• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, October 7, 2015

အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေအသစ် တရုတ်ကျင့်သုံး

 
အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေအသစ် 

တရုတ်ကျင့်သုံး


ဟုတ်ကဲ့ပါခင်ဗျား။
သတင်းအပြည့်အစုံကို မဘတ်ခင်လေးမှာ ကျုပ်ရဲ့အတွေ့အကြုံလေးတခု ပြောပြပါရစေ.
ဒီလိုပါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀လောက်ကပေါ့ဗျာ။
အဲဒီတုန်းက အခုလို အင်တာနက်တွေမပေါ်သေးဘူး။
ဗမာစစ်အစိုးရကလည်း တနိုင်ငံလုံးကို သတင်းအမှောင်ချထားတဲ့ အချိန်။
ဗမာပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံခြားအသံလွှင့်ဌာနတွေကသာ နားထောင်နေကြရတာ။
ဒီတော့ ရေဒီယိုလေးနဲ့မှ အဆင်ပြေတာလေ။
တိုတိုပြောမယ်ဆိုရင် လှိုင်းတိုရေဒီယိုလေးတစ်လုံး တရုတ်ဆိုင်မှာ ၀ယ်လိုက်တယ်ပေါ့။
တရုတ်ဆိုင်က ၀ယ်လာတာဆိုတော့ ဈေးကလည်းပေါတယ်ဗျ။
မဲဆောက်မှာ ဘတ်၁၀၀၀ လောက် ပေးရတဲ့အမျိုးစားတူ ရေဒီယိုကို ဘတ်၃၀၀နဲ့ရတယ်။
အဲဒါနဲ့ တရုတ်စာနဲ့ရေးထားတဲ့ အညွှန်းစာအုပ်ငယ်လေးကို တရုတ်တစ်ယောက်ကို ဘတ်ခိုင်းကြည့်တော့
သူက တရုတ်မှာ ဘယ်လိုပစ္စည်းမျိုးကိုမဆို ၃မျိုး ထုတ်လုပ်ကြောင်း၊ ဗမာပြည်အတွက်က တမျိုး၊ တခြားနိုင်ငံ
တွေအတွက်က တမျိုး၊ တရုတ်ပြည်အတွက်က တမျိုး ထုတ်တဲ့အကြောင်းနဲ့ တကယ်လို့ပစ္စည်းကောင်းလိုချင်
တယ်ဆိုလျင်ဖြင့် တရုတ်ပြည်ကို တိုက်ရိုက်မှာယူဘို့ ဆိုပြီးရေးထားတယ် တဲ့။
ကျုပ်ဝယ်လိုက်တဲ့ ရေဒီယိုက ဗမာပြည်ကနေတဆင့် ထိုင်းကိုဝင်လာတဲ့ ရေဒီယိုဖြစ်နေပါတယ်။
အောက်က သတင်းအပြည့်အစုံကို ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

2015-10-07

တရုတ်နိုင်ငံ အသစ်ပြင်ဆင်ထားတဲ့အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေကို အောက်တိုဘာ ၁ ရက်နေ့
ကစပြီး တရားဝင်ကျင့်သုံးခဲ့တယ်။
လုပ်ငန်းဌာနတွေ ဥပဒေဖေါက်ဖျက်တဲ့ဒဏ်ငွေကို များစွာမြှင့်တင်ခြင်း၊ တာဝန်မကျေပွန်တဲ့အရာရှိအား အ
ရေးယူမှုကို အားသစ်လောင်းပေးခြင်း၊ အစားအစာကြပ်မတ်ရေးစနစ်တည်ထောင်ခြင်း စတဲ့သတ်မှတ်ချက်ရှိ
တဲ့အတွက် ဒီအစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေဟာ သမိုင်းမှာ အတင်းကျပ်ဆုံးဖြစ်တယ်လို့လူတွေ
ကဆိုကြပါတယ်။
အသစ်ပြင်ဆင်ထားတဲ့အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေအရ အစားအစာထုတ်လုပ်ရောင်းချရေး
လုပ်ငန်းတွေဟာ အစားအစာကိုကြပ်မတ်လို့ရအောင် အစားအစာ ကြပ်မတ်ရေးစနစ်ကို တည်ထောင်သင့်
တယ်လို့သတ်မှတ်ထားပါတယ်။

ပီကင်းရှင်ဖျာတိလယ် ထွက်ကုန်ပစ္စည်းလက်ကားရောင်းချရေးဈေးကွက်က ဟင်းသီးဟင်းရွက်ရောင်းချရေး
ကုန်သည် မစ္စတာကျိုင်က စားသုံးသူတွေဟာ ဟန်းဖုန်းနဲ့ ဟင်းသီးသီးရွက်မှာပါတဲ့ QR ကုတ်နံပါတ်ကိုScan ပြီး အဲဒီဟင်းသီးဟင်းရွက်ရဲ့ လယ်ယာစိုက်ခင်းကနေ ထမင်းစားစားပွဲအထိ အချက်အလက်အားလုံးကို အ
လွယ်တကူရှာတွေ့နိုင်ကြောင်း၊ ဒါဟာ ကုန်ပစ္စည်းအတွက်မှတ်ပုံတင်ကတ်လုပ်ထားတာနဲ့တူကြောင်း ပြော
ကြားပါတယ်။

 ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်ကတဆင့် အစားအစာရောင်းချမှုပမာဏ ဟာ များစွာမြင့်တက်လာပါ
တယ်။ ဒါပေမယ့် အရင်ကဥပဒေမှာတော့ ဒီနယ်ပယ်ကကြီးကြပ်မှု ကို မရှိပါဘူး။
အသစ်ပြင်ဆင်ထားတဲ့ အစားအစာအန္တရာယ်ကင်းရှင်းရေးဥပဒေဟာ ဒီနယ်ပယ်ကအားနည်းချက်ကို ဖြည့်
စွက်ထားပါတယ်။

သတ်မှတ်ချက်အရ အင်တာနက်မှာ အစားအစာရောင်းချရင် နာမည်အရင်းနဲ့ မှတ်ပုံတင်ရမယ်။ စားသုံးသူရဲ့
အခွင့်အရေး နစ်နာဆုံးရှုံးခံရတဲ့အချိန်မှာ ရောင်းချသူဆီကနေ လျော်ကြေးမရနိုင်ရင် အင်တာနက်ရောင်းချမှု
ပလက်ဖေါင်းဆီကနေ လျော်ကြေးအရင်ပေးဖို့ တောင်းဆိုလို့ရကြောင်းသိရပါတယ်။

Copy from http://myanmar.cri.cn/666/2015/10/07/1s38845.htm