• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, September 25, 2015

ထမင်းတနပ်မစားလိုက်တဲ့ အကျိုး

ဆရာတော်အတွက် ပြင်ဆင်ထားသည့် တရားဟောစင်မြင့်

September 25, 2015
Monday

ထမင်းတနပ် မစားလိုက်တဲ့ အကျိုး

By မင်းစိုးစံ

September 21, 2015 Monday မှာ ကိုထာထူးနဲ့ မချစ်ချောတို့မိသားစု ဘုရားအမှူးရှိတဲ့ ဆရာတော်ဘုရား
နဲ့အတူ သံဃာတော်တွေကို သဒ္ဒါဆွမ်းကပ်လှူတဲ့ပွဲမှာ မိတ်ဆွေတယောက်က မနက်ဖြန်ဆို ဆရာတော်ဘု
ရား ကျုပ်တို့မြိုလေးကနေ ပြန်ကြွတော့မယ်၊မနက်ဖြန် September 22, 2015 အင်္ဂါနေ့မှာဆရာဦးသန်းလွင်
တို့အိမ်ကပင့်ဖိတ်ထားတဲ့အစီအစဉ်ကိုလည်း ဖျက်လိုက်ပြီဆိုပြီး ပြောတော့ ကျုပ်ရင်ထဲမှာတမျိုးကြီးဖြစ်သွား
တယ်ဗျာ။
ဘယ်လိုဖြစ်သွားသလဲဆိုတာကို တိတိကျကျမသိပေမယ့် ဆရာတော်ကို လွမ်းတာပဲလား၊ ဖူးမျှော်ကြည်ညိုရ
တဲ့ အချိန်ကလေးက အင်မတန်နည်းလို့လား ဆိုတာဝေခွဲလို့မရတာမို့ ပြန်ပြီးစဉ်းစားကြည့်တယ်၊ ငယ်ငယ်
တုန်းက အဖြစ်လေးပါ။

ကြာတော့ကြာခဲ့ပါပြီ၊ ကျုပ်တို့တတွေ နွေရာသီ အခြေခံစိုက်ပျိုးရေးနဲ့ မွေးမြူရေးသင်တန်းတက်တုန်းကပေါ့။
ဘားအံက စိုက်ပျိုးမွေးမြူရေးကျောင်းမှာ။
အဲဒီသင်တန်းကို ကရင်ပြည်နယ်က မြို့နယ်တွေ ကျေးနယ်တွေထဲက အလယ်တန်းကျောင်းသားတွေ တက်
ကြတယ်၊ ကျုပ်ကတော့ ကျုံပိုင်းကျေးနယ်ကို ကိုယ်စားပြုပြီးတက်ရတဲ့သင်တန်းသားဖြစ်ပါတယ်။
သင်တန်းကျောင်းက တနေ့ကို ထမင်း ၂နပ်ကျွေးပါတယ်။
နေ့လည်စာကို ပဲဟင်း၊ ကန်စွန်းရွက်ပြုတ်၊ ငါးပိရည်။
ညနေစာကိုတော့ အသားဟင်းတမျိုး၊ ငါးပိရည်၊ တို့စရာ၊ ပဲဟင်း။
တနေ့တော့ဗျာ၊ နေ့လည်စာစားချိန်မှာတန်းစီပြီး ပဲဟင်းတွေခပ်သောက်လိုက်ကြတာ၊ ဒီနေ့မှ ပဲဟင်းရည်က
တခြားနေ့တွေထက်ပိုပြီးအရသာ ရှိနေတာကို ပြောပြီး သူတပြန်ကိုယ်တပြန်ခပ်သောက်လိုက်ကြတာများ
အလိုလေးလေး တောက်တဲ့တကောင် ပဲဟင်းအိုးကြီးရဲ့အောက်မှာ ပဲဖတ်တွေနဲ့ကားယားကြီး ပတ်ခြာလည်
နေပါရောလား။

ဒါကြောင့် တချို့တောင်ပေါ်ရွာတွေမှာ တောက်တဲ့အော်သံကြားတာနဲ့ မုန့်တီစိမ်တာပဲတဲ့။
မုန့်တီစိမ်တယ်ဆိုတာ လက်လုပ်မုန့်ဟင်းခါးမုန့်ဖတ်ပေါ့ဗျာ။
မုန့်ဖတ်လုပ်နည်းလေး ရေးပြချင်ပါတယ်။

ဆန်ကိုရေစိမ်ပြီး ကဲ့ထုတ်လိုက်ပါ။
အင်ဖက်ခင်းထားတဲ့ တောင်းတခုထဲထည့်ပြီး အချဉ်ဖေါက်ပါ။
ပြီးတော့ ရေ နဲ့ချေပြီး ပိတ်စိမ်းပါးနဲ့ ခြည်အိပ်တလုံးထဲ စစ်ချပါ။
အဲဒီစစ်ထားတဲ့ရေနဲ့မုန့်နှစ်တွေကို အလေးတခုခုနဲ့ဖိပြီးရေစင်အောင် စစ်ပါ။
ရေစစ်သွားလို့ ကျန်ရစ်တဲ့မုန့်နှစ်ကိုလုံးပြီး ပွက်ပွက်ဆူနေတဲ့ရေထဲထည့်ပြုတ်ပါ။
ပြီးတော့ဆုံထဲထည့်ထောင်းပါ။
ဆုံနဲ့ထောင်းပြီးတဲ့မုန့်နှစ်ကို ရေနဲ့စေးပိုင်အောင်နယ်ပါ။
ညှစ်တဲ့ခွက်ထဲထည့်ပြီး ပွက်ပွက်ဆူနေတဲ့ရေထဲ ညှစ်ချပါ။ (စာလေးခွေ ကြော်သလိုမျိုး)
ဆန်ကာလေးနဲ့ပြန်ဆယ်ပါ။
ရေအေးအေးနဲ့ ဆေးပါ။
အခေါင်းလေးတွေလုပ်ပြီး ငှက်ပျောရွက်ပေါ်အစီအရီတင်ပြီးပြီဆိုရင် မုန့်ဖတ်ရပါပြီ။

တိုတိုပြောရမယ်ဆိုရင် ထုံးစံအတိုင်း အဲဒီလိုသင်တန်းတွေပြီးတော့ ကိုယ့်ရပ်ကိုယ့်ဌာနေပြန်ကြရတယ်။
ဘားအံ ကမ်းနားလမ်းက သင်္ဘောဆိပ်က မီးမလင်းတလင်းပေါ့။
သင်္ဘောပေါ်ကိုတက်တဲ့အခါကျတော့ ကျုပ်က ကော့ကရိတ်မြို့နယ်ကိုကိုယ်စားပြုပြီးတက်တဲ့ ကျောင်းသားဆို
တော့ ဘားအံနဲ့မော်လမြိုင် သင်္ဘောပေါ်တက်ရသလို ဖါပွန်မြို့နယ်ကို ကိုယ်စားပြုတဲ့ကျောင်းသားတွေက
ဘားအံနဲ့ရွှေဂွန်း သင်္ဘောပေါ်တက်ကြရတာပေါ့။

သင်္ဘောမထွက်ခင်လေးမှာ တယောက်ရဲ့စာအုပ်ပေါ်မှာ တယောက်က အမှတ်တရစာကြောင်းလေးတွေ
ရေးကြ၊ အပြန်အလှန်လက်မှတ်ထိုးပေးကြနဲ့ သံလွင်မြစ်ထဲက ရေငွေ့တွေက ခွဲခွါရခါနီးလူငယ်လေးတွေကို
ကြိုတင်နှုတ်ဆက်နေသလိုပါပဲ။
အများဆုံးရေးကြတာကတော့
ပဲဟင်းစားရတဲ့အခါတိုင်းနဲ့ တောက်တဲ့အော်သံကြားတဲ့အခါတိုင်းမှာ မင်းကိုသတိရနေမှာပါ ဆိုတဲ့ စာတမ်း
လေးအောက်မှာ အပြန်အလှန်လက်မှတ်ထိုးပေးကြပုံများ အခုထိမှတ်မိနေတယ်။
သင်္ဘော ဥသြဆွဲလိုက်တဲ့အသံဟာ သင်တန်းသားတွေအားလုံးကို မျက်ရည်ဝဲစေရုံတင်မက၊ ပြန်ဆုံဘို့မ
လွယ်ပါလားဆိုတဲ့ အသိက ရင်ထဲကိုဆို့နစ်စေခဲ့ပါတယ်။

သင်္ဘောနှစ်စဉ်းတွယ်ချိတ်ထားတဲ့ သံကြိုးတွေဖြုတ်လို့အပြီး သိမ့်ကနဲအခွါမှာတော့ တယောက်နဲ့တယောက်
လက်ပြရုံကလွဲပြီး အသံတောင်မထွက်နိုင်ကြတော့ပါဘူး။
အဲဒီလိုခံစားရတဲ့ ဝေဒနာမျိုးကျုပ်ရင်ထဲမှာ တထပ်တည်းဖြစ်နေသလား၊ ဒါမှမဟုတ် အလားသဏ္ဍန်တူတဲ့
ခံစားမှုမျိုးများလားပေါ့ဗျာ။

အမှန်အတိုင်းပြောစတမ်းဆိုရင် ဆရာတော်ကို မေးလျှောက်စရာတွေရှိနေသလို ပေးစရာလည်းရှိပါတယ်။
အခုတော့ ပေးစရာရှိတာမပေးလိုက်ရသလို မေးစရာရှိတာကိုလည်း မမေးလျှောက်လိုက်ရတော့ပါလားဆို
တဲ့ ၀မ်းနည်းစိတ်၊ နောင်တရတဲ့စိတ်တွေကနေတဆင့် ဘာမှမမြဲပါလားဆိုတဲ့အသိတရားကို ရရှိခဲ့ပါတယ်။

ဆရာတော်ကိုပေးချင်တာကတော့ ဖူးငုံသစ် ဒုံးအဖွဲ့ ကပြသွားတဲ့ ဒုံးသီချင်းပါ။
မေးလျှောက်ချင်တာကတော့ KNU, DKBA, BGF, KNU/KNLA P-C စတဲ့အဖွဲ့တွေရဲ့ ကရင်အမျိုးသားတွေအ
ပေါ် ထားတဲ့ သဘောထားနဲ့ သူတို့ဆောင်ရွက်နေတဲ့ အမျိုးသားရေးကိစ္စတွေကို ဆရာတော်ဘုရားအနေနဲ့ ဘယ်လို သုံးသပ်ပါသလဲဆိုတာကို သိချင်တာပါ။

ဆရာတော်ဘုရားနှင့် KBSMN (Karen Buddhist Society of Minnesota) အဖွဲ့ဝင်များ

တရားနာအပြီးမှာတော့ ဆရာတော်ဘုရားက ဖုတာမိုက် ဂုဏ်ကျေးဇူးကျောင်း(ဖူ့တာမိက်ဂုဏ်တာဘာ.)ကို
ကြွမယ်ဆိုတာသိရလို့ အလှူရှင်တွေက ထမင်းစားဘို့တောင်းပန်တာကို ပြန်တောင်းပန်ပြီး ဆရာတော်ရဲ့
နောက်ကို လိုက်ခဲ့ပါတယ်။
အဲဒီတော့မှ ဆရာတော်ဘုရားဟာ စာရေးဆရာတဦးဖြစ်သလို တေးပြုစာဆိုတဦးဆိုတာသိလိုက်ရရုံမက၊
ဆရာတော်ဘုရားထံကနေ လုံးဝတွေးထင်မထားတဲ့ အဖြစ်အပျက်တွေကိုလည်း အံ့သြဘွယ်ရာ သိရှိလိုက်
ရပါတယ်။
သာဓုလည်း အကြိမ်ကြိမ်ခေါ်မိပါတယ်။
အခုလိုသိရှိလိုက်ရတာကတော့ ထမင်းတနပ်မစားလိုက်တဲ့ အကျိုးလို့သာဆိုလိုက်ချင်ပါတော့တယ် ခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)