသုခကျောင်းတိုက်က ဆရာတော် အရှင်ဥတ္တမလင်္ကာရကို လျှောက်ထားမေးမြန်းကြည့်လိုက်
တော့မှ ဆွမ်းကြီးလောင်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းပွဲ၊ နောက်ပြီးရဟန်းသံဃာတော်တွေကို ပျားရည်၊ ဆီ၊ ဖန်
ခါးသီး ဆီးဖြူသီး သျှစ်သျှားသီး တမျိုးမျိုးကို နွားသိုးဆီးရည်နဲ့စိမ်ပြီး ဆေးဝါးအဖြစ်နဲ့လှူဒါန်းတာမျိုးတွေ ရှိတဲ့အ
ကြောင်း သိလိုက်ရတော့ အလှူအတန်းဆိုတာ ဘယ်အချိန်အခါမျိုးမှာမဆို လှူဒါန်းနိုင်ပေသော်ငြားလည်းပဲ
အချိန်အခါကိုလိုက်ပြီး လူဒါန်းတာမျိုးလည်းရှိနေတာ သိလိုက်ရလို့ အင်မတန်ကိုကျေးဇူးများပါတယ် သူငယ်
ချင်း။
ငါရေးနေတဲ့ အကြောင်းအရာတွေဟာ မင်းအတွက် ဘီယာတငုံစာလောက်တောင် အရေးမကြီးဘူးဆိုတာ
သိနေပေမယ့် ငါဆက်ရေးပါရစေ။

တော်သလင်းလမှာ လှေလှော်ပွဲကျင်းပကြသလို တော်သလင်း လပြည့်နေ့ကို ''ဂရုဓမ္မ အခါတော်နေ့'' လို့
သတ်မှတ်ပြီး လူသားတွေ အခြေခံအနေနဲ့ လိုက်နာအပ်တဲ့ တရားဖြစ်တဲ့ ငါးပါးသီလကို ဂရုဓမ္မလို့ခေါ်တယ်
ဆိုတာ သိရတယ်။ ငါးပါးသီလကို ကုရုတိုင်းမှာ ဘုရင်မင်းမြတ်နဲ့အတူ တစ်ဆယ့်တစ်ဦးရှိတဲ့ပုဂ္ဂိုလ်တွေ
မြောက်ကျွန်းသူ၊ မြောက်ကျွန်းသားတွေ စောင့်ထိန်းအပ်တဲ့ တရားဖြစ်တဲ့အတွက် ''ကုရုဓမ္မ'' လို့လည်းပြော
လို့ရတယ် တဲ့။

တခုသောနှစ် တော်သလင်းလမှာပေါ့ ကာလိင်္ဂတိုင်းပြည် မိုးခေါင်ပြီး ရာသီဥတု ဖောက်ပြန်လို့ စိုက်တဲ့ စပါး
တွေ ပျက်ဆီးကုန်ပြီး အစာရေစာ ရှားပါးပြတ်လပ်တာနဲ့အတူ အငတ်ဘေးနဲ့ကြုံရပါရော။
အစားအစာမလုံလောက်တော့ အာဟာရပြတ်၊ အာဟာရပြတ်တော့ လူတွေမှာ ရောဂါဘယထူ၊ အဲဒီလို မိုး
ခေါင်တဲ့ဘေး၊ ငတ်တဲ့ဘေး၊ ရောဂါဘေးတွေကြောင့် ဒန္တပူရမင်းနေပြည်တော်၊ မင်းနန်းတော် တံခါးရှေ့ မင်း
ရင်ပြင်မှာ လူတွေစုပြီး ''အရှင် မင်းကြီး မိုးရွာအောင် ဆောင်ရွက်ပေးတော်မူပါ'' ဆိုပြီး ဆန္ဒပြလို့ ကာလိင်္ဂ
မင်းဟာ ကုရုဓမ္မကို ဆောက်တည် ကျင့်ကြံတော့သတဲ့။

၁။ ပါဓောန ဟန္တဗ္ဗော- သူ့အသက်ကို မသတ်ဘူး။
၂။ အာဒိန္နံ နာဒါတဗ္ဗံ - မပေးချင်တဲ့ သူတစ်ပါးပစ္စည်းကို မသိမ်းဘူး။ မယူဘူး။
၃။ ကာမေသုမိစ္ဆာ နစရိတဗ္ဗံ - ကာမဂုဏ်တွေမှာ မှားမှားမှားယွင်းယွင်း မလုပ်ဘူး။
၎။ မုသာန ဘဏိတဗ္ဗံ - သူတစ်ပါးတို့ရဲ့ ကောင်းကျိုးပျက်ပြားအောင် လိန်ညာပြီး မပြောဘူး။
၅။ မဇ္ဇံ န ပါတဗ္ဗံ - သေရည်အရက် မသောက်ဘူး။ ဆိုတာတွေပေါ့ကွာ။

ဒါကြောင့် တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ(ကုရုဓမ္မ) အခါတော်နေ့လို့ ခေါ်တာဖြစ်တယ် လို့ ရေးထားတယ်။ အေး အခုတိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဗမာစစ်အစိုးရကို တိုင်းပြည်မှာ ဒီလိုဒီလိုတွေဖြစ်နေလို့ ဒါတွေဒါ တွေ လုပ်ပေးပါ လို့ပြောကြည့်ပါလား။
သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။
တနေ့ ထမင်းတနပ်စားပြီး အကြွေးဆပ်ကြ။
နယ်လှည့်ပြီးပါးရိုက်နေတာ။
ရွှေလက်နဲ့ခေါ်လို့မရလျှင် ကျည်ဆံကျွေးပစ်လိုက်။
ဆိုတဲ့လူဆိုးလူ မိုက်မျိုးကို ဘယ်သူတွေက အားကိုးချင်မှာလဲ။
သူတို့ကိုယ်နှိုက်က ပြည်သူလူထုအပေါ် သားသမီးလိုသဘော ထားဘို့ နေနေသာသာ မြေသိမ်းယာသိမ်းပြီး ဆင်းရဲသည်ထက် ဆင်းရဲအောင် ဖိနှိပ်အနိုင်ကျင့်နေတာမဟုတ်လား။

အပေါ်က ရေးပြတဲ့သီလကို ဆောက်ထိန်းမယ့် စစ်ခေါင်းဆောင်ဆိုတာမရှိနိုင်ပါဘူး။
ရှိမယ်ဆိုလျင်တောင် ပြည်သူလူထုက သူတို့ကိုမျက်မုန်းကျိုးနေတဲ့အတွက် ဘာမျှဖြစ်လာမှာမဟုတ်ဘူး။
ပိုဆိုးတာက လက်ရှိအစိုးရကို လူထုတွေ ကျိန်စာတိုက်နေတာ မင်းကြားမှာပေါ့။
ဒီလူတွေ မလဲမသွေကျိန်စာမိလိမ့်မယ် သူငယ်ချင်း။
လူထုတွေရဲ့ မျက်ရည် အသက် ဘ၀ အဲဒါတွေနဲ့ ရင်းပြီးကျိန်စာတိုက်ကြတာ။
အင်မတန်ကြောက်ဘို့ကောင်းတယ် ဆရာတော်တစ်ပါး မေတ္တာပို့တဲ့ လင်္ကာထဲမှာ ကြောက်တတ်မကြောက်
တတ် နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ လို့
ဘယ်လောက်ပဲမေတ္တာပို့ပို့ ဒီလူတွေမရနိုင်ဘူး။ ဘယ်တော့မျှ ဥပါဒ်မကင်းနိုင်သလို ရန်လည်းမဝေးနိုင်ဘူး။ ဘယ်သောအခါမျှလည်း ငြိမ်းအေးကြမှာမဟုတ်ဘူး။

BBC ကို မင်းနားထောင်တယ်မဟုတ်လား။
စနေနေ့ညပိုင်းမှာလွှင့်တဲ့ အစီအစဉ်ထဲက တခုဖြစ်တဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ဆိုတဲ့ ကဏ္ဍလေ။
ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေးတွေကို ဆွေးနွေးဖလှယ်ကြတာ။
ရေကြီးတာကို ဘယ်လိုကာကွယ်မလဲ။
ပညာရေးမှာ ဘယ်လိုပြင်ဆင်မှုတွေလုပ်သင့်သလဲ။
လယ်သိမ်းယာသိမ်းတဲ့ အမှုကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။
အခုလည်း မြန်မာအလှမယ်လေးတွေ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာဆွေးနွေးသွားတာ။
ငါလေနားထောင်ပြီး ပြောချင်နေတာ၊ ဘာပြောရမှန်းတောင်မသိဘူး။
ငါတို့ ကရင့်အာဇာနည်ခေါင်းဆောင် ပဒို မန်းရှားလားဖန် ပြောသွားတဲ့စကားတခွန်းရှိတယ်။
ဗမာစစ်အစိုးရဆိုတာ သူတို့နားလည်တဲ့ဘာသာစကားနဲ့ပြော မှ ရမယ်။ ဗမာစစ်အစိုးရ ပြုတ်ကျတာနဲ့ အား
လုံး စည်းလုံးညီညွတ်ပြီးသားပဲ။ ဆိုတာ။

ငါကတော့ စောစောကပြဿနာတွေ အားလုံးကင်းရှင်းဘို့ဆိုလျင် ဗမာစစ်အစိုးရ မပြုတ်သမျှ တတ်သိပညာရှင်
တွေ ဆွေးနွေးတင်ပြတာမှန်သမျှ ဘာတခုမျှ အကောင်အထည်ဖေါ်နိုင်မှာမဟုတ်တဲ့အတွက် ပြောသာပြော
ရ အမောသာအဖတ်တင်တယ် လို့သာ အော်ပစ်လိုက်ချင်တာပါပဲကွာ။

ဗမာစစ်အစိုးရ ဆက်ရှိနေသမျှကာလပတ်လုံး တည်မြဲနေသမျှကာလပတ်လုံး မင်းတို့ငါတို့အားလုံးရဲ့ မျိုးဆက်
သစ်တွေ အားကောင်းမောင်းသန်နဲ့ ရှင်သန်ဘို့ မမျှော်လင့်နိုင်တော့သလို အမျိုးဂုဏ်ဇာတိဂုဏ်ဆိုတာလည်း
ကြက်ပျောက်ငှက်ပျောက် ပျောက်မှာပဲသူငယ်ချင်း။

အခု မင်းကို ဒေါနတောင်ရဲ့အရှေ့ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို ကျော်ခိုင်းလျင် မင်းငယ်ငယ်တုန်း
ကလို ကျော်နိုင်မှာမဟုတ်ဘူး။
အေး မပူနဲ့ မကြာခင်မှာ ဒေါနတောင်ကြီး ပျောက်တော့မှာဆိုတော့ ကားလေးစီးပြီး သွားချင်တဲ့နေရာ သွား
လိုက်ရုံပဲ။ ယောင်ပြီးတော့ ခြေကျင်(ခြေလျင်)လျှောက်ဘို့ မလုပ်လိုက်နဲ့နော်။
သစ်ပင်တွေမရှိတော့ဘူး။ နေပူလောင်ပြီး ပြာဖြစ်သွားလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောင်လာမယ့်တော်သလင်းလပြည့်နေ့ရောက်လျင်တော့ ဂုရုဓမ္မ(ကုရုဓမ္မ) တရားကို မင်း
နဲ့ငါ အတူ စောင့်ကြရအောင်။
သူများတွေကို ပြင်ခိုင်းမယ့်အစား ကိုယ့်ဘာသာကိုယ် ပြင်ကြစို့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဂုရုဓမ္မ(ကုရုဓမ္မ)အခါတော်နေ့အကြောင်းအား အောက်ပါလိပ်စာမှ ကူးယူဖေါ်ပြပါသည်။ http://buddhakyaezue.blogspot.com/2013/09/blog-post.html