• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 28, 2016

အကြံဉာဏ်လေး ပေးနိုင်မလား


အကြံဉာဏ်လေး ပေးနိုင်မလား

January 28, 2016
Thursday

By မင်းစိုးစံ

ကျန်းမာကြံ့ခိုင်ကြပါစေ။
ကျောင်းတကျောင်းရဲ့ ကျောင်းသားလေးတွေက ဆို,က,ရေး,တီး နဲ့ပတ်သက်ပြီး သူတို့လေးတွေရဲ့သင်ကြား
တတ်မြောက်မှု အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ မိဘတွေရှေ့မှာ ဆိုပြတီးပြတဲ့ အစီအစဉ်သေးသေး
လေးတခုရှိလို့ သွားဖြစ်တယ်။
အဲဒီလိုသွားတော့ တွေ့လိုက်မြင်လိုက်ရတဲ့အခါ ကိုယ့်ကလေးတွေရဲ့ အနာဂတ်အတွက် တစုံတရာများ အ
ကျိုးကျေးဇူးရှိလာလေမလားဆိုတဲ့ အတွေးနဲ့ ရုပ်သံဖိုင်လေးတခု ဖန်တည်းဖြစ်သွားပါတယ်။

အဲဒီတော့ တတိယနိုင်ငံကိုရောက်နေကြတဲ့ ကလေးမိဘတွေ ဒီရုပ်သံဖိုင်ကိုကြည့်ပြီး ကရင့်အရေးနဲ့ပတ်
သက်လို့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။
တတိယနိုင်ငံကိုရောက်နေကြတဲ့ မျိုးဆက်သစ်ကရင်လေးတွေထဲက အနုပညာကို ၀ါသနာပါတဲ့ လူငယ်တွေ
အနေနဲ့ ဘာတွေတွေးမိသလဲ။ ဘာတွေမြင်မိသလဲ။ ဘာတွေလုပ်သင့်တယ်လို့ ထင်သလဲ။

ပည်တွင်းမှာရှိနေတဲ့ ကရင်လူတန်းစားအသီးသီး၊ အသက်အရွယ်အသီးသီးပါ ပေါ့နော်။
အထူးသဖြင့် မိမိအမျိုးကို ထိန်းသိမ်းစောင့်ရှောက်မယ်လို့ လက်သီးလက်မောင်းတန်းနေတဲ့ ကရင်တွေအနေ
နဲ့ ဘယ်လို တွေးမိမြင်မိသလဲဆိုတာ ပိုသိချင်ပါတယ်။
အဓိက,ကတော့ နောင်အနာဂတ်မျိုးဆက်သစ်တွေအတွက် စဉ်းစားထားတာလေးတွေကို ရေးချပြခြင်းအား
ဖြင့် အချက်အလက်ကောင်း အကြံဉာဏ်ကောင်းတွေ ရလာနိုင်လေမလားလို့ပါ။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)