• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 16, 2015

ဒီအိမ်က မခွါခင် ဘာလုပ်မလဲ



 ဒီအိမ်က မခွါခင် ဘာလုပ်မလဲ

November 15, 2015
By  မင်းစိုးစံ

တနေ့ကျရင် ကျုပ် ဒီအိမ်ကနေ အပြီးအပိုင်ထွက်ခွါသွားရတော့မှာ ဖြစ်ပါတယ်။
တကယ်လို့များ ကျုပ်သာဒီအိမ်မှာမနေခဲ့ဘူး ဒီအိမ်ကိုမဆောက်ခဲ့ဘူးဆိုလျင် မငှားခဲ့ဘူးဆိုလျင် ဒီအိမ်ကနေ
ထွက်သွားစရာ ဘာအကြောင်းမှ ရှိမှာမဟုတ်ပါဘူး။

အခုတော့ ဒီအိမ်ကနေ မထွက်ခင်မှာ နောက်အိမ်တအိမ်ကို ကျုပ် ရှာထားရပါတော့မယ်။
နောက်တအိမ်ဟာ ဒီ(လက်ရှိ)အိမ်ထက်ကောင်းမယ် မကောင်းဘူးဆိုတာ ကျုပ် သိဘို့လိုပါတယ်။
ကျုပ်အပါအ၀င် ဘယ်လိုလူမဆို လက်ရှိအိမ်ထက် ကောင်းပေ့ဆိုတဲ့ အိမ်ကိုလိုချင်ကြမှာပါ။
နောက်ထပ်အိမ်တအိမ်ဟာ ကိုယ်တိုင်ဆောက်မှာလား ငှားဆောက်မှာလား။
ဝယ်နေမှာလား၊ ငှားနေမှာလား။
ဘယ်လိုအိမ်အမျိုးအစားပဲဖြစ်ဖြစ် ထိုက်သင့်တဲ့ တန်ရာတန်ကြေးတော့ ပေးရမှာဖြစ်ပါတယ်။
ဟုတ်ပြီ သူ့တန်ဘိုးနဲ့ထိုက်တဲ့ တန်ရာတန်ကြေးပေးပြီး နေနေတဲ့ ဘယ်အိမ်မျိုးကိုပဲဖြစ်ဖြစ် တနေ့နေ့ တချိန်
ချိန်မှာတော့ မဖြစ်မနေ အပြီးအပိုင် စွန့်လွှတ်ခွဲခွါရဦးမှာပါ။

တကယ်တော့ ကျုပ်ဟာ အိမ်ဆိုတာကို နေစရာဌာနအဖြစ် အဓိကလို့မှတ်ပြီး လုခြုံစိတ်ချရတယ်လို့ ထင်နေ
သမျှကာလပတ်လုံး အိမ်အတွက် ပူပင်နေရဦးမှာပါ။
ပူပင်တဲ့နေရာမှာလည်း ကိုယ်ပိုင်အိမ်ဆိုလည်း ကိုယ်ပိုင်အိမ်အလျှောက် ငှားနေတဲ့အိမ်ဆိုလည်း ငှားအိမ်အ
လျှောက် အမြဲတမ်း စိုးရိမ်ပူပန်နေရမှာပါ။

ကိုယ်ပိုင်အိမ်နဲ့နေတာက ပိုကောင်းတယ်လို့ဆိုကြသလို ငှားနေတာက ပိုကောင်းတယ်လို့ ပြောကြသူတွေ
လည်းရှိပါတယ်။
အကြောင်းပြချက်ကတော့ အမျိုးမျိုးပေါ့လေ။
ကိုယ်ပိုင်အိမ်ဆိုတော့ ကိုယ်ရတဲ့လစာထဲက သူများအတွက် ဖဲ့ပြီးပေးစရာမလိုတဲ့အတွက် ကိုယ့်အတွက်
ချည်းပဲ လို့ ပြောကြသလို၊ ငှားနေတာဆိုတော့ နေရထိုင်ရတာ မကြိုက်တဲ့အချိန်မှာ အခြားနေချင်တဲ့နေရာ
ကို ပြောင်းလို့ ရတယ်၊ တဲ့။
ထားလိုက်ပါတော့။

ကျုပ်တို့ ဘာဖြစ်လို့ နေဘို့အတွက်ပူနေရတာလဲ။
သေခြာတာတခုက လူရယ်လို့ဖြစ်လာပြီးနောက် နေစရာလေးရှိမှမဟုတ်လား။
အဲဒီတော့ လူဖြစ်တဲ့အတွက် နေစရာလိုတယ်၊ အဲဒီနေစရာအတွက် ပူပန်ရတယ်။
လူမဖြစ်လျင် နေစရာမလိုအပ်ဘူးလားလို့ ဆိုတော့ မဟုတ်သေးဘူး။
တိရိစ္ဆာန်တွေလည်း နေဘို့ နေရာထိုင်ခင်းလိုအပ်တာပဲဥစ္စာ။
သူတို့တတွေရော နေရာထိုင်ခင်းအတွက် မပူကြရဘူးလား။
လူနဲ့တိရိစ္ဆာန် နေထိုင်ဘို့ ပူကြရတာချည်းပါပဲ မဟုတ်ပါလား။
ဒါဆိုရင် ဘာကြောင့် လူ လာဖြစ်နေရတာလဲ။
လူဖြစ်လာရတာ ဘာကြောင့်လဲ။
ဘာအတွက် လူလာဖြစ်နေရတာလဲ။
လူဖြစ်နေရတာ ဘာအတွက်လဲ။

သေခြာတဲ့နောက်တခုက သက်ရှိသတ္တ၀ါတွေထဲမှာ လူ ဆိုတာ အသိဉာဏ်အမြင့်မားဆုံး အထက်မျက်ဆုံး
လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ကြတယ်။
လူတိုင်း တကယ်ပဲ အသိဉာဏ်မြင့်မားကြပါရဲ့လား။
ဘယ်လိုအရာနဲ့ တိုင်းတာပြမလဲ၊ ဘယ်လိုအရာတွေနဲ့ သက်သေပြမလဲ။

ဟုတ်ပြီ ခေတ်မီလူနေတိုက်တာအဆောက်အဦးနဲ့ ခေတ်မီ အသုံးအဆောင်တွေအပြင် အဆင့်မြင့်နည်းပ
ညာနဲ့ ဖန်တည်းထားတဲ့ စားသောက်ကုန်တွေကို တည်ထွင်ထုတ်လုပ်နိုင်တာကို အသိဉာဏ်မြင့်မားတယ်
လို့ပြောမလား။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မြန်ဆန်လာတယ်၊ အချိန်ကုန်သက်သာလာတယ်၊ အဲဒီအကြောင်းတွေ
က လူတွေဟာ တိရိစ္ဆာန်(အခြားသတ္တ၀ါ)တွေထက် အသိတရားမြင့်မားတယ်လို့ ပြောနိုင်မလား။
လူတွေအားလုံး အဲဒီအရာတွေကို လူစုံတက်စုံသုံးစွဲနိုင်မှု နေရာဒေသအနှံ့သုံးစွဲနိုင်မှု ပြည့်စုံလုံလောက်မှု ရှိ
ခြင်း မရှိခြင်းကို လူတွေရဲ့အသိဉာဏ် မြင့်မားထက်မျက်မှုအပေါ် တိုင်းတာလို့ရမလား။
လူလူချင်း တန်းတူညီမျှ ဝေမျှသုံးစွဲဘို့ မတတ်နိုင်တာကို လူတွေရဲ့အသိတရားက အခြားသက်ရှိသတ္တ၀ါတွေ
ထက် မြင့်မားထက်မျက်တယ်လို့ ဆိုနိုင်ပါ့မလား။

သဘာဝဘေး စစ်ဘေး ရောဂါဘေး အငတ်ဘေး စတဲ့ဘေးဆိုးတွေအတွက် ကူညီထောက်ပံ့တာနဲ့ အဲဒီ
ဘေးဆိုး တွေမဖြစ်အောင် တားဆီးကာကွယ်နိုင်တာ အဲဒီအချက် ၂ချက်ထဲက ဘယ်အချက်ကပိုပြီး အသိ
ဉာဏ်ထက်မျက်မြင့်မားတယ်လို့ ထင်ပါသလဲ။
အဲဒီဘေးဆိုးတွေဟာ လူတွေကြောင့်ဖြစ်တာလို့ ဆိုလျင် လူတွေရဲ့အသိတရားမြင့်မားမှုကို ဘယ်လိုပြော
မလဲ။
ဘေးဆိုးတွေကို ပိတ်ပင်တားဆီးနိုင်တဲ့လူကိုမှ အသိဉာဏ်မြင့်မားတယ်လို့သတ်မှတ်မယ်ဆိုပါစို့။
လူသတ္တ၀ါက အခြားသက်ရှိသတ္တ၀ါတွေထက် အသိဉာဏ်မြင့်မားတယ်ဆိုတာ အလုံးစုံမှန်နိုင်ပါ့မလား။
အဲဒီလိုလူကိုမှ လူ ဆိုလို့ရှိရင် ကျုပ်တို့ ခင်ဗျားတို့ တတွေဟာ လူ မဟုတ်တော့ဘူးလား။
တနည်းပြောမယ်ဆိုပါစို့။ အဲဒီလိုလူမျိုးကိုမှ လူပီသတဲ့လူလို့ သတ်မှတ်မယ်ဆိုရင် စာရေးတဲ့ ကျုပ်ရယ်၊ စာ
ဘတ်နေတဲ့ မိတ်ဆွေရယ်တို့အားလုံးဟာ လူမပီသဘူးလို့ ပြောမလား။
လူလူချင်းဖြစ်ပါလျှက် ကျုပ်တို့တတွေခံစားနေရတဲ့ ဘေးအန္တရာယ် ဒုက္ခအမျိုးမျိုးကို တာဆီးကာကွယ်ပိတ်
ပင် ပေးနိုင်တဲ့လူကို မျှော်လင့်တောင့်တနေခြင်းဟာ လူပီသပါရဲ့လား။
အဲဒီလို ကယ်ဆယ်နိုင်တဲ့လူ လူတွေထဲမှာ တကယ်ပဲရှိနိုင်သလား။
ကျုပ် ရဲရဲကြီးပြောရဲတာကတော့ တိုးတက်ဖြစ်ထွန်းမှုတွေကို လူတိုင်းမျှဝေသုံးစွဲမှု အပြည့်အစုံရအောင် လုပ်
ပေးနိုင်စွမ်းရှိတဲ့ လူဆိုတာမပေါ်လာနိုင်သလို ဘေးဒုက္ခဆိုးတွေကနေ ကာကွယ်တားဆီးပေးနိုင်တဲ့ လူဆို
တာလည်း ပေါ်လာမှာ မဟုတ်ပါဘူး။

တကယ်ဆိုတော့ လူဖြစ်လာပြီဆိုကတည်းက လူတိုင်း တနေ့ အိုမယ်၊ နာမယ်၊ သေမယ်။
သူဌေးသူကြွယ်ပဲဖြစ် ဖြစ် မင်းစိုးရာဇာပဲဖြစ်ဖြစ် ဘယ်လိုပညာရှင်ပဲဖြစ်ဖြစ် အိုမင်းခြင်းဆိုတဲ့ ဒုက္ခ။ နာကျင်
ခြင်း(ရောဂါဝေဒနာ)ဆိုတဲ့ ဒုက္ခ။ သေဆုံး(လူ့လောကမှထွက်ခွါခြင်း)ခြင်းဆိုတဲ့ ဒုက္ခတွေနဲ့ ရှောင်ကွင်းလို့မရ
နိုင်ပါဘူး။
အဲဒါတွေဟာ သဘာဝတရား အရှိတရား မပြောင်းမလွဲသောတရား အစစ်အမှန်များ ဖြစ်ပါတယ်။
ဒီတော့ လူဖြစ်ကြတဲ့ ကျုပ်တို့ ခင်ဗျားတို့ သူတို့အားလုံးဟာ သဘာဝတရား အရှိတရား မပြောင်းလွဲသောတ
ရားတွေကို ရင်ဆိုင်ကြရမှာမလွဲပါဘူး။
ဘယ်သူမပြု မိမိမှု ဆိုတဲ့စကားအတိုင်း ကျုပ်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ ဒုက္ခတွေမှန်သမျှ ဘယ်သူကမှ
ပေးနေတာမဟုတ်သလို စီမံနေတာလည်းမဟုတ်ပါဘူး။
အဲဒီအရာတွေအားလုံကို ကျုပ်တို့အယောက်စီတိုင်း မိမိကိုယ်တိုင်ဖန်တည်းယူကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူ ဆိုတဲ့ခန္ဓာအိမ်ကို ကျုပ်တို့တတွေ လိုချင်တပ်မက်နေသမျှ ကာလပတ်လုံး ဒုက္ခနဲ့ဆုံရ ကြုံရ ခံ
စားနေကြရဦးမှာပဲ မဟုတ်ပါလား။

လူဖြစ်လာပြီဆိုတဲ့နောက်တော့ ကျုပ်တို့အားလုံးဟာ မိမိတို့ရဲ့ကိုယ်ခန္ဓာ ရှင်သန်ရပ်တည်နိုင်ဘို့အတွက် စား
ရပါတယ်၊ သောက်ရပါတယ်၊ ပိုးမွှားသတ္တ၀ါကောင်လေးတွေရဲ့ ကိုက်ဖဲ့မယ့်ရန်ကိုကာကွယ်ဘို့ အ၀တ်တွေ
ဝတ်ဆင်ကြရပါတယ်၊ မိုးဒါဏ် လေဒါဏ် ဆီးနှင်းဒါဏ် နေပူဒါဏ်တွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ နေ
ရာထိုင်ခင်းကို ရှာဖွေရပါတယ်။

အဲဒီလို စားရေးသောက်ရေးကိစ္စ၊ အ၀တ်အထည်ကိစ္စ၊ အိမ်ရာကိစ္စတွေမှာ လိုအပ်တာထက်ပိုမိုရယူမိတဲ့အ
ခါမှာ တော့ စောစောပိုင်းကပြောခဲ့တဲ့ မညီမျှတွေဖြစ်လာတဲ့အတွက် စားနပ်ရိက္ခာရှားပါးခြင်း စစ်မက်ဖြစ်ပွား
ခြင်း ရောဂါထူပြောခြင်း သဘာဝပတ်ဝန်းကျင် ဖေါက်ပြန်ပျက်စီးခြင်းဆိုတာတွေ တနေ့တခြား လွန်လွန်ကဲ
ကဲ ပေါပေါများများ ကြောက်ခန်းလိလိ ကြုံတွေ့လာရပါတော့တယ်။
အဲဒါကြောင့် မိမိရဲ့ခန္ဓာဝန်ကို ပေါ့ပေါ့ပါးပါးထမ်းနိုင်ရေးနည်းလမ်းကို ကြိုးစားရှာဖွေဘို့ လူတိုင်းလိုအပ်လာ
ပါတယ်။


အဲဒီနည်းလမ်းက ကျုပ်တို့နဲ့အနီးကပ်ဆုံးနေရာမှာ ရှိနေပေမယ့် ကျုပ်တို့ မသိနိုင် မမြင်နိုင် မလုပ်နိုင်ကြပါ
ဘူး။
အကြောင်းရင်းက ကျုပ်တို့မှာ မနာလိုစိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ တွေဝေစိတ်၊ အဲဒီစိတ်တွေကြောင့်
နီးနီး နားနားလေးပေမယ့် နည်းလမ်းနဲ့အဝေးကြီး ဝေးနေကြရတာပါ။ နီးလျှက်နဲ့ ဝေး ဖြစ်နေကြတာပါ။
အရေးအကြီးဆုံးကတော့ ဂလဲ့စားခြေလိုစိတ်၊ မာန်မာနစိတ်တွေကို ရှေ့တန်းတင်ထားရင်း ခွင့်လွှတ်စိတ်
ကို မမွေးနိုင်ကြခြင်းပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ ဒီအိမ်ကနေအပြီးအပိုင် မထွက်ခွာရသေးခင်လေး ဘာတွေကြိုတင်ပြင်ဆင်ထား
ရမလဲ ဆိုတာကတော့ ကျုပ်တို့ နောက်ထပ် အသစ်ရှာမယ့်အိမ်အပေါ်မှာ မူတည်ပါတယ်။
လူတိုင်း လက်ရှိအိမ်ထက် ပိုကောင်းတဲ့အိမ်ကို စဉ်းစားပြီး ကြိုးစားရှာဖွေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အိမ်ဟောင်းကနေ ထွက်သွားရတဲ့တနေ့ နားခိုစရာအိမ်လေး ရှိထားတယ်ဆိုရင်ဖြင့် စိတ်ချလက်ချ စိတ်အေး
လက်အေး ထွက်လို့ရတာပေါ့။
ဟုတ်တယ် မဟုတ်လား။
မြတ်စွာဘုရား ဟောကြားတော်မူခဲ့တာကတော့ အတ္တဟိ အတ္တနော နာထော ပါတဲ့ဗျား။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)